
အတိတ်စိုက်ခင်းထဲက ဗီလိန်
ဆရာချစ်ခိုင်စံရဲ့ ဗီလိန်စာအုပ်က သက်ငယ်မုဒိန်းမှုမှာ တရားဥပဒေရဲ့ ဟာကွက်တွေကြောင့် လွတ်သွားတဲ့မုဒိန်းကောင်တွေကို နစ်နာခဲ့သူတွေဘက်က နှစ်နဲ့ချီ ကြိုတင်ကြံစည်ပြီး လက်စားခြေတဲ့ ဇာတ်ပါ။ စာရေးဆရာကြည်လင်အေးနဲ့ နှင်းစံပယ်တို့ရဲ့အချစ်ဇာတ်ကို အခြေတည်နေတဲ့ဇာတ်အစပိုင်းကတော့ အရေးအသားယိုင်ချင်သလိုလိုဖြစ်နေပေမယ့် စာရေးဆရာကြည်လင်အေး အဖမ်းခံရချိန်ကစပြီး ရိုးရှင်းတဲ့စကားပြေအရေးအသားနဲ့ပဲစာဖတ်သူကိုဆွဲခေါ်သွားနိုင်ပါတယ်။ လျှို့ဝှက်သည်းဖို နိုင်ငံခြားရုပ်ရှင်ဇာတ်ကား တစ်ကားကိုကြည့်နေရသလိုမျိုးဖြစ်သလို ဘလက်ဟိုး အမည်ရ ဟီးရိုးဇာတ်ကောင်ကို လည်းစူပါမန်း၊စပိုက်ဒါမန်း၊ဘတ်တ်မန်းတို့လို