- “ဝတ္တုတိုပေါင်းချုပ်- ၁ (၁၉၄၉-၁၉၆၁)” already exists in your wishlist
-
အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော
ခတ္တာခင်“အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော” လုံးချင်းဝတ္ထုမှာ မတူညီတဲ့ လူ့စရိုက်တွေကို အခြေခံထားတဲ့ အိမ်ထောင်ရေးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စာရေးဆရာမ ခတ္တာခင်က အလှပဆုံးဖြစ်အောင် ရေးဖွဲ့ထားတယ်။ ချစ်ခြင်းတရားနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ ကွဲလွဲတဲ့ စိတ်အခြေအနေတွေ၊ ခြားနားတဲ့ ဘဝနေထိုင်မှုတွေကြောင့် တဖြည်းဖြည်း ပြိုလဲသွားနိုင်တာကို ဒီဝတ္ထုထဲမှာ ရသစာပေချစ်သူတို့ တွေ့မြင်ရမှာပါ။
လူသားအချင်းချင်း အနီးကပ်ဆုံး နေထိုင်ကြတဲ့အခါ မိသားစုဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ အလွန်ချစ်မြတ်နိုးရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါစေ၊ စိတ်နှလုံးသားနဲ့ အတွေးအခေါ် မညီမျှရင် ဝေးကွာသွားကြရမှာပါ။ ဒီစာအုပ်ထဲမှာ အဓိက တွေ့မြင်ခံစားရမှာကတော့ ယောကျ်ားတစ်ယောက်ရဲ့ စိတ်အခြေအနေပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဝေခွဲမရတဲ့ စိတ်ခံစားမှုကြားမှာ ချောင်ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးပေါ့။ စာရေးဆရာမခတ္တာခင်က ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်စရိုက် အရေးအဖွဲ့ သရုပ်ဖော်ပြခြင်းကို ပိုအားသန်သူ ဖြစ်တာကြောင့် အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော မှာ အသက် ၃၈ နှစ်အရွယ် ပန်းချီဆရာ အောင်လွင်ဦး ကို သေသေချာချာ မြင်မိစေမှာပါ။
အောင်လွင်ဦးရဲ့ အမျိုးသမီးဟာ အောင်လွင်ဦးကို အကြောင်းပြချက် မရှိဘဲ စွန့်ပစ်သွားတယ်။ ဒီအပေါ် အမျိုးသမီးစာဖတ်သူတွေ အနေနဲ့ဆိုရင် ဇာတ်ကောင်အမျိုးသားကို အားမလိုအားမရ ဖြစ်လေမလား၊ ဒါမှမဟုတ် မုန်းတီးမိလေမလား။ တဦးတယောက်ရဲ့ ပြတ်သားမှုကြောင့် ကိုယ်တိုင် နာကျင်ခံစားရတယ်ဆိုရင် ကိုယ့်ရဲ့မပြတ်သားမှုကြောင့် တခြားသူ နာကျင်ခံစားနေရတာကလည်း မဖြစ်သင့်ဘူး မဟုတ်လား။
“ဖန်ခွက်ထဲမှာ အမြဲတစေ ဖြည့်တင်းထားတဲ့ ရေတွေ ပျောက်ရှသွားသလို … ရုတ်တရက် အလွတ် ဖြစ်သွားတဲ့ ဖန်ခွက်ထဲကို ရေထပ်ဖြည့်ဖို့ အားထုတ်လိုက်၊ လဲကျလိုက် ဖြစ်နေတဲ့ အောင်လွင်ဦးရဲ့ ဘဝကို ပဲ့ကိုင်ပြီးချိန်မှာတော့ အောင်လွင်ဦးကို ကြည့်ပြီး ကျွန်မ တကယ်ရင်မောသွားပါတယ်” လို့ စာရေးဆရာမက ဆိုထားပါတယ်။
