- “ချက်ကော့ဝတ္တုတိုပေါင်းချုပ်” already exists in your wishlist
-
တစ်ဘဝဒဏ်ရာ
ဆေးဆေချစ်ခြင်းကြောင့် ဆင်းရဲခြင်း ဖြစ်ရတယ်
ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ် ၊ ချစ်ခြင်းသာ အမွန်အစ ဖြစ်တယ်လို့ တရားတော်မှာ ပါပါတယ် ။
အချစ်နဲ့ မကင်းကြတဲ့ လူသားတွေဟာ ချစ်ခြင်းကြောင့် ဆင်းရဲကြရတာ အမှန်တရား ပါပဲ ။ ချစ်ခြင်း ဆိုတာမှာလည်း ၁၅၀ဝ အချစ်ကြောင့်မှ ဆင်းရဲခြင်း ကြုံရတာ မဟုတ်ပါဘူး ။ ၅၂၈ မေတ္တာ ကြောင့်လည်း ဆင်းရဲခြင်း ကို ကြုံတွေကြရတာပဲ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ဝန်းကျင် ၊ မြစ်သာမြစ် နား ၊ သာယာကုန်းရွာလေးက လူနေမှုဘဝတွေ ။ သူတို့ ဝမ်းစာ ဘယ်လို ရှာကြသလဲ ၊ ခေတ်ဆိုး စနစ်ဆိုးကြီး အောက်မှာ ရှင်သန်နေကြရတဲ့ လူတွေရဲ့ ပင်ပန်း ခက်ခဲရတဲ့ ဘဝတွေ ။ ရေနံထွက်လို့ ရေနံမှော် လုပ်ကြ ၊ ထုံးဖုတ်ကြ ၊ သစ်လုပ်ငန်း လုပ်ကြနဲ့ စုံလင်လှတဲ့ ဘဝများ။ ရင်မောစရာ ထိုထို ဘဝတွေကြားက မေတ္တာ စမ်းချောင်းလေးပမာ သက်လယ် ဆိုတဲ့ ကောင်းမလေးရဲ့ သူ့ မောင်လေး ပိုးလုံးလေး အပေါ် ထားတဲ့ မေတ္တာတရားဟာ ကြည်လင်အေးမြတဲ့ စမ်းရေ ပမာ ။
နတ်ကိုးကွယ်မှုကို အယုံကြည်လွန်ပြီး အယူသီး အစွဲအလမ်းကြိီးတဲ့ အဘွား ။ ခေါင်းမာပြီး တစောက်ကန်း လုပ်တတ်တဲ့ ဖေဖေ ။ ရပ်ရွာအကျိုးအတွက် တစ်ပြားတစ်ချပ် မှ ခံစားခွင့် မယူဘဲ မှန်မှန်ကန်ကန် လုပ်တတ်လို့ လူအချို့ရဲ့ မုန်းတီးခြင်း ခံရသူ တစ်ဦးလည်း ဖြစ်တယ် ။ ကျိန်စာတိုက် ခံရတဲ့ အထိကို တချို့က က မုန်းကြတယ် ။
လင်ယောက်ျား နဲ့ သားသမီး အတွက် ယောက္ခမ ဖြစ်သူ ညွှန်ကြားသမျှ လိုက်လုပ်ပေးရတဲ့ မေမေ ။ မောင်ကလေး ပိုးလုံးလေး မွေးကတည်းက အသက်နဲ့အမျှ ချစ်ရတဲ့ အစ်မ သက်လယ် ။ အရွယ်မတိုင်ခင် ကတည်းက အဖေ့အလုပ်ကို ကူညီချင်စိတ် အမြဲရှိတဲ့ သားလိမ္မာလေး ပိုးလုံးလေး ။ သူတို့ မိသားစု အပေါ် ရိုက်ခတ်လာတဲ့ လောကဓံ မုန်တိုင်းထဲမှာ မောင်ကလေး အပေါ် ချစ်တဲ့စိတ်နဲ့ သက်လယ် တစ်ယောက် ပင်ပန်း ဆင်းရဲခဲ့ရတယ် ။ တစ်ဘဝစာဒဏ်ရာ ပိုင်ရှင် သက်လယ် ရယ်လေ ။
ကလေးမြို့ နားက သာယာကုန်း ရွာ ရဲ့ လူမှု စီးပွားရေးတွေ ၊ ရေနံမှော် မှာ ရုန်းကန်ကြရတဲ့ ဘဝတွေ ။ အဲဒီ လူတွေ မျှော်လင့်ချက် အပြည့်နဲ့ ဆင်းရဲပင်ပန်းစွာ ရေနံတူးကြရတဲ့ ဇာတ်လမ်းတွေ ။အဆိုးထဲက အကောင်းဖြစ်တဲ့ မောင်နဲ့ နှမ ရဲ့ ကြည်နူးဖွယ် ချစ်ခြင်း မေတ္တာတရား တွေကို ဆရာမ ဆေးဆေ က သပ်ရပ် လှပစွာ ရေးဖွဲ့ထားပါတယ် ။
