စာရေးဆရာမ ဆေးဆေရေး တဲ့ တစ်ဘဝဒဏ်ရာ စာအုပ်မှာဆိုရင် ကျွန်တော် ချစ်တဲ့ ဇာတ်ကောင် ရှိတယ်

ဒီနေ့ ဖီး တစ်ဘဝဒဏ်ရာ ထဲက အဘွားဒေါ်လှခြယ် အကြောင်းရေးထားတာ ပြန်တက်လာလို့
ကျွန်တော် စာအုပ်တွေ ဖတ်ရင်လေ စာအုပ်ထဲက တချို့ဇာတ်ကောင်တွေ ကို ကျွန်တော် အရမ်းချစ်မိတာတွေရှိတယ်
ဖြစ်ဘူးရင်လဲ ဖြစ်ကြမယ်ထင်ပါတယ် ကျွန်တော်ကတော့ဖြစ်တယ်
စာရေးသူဖန်တီးမွေးဖွားလိုက်တဲ့ တချို့ဇာတ်ကောင်တွေဆို ကျွန်တော်ကို ငယ်ငယ်ကထဲအခုအချိန်ထိ လွှမ်းမိုးတက်တဲ့အထိ ဖြစ်နေဆဲပါ
အခုကျွန်တော် ဖတ်နေတဲ့ စာရေးဆရာမ
ဆေးဆေ ရေး တဲ့
တစ်ဘဝဒဏ်ရာ စာအုပ်မှာ ဆိုရင် ကျွန်တော် ချစ်တဲ့ ဇာတ်ကောင် ရှိတယ်
ဖတ်နေရင်း သူပြောတဲ့စကားတွေ သူလုပ်လိုက်တဲ့အပြုအမှုတွေကလေ ကျွန်တော် အတွက်တော့ ပြုံးမိ ချစ်မိ သူ နဲ့ အတူ ကျွန်တော်ကလေ လှပတဲ့ ချစ်ခြင်းမေတ္တာ တွေပါဝင်တဲ့ ပန်းချီကား တစ်ချပ်ကို ကူညီပြီး ရေးဆွဲပေးရသလိုဖြစ်မိတာ အမှန်ပဲ
ဒီ စာအုပ်ထဲမှာ ပါတဲ့ အဘွား ဒေါ်လှခြယ် ပဲ
အဘွား ရဲ့ ချစ်ခြင်းမေတ္တာတွေက သိပ်လှတာပဲ
သား အပေါ် မှာ ထား တဲ့ ချစ်ခြင်း ၊ချွေးမ အပေါ်မှာ ထားတဲ့ မေတ္တာ ၊ဪ မြေးမလေး သက်လယ် အပေါ်မှာ ထားတဲ့ အချစ်၊ မြေးလေး ပိုးလုံး အပေါ်မှာ ထားတဲ့ ချစ်ခြင်း နဲ့ စိုးရိမ်ပူပန်မှု ဒါတွေကြောင့် အဘွားဆီမှာ ရှိတဲ့ သိပ်လှတဲ့ချစ်ခြင်းတွေကြောင့်ချစ်ရသလို
သား အတွက်ဆို ဗေဒင် မေး ယတြာခြေ ဪ မြေးလေး ပိုးလုံး အတွက် စိုးရိမ် လို့ ဗေဒင်မေး ယာတြာခြေ
မြေးမလေး သက်လယ် ကို နတ်ဝင်သည် က ငယ်ငယ်လေး နဲ့ အိမ်ထောင် ကျကိန်းရှိတယ်ဆိုလို့ ဘာလုပ်တယ်ထင်လဲ
ကျွန်တော် မှာ လေ ဖတ်နေရင်း ပြုံးပြီး ချစ်မေတ္တာတွေကလေ စာအုပ်ထဲကတဆင့် စာအုပ်ကိုင်ထားတဲ့ ကျွန်တော် လက်ဖဝါး လက်ချောင်း တွေကနေ ကျွန်တော်နှလုံးသားထဲအထိ စီးဝင်သွားသလို ခံစားလိုက်ရတယ်
တချို့ကလဲ အပိုပြောတယ် ထင်မှာပေါ့လေ ဒါကလေ လက်ခံပေးလို့ရပါတယ်
မြေးမလေး သက်လယ် ငယ်ငယ် နဲ့ အိမ်ထောင်ကျကိန်းရှိလဲဆိုရော နောက်နေ့ဈေး သွားလျှင် တနင်္ဂနွေနံ နှင့်စသော ရုပ်ရှင်၊ ဗွီဒီယို မင်းသား တစ်ဦး ၏ ပြက္ခဒိန်ဝယ်လာပြီး ပြန်လာတက်သည်။ ပြီးလျှင် သက်လယ်အိပ်ရာ နံဘေးမှာ ပြက္ခဒိန် ကိုတိတဆိတ်ချသွားသည်။
သက်လယ် ရဲ့ အဒေါ်က သူမအမေ မရှိရင် သူတူမ သက်လယ်ကို ပြန်ပြီးပြောပြပါလေရော
” ဒါ ညည်းအဘွား ပေးစားတဲ့ယောင်္ကျားနော်။အိပ်ရာဘေးသာထား။လွှတ်မပစ်မိစေနဲ့ ။
အဘွား ရဲ့ ချစ်ခြင်းတွေနော်
သား ဖြစ်သူက ဗေဒင် တွေ မယုံလို့ပြောရင်
အဘွားပြောပုံလေးကိုကြည့်အုံး
“” မှန်တယ်လေ။လှခြယ်တို့က ဘုရား၊တရားသမားစစ်လို့လည်း ဒီလိုလုပ်တာပေါ့။ ဘုရား ကို ကိုးကွယ်ရာစစ်စစ်အဖြစ်ပဲ ကိုးကွယ်တယ်။ကိုယ့်ဖြစ်ချင် တဲ့ လောကီကိစ္စ ဘာဆုတောင်း၊ညာဆုတောင်း ဒါတွေကို လောကုတ္တရာ ဘုရားဆီ ဘယ်တော့ မှ နားမပူဘူး။ဘုရားသာသနာကို စောင့်ရှောက်တဲ့ နတ်တွေ သိကြားတွေဆီမှာပဲ ဆုတောင်းတယ်။သူတို့က လူတွေကို စောင့်ရှောက်နိုင်လို့ သူတို့ချစ်အောင် ဗေဒင် မေးတယ် ယာတြာခြေတယ်လေ၊ အဲဒါ ဘာဖြစ်သတုံးအေ “”
စာမျက်နှာ _ ၇၀
ချစ်လိုက်တာ အဘွားရယ်
ကျွန်တော်မှာအကျင့်တစ်ခုရှိတာက ဒီစာတစ်ပုဒ် ကိုကြိုက်တယ် ဒီဇာတ်ကောင် လုပ်လိုက်တဲ့အပြုအမှု အပြောအဆို ကြိုက်ပြီ ဆိုရင် ပြန်ပြန်ဖတ်တက်တဲ့ အကျင့်ရှိတယ်၊ နောက်ပြီး အဲ့ဇာတ်ကောင်ပြောတဲ့ စကားတွေလိုက်ပြောတယ် ၊ သူဒေါသထွက်ရင် ကိုယ့်ပါ ဒေါနဲ့မာန်နဲ့ လိုက်ပြောတယ် ၊ သူငိုနေရင် ကိုယ့်ငိုတယ် 
