- “ချစ်ခရီးလမ်းတစ်လျှောက်ဝယ်” already exists in your wishlist
-
ဖွေရှာမောရသူမယ်
ဆေးဆေကျွန်တော်တို့တစ်တွေ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တခုအဖြစ် ကိုယ်ချင်းစာတတ်ခြင်း ဆိုတာ ရရှိခဲ့ပါတယ်။ အဲဒီ ကိုယ်ချင်းစာတရားကို နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ ယောကျာ်းလေးတွေ ၊ မိန်းကလေးတွေ အပေါ်မှာ ထားနိုင်ဖို့ ဒီစာအုပ်လေးက အထောက်အကူ ပြုနိုင်ပါတယ်။
မိဘနှစ်ပါး အတူမနေကြတဲ့ ၊ ခွဲခွာနေကြရတဲ့ မိသားစုက ကလေးတွမှာ စိတ်ဒဏ်ရာတွေ ရှိတတ်ကြတယ် ။ တချို့က ပေတုံးပေါ်က သံတွေ သံခဲလို မာကျောသွားကြတယ်။ တချိူ့ကျတော့ ပတ်ဝန်းကျင် နဲ့ လူသူစိမ်းတွေကို ကြောက်ရွံ့ သွားတတ်တဲ့ ယုန်သူငယ်လေးလို ဖြစ်သွားတတ်တယ်။ အဲဒီလို မိသားစု တစ်ခုထဲက မွေ့မွန် ဆိုတဲ့ ကောင်းမလေး တစ်ယောက်ရဲ့ နာကျင်မှု နဲ့ ဖြတ်သန်းမှု တွေကို ကြည့်မယ်ဆိုရင်… ။
သူစိမ်း တစ်ယောက်လို တခါတရံ မှ လာတွေ့တတ်တဲ့ အဖေကို စိတ်ထဲ နာကျဉ်းနေတဲ့ မွေ့မွန် ဟာ အမေတယောက်သာ မှီတွယ်ရာရှိတဲ့ ကမ္ဘာကျဉ်းကျဉ်းလေး ထဲမှာပဲ ရှင်သန်နေသူပါ ။
လူ့လောကကို သူ စရောက်ကတည်းက အမေနဲ့ သူ့ကို ပစ်ထားတယ် ဆိုပြီး အဖေကို စိတ်နာနေခဲ့တာ။ အဖေနဲ့ ဝေးနေသူ သမီးလေးကို မာကျော ကြံ့ခိုင်စေချင်တဲ့ မေမေ ရဲ့ တွန်းအားတွဟော မွေ့မွန် ကို တသက်သာ နာကျင်နေတဲ့ သစ်ရွက်ဝါလေး တရွက်လို ဖြစ်သွားစေတယ် ။
စိတ်သန္တန်ရဲ့ အောက်ဆုံးအလွှာမှာ ခိုကပ်နေတဲ့ ၊ နက်ရှိုင်းတဲ့ ၊ နာကျင်မှုကလာတဲ့ အထီးကျန်ဝမ်းနည်းမှုတွေ အကင်းမသေနိုင်သေးတဲ့ မွေ့မွန် ဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘဝ ပြဿနာ အဖုံဖုံကို သိရပြီးနောက် လောကကြီးမှာ မိမိ တယောက်တည်း ခံစားနရေတာ မဟုတ်ဘူး ဆိုတာ သိသွားပါတယ် ။
ချင်းတွင်းမြစ်အထက်ပိုင်းက မော်လိုက်မြို့လေးက မွေ့မွန် ဆိုတဲ့ ကောင်မလေး တစ်ယောက် ရဲ့ အကင်းမသေနိုင်သေးတဲ့ အထီးကျန်ဝမ်းနည်းမှုတွေနဲ့အတူ အရုပ်မြို့တော်လို့ မွေ့မွန် တင်စားထားတဲ့ ယူအေအီးနိုင်ငံ အထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်
