-
-
-
-
ချက်ကော့ဝတ္တုတိုပေါင်းချုပ်
ကျော်အောင်Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။
ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။
နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။
ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။
ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။
Ks 17,000ချက်ကော့ဝတ္တုတိုပေါင်းချုပ်
Ks 17,000 -
စီးပွားရေး ကျရှုံးမှုအတွက် ပညတ်ချက် (၁၀) ချက်
ထင်ဇော်မှူးသင်*ဒီနေ့ဖတ်ပြီး မနက်ဖြန်အောင်မြင်နိုင်မည့် စာအုပ်မျိုး ရှာနေပါသလား . . .
*တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရှုံးပွဲမရှိ ဖြစ်အောင် လမ်းညွှန်ပေးမည့် စာအုပ်မျိုး ရှာနေပါသလား . . .
*ပြောတဲ့အတိုင်းလိုက်လုပ်ဆိုပြီး အောင်မြင်ရေးနည်းလမ်းအဆင့်ဆင့်ကို ရေးထားတဲ့စာအုပ်မျိုး ရှာနေပါသလား . . .ဒါဆိုရင်တော့ အခုပြောမယ့် စာအုပ်က သင့်အတွက် မဟုတ်ပါဘူး။
ဒါဆို အဲဒီစာအုပ်က ဘယ်သူတွေအတွက်လဲ . . .။အမှားတစ်ခု၊ ရှုံးနိမ့်မှုတစ်ခုဆိုတာ လမ်းဆုံးမဟုတ်ဘဲ ကိုယ်သွားရမယ့်လမ်းမှာ ကိုယ့်ကို နောက်တစ်ဆင့် ထပ်တင်ပေးမယ့် အရာတစ်ခုလို့ ခံယူထားတဲ့ နယ်ပယ်အသီးသီးကလူတွေ . . .
လုပ်ငန်းက ဘယ်ရှုထောင့်ကကြည့်ကြည့် အောင်မြင်နေတယ်လို့ လက်ခံလို့ရနေရဲ့နဲ့ တစ်ခုခုတော့ လွဲနေပြီဟု သိနေသော လုပ်ငန်းရှင်တွေ . . .
ဒီလူတွေအတွက် ဒီစာအုပ်က စဉ်းစားစရာလမ်းစ ပေးနိုင်တယ်။ လုပ်ငန်းစုံ၊ နိုင်ငံစုံမှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို နှစ်ခြောက်ဆယ်အတွင်းအားနဲ့ ဒွန်ကီရော့က လွှဲပြောင်းပေးမှာဆိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့လူတွေအတွက်ကတော့ အချိန်မအားတဲ့ကြားက သေချာအချိန်ပေးပြီး ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပါ။
ဖတ်ပြီးရင် ကိုယ်ကျနေတဲ့ ထောင်ချောက်ပဲ ဖြစ်ဖြစ်၊ ကိုယ်ကျနိုင်တဲ့ ထောင်ချောက်ကိုပဲဖြစ်ဖြစ် သိမြင်နိုင်ပြီး မကျအောင် ကျော်လွှားနိုင်၊ ကျခဲ့ရင်တောင်မှ လျင်မြန်စွာ လမ်းပြန်တည့်နိုင်မှာပါ။
***
ဒွန်ကီရော့နှင့်အတူ ရှိနေရချိန်တွင် အမြင့်ကို တက်သွားသော ဓာတ်လှေကားထဲတွင် ရောက်နေသည့်အလား ခံစားရသည်ဟု ဝါရင်းဘတ်ဖတ်က ပြောဖူးသည်။ ယခုအချိန်တွင် ဒွန်ကီရော့နှင့်အတူ လူချင်းအတူတူ ရှိနေရဖို့မဖြစ်နိုင်တော့သော်လည်း သူ အားစိုက်ထုတ်ပြီး ရေးခဲ့သည့် စာအုပ်ကိုတော့ အဖော်ပြုအားကိုးနိုင်သည်။
ယခုစာအုပ်စတင်ခဲ့သည့်အကြောင်းက စိတ်ဝင်စားဖို့ကောင်းသည်။ မစ္စတာကီရော့ကို အဖွဲ့အစည်းကြီးတစ်ခုက အောင်မြင်ရေးဖော်မြူလာများအကြောင်း ဟောပြောပေးဖို့ ကမ်းလှမ်းသည်။ သို့သော် သူက အောင်မြင်အောင် မည်သို့လုပ်ရမည်ကို သူမသိကြောင်း၊ ကျရှုံးအောင် မည်သို့လုပ်ရမည်ကိုတော့ သိကြောင်း၊ လိုချင်လျှင် သူ ပြောပေးနိုင်ကြောင်း အကြောင်းပြန်လိုက်သည်။ ယင်းသည်ပင် စာရှုသူ ယခုဖတ်ရတော့မည့် စာအုပ်ဖြစ်လာမည့် ကနဦးဖြစ်သည်။
