အခါတစ်ပါး
အခါတစ်ပါး |
|
🖊 စာရေးဆရာ | စံပယ်ဖြူနု |
---|---|
📖 စာပေအမျိုးအစား | ရသစာပေ လုံးချင်း (ပင်ကိုရေး) |
စာမြည်းဖတ်ရန် | View PDF |
🗒 စာမျက်နှာ | 136 |
ပုံနှိပ်မှတ်တမ်း | ဒုတိယအကြိမ် |
အရွယ်အစား | 5.3 x 8.3 |
💸 တန်ဖိုး | Ks 3,500 |
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 |
တချို့တံခါးတွေကတော့ တစ်ကြိမ် ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်သက်စာ ပြန်ဖွင့်ခွင့် မရှိတော့ဘူး။
ချစ်တယ်ဆိုတာ မတွေ့တာ နှစ်နဲ့ချီ ကြာနေတာတောင် သူ ကြိုက်တဲ့ ကော်ဖီအရသာကို မှတ်မိနေတာမျိုး။
ချစ်တယ် ဆိုတာ အားလုံးဝိုင်းထိုင်ပြီး မုန့်ဟင်းခါး စားနေချိန်မှ ကြက်သွန်ဥလေးတွေကို ကိုယ့်ပန်းကန်ထဲ တိတ်တိတ်လေး ထည့်ပေးလိုက်တာမျိုး။
ဖွင့်ဟပြောမှ ချစ်တယ်လို့ သိရမှာလားလို့ မေးခွန်းထုတ်ချင်စိတ် ပေါက်လာတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး။ စိတ်ထဲရှိသမျှစကားတွေ အကုန်ပြောပြဖို့ ချစ်တဲ့သူနှစ်ယောက် အတွက် ဘာလို့များ အခွင့်အရေး မရှိခဲ့တာလဲ။
မရေရာတဲ့ လမ်းတစ်ခုပေါ်မှာ စောင့်စားသူ ရောက်လာမလာခဲ့တာတောင် ကံကြမ္မာကို ယုံကြည်ပြီးနှစ်ရှည်လများ စောင့်စားနေခဲ့သူ လေးလေးမော်။ ဘယ်တော့မှ မပြောခဲ့တဲ့ စကားတွေဟာ ဘယ်တော့မှလည်း ထပ်ကြားစရာမလိုဘဲ မြေမှုန်လေးတွေ ကြားထဲတိုးဝင်ပျောက်ကွယ်သွားတော့မလားလို့ ခံစားနေရတဲ့ သက်ဇော် ခေါ် ရည်းစားများတဲ့ ကောင်ချောလေး ဖိုးသက်။ သဘောကောင်းသူ တစ်ယောက်လို့ ပတ်ဝန်းကျင်က ယုံမှတ်စေဖို့ စည်းတွေဘောင်တွေ ကြားမှာ အတင်း လူကြီးဆန်နေရတဲ့ ကိုကိုမင်းထက်။ သူတို့သုံးဦးရဲ့ ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်။
အမျိုးသားစာပေဆုရ ဆရာမ စံပယ်ဖြူနုရဲ့ ပထမဦးဆုံး လက်ရာဖြစ်တဲ့ ဝတ္ထုလတ်။လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွင်းအဇ္ဇျတ္တ အတွေးတွေ၊ ရင်ခုန်လှိုက်မောစရာတွေကို ခံစားမိစေမယ့် ဝတ္ထုတစ်ပုဒ်။