-
အောင်သင်း၏ အတွေးစကား
အောင်သင်းဆရာ(ဦး)အောင်သင်းဟာ စာသင်ကြားခြင်း၊ စာပေများ ပြုစုရေးသားခြင်း တို့မှာ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ မျိုးဆက်သစ်တို့အတွက် လူငယ်စိတ်ဓာတ်ရေးရာ အကျိုးပြုစာပေများ ရေးသားခြင်း၊ ဟောပြောခြင်းတို့ကို ဆောင်ရွက်ရာမှာလည်း ဆရာ(ဦး)အောင်သင်းဟာ ဝါသနာ၊ စေတနာ၊ အနစ်နာ စတဲ့ နာ ၃ နာနဲ့ အညီ ရေးသား ဟောပြောခဲ့တာကြောင့် ဆရာရဲ့ အတွေးစကားများဟာ ယနေ့တိုင် ဖတ်ရှုလေ့လာ မှတ်ယူနေရဆဲ ဖြစ်ပါတယ်။‘အောင်သင်း ၏ အတွေးစကား’ စာအုပ်မှာ ဆရာ(ဦး)အောင်သင်း၏ ကိုယ်ပိုင် အတွေးအခေါ်များအပြင် ဆရာဖတ်ခဲ့ မှတ်သားခဲ့တဲ့ အတွေးစကားများကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ အတွေးစကားများဟာ အနှစ်ချုပ် သဘောတရားများကို တိုတိုနှင့် လိုတိုရှင်း ရေးသား ဖော်ပြထားတာမို့ ဆရာ ပေးချင်တဲ့ အတွေးအခေါ်တို့ကို အချိန်အများကြီး မပေးရဘဲ လွယ်ကူစွာ နာယူ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။အိမ်ထောင်ပြုခြင်း၊လူ့ဘဝတွင် အရာရောက်လှသော အရာ၊အချစ်နှင့်မျက်စိ၊ဒေါင်းမြီးတွေရဲ့ အလှ၊ကြီးပွားမှုနှင့်ဗေဒင်၊မိခင်တွေ အသိပညာမြင့်မှ၊မိမိကိုယ်ကိုသာ ကိုးကွယ်ရာ၊အရှက်နှင့်အသက်၊အချိန်ဖြုန်းတီးမှု၊အတွေ့အကြုံနှင့် အတွေးအကြံ၊ရဲဆေးတင်တယ် ဆိုတာ စသဖြင့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်များဖြင့် ဖတ်ရှုရမယ့် အတွေးစကားများ ဖြစ်ပြီး တစ်အုပ်တည်းမှာ အတွေးစကား ၁၀၀ ကျော်ကို လေ့လာ နာယူခွင့် ရမှာမို့ လူငယ်များရှိသော အိမ်တိုင်းရဲ့ စာအုပ်စင်တိုင်းမှာ ထားရှိရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။Ks 5,000အောင်သင်း၏ အတွေးစကား
Ks 5,000 -
ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ
ထင်ဇော်မှူးသင်လူ့ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်တည်ဖို့အတွက် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိသင့်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်မနေ လိုအပ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲဖြစ်ဖြစ် ဦးဆောင်သူအနေဖြင့်သာ ရှင်သန်လိုကြတယ်။ လက်ရှိနေရာကနေ မြင့်သထက်မြင့်တဲ့နေရာတွေ ရာထူးဌာနတွေဆီ အဆင့်ဆင့် တက်လှမ်းသွားချင်ကြတယ်။ ဒီလိုနဲ့ အမြင့်ဆုံးနေရာကို ရောက်ပြီဆိုရင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီလို့ ယူဆကြပါတယ်။မြင့်မားတဲ့ နေရာဌာနကိုရောက်ရင် ခေါင်းဆောင်ဖြစ်ပြီ သတ်မှတ်လို့ရပေမဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလို့ ခေါ်ဆိုထိုက်ဖို့ကတော့ မြင့်မားတဲ့စိတ်ဓာတ်ကပါ တွဲပါလာဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ ဦးဆောင်မှုနောက်မှာ နယ်ပယ်ဒေသတွေရှိပါတယ်။ များပြားတဲ့ လုပ်ငန်းတာဝန်တွေ၊ မှီခိုရပ်တည်နေတဲ့ မိသားစုအင်အားတွေကလဲ တစ်ဆင့်ပြီးတစ်ဆင့် ပတ်သက် ဆက်နွယ်ပြီး တည်ရှိနေပြန်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်မှာ စိတ်ဓာတ်ပြည့်ဝပြီး အရည်အချင်းမြင့်မားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာသင့်ပါတယ်။ခေါင်းဆောင်တစ်ယောက်ဟာ ကောင်းမွန်တဲ့အရာတွေကို မွေးဖွားဖို့အတွက်ဆိုရင် အများနဲ့မတူတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆနိုင်ရမယ်။ အများနည်းတူ ရောနှောနေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ရဲရမယ်။ ကိုယ်ပိုင်လမ်းသစ်ကို တီထွင်ပြီး ဖောက်နိုင်ရမယ်။စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တွေကို ကြည့်လိုက်ရင် သူတို့မှာ အများနဲ့ မတူညီတဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆတွေ ရှိကြတာကို တွေ့မြင်ရမှာပါ။ အတွေးအခေါ် အယူအဆတွေဟာ သာတူညီမျှ ရောနှောပြီး ကွဲမထွက်လာသရွေ့ လူထဲကလူပဲ ဖြစ်နေဦးမှာပါပဲ။ လူထဲကနေပြီး လူသားအကျိုးပြု ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ အရာတွေကို လုပ်ဆောင်ရဲဖို့ လုပ်ဆောင်ပြဖို့ လိုအပ်ပါတယ်။ဒီစာအုပ်ထဲမှာတော့ နယ်ပယ်အသီးသီးက အောင်မြင်ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ မတူညီတဲ့ အပြုအမူတွေ၊ ကွဲပြားတဲ့ ပြောဆိုပုံတွေကို ဖတ်ရှုခံစားရမှာပါ။ ဒီစာအုပ်လေးဟာ ခေါင်းဆောင် ဖြစ်လိုသူတွေအတွက်ရော၊ ခေါင်းဆောင်ကို ခွဲခြားသိမြင်စေဖို့အတွက်ရော အထောက်အကူ ပြုပေးပါလိမ့်မယ်။Ks 5,000ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ
