မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

🖊 စာရေးဆရာ
📖 စာပေအမျိုးအစား
စာမြည်းဖတ်ရန် View PDF
🗒 စာမျက်နှာ 176
ပုံနှိပ်မှတ်တမ်း စတုတ္ထအကြိမ်
အရွယ်အစား 5.3 x 8.3
💸 တန်ဖိုး Ks 10,000
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384

In stock

ဆရာမြစ်ကျိုးအင်းဟာ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေဝတ္ထုတို ကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ ရသမမြောက်ဘဲ ဝတ္ထုတိုတပုဒ်ပါဝင်ဖို့ဆိုတာ မဖြစ်နိင်ပါဘူး။ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ ဆရာရဲ့ ရသအရေးအဖွဲ့ကို ဖတ်ရှုဖူးသူတိုင်း လက်ခံအားပေးခဲ့ကြတာဟာ အမျိုးသားစာပေဆုရတဲ့အထိ သက်သေပြနိင်ခဲ့ပါပြီ။

ဝတ္ထုတိုသည် အကြောင်းအရာ တခုတည်းကို ဦးတည်ရမည်၊ ဇာတ်ဆောင် နည်းရမည်၊ အရေးအသား သွက်ရမည် လို့ ဆမ်းမားဆက်မွမ်က ပြောပါတယ်။ အတတ်ပညာ တစ်ခုတည်း မဟုတ်ဘဲ အနုပညာ ခံစားမှုနဲ့ပါ ရောမွှေထားတဲ့ ဝတ္ထုတိုလေးတွေသာ တကယ်ကို ရသမြောက်ပါတယ်။ ဆရာ မြစ်ကျိုးအင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတို တွေလည်း အဲလိုပဲ ထူးခြားမှု တခုခု ကို ခံစားရမိ လောက်အောင်ပဲ ထိရှလွန်းခဲ့တယ်။

ယခု ဆုရစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာဆိုရင် ရွှေအမြုတေမှာ ပါဝင်ခဲ့တဲ့ ဒေါင်ဒေါင်မြည်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ ရသဝတ္ထုတိုစစ်စစ် (၁၆) ပုဒ် ပါဝင်ပါတယ်။

………………………………………
“မိသားစုအနေနှင့် လတ်ဆတ်သည့် လေကိုရှူပြီး တက်ကြွမည့် အတွေးများ တွေးနိုင်ရန် ဖုန်မှုန့်ပါသည့်လေကို ကျွန်တော် နေ့တိုင်း ရှူရှိုက်ခဲ့ရတာ၊ အောက်ကျဆက်ဆံ ခံခဲ့ရခြင်းများ ကိုတော့ ကျွန်တော် ဘယ်တော့မှ ပြောပြဖြစ်မည် မဟုတ်ပေ ”

*ရင်လွဲအိမ်*
………………………………….
“သေချာပါတယ် အစ်ကို ၊ ကျွန်တော့် အတွက်တော့ ပျော်ရွင်ခြင်းဆိုတာ ကုပ်ပေါ်ခွစီးထားတဲ့ နတ်ဆိုးပါပဲ ”

*အငုံ့စိတ် *
…………………………………..
“ နာကျင်ဖွယ်ရာအတိတ်တို့သည် သူ့ဆံစများနှင့်အတူ ကျန်ရစ်ခဲ့ပါစေသား။ စွဲလမ်းခြင်း နှောင်ကြိုးတို့သည် သူစွန့်ပယ်လိုက်သော ဆံစများလို ဘယ်သောအခါမျှ ပြန်မဆက်ပါစေသား။ “

* အပြန် *
…………………………………
ဝတ္ထုတိုစာရေးဆရာတစ်ယောက်ဟာ လောကနယ်ပယ်အစုံကို ရေးဖွဲ့နိင်စွမ်းရှိရမယ်။ ရသအစုံကို ရေးဖွဲ့နိင်စွမ်းရှိရမယ်။ အကြောင်းအရာအစုံကို ရေးဖွဲ့နိင်စွမ်းရှိရမယ်။ ဒီအချက်တွေ အားလုံးနဲ့ပြည့်စုံတဲ့ ၂၀၁၈ခုနှစ် အမျိုးသားစာပေဆု ဝတ္ထုတိုဆုရစာအုပ်လေးကို စတုတ္ထအကြိမ်အဖြစ် ဂုဏ်ယူစွာနဲ့ တင်ဆက်လိုက်ပါတယ်။

Main Menu

မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

Ks 10,000

Add to Cart