
ဆေးဆေး-ခိုတွယ်ရာ
-အိုင်တီပညာရှင်မြန်မာလူငယ်လေးတစ်ယောက်ရဲ့ ဒါမွန်းက စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းလေး- -ဖခင်ဆုံးပြီးမိခင်လောင်းကစားကြွေးတွေနဲ့ညီမလေးဖြစ် သူရဲ့ရှေ့ရေးကြောင့်သူ့ဘဝတစ်ခုလုံးမိသားစုရဲ့တာဝန်ကို ပုခုံးပြောင်းယူခဲ့ရရှာသူမင်းမာန် -ယမကာနတ်ဆိုးကြောင့်သွေးဆိုးဒေါသဖြစ်ရပြီးသူ့ဘဝ တစ်ခုလုံးထင်မှတ်မထားတဲ့အပြောင်းအလဲများနဲ့ရင်ဆိုင်ရ။ လောကဓံတရားရဲ့ရိုက်ချက်ကကြောက်လန့်ဖွယ်ရာအတိပါ။ -သေမင်းတမန်ရှေ့ပြေးကော်ဖီတစ်ခွက်ကြောင့်သူ့ဘဝဟာ နိုင်ငံကြီးသားတို့ရဲ့အသုံးချခံဖြစ်ခဲ့ရတယ်။ အားနည်းသူဖြစ်ခဲ့ရတော့မြေနိမ့်ရာလှံစိုက်ဆိုသလိုကြားထဲကမြေဇာပင် ဘဝရောက်ခဲ့ရတယ်။ရေခြားမြေခြားကိုသွားရောက်လုပ်ကိုင် သူတွေရဲ့ဘဝ ဘဝတွေကိုစာနာ နားလည်သွားရပါတယ်။ -သူ့အတွက်ကသေလူနဲ့မခြားဘဝနဲ့ပါ။သေခြင်းမှာလူဟာ တစ်ခါပဲသေရပေမယ့်ရှင်လူမှာတော့ဘဝဟာအခါခါ သေဆုံးခံခဲ့ရတဲ့ခံစားမှုနဲ့ပါ။သူ့ဘဝဟာမိသားစုအတွက်သေခဲ့ရသလို အသုံးချခဲ့သူတွေရဲ့စွန့်ပစ်ခြင်းတွေမှာလည်းနာကျင်ရတယ်။ ကိုယ်ပိုင်ဘဝပျောက်ဆုံးတဲ့ရှင်သန်ခဲ့ရသူရဲ့ဘဝဟာပိုနာကျင်ရပါလားနော်။ – ဘယ်နေရာကမှ မလိုအပ်တော့တဲ့ရက်ရက်စက်စက်စွန့်ပစ်ခံရတဲ့နာကျင်မှုဟာ ဘယ်လောက်တောင်ခါးသီးသလဲဆိုတာကို