Ks 5,000 -
တစ်ခါတုန်းက တပည့်တွေ နှင့် အခြားပင်ကိုရေးဆောင်းပါးများ
အောင်သင်းဆရာဦးအောင်သင်းရဲ့ ” တစ်ခါတုန်းကတပည့်တွေနှင့် အခြားပင်ကိုယ်ရေးဆောင်းပါးများ ” ဆိုတဲ့ စာအုပ်ကလေးဟာ လူငယ်တွေနဲ့ စကားပြောဆိုခြင်းလို့ အမည်တပ်ရမလိုပါပဲ။ သူ့ဆောင်းပါးတွေထဲမှာ လူငယ်တွေကို အားကိုးလိုစိတ်၊ ကျေးဇူးတင်စိတ်၊ အမှားအမှန်ကို သင်ခန်းစာယူလိုစိတ်တို့ကို အဓိကထားပြီး ရေးဖွဲ့ထားတယ်။ အမှာစာကို ဖယ်လိုက်ရင် ဆောင်းပါးခြောက်ပုဒ် ဖတ်ရှုရပါမယ်။ ဆရာကြီးရဲ့ အရေးအဖွဲ့တွေထဲမှာ လူငယ်တွေရဲ့စိတ်ကို မြင်ရပြီး လူငယ်တွေရဲ့အသံကိုလည်း ကြားယောင်မိစေမှာပါ။
ဆရာကြီးရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာကို ဒီဆောင်းပါးတွေထဲမှာ ထိထိမိမိ ခံစားကြရမှာပါ။ ‘ထဘီသင်ခန်းစာ’ဆိုတဲ့ ဆောင်းပါးကလေးမှာဆိုရင် မိန်းကလေးငယ်များ အိမ်ထောင်ဖက်ရွေးခြင်းအပေါ် မှန်ကန်စေချင်တဲ့ ဆရာကြီးရဲ့စိတ်ကို လှစ်ခနဲ မြင်လိုက်ရပါတယ်။ ဆရာနဲ့ တပည့်ကြားက လေးစားချစ်ခင်မှု၊ သွန်သင်ဆုံးမမှုတွေကို အကြောက်တရားမပါဘဲ ပကတိအရှိအတိုင်း ပွင့်ပွင့်လင်းလင်း တွေ့မြင်ရတာဟာ ချစ်စရာကောင်းလှပါရဲ့။ ‘နှလုံးသားပရိယာယ်’မှာဆိုလည်း ထိုနည်းတူပါပဲ။ တပည့်တစ်ယောက်ရဲ့ ထင်ယောင်ထင်မှားစိတ်ကို သေချာဆွေးနွေး သုံးသပ်ပြထားတာကို တွေ့ရပြန်ပါတယ်။
‘သူများဖြစ်ရင်’ ဆိုတဲ့ ဆောင်းပါးလေးကတော့ ဘဝမှာရှင်သန်နေထိုင်ရင်း စဉ်းစားတွေးခေါ်ပုံကို ကိုယ်တိုင်သင်ယူလိုက်ရသလိုပါပဲ။ ဆရာတစ်ယောက်ဟာ စာသင်ခန်းထဲမှာ သင်ခန်းစာတွေပို့ချရုံနှင့်မပြီးဘဲ စိတ်ဓာတ်ရေးရာကိုပါ အထောက်အပံ့ဖြစ်ပေးနိုင်တယ်ဆိုတာ ပြသပေးထားတယ်။ ‘တစ်ခါတုန်းကပတ်ဝန်းကျင်’မှာတော့ တရင်းတနှီးမရှိလှတဲ့ တပည့်မလေးအပေါ်မှာတောင် ဆရာတစ်ယောက်ရဲ့ စာနာနားလည်ပေးနိုင်စိတ်နဲ့ မုဒိတာတရားကို မြင်တွေ့ကြရမှာပါ။
‘တခြားစာမျက်နှာ’ကို ဖတ်ရတဲ့အခါမှာ စကားလုံးတွေကြောင့် လူတချို့ရဲ့ ဆက်ဆံရေးလေး ချောမွေ့သွားတာကို ကြည်နူးဝမ်းမြောက်စရာ တွေ့ရပြန်ပါတယ်။ ဒီဆောင်းပါးလေးကြောင့် စကားတစ်လုံးတိုင်းဟာ လူမှုဆက်ဆံရေးမှာ အရေးပါတဲ့အပြင် ငြိမ်းချမ်းသာယာမှုကို အထောက်အကူဖြစ်စေတာ သတိထားမိမှာပါ။ ‘ကလေးတွေမုန့်ဖိုး’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ ဆရာနဲ့တပည့်တွေကြားက သံယောဇဉ်အတုံ့အလှည့်ကို ခံစားလိုက်ရပြန်ပါတယ်။ ရောင်ပြန်ဟပ်တဲ့အထဲမှာ မေတ္တာရောင်ပြန်ဟာ အလင်းလက်ဆုံးပါလားလို့ သဘောပေါက်နားလည်စေတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါပဲ။ ‘ဘဝပစ်မှတ်’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ စာသားလေးတစ်ကြောင်းက ရင်ထဲ စွဲကျန်နေခဲ့တယ်။
” လက်တည့်တာချင်းတူရင်တောင် စိတ်တည့်တဲ့လူက အမှတ်ပိုကောင်းတယ် ” တဲ့။ဆရာကြီးဟာ ဆောင်းပါးတွေကို ရေးဖွဲ့ရာမှာ လူငယ်တွေရဲ့စိတ်ကို နားလည်ခံစားနိုင်အောင် အဓိကထား ရေးဖွဲ့ခဲ့ပေမယ့် စာဖတ်သူတွေအဖို့ ဆရာတစ်ယောက်ရဲ့ မေတ္တာ၊ စေတနာတွေကို လေးလေးနက်နက် ခံစားမိပါလိမ့်မယ်။ ဆရာဆိုတာ ပညာအပြင် စိတ်ကိုပါ သင်ကြားပေးရမယ်ဆိုတာ ဆရာဦးအောင်သင်းက ဒီစာအုပ်လေးရဲ့ စာမျက်နှာတွေပေါ်ကနေ အမွေပေးသွားခဲ့ပါတယ်။
Ks 4,500 -
ဖိအားအောက်မှ ရုန်းထွက်ခြင်း
နေထွန်းလင်းလူအများ ကြုံနေရတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း ၂၁ သွယ်။
ယနေ့ကမ္ဘာဟာ သမိုင်းတစ်လျှောက် အတိုးတက်ဆုံး ကာလကို ဖြတ်သန်းနေရတယ် ဆိုရင် မမှားပါဘူး။ ယခင့်ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးတဲ့ အံ့မခန်း တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် ကြုံနေရပြီး အချိန်နဲ့အမျှ အသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လျက် ရှိနေတာပါ။ ဒီလို အရှိန်အဟုန် မြင့်မားစွာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသားတွေဟာ အသစ်အသစ်သော ဆွဲဆောင်မှုတွေ၊ တောင်းဆိုမှုတွေ နောက်ကို အမှီလိုက်ရင်း၊ အမှီလိုက်ဖို့ ကြိုးစားရင်း ဖိအားတွေ အောက်ကျရောက်ကာ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေကို ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်။
