- “ကောင်းမွန်သော လုပ်ငန်းခွင်” already exists in your wishlist
-
ကမ္ဘာ့ဂန္ထဝင် ၁၀
ကျော်အောင်ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်လေးဟာ ကမ္ဘာကျော်စာရေးဆရာ ဝီလျံဆမ်းမားဆက်မွမ်က ကမ္ဘာကျော်ဝတ္ထုဆယ်ပုဒ်အကြောင်းကို စာရေးဆရာတို့ရဲ့ ဘဝဖြစ်စဉ်နဲ့ ထင်ဟပ်ဆန်းစစ်ပြထားတဲ့ စာအုပ်ကောင်း တအုပ်ပါ။ ဆမ်းမားဆက်မွမ်ဟာ ကိုယ်တိုင် ဝတ္ထုကောင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး အခြားဝတ္ထုကောင်းများကိုလဲ နက်နက်နဲနဲ ဖတ်ရှုလေ့လာဆန်းစစ်သူဖြစ်ပါတယ်။ သူ ဖတ်ရှုလေ့လာဆန်းစစ်ထားတဲ့ စာအုပ်ပေါင်းများစွာထဲကမှ စာဖတ်သူတို့အတွက် အကောင်းဆုံး ဖြစ်စေမယ်လို့ ယူဆတဲ့ စာအုပ်ဆယ်အုပ်အကြောင်း ကမ္ဘာ့ဂန္ထဝင် ၁၀ မှာ ပြန်လည်မျှဝေ ညွှန်းဆိုထားပါတယ်။ဝီလျံဆမ်းမားဆက်မွမ် မျှဝေထားတဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်တွေက –၁ – ဟင်နရီဖီးလဒင်း ၏ တွမ်ဂျုံး၂ – ဂျိန်းအော်စတင် ၏ မာနနှင့် အာဃာတ၃ – စတင်ဒယ် ၏ အနီနှင့်အနက်၄ – ဗားလဇက် ၏ ဖခင်ဂိုရီယိုး၅ – ချားဒစ်ကင်း ၏ ဒေးဗစ်ကော့ပါးဖီး၆ – ဖလောဗဲယား ၏ မဒမ်ဗိုဗာရီ၇ – ဟာမင်းမဲလဗီး ၏ မိုဗီဒစ်၈ – အယ်မီလီဗရွန်တီ ၏ လေထန်ကုန်း၉ – ဒေါ့စတာယက်စကီ ၏ ကာရာမာဇော့ညီအစ်ကိုများ၁၀ – တော်လစတွိုင်း ၏ စစ်နှင့်ငြိမ်းချမ်းရေး တို့ ဖြစ်ပါတယ်။ဆမ်းမားဆက်မွမ် ရွေးချယ်ထားတဲ့ ဝတ္ထုအမည်တွေကို ကြည့်တာနဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်ဟာ စာပေတန်ဖိုး မည်မျှရှိကြောင်း အထူးညွှန်းဆိုနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ဒီစာအုပ် တအုပ်တည်းကို ဖတ်လိုက်ရုံမျှနဲ့ ကမ္ဘာ့ဂန္ထဝင် အကောင်းစား ဝတ္ထုဆယ်အုပ်အကြောင်းနဲ့တကွ ၎င်းဝတ္ထုတို့ကို ရေးသားသူ စာရေးဆရာ/ဆရာမကြီးတို့အကြောင်း၊ ဝတ္ထုအတတ်ပညာ၊ ဝတ္ထုဝေဖန်ရေး၊ ဝတ္ထုကောင်းတို့ရဲ့ ဂုဏ်အင်္ဂါ၊ စာပေအနုပညာတို့အကြောင်းတွေကိုပါ တဝကြီး ဖတ်ရှုလေ့လာရပါဦးမယ်။ဝီလျံဆမ်းမားဆက်မွမ် ရေးသားပြီး ဆရာကျော်အောင် ဘာသာပြန်တဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ ကို ဖတ်ရှုပြီးတဲ့အခါ စာပေလေ့လာသူတို့အနေနဲ့ –• ဝတ္ထုဘယ်နှမျိုးရှိလဲ၊• ဝတ္ထုတိုင်း ဝတ္ထုပီသရဲ့လား၊• ဘယ်လိုဝတ္ထုမျိုးက ဝတ္ထုကောင်းလဲ၊• ဝတ္ထုကောင်းတွေရဲ့ အင်္ဂါရပ်က ဘာလဲ၊• သူများပြောတိုင်း … နာမည်ကြီးတိုင်း … ဝတ္ထုကောင်းလား၊• ဝတ္ထုရေးသူတိုင်း ဝတ္ထုရေးတဲ့ အတတ်ပညာကို တတ်ကြရဲ့လား … လိုက်နာရဲ့လား … ဆိုတဲ့ မေးခွန်းများအတွက် အဖြေများကို