ယခုစာအုပ်ကို မစ္စတာကီရော့က အောင်မြင်နေသော လုပ်ငန်းရှင်များအတွက် ပိုအကျိုးရှိမည်ဟု ဆိုခဲ့သည်။ အထူးသဖြင့် အောင်မြင်မှုအသင့်အတင့်ရရှိနေသော လုပ်ငန်းများကို ဦးဆောင်နေရသူများအတွက်ဟု ဆိုခဲ့သည်။ အကြောင်းမှာ သူတို့သည် ကျရှုံးမှုထောင်ချောက်ထဲ ရောက်ရန် အန ္တရာယ်အများဆုံးအနေအထားတွင် ရှိနေသော သူများဖြစ်သောကြောင့်ဖြစ်သည်။Ks 4,000 -
ခေတ္တ…နာကျင် ကြေကွဲခြင်း
ထွန်းတောက်ထွဋ်“ဒီစာအုပ်ဖတ်ပြီးမှ နိုင်ငံခြားသွား အလုပ်လုပ်ပါ” လို့တော့ မပြောဝံ့ပါဘူး၊
လူတိုင်း လူတိုင်းရဲ့ ဘဝအခြေခံက မတူညီတာမို့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ဘဝနောင်ရေးအတွက် နိုင်ငံခြားသွား အလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်း ကို ဖတ်ထားဖူးသင့်ပါတယ်။ဘာကြောင့်လဲဆို …
ဒီစာအုပ် (ခေတ္တ..နာကျင် ကြေကွဲခြင်း) ဟာ အမိမြေကိုစွန့်ခွာပြီး တိုင်းတပါးမှာ စီးပွားရှာထွက်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ကိုးစားမှု၊ စိတ်ကူးအိပ်မက်တွေက လက်တွေ့မှာ ဘာတွေ ဖြစ်လာခဲ့လဲ၊ ဘယ်လိုကြုံတွေ့ရသလဲ စတာတွေကို .. အရှိကို အရှိအတိုင်း ချပြထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဝတ္ထုစာအုပ် တစ်အုပ်မို့ပါပဲ။၁၉၉၀ ကျော် နှစ်ကာလတွေမှာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို သွားရောက်အလုပ်လုပ်ကိုင်သူ လူငယ် လူရွယ်များစွာ ရှိခဲ့ကြပြီး မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ ကိုဝင်းထွဋ်လည်း အပါအဝင်ပါ။ ကိုဝင်းထွဋ်ဟာ နေထိုင်ရာ မော်လမြိုင်မြို့ကနေ ရန်ကုန်ကို လာရောက် အလုပ်လုပ်ကိုင်ရင်း အားမရဘဲ နိုင်ငံခြားသွားပြီး ငွေရှာဖို့ မျှော်လင့်ချက် ကြီးမားခဲ့သူပါ။ သူ့ရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေနောက် လိုက်ရင်း မလေးရှားနိုင်ငံဆီ ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ သူကြုံတွေ့ခဲ့ရတာတွေက မျှော်လင့်ခဲ့တဲ့အတိုင်းလား၊ အိပ်မက်ထဲကနဲ့ ဘယ်လိုကွဲခြားနေမလဲ။ စာရေးဆရာ ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်းမှာ ရသမျိုးစုံကို ခံစားရင်း ဖတ်ရှုရပါမယ်။
ဒီမှတ်တမ်းထဲက ဦးဝင်းထွဋ်ကတော့ “အဲဒီအချိန်ကာလတုန်းက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ဘဝ အတွေ့အကြုံအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ ကျွန်တော် အင်မတန်ထည့်ချင်တဲ့ သတင်းစာကြော်ငြာ ထည့်ဖြစ်ခဲ့မယ်ဆိုရင် ကိုဝင်းထွဋ် ရဲ့(ခေတ္တ ကြေကွဲခြင်းနိုင်ငံ၊ နာကျင်ခြင်းမြို့တော်) လို့ ခေါင်းစဉ်တပ်မှ သဘာဝကျမယ် ထင်ပါတယ်” လို့ ဆိုပါတယ်။