ဖိအားတွေကတစ်ဆင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေဟာ ဘာအတွက်မှ ကောင်းကျိုးမရှိပါဘူး။ ရုပ်ဝတ္ထု အသစ်အဆန်းတွေရဲ့ လှည့်ဖြားမှု မာယာနောက် လိုက်ရင်းလိုက်ရင်း ဇောနဲ့ အရှိန်တွေကို မသတ်နိုင်တဲ့အခါ မိမိရဲ့ စိတ်မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေ ဝင်ရောက်လာမယ်။ အဲ့ဒီကနေ စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပြီး အသက်ဘေးကို ကြုံတဲ့အထိ အန္တရာယ် ရှိနိုင်လာပါတယ်။
ဒီအတွက် နေ့စဉ်ဘဝကို ရှင်သန်နေထိုင်ရင်း တိုးတက်အောင်မြင်ဖို့ ကြံစည်ရမှာ ဖြစ်သလို ဖိအားတွေအောက်က ရုန်းထွက်ဖို့လည်း လုပ်ဆောင်ရပါမယ်။ စိတ်ကျရောဂါ ဆိုတာဟာ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တာမို့ ဖိအားအောက်က ရုန်းထွက်တယ် ဆိုတာမှာလည်း စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ လမ်းလွဲနောက်ကို လိုက်မိရင် ပိုဆိုးသွားနိုင်တာမို့လို့ပါ။
Ks 4,500ဖိအားအောက်မှ ရုန်းထွက်ခြင်း
Ks 4,500 -
ဗမာ့မုဆိုး
ဝင်းငြိမ်းမြန်မာတောတွင်းမှာ အမဲလိုက်တဲ့ မုဆိုးကြီးတစ်ယောက်ရဲ့အကြောင်းဆိုပေမယ့် Jack Grisham ရဲ့ အဘိုးက စကော့တလန်ကြီး။ သူက အိန္ဒိယကို တပ်ရင်းတစ်ခုနဲ့ ရောက်လာပြီး အဲ့မှာ ကလေးမွေး။ Jack Grisham ရဲ့ အဖေက အိန္ဒိယကနေ မြန်မာပြည်ကိုရောက်၊ မြန်မာမလေးနဲ့ ညားရင်း ဒီစာအုပ်ရဲ့ အဓိကဇာတ်လိုက်ကျော် မုဆိုးကြီးကို ပဲခူးမှာမွေးတာ။ Jack Grisham က ၁၂ နှစ် အရွယ်မှာကတည်းက သေနတ်ကိုင်ပြီး တောထဲဝင်ခဲ့သူ။ ဒီစာအုပ်မှာ သူ့ရဲ့ ထူးထူးခြားခြား အတ္ထုပ္ပတ္တိကို အမဲလိုက် အတွေ့အကြုံပေါင်းများစွာနဲ့အတူ ဖတ်ရှုရမှာပါ။
ပထမနာမ်စားကို သုံးထားတဲ့ ဝတ္ထုဟန် ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ဝတ္ထုမှာ Jack Grisham ဟာ နာမည်ကျော် ဘုံဘေဘားမားမှာ အလုပ်ဝင်ခဲ့တာနဲ့ စတယ်။ မြန်မာ့မြေပေါ်က သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ဆင်တွေအကြောင်း၊ သစ်ဖောင်မျှောတဲ့အကြောင်းတွေ အပြင် မုဆိုးကြီး Jack Grisham ရဲ့ မြန်မာတောတွင်း ကျားပစ်ခြင်းအကြောင်းကို စိတ်ဝင်စားစွာ ဖတ်ရှုရပါမယ်။ သူကြုံခဲ့တဲ့ ကျားဇာတ်လမ်းထဲမှာ သမန်းကျားဇာတ်လမ်းနဲ့ စုန်းတွေ အကြောင်းလည်းပါဝင်တယ်။ မြန်မာတွေရဲ့ သမန်းကျားကို သူတို့ဆီက သမန်းဝံပုလွေနဲ့ ချင့်ချိန်ပြီး ရေးပြသွားပါတယ်။ မုဆိုးကြီးက မြွေတွေအကြောင်းကိုလည်း ချန်မထားပါဘူး။ သူဟာ မြွေတွေကို ဘယ်လိုမေတ္တာထားသလဲဆို “ကျုပ်သာ မြန်မာပြည်က တောရွာလေးတစ်ရွာမှာ အခြေချနေဖြစ်မယ်ဆို မြွေပါလေးတစ်ကောင်လောက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမိမှာ သေချာပါတယ်”တဲ့။ အတွေ့အကြုံစုံတဲ့ မုဆိုးကြီး မြွေတွေကို ဘယ်လိုနှိမ်နင်းခဲ့သလဲဆိုတာ အသည်းတယားယားနဲ့ ဖတ်ရမှာပါ။
မြန်မာ့မြေပေါ်မှာ ဒုတိယကမ္ဘာစစ်နဲ့အတူ ဂျပန်တွေ မြန်မာ့မြေပေါ် ဝင်လာတဲ့အခါ များစွာသော စစ်ပြေးဒုက္ခသည်များနှင့် ထပ်တူ သူဟာ အိန္ဒိယကို ပြေးခဲ့ရတယ်။ မဟာမိတ်တွေ ကချင်ပြည်နယ်ဘက်က ပြန်ဝင်တော့ မုဆိုးဘဝကနေ မဟာမိတ်စစ်ဗိုလ် Jack Grisham ရဲ့ စစ်ပွဲအတွေ့အကြုံတွေကို ဖတ်ရှုခံစားရပါဦးမယ်။Jack Grisham ရဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ သုတတွေများစွာပါသလို ဖတ်ရှုရ အလွန်ကောင်းတဲ့ ရသဝတ္ထုတစ်ပုဒ်လည်း ဖြစ်နေပါတယ်။ ဆရာဦးဝင်းငြိမ်းရဲ့ ညက်ညောတဲ့ စကားလုံးအသုံးအနှုန်း၊ ပြေပြစ်တဲ့ အရေးအသားတို့နဲ့ ဗမာ့မုဆိုးကို ဘာသာပြန် စာအုပ်ကောင်းတစ်အုပ်အဖြစ် ဖတ်ရှုရမှာပါ။
Ks 3,500ဗမာ့မုဆိုး
Ks 3,500 -
အချစ်ရယ် ပြယ်တလွင့်
အေထူးအောင် (အဏ္ဏဝါ)ချစ်သူ နှစ်ယောက် တွေ့ဆုံကြခြင်းဟာ ရေစက်လို့ ပြောရင် ခွဲခွာကြတယ် ဆိုရင်ရော ဘာလို့ပြောရမလဲ ။
တချို့သော အတွေ့အကြုံတွေက တသက်လုံး မှတ်မိနေတတ်တာမျိုး။ အထူးသဖြင့် ကျောင်းသားဘဝပေါ့။ ပန်းကလေးတွေဟာ သဘာဝလောကကြီးမှာ ကျောင်းတက်သလိုမျိုး၊ အခု ဒီ ဇာတ်လမ်းထဲက ရေကြောင်းတက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရန်ထက်ကျော် ဆိုတဲ့ ကျောင်းသားလေးနဲ့ သဲပွင့်မေ ဆိုတဲ့ ကျောင်းသူလေးတို့ရဲ့ အဖြစ်အပျက်တွေ။
အချစ်ရှိရာ ကောင်းကင်ပြာ၌
တိမ်လွှာနှစ်မျှင် ချစ်ငင်ကြသည်
သွင်သွင် စီးမျောနေကြသည်…
လေနှင်အလာ ထိုတိမ်လွှာတို့
နှစ်မြွှာကွဲပြတ် ခွဲထွက်ကြသည်
သက်သက် ဝေးလွင့် ကုန်ကြသည်..
