
ကိုပေါက် (မန္တလေး)
ကမ္ဘာမြေ၏၀င်ရိုးအတွင်းမှ နံရိုးများ
ဆရာရဲသျှမ်းရဲ့ ကမ္ဘာမြေ၏၀င်ရိုးတစ်ချောင်းစာအုပ်ကို ဖတ်ပြီးတာတော့ကြာခဲ့ပါပြီ။ဒါပေမယ့် ဒီစာအုပ်လေးအကြောင်းကို တော်တော်နဲ့မရေးဖြစ်ခဲ့။ ဆရာရဲသျှမ်းရဲ့ဝတ္တုတိုတွေကတော့ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက မဂ္ဂဇင်းပေါင်းများစွာမှာစဉ်ဆက်မပြတ်ဖတ်ခဲ့ရ နှစ်သက်ခဲ့ရတဲ့ဝတ္တုတိုတွေများပါတယ်။ ဆရာရဲသျှမ်းက မမ မိသားစု(မြန်မာ့မီးရထားမိသားစု)၀င်ဖြစ်သလို ကျွန်တော်ကလည်း မမ မိသားစုဝင်ဆိုတော့ စိတ်ထဲမှာ အလိုလိုရင်းနှီးမူ့ကရှိနေခဲ့ပါတယ်။ မမမိသားစုဝင်ဖြစ်တဲ့အတွက် မီးရထားအကြောင်းဆို စိတ်ဝင်စားပြီးသားဖြစ်သလို ဆရာရဲသျှမ်းကလည်း မီးရထားနဲ့ ပါတ်သက်တာတွေဘဲရေးတော့ အမြဲဖတ်ဖြစ်တယ်လို့