Ks 5,000ခေတ္တ…နာကျင် ကြေကွဲခြင်း
Ks 5,000 -
အရှက်သည်းသည်း
ကိုပေါက် (မန္တလေး)“ရှက်ဖူးကြသလား …”
မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။
အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။
“စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
“ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
“မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။
“ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။
Ks 3,500အရှက်သည်းသည်း
Ks 3,500 -
အခါတစ်ပါး
စံပယ်ဖြူနုတချို့တံခါးတွေကတော့ တစ်ကြိမ် ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်သက်စာ ပြန်ဖွင့်ခွင့် မရှိတော့ဘူး။
ချစ်တယ်ဆိုတာ မတွေ့တာ နှစ်နဲ့ချီ ကြာနေတာတောင် သူ ကြိုက်တဲ့ ကော်ဖီအရသာကို မှတ်မိနေတာမျိုး။ချစ်တယ် ဆိုတာ အားလုံးဝိုင်းထိုင်ပြီး မုန့်ဟင်းခါး စားနေချိန်မှ ကြက်သွန်ဥလေးတွေကို ကိုယ့်ပန်းကန်ထဲ တိတ်တိတ်လေး ထည့်ပေးလိုက်တာမျိုး။
ဖွင့်ဟပြောမှ ချစ်တယ်လို့ သိရမှာလားလို့ မေးခွန်းထုတ်ချင်စိတ် ပေါက်လာတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး။ စိတ်ထဲရှိသမျှစကားတွေ အကုန်ပြောပြဖို့ ချစ်တဲ့သူနှစ်ယောက် အတွက် ဘာလို့များ အခွင့်အရေး မရှိခဲ့တာလဲ။မရေရာတဲ့ လမ်းတစ်ခုပေါ်မှာ စောင့်စားသူ ရောက်လာမလာခဲ့တာတောင် ကံကြမ္မာကို ယုံကြည်ပြီးနှစ်ရှည်လများ စောင့်စားနေခဲ့သူ လေးလေးမော်။ ဘယ်တော့မှ မပြောခဲ့တဲ့ စကားတွေဟာ ဘယ်တော့မှလည်း ထပ်ကြားစရာမလိုဘဲ မြေမှုန်လေးတွေ ကြားထဲတိုးဝင်ပျောက်ကွယ်သွားတော့မလားလို့ ခံစားနေရတဲ့ သက်ဇော် ခေါ် ရည်းစားများတဲ့ ကောင်ချောလေး ဖိုးသက်။ သဘောကောင်းသူ တစ်ယောက်လို့ ပတ်ဝန်းကျင်က ယုံမှတ်စေဖို့ စည်းတွေဘောင်တွေ ကြားမှာ အတင်း လူကြီးဆန်နေရတဲ့ ကိုကိုမင်းထက်။ သူတို့သုံးဦးရဲ့ ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်။
အမျိုးသားစာပေဆုရ ဆရာမ စံပယ်ဖြူနုရဲ့ ပထမဦးဆုံး လက်ရာဖြစ်တဲ့ ဝတ္ထုလတ်။လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွင်းအဇ္ဇျတ္တ အတွေးတွေ၊ ရင်ခုန်လှိုက်မောစရာတွေကို ခံစားမိစေမယ့် ဝတ္ထုတစ်ပုဒ်။
Ks 3,500အခါတစ်ပါး
Ks 3,500 -
ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း
ရဲသျှမ်းမီးရထားကြီးတစ်စီး ဥဩတွေဆွဲရင်း ဘူတာထဲက ထွက်ခွာသွားသည်ဖြစ်စေ .. ဘူတာထဲ ဝင်လာသည်ဖြစ်စေ .. အဲ့ဒီမြင်ကွင်းတွေကို အများစု မြင်ဖူးကြမှာပါ။ မီးရထားကြီးပေါ်မှာ ပါသွားတဲ့ ချစ်သူနဲ့ ဝေးရလို့ လွမ်းရတာ၊ ရထားနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်က မုန့်ဝယ်လာလို့ ပျော်တာ၊ စသဖြင့် မီးရထားတွေဟာ လူသားတွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။
