
နေခြည်ဖြာ၍ လင်းစေသား
#ချစ်ခိုင်စံ #နေခြည်ဖြာ၍ လင်းစေသား ဆရာချစ်ခိုင်စံရဲ့ စာအုပ်လေးကို ပထမဆုံးဖတ်ဖူးတာပါ။ အရင်တစ်အုပ် “ရွက်ခြောက်”တုန်းကဖတ်ချင်လွန်းလို့ဝယ်ထားပေမယ့်၊ငှားသွားတဲ့မိတ်ဆွေကပြန်လာမပေးတာကြောင့်မဖတ်လိုက်ရပါဘူး။ သည်တစ်အုပ်ကိုတော့ အစ်မလိုချစ်ခင်ရတဲ့ အစ်မတစ်ယောက်က လက်ဆောင်လှမ်းပို့ပေးတာပါ။ဒါလည်း ကျွန်မဖတ်ချင်တယ်ပြောဖူးတာကိုမှတ်ထားပြီး လှမ်းပို့ရှာတာပါ။ကျေးဇူးတင်ရပါတယ်။ မျက်နှာဖုံးလေးနဲ့ စာအုပ်ခေါင်းစဥ်လေးတွေ့မိကတည်းက ကျောင်းဆရာစာအုပ်လေးဆိုတာတော့ရိပ်မိခဲ့သား။ စာရေးသူကိုယ်တိုင်က ကျောင်းဆရာဖြစ်ခဲ့ဖူးတာမို့ထင်ပါရဲ့။ဆရာတပည့်ကြားက သံယောဇဥ်၊ တပည့်တွေအပေါ်ထားရှိတဲ့ဆရာ့စေတနာ၊ မြို့ကျောင်းနဲ့ တောကျောင်းကလေးတွေရဲ့ အစစအရာရာ ကွာဟမှု၊အကျင့်ပျက်ခြစားနေတဲ့