
မနေ့က ဝယ်လာပြီးပြီးချင်း မြည်းကြည့်ရာကနေ တစ်ခါတည်း အဆုံးထိဖတ်ဖြစ်သွားတဲ့ စာအုပ်ပါ။
သဘာဝလွန်ဖြစ်ရပ်တွေ၊ စိတ်ရဲ့စွဲလမ်းမှုတွေနဲ့ ရက်ရှယ် ဇာတ်တည်ထားတဲ့ စာမျက်နှာ ၁၆၀ ကျော်ပဲရှိတဲ့ ဝတ္ထုလတ်တစ်အုပ်မို့ တစ်ထိုင်နဲ့ဖတ်ဖြစ်ခဲ့ပါတယ်။ စာမျက်နှာနည်းတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အင်္ဂလိပ်လိုဆို page-turner လို့ခေါ်တဲ့ ဆွဲဆောင်မှုရှိတဲ့ စာအုပ်မျိုးမို့ ဖတ်ဖြစ်တယ်လို့ ဆိုရမယ်။ ဒီစာအုပ်ဖတ်ပြီး နိုင်းနိုင်းတို့၊ ဝတ်မှုံရွှေရည်တို့ရဲ့ ‘လိပ်ပြာစံအိမ်’ တို့၊ ထိုင်းရုပ်ရှင် Pee