တဲ့ …နူးညံ့တဲ့ အရေးအသား၊ လှပတဲ့ အဖွဲ့အနွဲ့တွေနဲ့ ပုံဖော်ထားတဲ့ ဒီ ဇာတ်လမ်းက စာဖတ်သူကို တက္ကသိုလ် ကျောင်းတော်သားဘဝကို ပြန်ရောက်စေမှာ ဖြစ်ပါတယ်။
ရေကြောင်းတက္ကသိုလ် ကျောင်းသားလေးနဲ့ မန္တလေးတက္ကသိုလ် ကျောင်းသူတစ်ဦးတို့ရဲ့ ကြည်နူးလွမ်းမောစရာ ဇာတ်လမ်းလေးတစ်ပုဒ်။ လွမ်းမောရခြင်းတွေထဲမှာ တက္ကသိုလ် ကျောင်းသားဘဝကို လွမ်းတမ်းတခြင်းဟာ ကြည်နူးစရာ အကောင်းဆုံး ပါပဲ ။
Ks 4,000အချစ်ရယ် ပြယ်တလွင့်
Ks 4,000 -
အရူးထောင်မှာ ဆယ်ရက်တာ
ဟိန်းလတ်ကျွန်တော်တို့ လူသားတွဟော ဘဝရဲ့ စိန်ခေါ်မှုကို အမြဲ လက်ခံကြရတယ် ။
တချို့ စိန်ခေါ်မှုက သိပ်မကြမ်းတမ်းဘူး ။ တချို့ စိန်ခေါ်မှုကတော့ ကြမ်းတမ်းလွန်းအားကြီးတယ် ။ စိန်ခေါ်မှုတွကေို ရင်မဆိုင်နိုင်ဘဲ ကျရှူံး သွားသူတွေ ရှိသလို ဖြတ်ကျော်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်တွလေည်း အထင်အရှား ရှိခဲ့တယ် ။ ဘယ်သူလဲဆိုတော့ အမေရိကန် စာရေးဆရာမ နယ်လီဘလိုင်း (၁၈၆၄_၁၉၂၂) ပါ။
သူမဟာ ဘယ်လို စိန်ခေါ်မှုကို လက်ခံခဲ့သလဲ ။ အရူးထောင်မှာ ဆယ်ရက်တာ ကြာအောင် အရူးတွေနဲ့အတူ ရောပြီး နေထိုင်ဖို့ပဲ ။ ပြီးရင် သူမ အတွေ့အကြုံတွေကို စာပြန်ရေးပြရမယ်တဲ့။ ကမ္ဘာ့သတင်းစာတိုက်က တောင်းဆိုခဲ့တာပါ။
သူတို့ ပစ်မှတ်ထားတဲ့ အရူးထောင်က နယူးယောက်မြို့ မှာရှိတဲ့ ဘလက်ဝဲလ်ကျွန်းက အရူးထောင်။ နယ်လီဘလိုင်း အတွက် ပထမဆုံးသော အခက်အခဲ က သူ့ကို ရူးနတေယ်လို့ ထင်အောင် နေပြပြီး အဲဒီ ဘလက်ဝဲလ်ကျွန်း အရူးထောင်ကို ပို့ဖို့ အရူး ဟန်ဆောင်ရတာပဲ။ စကတည်းက ယဉ်သကို ဆိုသလိုပဲ လူကောင်းစင်စစ် ကနေ အရူးဖြစ်အောင် သူမ လုပ်ပြရတာနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတယ်။
ဒီဘက်ခေတ်မှာ စိတ္တဇဝဒေနာရှင် ၊ စိတ်ကျန်းမာရေး ချိူ့တဲ့သူ စသည်ဖြင့် ခေါ်ကြပေမဲ့ အရူး လို့ပဲ သာမန်လူတွေက ခေါ်ကြတုန်းပါပဲ။ ရပ်ကွက်ထဲမှာ တစ်ဦးချင်းတွေ့ရတဲ အရူးတွေကို လူတွေ မကြောက်ကြပေမဲ့ အရူးထောင်ထဲမှာ အရူးတွေနဲ့အတူသွားပြီး ခဏတာ နေရမှာကိုတော့ တော်ရုံ ပုံမှန်စိတ် ရှိတဲ့သူတွေ လုပ်ရဲကြာမှာ မဟုတ်ဘူး။ တော်ရုံ သတ္တိ ရှိရုံနဲ့လည်း မဖြစ်နိုင်ဘူး။ တော်တော်ကြီးကို စိတ်ဓာတ် ကြံ့ခိုင်တဲ့သူမှ ဖြစ်မှာကိုး။
စာရေးဆရာမ နယ်လီဘလိုင်းဟာ အရူးထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ရူးနသေူတွေ ၊ ယဉ်ယဉ်လေး ရူးနေသူတွေကို လေ့လာခွင့်ရခဲ့တယ်။ လူချင်း အတူတူ ဘယ်အရာတွေက သူတို့ကို ရူးသွပ်စေရသလဲ ဆိုတဲ့ အချက်ကို သူမ လေ့လာခဲ့တယ်။
တကယ် ရူးသွပ်နေကြသူတွေရဲ့ ကြားမှာ နေရတဲ့အပြင် အရူးထောင်က ဆရာဝန် ၊ သူနာပြု နဲ့ ထောင်ဝန်ထမ်းတွေက စိတ်ဝေဒနာရှင်တွေကို ဘယ်လို ဆိုးဆိုးဝါးဝါး ဆက်ဆံသလဲ ဆိုတာ စောင့်ကြည့်လေ့လာခဲ့တယ် ။ အရူးထောင် အဆောက်အဉီ ရဲ့ အားနည်းချက်တွေပါသိလာရပြီး အပြင်ပြန်အရောက်မှာ #အရူးထောင်မှာ ဆယ်ရက်တာ ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။
တကယ်ဆိုရင် အရူးထောင်မှာ နေကြတဲ့ လူနာတွေ အတွက် နေ့တာဟာ ပိုရှည်သလို ညတာလည်းရှည်လျား လှပါတယ်။
ဒီစာအုပ်ရဲ့ အကျိုးဆက်ကြောင့်အလှူရှင်တွေ ၊ အာဏာပိုင်တွကေ အရူးထောင်တွေ အတွက် လိုအပ်ချက်တွေကို မမေ့မလျော့ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်လာကြပါတယ် ။ နယ်လီဘလိုင်း စွန့်စားရကျိုး နပ်ခဲ့တယ် ဆိုရမှာပေါ့။
နယ်လီဘလိုင်း ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့တဲ့ အရူးတွေကြားက ဆယ်ရက်တာ နေထိုင်ခြင်းအကြောင်းကို ရင်တမမ နဲ့ ဖတ်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။
Ks 3,500အရူးထောင်မှာ ဆယ်ရက်တာ
Ks 3,500 -
မမြင်နိုင်သော အလင်းတန်းများ