အကောင်းဆုံး ဆဝါးမိသွားစေမယ်လို့ ယုံကြည်ပါတယ်။ဘာသာပြန်ဆိုသူ ဆရာကျော်အောင်က “ဤစာတမ်းများသည် ဝတ္ထုစာပေအဖွဲ့ကို ပို၍ သိနားလည်လာအောင် အထောက်အပံ့ပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း” လို့ အမှာစာမှာ ဆိုထားပါတယ်။ ကမ္ဘာ့ဂန္ထဝင်စာပေကို လေ့လာသူ၊ ဝတ္ထုရေးသားခြင်းကို စိတ်ဝင်စားသူ၊ ဝတ္ထုများကို ပညာရပ်ဆန်ဆန် မည်သို့ညွှန်းဆိုထားသည်များကို လေ့လာလိုသူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။Ks 13,000ကမ္ဘာ့ဂန္ထဝင် ၁၀
Ks 13,000 -
သမိုင်းဆိုင်ရာရုပ်ဝါဒ
မြသန်းတင့်မြသန်းတင့် – သမိုင်းဆိုင်ရာရုပ်ဝါဒ ဟာ အနုပဋိလောမရုပ်ဝါဒ ကဲ့သို့ပင် ဝတ္ထုမဟုတ်တဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ဖြစ်ပါတယ်။ စာချစ်သူအဖို့ ဖတ်ပြီးသွားရင် စာအုပ်စင်ပေါ် အပြီးတင်လိုက်ရမယ့် စာအုပ်မျိုး မဟုတ်ဘဲ ခေတ်အဆက်ဆက် ဝါဒ၊ အဘိဓမ္မာတွေ တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာတိုင်း နှိုင်းယှဉ်ချိန်ထိုး လေ့လာရမယ့် ကျမ်းစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
သမိုင်းဆိုင်ရာရုပ်ဝါဒ ကျမ်းစာအုပ်နဲ့ ပတ်သက်ပြီး “မည်သည့်အင်အားစုများက လူ့အဖွဲ့အစည်းကြီးကို မောင်းနှင်နေကြသနည်း။ လူမှုဖြစ်ပေါ်တိုးတက်မှုသည် မည်သည့်ဥပဒေသများအရ ဖြစ်ပေါ်တိုးတက်နေရသနည်း။ ဤမေးခွန်းများကို သမိုင်းဆိုင်ရာရုပ်ဝါဒက ဖြေဆိုပေသည်။ ထို့ကြောင့် မောင်းနှင်ရေးအင်အားစု၏ ယေဘုယျသဘောတရားနှင့် လူမှုဖြစ်ပေါ်တိုးတက်မှု၏ ဥပဒေသများကို ပြဆိုသည့် စာတမ်းကို သမိုင်းအား ရုပ်ကျစွာ ကြည့်မြင်ခံယူချက် (သို့) သမိုင်းဆိုင်ရာရုပ်ဝါဒ ဟု ခေါ်ပေသည်။ လူတို့၏ နေ့စဉ်ပြဿနာများကို ဖြေရှင်းရာ၌ ရုပ်ဝါဒကျသော လောကအမြင်ကို ဟပ်ယူလိုက်သောအခါ သမိုင်းဆိုင်ရာရုပ်ဝါဒဟူ၍ ဖြစ်ပေါ်လာသည်” လို့ စာအုပ်တစ်နေရာမှာ ဖော်ပြထားပါတယ်။
Ks 8,000သမိုင်းဆိုင်ရာရုပ်ဝါဒ
Ks 8,000 -
တစ်ခိုင်လုံးရွှေ
ငဒိန်းသင်္ဘောသားတွေနဲ့ နိုင်ငံခြားရောက် မြန်မာတွေကြားမှာ ရွှေ လို့ ပြောလိုက်ရင် လူတွေဆင်မြန်းတဲ့ တန်ဖိုးကြီးအသုံးအဆောင် ဆိုတာထက် မြန်မာ ဆိုတာကို ပိုပြီး သဘောပေါက်ကြမှာပါ။ နိုင်ငံခြားရောက် မြန်မာတွေအဖို့ တခြားသော တိုင်းသူပြည်သားတွေရှေ့မှာ သူတို့အကြောင်း အတင်းပြောချင်တာဖြစ်ဖြစ်၊ သူတို့ကို မသိစေလိုတာပဲ ဖြစ်ဖြစ်၊ လူမျိုးနာမည်တွေကို အမှန်အတိုင်း ထုတ်ပြောရတာဟာ အဆင်ပြေမနေပါဘူး။