ပထမ တစ်အုပ်တုန်းကလိုပဲ နိုင်ငံခြား နောက်ခံ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ ချစ်ခြင်းမေတ္တာကို အခြားသော ရှုထောင့်တစ်ခုမှ ထူးခြားစွာ ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်လမ်းလေးဟာ စဖတ်မိလိုက်ရင် စာအုပ်ကို လက်က မချနိုင်အောင်ပဲ စာဖတ်သူကို ဆွဲခေါ်သွားမှာပါ ။
ဖွေရှာမောရသူမယ် စာအုပ်နဲ့ လုံချင်းလောကမှာ ပွဲထွက်ကောင်းခဲ့တဲ့ ဆရာမ ဆေးဆေရဲ့ ဒုတိယမြောက် လက်ရာ ၊ ပင်ကိုရေး ဝတ္ထု အသစ်တစ်ပုဒ် ဖြစ်ပါတယ် ။Ks 3,000တစ်ဘဝဒဏ်ရာ
Ks 3,000 -
မှောင်ရိပ်ကလိပ်ပြာ (မဂ္ဂဇင်းဝတ္ထုတိုများ)
ဆေးဆေ“ဖွေရှာမောရသူမယ်” ၊ ” တစ်ဘဝဒဏ်ရာ ” နှင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ” ခိုတွယ်ရာ ” လုံးချင်းဝတ္ထရှည်တွေရဲ့ ဖန်တီးသူပဲ့ကိုင်ရှင် ဆရာမဆေးဆေရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ်ထွက်ရှိလာပါပြီ။ ဆရာမဟာ ဝတ္ထုတိုရေးသူသက်သက်အဖြစ် စာပေလောကထဲသို့ဝင်ရောက်လာပြီး လုံးချင်းဝတ္ထုရှည် (၃) အုပ်ထွက်ပြီးမှ ယခုဝတ္ထတိုပေါင်းချုပ်စာအုပ်ကို စာဖတ်သူတွေလက်ထဲ အရောက်ပို့လိုက်တာဖြစ်ပါတယ်။
ဖြတ်သန်းရာ ခေတ်ကာလကို အပြည့်အဝ ထင်ဟပ်ဖော်ကျူးသော ဆရာမဝတ္ထုများတွင် ဝတ္ထုအခင်းအကျင်းမှတဆင့် ထပ်ဆင့်မြင်ရသော ပုံရိပ်များ၊ အဖြစ်အပျက်များကို ခံစားရယူနိုင်ခြင်းက အရသာတစ်မျိုးပင်။ ဒါသည်ပင် ဆရာမဆေးဆေ၏ ထူးခြားမှုဟု ဆိုချင်ပါတယ်။ အရောင်၊ အလင်း ညီသည့် ပန်းချီကားတစ်ချပ်ပမာ အကြောင်းအရာအားကောင်းသော ဝတ္ထုတိုများတွင် စ/လယ်/ဆုံး ဝါကျဖွဲ့လှသည့် ဆရာမ၏ စာအရေးအသားနှင့် တင်ဆက်မှုအနုပညာကို ကျေနပ်နှစ်သိမ့်ကြမယ် ထင်ပါတယ်။
ယခုစာအုပ်တွင် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ (၁၁) နှစ်တာကာလအတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတွေပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူပီပီ ဆရာမရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးတွေဟာ အရသာတစ်ခု၊ ဟန်တစ်မျိုးထူးခြားနေပြန်ပါတယ်။
” ကျွန်မ၏ ဝတ္ထုတိုများကို ပြန်ဖတ်မိတိုင်း ရေးဖွဲ့ချိန်က စိတ်လိပ်ပြာ ဖြတ်သန်းမှုရောင်စဉ်အောက် ကျွန်မစိတ်တို့ တဝဲလည်လည် ရောက်ရတတ်မြဲ။ သို့အတွက် ယခုစာအုပ်အမည်ကို မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ ဟု ပေးဖြစ်ပါသည်လို့ ” ဆိုထားပါတယ်။ ရွှေအမြုတေမဂ္ဂဇင်းမှ ဝတ္ထုတို(၁၆) ပုဒ်၊ အခြားများမှ (၂) ပုဒ် စုစုပေါင်း ဝတ္ထုတို (၁၈) ပုဒ်ကို ဆရာမြင့်မောင်ကျော်ရဲ့ အတွင်းသရုပ်ဖော်ပန်းချီများကိုကြည့်ရှုခံစားရင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်။”
Ks 4,000 -
စာသမားဂရု အမှတ်တရစာစုများ
လူစုံသူတို့ဟာ စာတွေဖတ်ကြတယ် ။ သူတို့ ဖတ်ခဲ့တဲ့စာအုပ်အကြောင်းတွေတွေကို အညွှန်းရေးပြီး အခြားစာဖတ်သူတွေကို မျှဝေဖို့အတွေးလေး ရသွားကြတယ်။ စာအုပ်ဖတ်စာ ဝါသနာပါသူတွေ တစုတစည်းတည်းဖြစ်သွားအောင် Group လေးတခု ဖွဲ့လိုက်ကြတယ်။ သူတို့ ဆိုတာ #စာသမားများ အဖွဲ့လေးပါ။
စာဖတ်ဝါသနာပါသူတွေကို သူတို့လိုပဲ စာညွှန်းလေးတွေရေးဖို့ တိုက်တွန်းနှိုးဆော်ကြတယ်။ စာဖတ်ဝါသနာပါသူတွေ၊ စာညွှန်းရေးသူတွေနဲ့ စာသမား ဂရုလေးဟာ စည်းကားလာတော့ နောက်တလှမ်း ထပ်လှမ်းလာကြတယ်။
သူတို့တတွေကို စာတွေပဲ ဖတ်ပြီး သာယာမနေပါနဲ့၊ ပင်ကိုရေး ဝတ္တုတိုလေးတွေ ရေးပါဆိုပြီး ထုတ်ဝေသူတယောက်က မြှောက်ပေးတယ်။
အဲဒါနဲ့ သူတို့အဖွဲ့ဝင် ၇ ယောက်စုပြီး ပင်ကိုရေး ဝတ္တုတိုတွေ တပုဒ်စီရေးဖြစ်ကြတယ်။ စာရေးဆရာ တယောက်ပါတယ်၊ မဂ္ဂဇင်းမှာ ဝတ္တုတိုရေးဖူးသူ တယောက်ပါတယ်။ ကျန်တဲ့သူတွေကတော့ အပျော်တမ်းတွေပဲပေါ့။ စာပေတန်ဖိုး၊ အနုပညာတန်ဖိုးနဲ့ မတူကြပဲ အမှတ်တရအနေနဲ့ ရေးကြတာဖြစ်လို့ အကြီးကြီးတော့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ မတူကွဲပြားတဲ့ အရသာတခုတော့ ပေးစွမ်းနိုင်မှာပါ။
သူတို့ဖတ်ဖူးတဲ့ စာအုပ်အမည်တွေ၊ မဖတ်ဖူးပေမဲ့ သိနေတဲ့စာအုပ်အမည်တွေကို#စာအုပ်အမည်များနဲ့ အခွီပြောမဲ့အစီအစဉ်” မှာ အပြန်အလှန်ပြောဖြစ်ကြတယ် ။ အဲဒီလို ပြောဖြစ်ကြတဲ့ အခွီကော့မန့်တွေလဲ ဒီစာအုပ်လေးထဲမှာ ပါလာပါတယ်။ မျိုးဆက်သစ် စာဖတ်ဝါသနာရှင်တွေအတွက် တစုံတရာ အထောက်အကူပြုနိုင်မယ်ဆိုရင် သူတို့ ပီတိဖြစ်ကြမှာပါ။
Ks 1,500စာသမားဂရု အမှတ်တရစာစုများ
Ks 1,500




