မြစ်ကမ်းပေါ်က စက်ရုံလေး
မြစ်ကမ်းပေါ်က စက်ရုံလေး |
|
| 🖊 စာရေးဆရာ | ကျော်အောင် |
|---|---|
| 📖 စာပေအမျိုးအစား | |
| စာမြည်းဖတ်ရန် | View PDF |
| 🗒 စာမျက်နှာ | 197 |
| ပုံနှိပ်မှတ်တမ်း | တတိယကြိမ် |
| အရွယ်အစား | 5.3x8.3 |
| 💸 တန်ဖိုး | Ks 10,000 |
| 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 | |
မြစ်ကမ်းပေါ်ကစက်ရုံကလေးကို စတင်ဖန်တီး မွေးဖွားခဲ့သူကတော့ အင်္ဂလန်နိုင်ငံအလယ်ပိုင်းဇာတိသူ စာရေးဆရာမဂျော့အိလယော့ပဲ ဖြစ်ပါတယ်။ ဂျော့အိလယော့ဟာ ၁၈၆၀ မှာ ဒီစာအုပ်ကို ရေးသားခဲ့ပြီး အဲဒီဝတ္ထုရှည်က သူမဘဝရဲ့ အောင်မြင်မှုကို အရှိန်အဟုန်ပြင်းစွာ ပင့်တင်ပေးခဲ့တယ်ဆိုလည်း မမှားပါဘူး။
The Mill On The Floss ကို ဆရာကျော်အောင်က မြစ်ကမ်းပေါ်ကစက်ရုံကလေး အမည်နဲ့ ဘာသာပြန်ထားတဲ့ ဒီစာအုပ်ဟာ ရိုးရှင်းတဲ့ သာမန်မိသားစုဘဝကို အခြေခံထားတာပါ။ ရိုးရှင်းတယ်ဆိုသော်လည်း စိတ်ဝင်တစား ဖတ်ရှုရမဲ့စာအုပ်ကောင်းကလေးလို့ ပြောချင်ပါတယ်။ ဒီစာအုပ်ကိုဖတ်ရင်း ဖလော့မြစ်ကမ်းနဖူးထက်က ဒေါလကော့ ရေရဟတ်စက်ရုံလေးမှာ နေထိုင်ကြတဲ့ တူလီဗာမိသားစုဆီ ခဏလောက်အလည်သွားကြည့်လိုက်ကြပါ။ လူ့အဖွဲ့အစည်းထဲက မိသားစုတစ်စုရဲ့ ဘဝနေထိုင်ဖြတ်သန်းမှုတွေ၊ စိတ်နေစိတ်ထားအတွေးအခေါ်တွေအပြင် သားသမီးအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို ရှင်းရှင်းလင်းလင်း တို့ထိမိစေမှာကိုက စိတ်ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။
မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေထဲမှာမှ သားယောက်ျားကလေးဖြစ်တဲ့ တွမ့်အပေါ် ဦးစားပေးတတ်တဲ့ ရှေးရိုးစွဲ စိတ်ထားလေးကိုလည်း ဒီစာအုပ်မှာ ပါးပါးလေးမြင်ရပါလိမ့်မယ်။ မိခင်အပေါ်မှာတောင် ဂျစ်တိုက်ပြီး အရာအားလုံးကို ဒေါသတကြီး ပေါက်ကွဲပြလေ့ရှိတဲ့ မဂ္ဂီကလေးရဲ့ အစ်ကိုဖြစ်သူကို တွယ်တာသံယောဇဉ်ကြီးပုံလေးကတော့ ချစ်ခင်စရာ၊ သနားစရာ။ မြစ်ကမ်းပေါ်ကစက်ရုံကလေးထဲမှာ တူလီဗာမိသားစုရဲ့ အခက်အခဲတွေရယ်၊ ဆွေမျိုးသားချင်းကြားက ကတောက်ကဆလေးတွေရယ်ကို တွေ့မြင်ရတဲ့အခါ ပြင်ပလောကက လက်တွေ့ဘဝတွေနဲ့ တစ်ထပ်တည်းပါလားလို့ စာဖတ်သူတို့ အသိအမှတ်ပြုမိကြပါလိမ့်မယ်။
ဒီထဲမှာ မဂ္ဂီဆိုတဲ့ကောင်မလေးကတော့ စိတ်ဝင်စားဖွယ် စရိုက်လက္ခဏာတွေအပြည့်နဲ့ စောင့်ကြိုနေမှာပါ။ သူတို့ခေတ် သူတို့လူမျိုးတွေဆီက လူ့အဖွဲ့အစည်းထဲမှာလည်း အမျိုးသားတွေကိုသာ ရှေ့တန်းတင်ပြီး အမျိုးသမီးလေးတွေကို မသိမသာ နောက်ပို့ခံရတဲ့အခါ မဂ္ဂီလေးကို သနားစရာမိန်းကလေးအဖြစ် တွေ့မြင်ရပါမယ်။ ရံဖန်ရံခါမှာတော့ လူ့ပတ်ဝန်းကျင်ကို ကန့်လန့်တိုက်တဲ့ မဂ္ဂီဟာ တခြားဇာတ်ကောင် အမျိုးသမီးကြီးတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပြန်ပါရော။
မြစ်ကမ်းပေါ်ကစက်ရုံလေးဟာ လူ့အတ္တတွေ၊ မာနတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆုံးရှူံးမှုတွေကိုလည်း မီးမောင်းထိုးပြနိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ချစ်ခြင်းမေတ္တာကလွဲရင် အရာအားလုံးဟာ အလကားပါလားလို့ ရေရွတ်မိတဲ့ထိ သံဝေဂရစရာတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ ဒီစာအုပ်ကလေးဟာ လူ့လောကကြီးထဲ နေထိုင်ရှင်သန်ဖို့ သင်ခန်းစာကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဆရာကျော်အောင် ဘာသာပြန်ရေးဖွဲ့ထားတဲ့ မြစ်ကမ်းပေါ်ကစက်ရုံကလေးဟာ လူသားတို့ဘဝအတွင်းက စိတ်အလင်းရောင်တွေကို ရှာဖွေတွေ့ရှိစေဖို့ ထွန်းညှိပေးလိုက်တဲ့ မီးစာလေးတစ်ခုလို့ ဆိုလိုက်ချင်ပါရစေ။