Ks 2,500ဖွေရှာမောရသူမယ်
Ks 2,500 -
အနုပဋိလောမ ရုပ်ဝါဒ
မြသန်းတင့်“အနုပဋိလောမသည် လက်တွေ့အဘိဓမ္မာဖြစ်သည်”ဒီစာအုပ်မှာ အနုပဋိလောမရုပ်သဘောတရားကို သိပ္ပံနည်း၊ ရူပဗေဒနည်း၊ ဇီဝဗေဒနည်း၊ သင်္ချာဗေဒနည်း၊ ခန္ဒာဗေနည်းတို့နဲ့ ရှင်းလင်းဖော်ပြထားတာ ဖတ်ရှုရပါမယ်။ ရုပ်ဝါဒ နဲ့ အနုပဋိလောမ ဆိုတဲ့ အပိုင်း ၂ ပိုင်းကို အခန်း ၁၂ ခန်း ခွဲပြီး ရှင်းလင်းရေးသားထားတဲ့ ကျမ်းငယ်တအုပ်လည်း ဖြစ်ပါတယ်။အပိုင်း ၁ – ရုပ်ဝါဒ မှာ၁။ ပါတီအဘိဓမ္မာ၂။ ရုပ်ဝါဒနှင့် စိတ်ဝါဒ၃။ စက်ယန္တရားရုပ်ဝါဒ၄။ စက်ယန္တရားရုပ်ဝါဒမှ အနုပဋိလောမရုပ်ဝါဒသို့၅။ ဖြစ်ပေါ်တိုးတက်မှုအား အနုပဋိလောမကျစွာ ခံယူပုံ တို့ကို ဖတ်ရှုလေ့လာရပါမယ်။အပိုင်း – ၂ အနုပဋိလောမ မှာ၆။ အနုပဋိလောမ နှင့် တက္ကဗေဒ၇။ ပြောင်းလဲမှုနှင့် အညမည ဆက်သွယ်မှု၈။ ဖြစ်ပေါ်တိုးတက်မှု ဥပဒေသစ်များ၉။ အသစ်နှင့်အဟောင်း၁၀။ ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်း၁၁။ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး၁၂။ အနုပဋိလောမရုပ်ဝါဒနှင့် သိပ္ပံပညာ တို့အပြင် ကျမ်းတစ်အုပ်လုံးကို ပြန်လည် ခြုံငုံ သုံးသပ် ရေးသားထားတဲ့ နိဂုံးပိုင်းတို့ကို ဖတ်ရှုလေ့လာရပါမယ်။ ကျမ်းအဆုံးမှာ ဝေါဟာရရှင်းချက်နဲ့ လူပုဂ္ဂိုလ်အညွှန်းတို့ကို တွဲဖက်ထည့်သွင်းဖော်ပြထားတာမို့ အနုပဋိလောမရုပ်ဝါဒကို လေ့လာရာမှာ အထောက်အကူ ဖြစ်စေမှာပါ။မြသန်းတင့် – အနုပဋိလောမရုပ်ဝါဒ ဟာ ဝတ္ထုမဟုတ်တဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ဖြစ်တာကြောင့် ဖတ်ပြီးသွားရင် စာအုပ်စင်ပေါ် အပြီးတင်လိုက်ရမယ့် စာအုပ်မျိုး မဟုတ်ဘဲ ခေတ်အဆက်ဆက် ဝါဒ၊ အဘိဓမ္မာတွေ တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာတိုင်း နှိုင်းယှဉ်ချိန်ထိုး လေ့လာရမယ့် ကျမ်းစာအုပ်မျိုး ဖြစ်ပါတယ်။ဒီကျမ်းငယ်နဲ့ ပတ်သက်ပြီး ပြုစုရေးသားသူ ဆရာမြသန်းတင့်က “အနုပဋိလောမရုပ်ဝါဒ၏ လောကအမြင်သည် ရှေ့နောက်ညီညွတ်၍ ဆင်ခြင်တုံတရားနှင့် ပြည့်ဝသော အမြင်ဖြစ်သည်။ ထိုအမြင်သည် ကျွန်ုပ်တို့ခေတ်၏ ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းရှာဖွေမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်” ဟု ကောက်ချက်ဆွဲထုတ် ဖော်ပြထားပါတယ်။Ks 5,000အနုပဋိလောမ ရုပ်ဝါဒ