ဒီအတွက်ကြောင့် လွန်ပြီးတဲ့ကာလတွေမှာ နိုင်ငံခြားထွက်ခဲ့သူ အင်မတန်ဦးနှောက်ကောင်းတဲ့ ရှေ့လူကြီးများဟာ ဂျပန်ဆို ဂ၊ မလေးရှားဆို မ၊ ကိုရီးယားဆို ကကြီး၊ စင်ကာပူဆို စလုံး၊ အင်ဒိုဆို အ၊ ထိုင်းဆို ယပလက်၊ ဖိလစ်ပိုင်ဆို ဖ (ဖားလို့လည်းခေါ်သေး) စတဲ့ ဆိုင်ရာဆိုင်ရာ စကားဝှက် များကို ပေးအပ်ခဲ့တယ်။ ကိုယ့်မြန်မာအကြောင်း သူတို့ရှေ့မှာ မသိအောင် ပြောဆိုဖို့ စကားဝှက် အဖြစ်ကိုတော့ ရွှေ လို့ အမည်သညာ တွင်စေခဲ့တယ်။ မြန်မာနိုင်ငံ ဆိုတာကိုက ရွှေနိုင်ငံလို့ ဆိုကြသကိုး။ ဒီလိုနဲ့ သင်္ဘောသားလောကမှာ တစ်စီးလုံးကို မြန်မာတွေချည်း တာဝန်ယူတဲ့ အခါမျိုးဆိုရင် တစ်ခိုင်လုံးရွှေ လို့ ခေါ်တွင်တဲ့အထိ ဖြစ်လာတယ်။
ဆရာငဒိန်း ရေးတဲ့ တစ်ခိုင်လုံးရွှေ ဝတ္ထုဟာ ကက်ပတိန်ကအစ ကုန်းပတ်အဆုံး မြန်မာတွေချည်း ပါဝင်တဲ့ နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုကို တက်သွားတဲ့ ‘ဝလုံး’ အမည်ရ လူငယ်တစ်ယောက်ရဲ့ နေ့ရက်များပဲ ဖြစ်ပါတယ်။
ဝလုံးအဖို့ ဒီတစ်ခိုင်လုံးရွှေ သင်္ဘောပေါ်ကို လိုက်ရတာဟာ သူ့အတွက် ဒုတိယအကြိမ် သင်္ဘောလိုက်ခြင်းပါ။ ဝလုံး ပထမအကြိမ် သင်္ဘောလိုက်ခဲ့တာက ဂရိလိုင်း။ သင်္ဘောသားလောကမှာ ခေါလိုင်းလို့ ဆိုကြတယ်။ ဝလုံးရဲ့ ပထမအကြိမ် သင်္ဘောတက်ခြင်းဟာ အဆင်မပြေမှုတွေ များစွာကြုံခဲ့ပြီး ကုမ္ပဏီဘက်က ရို.က်စားလုပ်မှုကြောင့် ဝလုံးတို့တွေ လုပ်သက်အပြည့်မရ၊ ငွေတွေလည်း နစ်နာ၊ ပြဿနာတွေ မျိုးစုံတက်ပြီး စာချုပ်မပြည့်တဲ့ ရှစ်လတည်းနဲ့ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။
ဝလုံးရဲ့ ဒုတိယအကြိမ် သင်္ဘောလိုက်ခြင်းကတော့ တစ်ခိုင်လုံးရွှေပေါ့။ ဒီအပေါ်မှာ သူက ဘယ်လို တွေးမိလဲဆို “ကိုယ့်လူမျိုးချည်းပဲဆိုတော့ မသိတာ၊ နားမလည်တာ သင်ခိုင်း၊ ပြခိုင်းလို့ ရတယ်လေ။ အလုပ်ထဲမှာလည် အင်္ဂလိပ်လို ပြောစရာ မလိုတော့ဘူး။ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ စာချုပ်ပြည့်အောင် အလုပ်လုပ်မယ်” ဆိုပြီးပေါ့။ ဝလုံးအဖို့ ဒီတစ်ခေါက်မှ အဆင်မပြေရင် ရွာက နွားညိုကြီးတစ်ရှဉ်းကလည်း စောင့်နေပြီ။
ဒီတော့ သင်္ဘောသား ကိုဝလုံးတစ်ယောက် တစ်ခိုင်လုံးရွှေ သင်္ဘောပေါ်မှာ ဘာတွေကြုံတွေ့ရမလဲ။ သူမျှော်လင့်သလိုရော အရာရာ အဆင်ချောပါ့မလား? ဆရာငဒိန်းရဲ့ ရေးဟန်အတိုင်း အရေးသွက်သွက်နဲ့ ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုဟာ စာဖတ်သူကို အစကနေ အဆုံးထိ တစ်ခိုင်လုံးရွှေ သင်္ဘောပေါ်ကနေ မဆင်းခိုင်းဘဲ တောက်လျှောက် အပါခေါ်သွားမှာ ဖြစ်ပါတယ်။
Ks 12,000တစ်ခိုင်လုံးရွှေ
Ks 12,000