ချစ်ခြင်းမေတ္တာဆိုတာဟာ ဘယ်တော့မှ မသေဆုံးတဲ့ သစ်ပင်တစ်ပင်လား။ သေဆုံးသွားတဲ့ သစ်ပင်နေရာမှာ အစားထိုး ပြန်ပျိုးခံရတဲ့ မျိုးစေ့တစ်စေ့လား။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ စတင်ပြီးရင် အဆုံးသတ်ကလေး လှပနေဖို့တော့ လိုအပ်ပါတယ်။ နာကျင်ခံစားရမယ့် အရာတွေကိုတော့ အစမပျိုးမိဖို့ အကောင်းဆုံးပါပဲလေ။ ဆရာမခတ္တာခင် ဖန်တီးထုဆစ်လိုက်တဲ့ အလွမ်းမြစ်ရိုး တစ်လျှောက်မှာ စာဖတ်သူတို့ စီးမျောရင်း ဘယ်လိုခံစားကြရမလဲ … နစ်မြုပ်သွားတဲ့ အကြောင်းအရာတွေကကော စာဖတ်သူတို့ကို ဘယ်လို စိတ်ဝင်စားစေမလဲ …
အားကောင်းလွန်းတဲ့ ဇာတ်ကောင်စရိုက် ဖန်တီးမှုတို့နောက်မှာ မျောပါရင်းနဲ့ စိတ်ကျေနပ်မှု ရရှိသွားစေမယ့် စာအုပ်တစ်အုပ်ပါပဲ။
Ks 6,000 -
နှင်းပန်း
ပျိုးဆရာမပျိုးရဲ့ နှင်းပန်းဆိုတဲ့ ဒီဝတ္ထုကလေးကို ဖတ်ပြီးတဲ့အခါ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ အားမလိုအားမရ ဖြစ်ခြင်းတွေဟာ စာဖတ်သူတို့ရဲ့ ခံစားမှု အသိအာရုံတွေထဲ တိုးဝင်လာပါလိမ့်မယ်။ ဒီဝတ္ထုလေးဟာ အမျိုးသမီးတို့ရဲ့ ဘဝအချိုးအကွေ့တွေကို အဆင့်ဆင့်ပုံဖော်ထားတဲ့ တောင်တက်လမ်းကလေးလိုပါပဲ။ လှိုက်ခနဲ၊ ငြိမ့်ခနဲ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားပြီးမှ အဆုံးသတ်မှာ နင့်ခနဲ နာကျင်မှုတွေနဲ့အတူ ချန်ရစ်ခံလိုက်ရသလိုမျိုး။
အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးဆိုတာ ကိုယ်တိုင်ရွေးချယ်မိတဲ့ ခရီးသွားလက်မှတ်တစ်စောင်ပါ။ ခရီးလမ်း အစကနေ အဆုံးထိ ဖြောင့်ဖြူးမလား၊ ကြမ်းတမ်းမလားဆိုတာ မလျှောက်လှမ်းခင်မှာ ကြိုမသိနိုင်ပါဘူး။ အားလုံးဟာ လွယ်ကူအဆင်ချောတဲ့ လမ်းကို မျှော်လင့်ခဲ့ကြပေမဲ့ ခက်ခဲတဲ့လမ်းပေါ်ကို ရောက်သွားတတ်ကြတဲ့ အိမ်ထောင်ရေးတွေဟာ ရှိစမြဲပါ။ ကိုယ့်ခရီးစဥ် မှားတဲ့အခါ ခေါ်ဆောင်လိုက်မိတဲ့ သားသမီး အစဥ်အဆက်ကပါ ခရီးကြမ်းထဲ မျောပါရတော့တယ်။
ဒီစာအုပ်လေးထဲမှာ နှင်းပန်းဆိုသူ မိန်းကလေးဟာ ခရီးကြမ်းထဲ မျောပါလာရသူပါပဲ။ လောကဓံကြမ်းကြမ်းကြီးကို အရွယ်နှင့်မမျှအောင် ခါးစည်းခံရတဲ့ကြားက သူ့ဘဝရပ်တည်မှုလေးကို လမ်းကြောင်းမမှားအောင် ကြိုးစားရှင်သန်ခဲ့သူ။ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေရဲ့ ဖျက်ဆီးတတ်တဲ့သဘောကို တွေ့မြင်နားလည်ပြီး အဆိုးဆုံးပတ်ဝန်းကျင်ကြားမှာ အကောင်းဆုံးဖြစ်အောင် ရပ်တည်လာခဲ့သူ။ ဒါပေမဲ့လည်း လူဆိုတာဟာ ဘဝရဲ့အကွေ့တစ်ခုမှာတော့ တစ်ကြိမ်လောက် ခြေချော်ဖူးကြမှာပဲ မဟုတ်လား။ အမျိုးသမီးတွေရဲ့ဘဝမှာ ခလုတ်ကန်သင်းတွေဟာ အချစ်ယောင်ဆောင်ပြီး ဝင်လာတတ်ကြတယ်။ နှင်းပန်းလေးဟာလည်း ခံစားထိရှလွယ်သူ မိန်းကလေးတစ်ဦးမို့ အဲ့ဒီခလုတ်ကို မိမိရရကြီး ဝင်တိုက်လိုက်မိပါတော့တယ်။