Ks 5,000 -
မဝေးရက်လေသော
ဆန်းမြထွန်းဝင်း“မဝေးရက်လေသော” တဲ့။ ကဗျာနဲ့ အက်ဆေး စုပေါင်းရောယှက်ထားတဲ့ ဝေဒနာဖွဲ့ စာအုပ်သစ်တစ်အုပ်။ ရေးသူက “ဆန်းမြထွန်းဝင်း”။ သူက သူ့ဝေဒနာတွေကို ဒီစာအုပ်မှာ ကဗျာနဲ့ရော အက်ဆေးနဲ့ပါ ဝေဝေဆာဆာ ဖွင့်ထုတ်ပြသထားပါတယ်။
ကဗျာက လူတွေရဲ့ နှလုံးသားတွေဆီ ထိရောက်ကူးစက်မှု အဆင်အပြေဆုံး ဆက်သွယ်မှုကွန်ယက်တစ်မျိုးပဲ ဖြစ်လိမ့်မယ် ဆိုရင် အက်ဆေးကတော့ လူတွေရဲ့ ခံစားတွေးတောမှု နယ်ပယ်ကို ယူဇနာခရီးသစ် ဖွင့်လှစ်ပေးရာ လမ်းကြောင်းပြမြေပုံလည်း ဖြစ်နိုင်မယ် ထင်ပါတယ်။
ဆရာဆန်းမြထွန်းဝင်းရဲ့ ဒုတိယမြောက် စာအုပ်သစ် ဖြစ်တဲ့ “မဝေးရက်လေသော” မှာ စာဖတ်ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပထမစာအုပ်ကထက် ရသစုံ၊ အကြောင်းအရာစုံ၊ ဝေဒနာစုံအောင် အားထုတ်ပြင်ဆင်ထားတယ်လို့ စာရေးသူ အမှာစာမှာ ဖော်ပြထားပါတယ်။
ဖော်ပြထားသလိုပဲ၊ ဆရာဆန်းမြဝင်းထွန်းရဲ့ “မဝေးရက်လေသော” ကဗျာနဲ့ အက်ဆေးတွေထဲမှာ ချစ်ခင်နှစ်သက်လိုလားသူတွေနဲ့ မဝေးရက်ပေမဲ့ ဝေးရရက်တွေ ကြုံလာတဲ့အခါ ဝေးရ၊ ခွဲရ၊ ခွာရ၊ လွမ်းရတဲ့ ဝေဒနာတွေကို ဆွတ်မြည့်နင့့်မောစွာ ခံစားဖတ်ရမှာပါ။
“တချို့အရာတွေကို
ကိုယ်က ချစ်တာတစ်ခုတည်းနဲ့
လက်ခံခဲ့တာ မင်း သိမှာပါ” တဲ့။
ဆရာဆန်းမြထွန်းဝင်းရဲ့ ရင်ထဲက ဝေးခဲ့ရတဲ့ ဝေဒနာတွေကို ပီပီသသ လိုက်ပါခံစားဖို့ ဆိုရင်တော့ “မဝေးရက်လေသော” စာအုပ်လေးကို ခုလို မိုးတစိမ့်စိမ့် ရွာနေတဲ့ လွမ်းမောဖွယ်အချိန်မှာ ဖတ်ရင်း တွေးရင်း ခံစားရင်း လွမ်းမောရင်း ကြေကွဲရင်း စီးမျောစေချင်ပါတယ်။
လူအများစုမှာ မဝေးရက်ပေမဲ့ ဝေးရက်လို့ ဝေးခဲ့ကြဖူးသူ ဆိုတာ (အနည်းဆုံး တစ်ဘဝမှာ တစ်ယောက်လောက်တော့) ရှိဖူးကြတယ် မဟုတ်လား။Ks 5,000မဝေးရက်လေသော
Ks 5,000