တကယ်တော့ မီးရထားတွေ အချိန်မှန်မှန် ဘူတာတွေက ထွက်ခွာပြီး အချိန်မှန်မှန် ဆိုက်ဖို့၊ ခရီးလမ်းတစ်လျှောက် ဘေးကင်းဖို့၊ ရထား အတွင်းအပြင် သန့်ရှင်းမှုနဲ့ စီးနင်းသူတို့ သက်သောင့်သက်သာရှိမှုတို့အတွက် ရထားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တစ်နည်း မီးရထားလုပ်ငန်းခွင်က သူတို့တွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိသလို သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေ၊ အတွေးအမြင်တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဒါတွေကို ထုံးလိုချေ ရေလိုနှောက် သိရှိ နားလည်တဲ့ စာရေးဆရာကောင်းတစ်ဦးက ဇာတ်လမ်းအဖြစ် စာစီလိုက်တဲ့အခါ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။
ဘူတာကြီးရဲ့ အနီးတဝိုက် ဝန်းကျင်က ဝန်ထမ်းဘဝတွေ၊ ဘူတာနဲ့ ရထားတွေကို အမှီပြုပြီး ဝမ်းစာရှာ နေထိုင်ရှင်သန်သူတွေ အကြောင်းကို ဆရာရဲသျှမ်းက “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ ရသမြောက်စွာ ပုံဖော်ခဲ့တယ်။ ဆရာဟာ ရန်ကုန်ဘူတာကြီးမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ရေးသားလိုက်တဲ့ စာများဟာ ကြွရွလှပနေခဲ့တယ်။ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက ရသစာပေဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဟာ “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ မီးရထားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတင်မက ကိုယ်တိုင်ဖြတ်သန်းကြုံတွေခဲ့ရတဲ့ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရသစာဖတ်ဝိုင်းအကြောင်းကို ရသမြောက်စွာ မှတ်တမ်းပြုရေးသားထားတာ ဖတ်ရှုရပါမယ်။
“ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”က ဆရာရဲသျှမ်းရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်ပါတယ်။ ခေတ် ကာလ အဖြစ်အပျက် နေရာ အခင်းအကျင်းတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတို့ ရှိကြတဲ့ ဇာတ်ကောင်များကို ဖွဲ့တည်ထားသည် လို့ အမှာစာမှာ ဖော်ပြထားပြီး စာဖတ်သူ၏ ခံစားမှုသည် အမှန်တရားလို့ ဆိုတဲ့ ဒီဝတ္ထုရှည်မှာ စာဖတ်သူတို့ မီးရထားတစ်စင်းကို နောက်ကွယ်က ခုတ်မောင်းစေသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တာတွေကို ခံစားရမှာပါ။
Ks 4,000ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း
Ks 4,000 -
ညို
ထွန်းတောက်ထွဋ်နဂို background က မကောင်းရတဲ့ကြား ယောက်ျား စွန့်ပစ်ခြင်းကိုပါ ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝလမ်းခရီးဟာ ဘယ်လိုတွေ ကြမ်းတမ်းနေမလဲ? ဘယ်အခြေအနေထိ ရောက်သွားနိုင်လဲ?