ဒီဝတ္ထုလေးကိုဖတ်နေတဲ့အခါ နှင်းပန်းရဲ့ဘဝအချိုးအကွေ့တိုင်းကို ဘေးကနေအတူ ကပ်လိုက်ရင်း သူနဲ့ ထပ်တူထပ်မျှ ခံစားရပါလိမ့်မယ်။ လဲကျတဲ့အခါ ဘယ်လိုတွေ ရုန်းထမလဲ၊ သူ့နေထိုင်ရပ်တည်မှုအတွက် ဘယ်လိုတွေ ဖြေရှင်းသွားမလဲ ဆိုတာကို ဒီစာအုပ်လေးထဲမှာ ဖတ်ရှုခံစားကြရပါမယ်။ သေချာတာကတော့ ဆရာမပျိုး ရေးသားတဲ့ နှင်းပန်းဝတ္ထုဟာ စာဖတ်သူတို့ကို သူ့ရဲ့ ဘဝခရီးစဥ်လေးထဲ ဖမ်းဆွဲခေါ်ဆောင်ပြီး ခံစားမှုရသတွေကို နက်နက်ရှိုင်းရှိုင်း ပေးသွားမှာပါ။
Ks 10,000နှင်းပန်း
Ks 10,000 -
ရေဒီယိုပန်းဆိုင်
ခတ္တာခင်ရေဒီယိုပန်းဆိုင်တဲ့။ ဆရာမခတ္တာခင်ရဲ့ သိမ်မွေ့လှပတဲ့ ဝတ္တုဇာတ်လမ်းလေးနာမည်ပါ။ ဆရာမခတ္တာခင်ဟာ စာဖတ်ပရိသတ်ကို စာအုပ်ခေါင်းစဉ်လှလှလေးတွေက အစပြုပြီး ဆွဲဆောင်နိုင်သူတစ်ဦးလို့ ဆိုရင် မမှားပါဘူး။
ဒီစာအုပ်လေးမှာဆိုရင် နွေဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ အမည်တပ်လို့ရမယ့် ရင်ခုန်သံအဖြူထည်လေးကို ဘဝနဲ့ရောထွေးပြီး နူးညံ့စွာ ရေးဖွဲ့ပြထားပါတယ်။ ရေဒီယိုပန်းဆိုင်မှာ နွေဦး၊ နှင်းနု၊ ကိုသူဆိုတဲ့ လူသားသုံးဦးကြားက ဖြူစင်မှုတွေ၊ သံယောဇဉ်တွေ၊ သိမ်မွေ့ရှုပ်ထွေးတတ်တဲ့ စိတ်ခံစားချက်တွေကို ဆရာမခတ္တာခင်က ဖြည်းဖြည်းချင်း ပုံဖော်ထားတာ ဖတ်ရှုရပါလိမ့်မယ်။
ရေဒီယိုလေးတစ်လုံးဟာ အသံလှိုင်းတွေကတဆင့် စိတ်ခံစားချက်တွေကိုချိတ်ဆက်ပေးတယ်။ မမြင်ရတဲ့လိုင်းဆွဲအားတွေ၊ စွမ်းအင်တွေနဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တယ်။ ချစ်ခြင်းမေတ္တာကိုလည်း ဆောင်ယူပေးနိုင်တယ်။ ပန်းကလေးတွေဟာလည်း ရေဒီယိုလေး နည်းတူပါပဲ။ သူ့မှာကတော့ လှိုင်းတွေ၊ ဆွဲငင်အားတွေမရှိပေမယ့် ရနံ့တွေနဲ့ ချိတ်ဆက်နိုင်တယ်။ ပန်းတွေဟာ နူးညံ့တဲ့သဘောရှိပေမယ့် ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်စွမ်းရှိတယ်။ ပန်းကလေးတွေဟာ ခက်ထန်နေတဲ့စိတ်တွေ၊ ဝမ်းနည်းထိရှလွယ်တဲ့ ခံစားချက်တွေကို သူ့ရဲ့ရနံ့၊ အရောင်အဆင်းတွေနဲ့ ဖြားယောင်းပြီး ဆန့်ကျင်ဖက်ဖြစ်အောင် ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။
နွေဦးကရော ဘယ်အရာတွေကိုမျှော်လင့်ပြီး ဘယ်အရာတွေကို ချိတ်ဆတ်ချင်နေပါသတဲ့လဲ။ နွေဦးဟာ မိန်းမသားဖြစ်တဲ့အတွက် ပန်းလေးတစ်ပွင့်ပဲ ဆိုကြပါစို့။ သူ့ရဲ့ရနံ့ဟာ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးနိုင်စွမ်းရှိလာမှာလား။ ပြီးတော့ ရေဒီယိုလေးတစ်လုံးကနေ သူချိတ်ဆက်ချင်တဲ့အရာကရော ဘာများဖြစ်မလဲ။
အရာအားလုံးကို သေသေချာချာလေး သိဖို့အတွက် ရေဒီယိုပန်းဆိုင်ဆိုတဲ့ စာအုပ်ကလေးကိုကိုင်ပြီး စာမျက်နှာလေးတွေသာ လှန်လှောကြည့်လိုက်ပါ။ ရောင်စုံပန်းခင်းကြီးထဲကနေ ပန်းရနံ့လှိုင်လှိုင်လေး မွှေးနေမှာကတော့ အသေအချာပါပဲ။
Ks 15,000ရေဒီယိုပန်းဆိုင်
Ks 15,000