Categories: မိုးမင်းသိမ်း, ရာပြည့်ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ကြရတဲ့ ဆရာရာပြည့် နဲ့ ဆရာမိုးမင်းသိမ်းတို့ ဘာသာပြန်တဲ့ မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးကို စာချစ်သူတို့ လက်ထဲ အရောက်ပို့ပေးနိုင်ခဲ့ပါပြီ။ မူရင်းစာအုပ်ဟာ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပူလစ်ဇာဆုကြီးနဲ့ အခြားစာပေဆိုင်ရာဆုများကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှု ရှိခဲ့ပါတယ်။
မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးရဲ့ ဇာတ်လမ်းဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း လူတို့ရဲ့ သဘောသဘာဝနဲ့ နည်းပညာစွမ်းအားတို့ကြား သတ္တိနှင့် မျှော်လင့်ချက်အကြောင်းကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးမှာ မွေးရာပါ အတွင်းတိမ်ဖြင့် အသက်ခြောက်နှစ် အရွယ်မှာပင် မျက်စိကွယ်ခဲ့တဲ့ စာဖတ်ဝါသနာပါသူ ပြင်သစ်သူနလေး မာဟီးလော နဲ့ မယုံနိုင်လောက်စရာ အင်ဂျင်နီယာစွမ်းရည်ရှိတဲ့ ဂျာမန်မိဘမဲ့ကလေး ဗယ်ရ်နာ တို့ရဲ့ မတူညီတဲ့ ဒေသ ၂ ခုက ဇာတ်လမ်း ၂ ပုဒ်ကို အပြိုင်ခံစားဖတ်ရှုရမှာပါ။
မာဟီးလော ဆယ့်နှစ်နှစ်အရွယ်မှာ နာဇီတွေ ပါရီကို သိမ်းပိုက်တဲ့အတွက် သူမရဲ့ ဖခင်နဲ့အတူ ဆန်မာ့လိုမြို့ကို ထွက်ပြေးခဲ့တယ်။ သူမတို့ ထွက်ပြေးတဲ့အချိန်မှာ သူမရဲ့ဖခင်အလုပ်လုပ်တဲ့ သဘာဝသမိုင်းပြတိုက်က တန်ဖိုးအရှိဆုံး ရတနာကို ယူဆောင်ခဲ့တယ်။ အဲ့ဒီရတနာကို ပိုင်ဆိုင်သူဟာ အကျိုးထူးများစွာ ခံစားရနိုင်သလို ထိခိုက်မှုများကိုလည်း ရင်ဆိုင်ရနိုင်တယ်လို့ အစဉ်အဆက် ဟောကိန်းရှိခဲ့ပါတယ်။
ဂျာမနီက မိဘမဲ့လေး ဗယ်ရ်နာဟာ အခြေအနေမဲ့ဘဝရောက်နေပေမယ့် ဉာဏ်ကြီးရှင်တစ်ဦးမို့ ဘဝအခက်အခဲကြား ဖြတ်သန်းရင်း ရေဒီယိုတစ်လုံးကနေ ပြင်သစ်က သိပ္ပံပညာအကြောင်း သိရှိရာက ဒီဇာတ်လမ်းမှာ တစ်ချိန် ပါဝင် ပတ်သက်လာခဲ့ရတယ်။
ဒီဘာသာပြန်စာအုပ်လေးဟာ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဖြစ်ရပ်မှန် သမိုင်းနောက်ခံမှာ ယုတ္တိရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကောင်စရိုက်များကို ရေးဖွဲ့ထားတာကြောင့် အလွန်အောင်မြင်ကျော်ကြားပြီး သိက္ခာကြီးမားလှတဲ့ စာပေဆုကိုပါ ဆွတ်ခဲ့နိုင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ၎င်းစာအုပ်ကို ဆရာရာပြည့်နှင့် ဆရာမိုးမင်းသိမ်းတို့ရဲ့ ထိမိပြေပြစ်တဲ့ ဘာသာပြန်နဲ့အတူ ဖတ်ရှုနိုင်ပါပြီ။ ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ရတာနဲ့ ထိုက်တန်အောင် စိတ်ကျေနပ်မှု ရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Ks 17,000မမြင်နိုင်သော အလင်းတန်းများ
Ks 17,000 -
ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း
မြသန်းတင့်အသက် ၃၀ အရွယ်တွင်ပင် ထောင်ထဲ ၉ ခါ အဝင်အထွက် လုပ်ပြီးတဲ့ ချစ်သဲ။ ချစ်သဲ ထောင် ၉ ခါကျရခြင်း အကြောင်းကို လူထုဦးလှက “အားလုံးကောင်းကြရဲ့လား” ဆိုတဲ့အမည်နဲ့ စာအုပ်ရေးခဲ့ဖူးတယ်။
ချစ်သဲက လူမိုက်။ ၁၄ နှစ်သားကတည်းက အမှုတစ်ခုနဲ့ စတင်ရင်ဆိုင်ရပြီး ထောင်နဲ့ အပြင်လောကကို ကူးချည်သန်းချည်လုပ်ရင်း ဘဝကို ကျင်လည်ခဲ့တယ်။ ချစ်သဲ အရွယ်ရောက်လာတော့ လူဆိုးလူပေဖြစ်လာတယ်။ လူအငှားရိုက်ပေးတာ၊ ခိုးတာ၊ လုတာ၊ ချွေးတပ်အငှားလိုက်တာ စတဲ့ လူဆိုးလူပေတို့ရဲ့ အလုပ်တွေကို ကျင်လည်စွာ လုပ်ကိုင်ရင်း ထောင်ထဲ ဝင်လိုက်ထွက်လိုက်ဖြစ်၊ လက်စလက်နရှိသူဆိုတော့ ထောင်ထဲမှာလည်း ထောင့်အဌာရသတွေ ကျွမ်းကျင်စွာ တတ်မြောက်ရင်း ထောင်မင်းသား ဖြစ်လာသူ။ ချစ်သဲထောင်ကျတဲ့ကာလတုန်းက အင်းစိန်ထောင်မှာ ညဘက်ဆို ၁၅ မိနစ် ၁ ခါ ထောင်ဝါဒါတွေက အားလုံးကောင်းကြရဲ့လား လို့ အော်ပြီး မေးတယ်။ ဘဝမှာ ခိုးဆိုးလုနှိုက် ပေတေမိုက်ခဲ့သူ ဘာမှမကောင်းခဲ့တဲ့ ချစ်သဲအဖို့ အဲ့ဒီအော်သံဟာ သူ့ကို တိုက်ရိုက်မေးတယ်လို့ ယုံကြည်ရင်း ထောင်ထဲမှာ တချို့ညတွေဆို အိပ်မပျော်တဲ့အထိပဲ။ လူထုဦးလှက ထောင်ထဲမှာ ချစ်သဲနဲ့ ဆုံတော့ သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးရင်း ချစ်သဲတစ်ယောက် နောက်ထပ် ထောင်မကျတော့ဘဲ လူကောင်းတစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းခဲ့တယ်။ ဆရာမြသန်းတင့်ဟာလည်း ဦးလှရဲ့ စာအုပ်ကို ဖတ်ရင်း ထပ်တူ ဆုတောင်းပြုခဲ့တယ်။ ဒါပေမဲ့ ဆရာတို့ ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး။ ဆရာမြသန်းတင့် ကိုကိုးကျွန်းကနေ အင်းစိန်ထောင် ရောက်လာတဲ့အချိန်မှာ ထောင်ထဲကို ၁၀ ကြိမ်မြောက် ရောက်လာတဲ့ ချစ်သဲနဲ့ တွေ့ပါတော့တယ်။
ချစ်သဲက သူ ၁၀ ကြိမ်မြောက် ထောင်ကျခဲ့ရင်းအကြောင်းကို ဆရာမြသန်းတင့်ကို လုံးစေ့ပတ်စေ့ ပြောပြပါတယ်။ ၉ ကြိမ်မြောက် ထောင်ကလွတ်ပြီး နောက်ပိုင်း ချစ်သဲရဲ့ ဘဝဇာတ်ကြောင်းက စိတ်ဝင်စားစရာအတိပါ။ တော လူချမ်းသာတွေအတွက် အငှားလူမိုက်လုပ်ပေးခဲ့တာ၊ အစိုးရနဲ့ သူပုန်တပ်တွေကြား နှစ်ဖက်လုံးကို အယုံသွင်းပြီး လိမ်ခဲ့ပုံ၊ ဘုရားပွဲတွေမှာ ကစားဝိုင်းဒိုင်လုပ်ခဲ့တာ၊ ဇာတ်ထဲ မန်နေဂျာရာထူး တစ်နေရာ ရပြီး မင်းသားကို အန္တရာယ်ပေးတာ၊ ဇာတ်မင်းသမီးနဲ့ သံယောဇဉ်ဖြစ်၊ လက်ကြောမတင်းတဲ့ ချစ်သဲအဖို့ ငွေရပြီး လွယ်လွယ်ပြန်ကုန်တာ၊ မထင်မှတ်တဲ့ ကိစ္စကနေ ၁၀ ကြိမ်မြောက် ထောင်ကျရတဲ့ အဖြစ်အပျက် စတဲ့ အကြောင်းတွေဟာ ဆရာမြသန်းတင့်ရဲ့ “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” စာအုပ်ဖြစ်စေခဲ့ပါတယ်။“ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” ဟာ “ကျွန်တော် ဆက်၍ရေးချင်သော ဝတ္ထုများ” စာအုပ်ကို ရေးခဲ့သူ ဆရာမြသန်းတင့်ရဲ့ ကျွန်တော်ဆက်၍ ရေးလိုက်သော ဝတ္ထုတစ်အုပ်လည်း ဖြစ်ပါတယ်
Ks 3,500ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း
Ks 3,500 -
တောရိုင်းမြေ
ကျော်အောင်
ကမ္ဘာ့ဝတ္ထုသမိုင်းမှာ ရုရှားဝတ္ထုရေးဆရာတွေဟာ ထိပ်တန်းတစ်နေရာမှာ ရှိတယ်လို့ ဆိုကြတယ်။ တော်လ်စတွိုင်း၊ မစ်ခေးရှိုလိုကော့ ၊ အန်တွန် ချက်ကော့ဗ်၊ တူရဂေညက်၊ ဂေါ်ကီတို့ဟာ ကမ္ဘာကျော် ရုရှား စာရေးဆရာကြီးတွေ ဖြစ်ကြပါတယ်။ အခု ဒီစာအုပ် တောရိုင်းမြေဟာ ကမ္ဘာ့ဂန္တဝင် စာပေ စာရင်းဝင် ဖြစ်ပါတယ်။#တောရိုင်းမြေ စာအုပ် ရေးသူက မစ်ခေးရှိုလိုကော့ (၁၉၀၅_၁၉၈၄) ဖြစ်ပါတယ်။ သူဟာ ရုရှားတောင်ပိုင်းက ကျေးတောသား တစ်ယောက် ဖြစ်တယ်။ နောက်ပြီး ရုရှားပြည်မှာ ထင်ရှားတဲ့ ကော့ဆက် စစ်သည်တော် အနွယ်ဝင်လည်း ဖြစ်ပါတယ်။ မစ်ခေးရှိုလိုကော့ က ပြည်တွင်းစစ်ကာလအတွင်းကနေ ၁၉၂၂ အထိ တပ်နီတော်မှာ အမှုထမ်းခဲ့တယ်။ရှိုလိုကော့ဟာ စာရင်းအင်းဋ္ဌာနမှာ စာရေးအဖြစ် အမှုထမ်းဖူးတယ်။ မူလတန်းကျောင်းဆရာအဖြစ်လည်း လုပ်ဖူးတယ်။ သင်္ဘောကြီး ကုန်တင်ကုန်ချ အလုပ်သမားအဖြစ်လည်း လုပ်ဖူး၏။ စစ်သားအဖြစ်နှင့် တိုက်ပွဲဝင်ခဲ့ဖူးတယ်။ သတင်းစာဆရာလည်း ဖြစ်ခဲ့ဖူး၏။ သူ့ရဲ့ ဘဝအတွေ့အကြုံတွေဟာ စုံလင်လှပါတယ်။ နောက်တော့ ၁၉၂၃ မှာ ဝတ္ထု စတင် ရေးသားခဲ့ပါတယ်။#တောရိုင်းမြေ ဝတ္ထုကြီးရဲ့ နောက်ခံကာလက ၁၉၃၀ ဝန်းကျင်၊ မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး ပြီးဆုံးခါစအချိန်၊ တန်ပြန် တော်လှန်ရေးသမားတွေဟာ ဒွန်ဒေသမှာ ဆိုဗီယက်အစိုးရကို ပြန်လည်တိုက်ခိုက်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ် ကာလလည်း ဖြစ်တယ် ။ဒွန်မြစ်ကြီးဟာ ရုရှားနိုင်ငံရဲ့ အသက်သွေးကြောမြစ်ကြီး တစ်စင်းလည်း ဖြစ်ပါတယ်။ အဲဒီ ဒွန်မြစ်ကမ်းက ဂရယ်မျချီ ရွာအပြင် အခြားရွာတွေကိုပါ စည်းရုံးပြီး စုပေါင်းလယ်ယာ ထူထောင်တဲ့ကိစ္စဟာ အတော် တာဝန်ကြီးပါတယ်။ကွန်မြူနစ်ပါတီကို မယုံကြည်သူတွေ၊ တန်ပြန် တော်လှန်ရေးသမားတွေ၊ ရှေးရိုးစွဲ လယ်သမားတွေက အတိုက်အခံ ပြုမှုတွေကို ရွာခံ ပါတီဝင်တွေနဲ့အတူရင်ဆိုင် ဖြေရှင်းရပါတယ်။ ဒီကြားထဲ လူပျို လူလွတ်တစ်ယောက် ဖြစ်နေတဲ့ ဒါဗီးဒေါ့ ရဲ့ အချစ်ရေး ကိစ္စတွေကလည်း ပြည်ထဲရေးထက် လွမ်းရေးခက် ဆိုသလို ကြုံရပြန်တယ်။ စနစ်ဟောင်းနဲ့ စနစ်သစ် တို့ရဲ့ အားပြိုင်မှု ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပုဂံစာအုပ်တိုက်နေ ၁၉၆၅ ခုနှစ်က ပထမအကြိမ် နှစ်တွဲခွဲ ထုတ်ဝေခဲ့ပြီး တစ်ခါမှ ပြန်လည်ထုတ်ဝေခြင်း မပြုရသေးတဲ့ ဂန္တဝင် စာအုပ်တစ်အုပ်ဖြစ်တဲ့ #တောရိုင်းမြေကို နှစ်တွဲပေါင်းချုပ် ဒုတိယ အကြိမ်အဖြစ် မဟာစာပေမှ ဂုဏ်ယူစွာ ထုတ်ဝေလိုက်ပါတယ်။