ဆရာထွန်းတောက်ဋ် (သင်္ချာ) ဟာ ပထမဆုံး လုံးချင်း ‘ခေတ္တ နာကျင်ကြေကွဲခြင်း’ မှာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးရောက် အမျိုးသားတို့ရဲ့ ဘဝကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ယခု ဒုတိယစာအုပ်မှာတော့ ခက်ခဲတဲ့ ဘဝလမ်းကြောင်းပေါ်က ဓနအင်အား ကင်းမဲ့၊ background မကောင်းရှာတဲ့ လင်ပစ်မလေးတစ်ဦးဖြစ်သူ ညိုမီမီခင် ရဲ့ အကြောင်းကို ညို အမည်နဲ့ ရေးဖွဲ့ပါတယ်။ ညို ဆိုတာ အသက် ၂၀ ကျော်အရွယ်မှာတင် အိမ်ထောင်ကျခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန်ရောက် အလုပ်သမတစ်ဦး။ မိဘနေရပ်ကနေ ဝေးရာမှာ ဘဝလမ်းကြောင်းအတွက် အလုပ်လုပ်နေရင်း သူမလိုပဲ ဘဝတူ သိန်းသန်းမောင်နဲ့ လူငယ်သဘာဝ ချစ်ကြိုက်မိရင်း လက်မထပ်လို့ မရတဲ့ အခြေအနေတစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ ညို အိမ်ထောင်သားမွေးဘဝကို ရောက်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ထောင်တစ်ခုကို ရုန်းကန်တည်ဆောက်နေရင်းက ညို့အမျိုးသားဟာ ခြေရှုပ်လာတယ်။ စင်တင်တေးဂီတဆိုင်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်။ အစစအရာရာ နိမ့်ပါးတဲ့ ညို့အတွက် ယောက်ျားကို သဝန်တိုဖို့တောင် ခက်ခဲနေဆဲမှာပဲ သိန်းသန်းမောင် ကားတိုက်မှု ဖြစ်တော့ စင်တင်က ကောင်မလေး မေဘရဏီက ငွေကြေးအကူအညီနဲ့ တခြားလိုအပ်တာတွေ ကူညီရင်း ညို့ရဲ့ မိသားစုဘဝကို ခြယ်လှယ်လာတယ်။ သိန်းသန်းမောင် အချုပ်နဲ့ ထောင်ကလွတ်ပြီး နောက်ပိုင်း မေဘရဏီနဲ့ နိုင်ငံခြားကို အတူထွက်သွားတော့ ညို့ကမ္ဘာဟာ အမှောင်ဖုံးလာတယ်။ ရရာအလုပ်တွေ ဝင်လုပ်ရင်း ကလေးတွေရဲ့ စရိတ်ပေါင်းများစွာနဲ့ ဘဝလမ်းကို ခက်ခက်ခဲခဲ လျှောက်နေရင်းက ကိုဗစ်ကာလမှာတော့ ညို့ကမ္ဘာဟာ လုံးဝ မှောင်မိုက်ထဲ ကျသွားစေခဲ့တယ်။
အမှောင်လောကထဲက ညိုမီမီခင် ဘဝကို ဘယ်လို ဆက်လက်ရပ်တည်မလဲ။ ဘဝလမ်းကို ဘယ်လို ဆက်လျှောက်မလဲ။
“ညိုဟာ ဘယ်လို မိန်းမစား၊ ညိုဟာ ဘယ်လို အတန်းအစား ဆိုတာထက် ညို့စိတ်၊ ညို့ဘဝ၊ ညို့ ဆုံးဖြတ်ချက်တွေနဲ့ ညို့ လုပ်ရပ်တွေအပေါ် စာနာ နားလည်ပေးနိုင်ကြမယ် ဆိုရင် ကျေနပ်ပါတယ်” လို့ စာရေးသူက ဆိုပါတယ်။
တကယ်တော့ ညိုဟာ .. ဘာဖြစ်မလဲ ၊ ညို့ကို ဘယ်လို မြင်ရမလဲ၊ ညို့ရဲ့ ဘဝဇာတ်ကြောင်းက စာရေးသူ မျှော်လင့်သလို ခံစားရစေမှာလား။
ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ညို ဟာ ဆရာ့စာအုပ်အသစ်ကို မျှော်လင့်နေသူတို့ စိတ်တိုင်းကျ နှစ်ခြိုက်စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။
Ks 5,000ညို
Ks 5,000 -
ညီမလေး
မဧကံညီမလေး …
မီးမီးရဲ့ ညီမလေး ငယ်ငယ်။
ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။
မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။
ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။
ငယ်ငယ်လား … သူများတွေအတွက်တော့ ငယ်ငယ်က ကွယ်လွန်ချင် ကွယ်လွန်ပြီး ဖြစ်ပေမဲ့ မီးမီး အနားမှာ ငယ်ငယ်က ရှိနေတာ။ မီးမီးတို့ မတော်တဆမှု ဖြစ်တော့ မီးမီး ခြေကျိုး၊ နံရိုးကျိုးတော့ ဆေးရုံတက်ရတယ်။ ဆေးရုံပေါ်မှာ သတိပြန်ရကတည်းက ငယ်ငယ်က ခုတင်ဘေးမှာ ငိုင်ငိုင်လေး ရပ်နေတာ မီးမီး တွေ့နေရတာပဲကို။
ငယ်ငယ်က သူ့အစ်မ မီးမီးကို သိပ်ချစ်တယ်။ အမြွာညီအစ်မတွေ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတာ။ ငယ်ငယ် ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီး အနားမှာ သူရှိနေပါတယ်။ မီးမီး ကလဲ သူငယ်ချင်း အပေါင်းအသင်း မရှိသလောက် နည်းတယ်။ ချောင်တစ်ချောင်မှာ တိတ်တိတ်လေး ငြိမ်နေပြီး မီးမီးပြောတဲ့ စကားတွေ နားထောင်နေတဲ့ ညီမလေး ငယ်ငယ်နဲ့ပဲ မီးမီး ကျောင်းသူဘဝတစ်ခုလုံး နေထိုင်ရှင်သန်ခဲ့တာ။ ညီမလေးဟာ ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီးနဲ့ပဲ ရှိနေပြီး မီးမီး အသက်ကြီးသွားတဲ့ ကာလအတိုင်း ညီမလေးပါ လိုက်လံကြီးထွားလာခဲ့တာ။ ငယ်ငယ့်အကြောင်း ဘယ်သူ့ကိုပဲ ပြောပြော မယုံကြဘဲ မီးမီးကို အရူးတစ်ယောက်လိုသာ အကြည့်ခံရတာသာ အဖတ်တင်တာ။ မီးမီးလဲ အပေါင်းအသင်း နည်းတဲ့ ဘဝမှာ အနားမှာ အမြဲလိုလိုရှိနေတဲ့ ငယ်ငယ့်ကို စကားတွေ ပြောလိုက်၊ ရင်ဖွင့်လိုက်နဲ့ပေါ့။ ထူးခြားတာက ငယ်ငယ်က ပြောသမျှကို နားထောင်ပေးပေမဲ့ ဘာမှ ပြန်မပြောဘူး။ တိတ်တိတ်လေးပဲ အမြဲနေနေတာ။
ဒီလိုနဲ့ ငယ်ငယ် နဲ့ မီးမီး တို့ ခွဲရမဲ့ နေ့ရက်အချိန်တစ်ခုကို ရောက်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်တွေကလဲ မီးမီးရဲ့ ဘဝထဲကို ချစ်သူ ကိုဦး ရောက်လာတာကနေ စခဲ့တာပါပဲ။
မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။
ညီမလေးဟာ ဘာမှ ပြန်မပြောဘူး။ မျက်ရည်တွေပဲ ကျလို့။ မီးမီးလဲ သူ့ကို သနားတာ တစ်ဖက်၊ ကိုယ့်ဘဝကို ရှေ့ဆက်ရမှာ တစ်ဖက်နဲ့ ဘာလုပ်လို့ လုပ်မိမှန်း မသိဘဲ …ငယ်ငယ် အခုထွက်သွား လို့ ကြုံးအော်လိုက်မိတယ်။ ငယ်ငယ်ကလေ ဝမ်းနည်းလွန်းတဲ့ ပုံနဲ့ စိုက်ကြည့်ပြီး လှေကားကနေ တဒုန်းဒုန်း ပြေးဆင်းသွားတော့တယ်။ အဲ့ဒီအချိန်မှာပဲ မီးမီးလေ .. မှားသွားပြီလို့ တွေးပြီး ညီမလေးစိတ်နဲ့ မူးမေ့ သတိလစ်ခဲ့တဲ့အထိပါပဲ။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။
ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။
ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။
“ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။
“ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။
Ks 4,500ညီမလေး
Ks 4,500 -
ဓမ္မာရုံ
အကြည်တော်ရပ်ကွက်ဓမ္မာရုံတစ်ရုံရဲ့ရှေ့တည့်တည့်မှာ နေဖူးကြလား။
ဓမ္မာရုံလေးရဲ့ရှေ့မှာ နေမိသူတစ်ဦး ကြုံရတဲ့ အကြောင်းတွေရယ်၊ ရပ်ကွက်နဲ့ ဓမ္မာရုံတစ်ရုံအတွင်းက အချို့ဖြစ်ရပ်လေးတွေရယ် အကြောင်းတွေကို ဓမ္မာရုံ ဝတ္ထုအသစ်မှာ ဆရာအကြည်တော်က ဘယ်လိုခွီရအောင် ရေးသားခဲ့သလဲ ..?နေ့ညမပြတ် လော်စပီကာအသံက ခပ်ကျယ်ကျယ်၊ ဓမ္မာရုံက သေးသေးသွယ်သွယ်၊
ဤသည်ကား ရပ်ကွက်၏ ပြယုဂ်။ ဓမ္မာရုံကို ကြည့်လျှင် မြင်နိုင်ပါမည်၊ ယိုင်နဲ့နဲ့ သစ်သားတိုင်ပေါ်မှာ မှီတည်နေပြီး ပျဉ်ကြမ်းကပ် သွပ်ဆွေး ခပ်ရွဲရွဲလေး။
ရပ်ကွက်က ကြီးကြီးကျယ်ကျယ် မဟုတ်သော်ငြား သိပ်ပြီး လှီလှသည် မဟုတ်။ အခြေခံလူတန်းစား များသည်။ ထိုရပ်ကွက်ကြီးအလယ်မှာ ဆယ်ပေနှစ်ခန်းသာသာ ဓမ္မာရုံလေးက အချက်အချာကျစွာ ရှိနေသည်။၎င်းရပ်ကွက်၊ ၎င်းဓမ္မာရုံရှေ့တည့်တည့်မှာ ဆိုက်ဆိုက်မြိုက်မြိုက် လာနေမိသူက ဖွားငွေခင်။ ဖွားငွေခင်က ရွာမှာ အေးအေးလူလူ တစ်သက်လုံး နေလာခဲ့သူ။ လင်သားဖြစ်သူ ဦးထွန်းတင့် ကွယ်လွန်ပြီးတော့ သားဖြစ်သူက သူတို့နဲ့လဲ နီးနီးနားနား မြို့မှာ အခြေချပါလား ဆိုလို့ အရပ်တစ်ပါးကို ပြောင်းရွှေ့လာတာ။ ပြောင်းမဲ့ပြောင်းတော့လဲ အနှီရပ်ကွက် ဓမ္မာရုံရှေ့တည့်တည့်က အိမ်။
အဲ့ဒီအိမ် မဝယ်ဖို့ သားဖြစ်သူ ဘယ်လိုနားချချ လက်မခံဘဲ ဝယ်ပြီး နေတယ်။ နေပြီး သကာလမှာတော့ … အင်း ပြောရရင် ဩချရလောက်တဲ့ ရပ်ကွက်ထဲက သာရေးနာရေး ဘာသာရေး ပွဲလမ်းပေါင်းစုံကြောင့် လော်စပီကာဆိုသည့်အရာနဲ့ ဖွားငွေခင်ခမျာ လှလှကြီး တိုးရပါလေရော။ ဖွားငွေခင် ဘာဖြစ်မလဲ?ဖွားငွေခင်ရဲ့ အကြောင်းပြီးလေတော့ ဓမ္မာရုံလေးရဲ့ အကျိုးအကြောင်း အဆိုးအကောင်း ဖြစ်ပုံ ဇာတ်စုံကို ဆရာအကြည်တော်က ဆက်ပြီး ရေးသားတင်ပြတယ်။
သေးသေးသွယ်သွယ် ပိန်လှီလှီ ဆန်ခါပေါက် သွပ်မိုး ဓမ္မာရုံကို ပြင်ဆင်တည်ဆောက်ဖို့ လုပ်ရင်း မုခ်ဦးပဲ ပြီးသွားတာမျိုး၊
ပြီးတော့ ဓမ္မာရုံပြင်ဆောက်ဖို့ ရပ်ကွက်ထဲက ဓမ္မာရုံလူကြီးတွေ နည်းအမျိုးမျိုး ကြံဖန်စဉ်းစား လုပ်ကြရာက မပြုံးဘဲ ဝါးလုံးကွဲရယ်ရမဲ့ ဟာသတွေကို ဖတ်ရမယ်။
အို ဘာပြောကောင်းမလဲ … အလွဲတွေနဲ့ ခွီစရာ ဇာတ်လမ်းတွေ … နောက် ရယ်စရာမောစရာ ဆိုတဲ့အတိုင်း ရယ်ပြီး မောသွားရမယ့် အကြောင်းတွေ …
ရပ်ကွက်ဓမ္မာရုံလေးတစ်ရုံရဲ့ အဖြစ်သနစ်တွေအကြောင်း ဆရာအကြည်တော်ရဲ့ ရေးဟန်အတိုင်း သွက်လက် ရွှင်ပြစွာ ရေးဖွဲ့ထားတဲ့ ဓမ္မာရုံ ဝတ္ထုအသစ်ကို ဖတ်ပြီး ခွီလိုက်ရအောင်လား …Ks 4,000ဓမ္မာရုံ
Ks 4,000













