လိပ်ပြာကူး ထူးခြားသူများ
လိပ်ပြာကူး ထူးခြားသူများ |
|
🖊 စာရေးဆရာ | ဝင်းငြိမ်း |
---|---|
📖 စာပေအမျိုးအစား | အတ္ထုပ္ပတ္တိစာအုပ်များ |
စာမြည်းဖတ်ရန် | View PDF |
🗒 စာမျက်နှာ | 473 |
ပုံနှိပ်မှတ်တမ်း | ပထမအကြိမ် |
အရွယ်အစား | 5.3 x 8.3 |
💸 တန်ဖိုး | Ks 6,000 |
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 |
အနုပညာအားလုံးထဲ ပြည်သူလူထုကြား အပြန့်နှံ့ဆုံး၊ အထိရောက်ဆုံး အနုပညာတစ်ရပ်ကတော့ ရုပ်ရှင်ပဲ ဖြစ်မယ် ထင်ပါတယ်။
တောကြိုအုံကြားကနေ မြို့ကြီးပြကြီးအထိ ၊ ပညာတတ်တို့ရဲ့ ဆင်စွယ်နန်းတော်ကနေ ကျူးကျော်ရပ်ကွက်က အိမ်လေးအထိ ရုပ်ရှင်ဇာတ်ကားတွေဟာ ပျံ့နှံ့နေပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေဟာ သူတို့ ချစ်တဲ့ မင်းသား မင်းသမီးတွေရဲ့အကြောင်းကို သိချင်ကြတာလည်း သဘာဝပဲ လို့ ဆိုရမှာပေါ့ ။
Kamayut Media ကနေ ဆရာဦးဝင်းငြိမ်းက ခေတ်ဟောင်း ရုပ်ရှင် မင်းသမီး မင်းသားတွေကို အင်တာဗျူးပြီး “လိပ်ပြာကူးထူးခြားသူများ” ဆိုတဲ့ အစီအစဉ် တင်ဆက်လာတော့ လူကြီးလူငယ်မရွေး နှစ်သက်ကြတယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းအတွက် တန်ဘိုးရှိတဲ့ “လိပ်ပြာကူးထူးခြားသူများ”ကို စာအုပ်အဖြစ် ဖတ်ရှုရတော့မှာ ဖြစ်ပါတယ်။
ဆရာဦးဝင်းငြိမ်းဆိုတာ အင်တာဗျူးတဲ့နေရာမှာ ဇမ္ဗူ့တစ်ခွင် သူ့ပြင်မရှိ ဆိုသလို မေးခွန်းတွေမေးရာမှာ သူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ အခြေခံပြီး၊ ထိရောက်တဲ့ မေးခွန်းတွေမေးတဲ့နေရာမှာ အလွန်တော်တဲ့ ဆရာပါ။
ရုပ်ရှင်ဝါသနာရှင်၊ ပရိသတ်တွေ သိချင်နေကြတဲ့ မင်းသားမင်းသမီးတွေရဲ့ အကြောင်းအပြင် အသံတိတ်ခေတ် ကနေ အသံထွက်ခေတ်အထိ၊ အဖြူ အမည်းခေတ်ကနေ ဆေးရောင်စုံ ခေတ်အထိ မြန်မာ့ရုပ်ရှင်လောကရဲ့ တိုးတက်မှုအရွေ့ကို သိမြင်ရမှာပါ။
စာအုပ်လောကမှာ စာရေးဆရာတွေကို အင်တာဗျူးပြီး မိမိနှင့်စာရေးဆရာများဆိုပြီး ဆရာဦးဝင်းငြိမ်းလုပ်ခဲ့တာဟာ စာပေလောကမှာ တန်ဘိုးတစ်ခု ဖြစ်ခဲ့ပါတယ် ။
အခု စာအုပ်ကတော့ မြန်မာ့ရုပ်ရှင်လောက က ခေတ်ဟောင်းနဲ့ ခေတ်လယ်က မင်းသား မင်းသမီး (၂၀) ယောက်ကို အင်တာဗျူးထားတဲ့ စာအုပ်ပါပဲ။ မြင့်မြင့်ခင်၊ ကျော်ဆွေတို့ကနေ စလို့ မေဝင်းမောင်၊ ကျော်သူ၊ ခင်သီတာထွန်းတို့အလယ်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ရန်အောင်တို့ အထိ ပါပါတယ်။
အမေကလည်း နာမည်ကြီး မင်းသမီး၊ သမီးလည်း နာမည်ကြီး မင်းသမီး ဖြစ်တဲ့ မြင့်မြင့်ခင်နဲ့ မေဆွိ။ ကလေး လေးယောက် မွေးပြီးမှ မင်းသမီး ဖြစ်လာတဲ့ ချိုပြုံး။ မင်းသားမဖြစ်ခင် ဆေးသမားဖြစ် ၊ အိမ်ထောင်ကျတော့မှ ရုပ်ရှင် စရိုက်တဲ့ ကျော်သူ၊ စတဲ့ ကြောင်းခြင်းရာတွေအပြင် မြန်မာ့ ရုပ်ရှင်လောကသားတွေ ကြုံတွေ့ရတတ်တဲ့ အဆင်ပြေမှုမပြေမှုတွေ၊ တိုးတက်ပြောင်းလဲသွားတဲ့ နည်းပညာ၊ နောက်ပြီး ရုပ်ရှင်လောကသားတွေရဲ့ အပြုအမူ၊ ဓလေ့စရိုက် စတာတွေကို စေ့ငုမီစေမှာဖြစ်ပါတယ်။
မြန်ပြည်ကြီးက လိပ်ပြာကူးထူးခြားတဲ့ ရုပ်ရှင် မင်းသား မင်းသမီးတွေကို ဆရာ ဦးဝင်းငြိမ်း အင်တာဗျူးထားတဲ့ စာအုပ်ပါ။