Ks 15,000တောရိုင်းမြေ
Ks 15,000 -
အကြည်တော်ရဲ့ ဖြူစင်ခြင်း (အမှတ်တရစာစုများ)
Categories: အကြည်တော်, လူစုံအကြည်တော် လို့ ဆိုလိုက်တာနဲ့ ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ အသည်းကွဲ နှစ်ဆယ့်လေးနာရီ အစရှိတဲ့ ပျော်ရွှင်ရယ်မောဖွယ်ရာ ဝတ္ထုဇာတ်လမ်းတွေကို ပြန်တွေးပြီး ပြုံးမိစေမှာပါ။ ဆရာအကြည်တော်ဟာ သူ့ဇာတ်ကောင်တွေကနေတဆင့် စာဖတ်ပရိသတ်များဆီကို ပျော်ရွှင်မှုတွေ စီးဝင်စေခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဆရာကြည်ရဲ့ စာတွေဟာ စိတ်ညစ်နေတဲ့အချိန်မှာ ဖတ်ရှုမိရင်တောင် အကြည်ဓာတ် ပြန်ရလာတဲ့အထိပါပဲ။ ဒါဟာ သူမွေးထုတ်လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ ရယ်မောဖွယ်ကောင်းတဲ့ ကာရိုက်တာတွေက အကျိုးပြုတာကြောင့်ဆိုတာ မလွဲပါဘူး။
ခုချိန်မှာတော့ ဆရာအကြည်တော်ဟာ ရယ်စရာတွေကို တစ်ပုံကြီးချန်ထားခဲ့ပြီး လူ့လောကထဲကနေ ထွက်ခွာသွားခဲ့ပါပြီ။ ရှင်သန်ခဲ့တဲ့ကာလမှာ လူတွေကိုပြုံးပျော်စေခဲ့တဲ့ သူကိုယ်တိုင်ကရော ဘယ်လိုနေထိုင်ခဲ့ပါသလဲ။ ဒီစာအုပ်လေးထဲမှာ ဆရာကြည်နဲ့ပတ်သက်တဲ့ အမှတ်တရပေါင်းများစွာကို သူ့ရဲ့ညီအစ်ကိုမောင်နှမတွေ၊ စာရေးဆရာ/ဆရာမတွေနဲ့ သားတပည့်တွေက လွမ်းဆွတ်တမ်းတစွာ ဝိုင်းဝန်းပုံဖော်ထားကြပါတယ်။ဆရာကြည်ရဲ့ ညီအစ်ကိုမောင်နှမတွေ အမှတ်တရရေးဖွဲ့ထားတဲ့ စာစုတွေထဲက ကောက်နုတ်ချက်တချို့ကို ဖော်ပြပါရစေ။တကယ်တော့ သူဟာ ငယ်စဉ်အခါတုန်းကတော့ သူကိုယ်တိုင် မသိခဲ့တဲ့ ရတနာပစ္စည်းတစ်ခုပါ။ သူ့ချည်းသာလောဆိုတော့လည်း မိဘ၊ ဆရာသမား၊ ညီအစ်ကိုမောင်နှမများကအစ ဘယ်သူမှမသိကြတဲ့ ရွှံ့နွံဖုံးလွှမ်းနေသော ရတနာပစ္စည်းပါ။ကျောင်းစာနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ အဖြစ်အပျက်တွေကတော့ အဲ့ဒီ့အချိန်မှာ သူက အလယ်တန်းကျောင်းသား(ငါးတန်း/ခြောက်တန်း) ဖြစ်ပြီးနေတာတောင် အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ် နှစ်ခုကတော့ မူလတန်းအောက်အဆင့်(နှစ်တန်း/သုံးတန်း)လောက်က မတက်နိုင်၊ သင်လို့မရနိုင်၊ မှတ်လို့မရနိုင်သူ ဖြစ်သော်လည်း သူစိတ်ဝင်စားရာ ဘာသာရပ်များဖြစ်သော မြန်မာစာ၊ သမိုင်း စသည်တို့မှာတော့ သိပ်ကို ထူးချွန်ထက်မြက်ပြီး စကားပြေ၊ စာစီစာကုံးများကိုတော့ ထူးချွန်ဆုများရတဲ့အထိ သင်ပြစရာမလိုအောင် ချောမောပြေပြစ်စွာ ရေးတတ်နေပါပြီ။ တော်တဲ့နေရာမှာ သူမတူအောင် လွှတ်ကုန်တော်ပြီး ညံ့တဲ့နေရာကျတော့လည်း လုံးဝ သုံးစားမရအောင်၊ သင်ကြားညွှန်ပြလို့ မရအောင် ညံ့လွန်းသူအဖြစ် အံ့ဩစရာ စံပြ ဖြစ်နေပါပြီ။ကျွန်မက အိမ်ရှေ့ကခုံတန်းလေးမှာ ထိုင်ပြီး ကောင်းကင်ပေါ်က တိမ်တွေနဲ့ ထိုင်ဆော့နေတယ်။ ဟိုးမှာ ငါ့တိမ်တိုက်အိမ်ကြီး ဒီနားလေးတော့ အိမ်ပန်းခြံ မွေးပွခွေးလေးက ပါသေးတယ်။ ကျွန်မပိုင်တဲ့ တိမ်တိုက်အိမ်ကြီးကို အဝါရောင်တိမ်တိုက်တွေက ရွှေမင်သုတ်ထားသလို သိပ်ကို လှပနေခဲ့တယ်။ အဲ့ဒီ့အချိန်မှာ ကျွန်မမျက်လုံးထောင့်ထဲကို တော်တော်သန့်စင်တဲ့ အဖြူရောင်တိမ်လေးက လွင့်ခနဲ ဝင်လာတယ်။ တကယ်တော့ အဲ့ဒီ့အဖြူရောင်တိမ်တိုက်လေးက ကိုကြည်။ အဲ့ဒီ့နေ့က သူအဖြူရောင်အင်္ကျီလေးဝတ်ပြီး ပုဆိုးလေးနဲ့ ဆံပင်ကလည်း အတိုလေး ညှပ်ထားတယ်။အကြည်တော်ဟာ စာရေးဆရာတစ်ယောက်ပါ။ ကျွန်တော့်အတွက်တော့ တေးရေးဆရာပါ။ ကျွန်တော်က ဂီတပညာနဲ့ ရပ်တည်တော့ ဂီတပညာအကြောင်းတွေ၊ လူပုဂ္ဂိုလ်တွေ အကြောင်းတွေ၊ သမိုင်းတွေ၊ ဆင့်ကဲဖြစ်စဉ်တွေ၊ ရေစီးကြောင်းတွေ အများကြီး လေ့လာပါတယ်။ အဲ့ဒီ့ထဲမှာ ထူးခြားတဲ့သူတွေရဲ့ အကြောင်းတွေ အများကြီး တွေ့ရပါတယ်။ ကိုကြည်ဟာ အဲ့ဒီ့လို လူထဲက တစ်ယောက်ပါ။ခင်ဗျားတို့ မသိသေးတဲ့ စာမျက်နှာတခုက ဘိုကြည်က အထူးရဲ ကွန်မန်ဒိုသင်တန်းလည်း တက်ခဲ့ဖူးသေးသည်။ အထူးရဲ ကွန်မန်ဒိုဘဝမယ် ကရာတေးဒို၊ တိုက်ကွမ်ဒိုများ သင်ကြားခဲ့ရုံမက အရှေ့တောင်အာရှ ဘောက်ဆာရွှေတံဆိပ်လည်း ရခဲ့ဖူးသေးသည်။လူ့လောကထဲမှာ ပင်ပင်ပန်းပန်း ရှင်သန်ကြရင်း မပျော်တာတွေ များလာတဲ့အခါ ပျော်ရွှင်မှုဟာ တန်ဖိုးအကြီးဆုံး ဖြစ်လာတယ်။ ဆရာအကြည်တော်ဟာ အဲ့သလို တန်ဖိုးကြီးမားတဲ့ ပျော်ရွှင်ရယ်မောစရာတွေကို လူတွေကြားထဲ တနင့်တပိုးကြီး ကြဲချခဲ့သူပါပဲ။ ဆရာထွက်ခွာသွားခဲ့တာတောင် သူချန်ခဲ့တဲ့ ရယ်မောစရာတွေက နောင်နှစ်ပေါင်းများစွာထိ ရှင်သန်ကျန်ရစ်နေပါလိမ့်မယ်။ နောက်ထပ် သူချန်ထားခဲ့တဲ့ အမှတ်တရပေါင်းများစွာကိုတော့ ဒီစာအုပ်လေးထဲမှာ ရှာဖွေတမ်းတကြည့်လိုက်ပါ။ ဒီစာအုပ်လေးဟာ အကြည်တော်၊ အကြည်တော်ရဲ့ ဘဝ၊ အကြည်တော်ရဲ့ စာ၊ အကြည်တော်ရဲ့ အနုပညာ၊ အကြည်တော်ရဲ့ ယုံကြည်ရာတွေက ဘာတွေလဲ ဆိုတာကို စာဖတ်ပရိသတ်တို့ မြင်မိမှာ ဖြစ်ပါတယ်။Ks 10,000 -
သတိမမူ ဂူမမြင်
ထင်ဇော်မှူးသင်သတိမမူ ဂူမမြင် ဟာ Clifton Chronicles စီးရီးရေးသားသူ Jeffrey Archer ရဲ့ William Warwick ပါ၀င်တဲ့ ဆွဲဆောင်မှုအရှိဆုံး ဝတ္ထုတစ်ပုဒ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။လှည့်ကွက်တွေနဲ့ ဝတ္ထုတစ်ပုဒ်ကို အကောင်းဆုံး ပုံဖော်ရေးသားတတ်သူလို့ နာမည်ကျော်တဲ့ စာရေးဆရာ Jeffrey Archer ဟာ ဇာတ်ကွက် အခင်းအကျင်း အလှည့်အပြောင်း အမိုက်စားနဲ့ Hidden in Plain Sight ကို ပုံဖော် ရေးဖွဲ့ထားတယ်။ ယခုစာအုပ်ကို ထင်ဇော်မှုးသင်က ဘာသာပြန်တယ်။ William Warwick ပါ၀င်တဲ့ ပထမဆုံးဝတ္ထု Nothing Ventured ရဲ့ နောက်ဆက်တွဲ စာအုပ်လည်း ဖြစ်တယ်။ (Nothing Ventured ကို ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ အမည်ဖြင့် ဆရာထင်ဇော်မှုးသင်ကပင် ဘာသာပြန်ခဲ့ပြီး မဟာစာပေက ထုတ်ဝေခဲ့ပြီး ဖြစ်သည်)
ဝီလျံကို စုံထောက်တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပေမဲ့ သူနဲ့အတူ အဖွဲ့သားတွေဟာ မူးယစ်အဖွဲ့ကိုပဲ ပြန်လည်တာဝန်ပေးအပ်ခြင်း ခံရတယ်။ ဒီလိုနဲ့ သူတို့ဟာ The Viper ဆိုသူကို ဖမ်းဖို့ ဖြစ်လာတယ်။ The Viper ဆိုသူဟာ လန်ဒန်တောင်ပိုင်းမှာ မူးယစ်ဆေးရောင်းဝယ်ရေးကို ကွန်ရက်ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်လို့ နာမည်ဆိုးဖြင့်ကျော်ကြားနေသူ။
ဒီလိုနဲ့ ဝီလျံဟာ ရန်သူဟောင်းတွေအပြင် အသစ်တွေဆီပါ ချဉ်းကပ်ခဲ့ရတယ်။ အက်ဒရီယန် ဟိသ် ဆိုတဲ့ သူ့ရဲ့ ကျောင်းနေဘက်ကို ရဲသတင်းပေးအဖြစ် ဆောင်ရွက်ပေးဖို့ စတင် စည်းရုံးခဲ့တယ်။ ဟိသ်က ဆေးမှုနဲ့ ဖမ်းဆီးခံထားဖူးသူ။
သတိမမူ ဂူမမြင် မှာ ဟိသ် တစ်ယောက် ဝီလျံ အတွက် သစ္စာစောင့်သိမှာလား? သူဌေးကြီး မိုင်းဖောက်နာ အတွက် အလုပ်လုပ်ပေးသူ ဖြစ်နေမလား? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဝီလျံနဲ့ စေ့စပ်ထားသူ ဘက်တို့ရဲ့ မင်္ဂလာပွဲကရော အဆင်ပြေပြေ ပြီးဆုံးသွားနိုင်ပါ့မလား? ဘယ်လိုအရာမျိုးက သူတို့မင်္ဂလာပွဲမှာ စောင့်ကြိုနေမလဲဆိုတာကိုလဲ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။
သတိမမူ ဂူမမြင် စာအုပ်ဟာ Jeffrey Archer ရဲ့ နာမည်ကျော် လှည့်ကွက်များနောက်ကို စွန့်စားခန်းတွေနဲ့အတူ လိုက်ပါစီးမျော သွားနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားဖွယ် စုံထောက်ဇာတ်လမ်းကောင်း နှစ်သက်သူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ ဝတ္ထုတပုဒ် ဖြစ်ပါတယ်။
Ks 12,000သတိမမူ ဂူမမြင်
Ks 12,000













