- “အရှက်သည်းသည်း” already exists in your wishlist
-
ဗီလိန်
ချစ်ခိုင်စံကြည်လင်အေးက အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ best seller စာရေးဆရာလေး။ လုံးချင်းစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထွက်ရှိလာခဲ့ပြီး စာဖတ်ပရိသတ်တွေလဲ အခိုင်အမာ ရရှိနေပြီဖြစ်သူ။သူ့ရဲ့ ခုနစ်အုပ်မြောက် လုံးချင်းဝတ္ထုက သက် ငယ် မုဒိန်းမှုတစ်ခုကို အခြေခံပြီး ရေးဖွဲ့ထားတယ်။ သက် ငယ် မုဒိန်းကို အခြေခံထားတယ်ဆိုသော်ငြား ပုံမှန်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နစ်နာသူတွေဘက်က ထိုက်တန်တဲ့ တရားမျှတမှုကို မရတဲ့အခါ ကျူးလွန်သူတွေကို သူတို့နည်းသူတို့ဟန်နဲ့ ပြစ်ဒဏ်စီရင်တဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။အဲ့ဒီ ခုနစ်အုပ်မြောက် စာအုပ် ထုတ်ဝေခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကနေ အပြုံးလေးတစ်ခုကို အစပြုပြီး စာရေးဆရာကြည်လင်အေးနဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ နှင်းစံပယ်တို့ ဆုံဆည်းခဲ့တယ်။စာအုပ်ထွက်ရှိပြီး ကာလတစ်ခုရောက်တော့ စာရေးဆရာ ကြည်လင်အေး အိမ်မှာ နေရင်းထိုင်ရင်း ရဲတွေလာဖမ်းတာ ခံရပါလေရော … ။အဖမ်းခံရတဲ့အကြောင်းက ရပ်ကွက်တစ်ခုမှာ သန်းဌေး အမည်နဲ့ လူတစ်ယောက် လုပ်ကြံခံရတယ်။ သန်းဌေး လုပ်ကြံခံရတာက ထူးသလို ဆန်းလဲ ဆန်းပြားတယ်။ ပြီးတော့ ရင်ဘတ်မှာ တက်တူးနဲ့ ‘မု ဒိန်း ကောင်’ ဆိုတာကို အရေးခံထားရသေးတယ်။ သန်းဌေး ကိစ္စမှာ ကြည်လင်အေး အဖမ်းခံရတာက စာရေးဆရာရဲ့ နောက်ဆုံး ထွက်ထားတဲ့ စာအုပ်ထဲက လုပ်ကြံနည်းအတိုင်း သန်းဌေး ကြုံခဲ့ရလို့ပဲ ဖြစ်တယ်။ တိုက်ဆိုင်တာက သေဆုံးသူ သန်းဌေးဟာ ကြည်လင်အေးရဲ့ ချစ်စခင်စ ချစ်သူလေး နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်နေတာ။ပြဿနာတွေဟာ ကြည်လင်အေး အချုပ်ကျသွားရုံနဲ့ ပြီးမသွားဘူး။ သံသယမှုနဲ့ ကြည်လင်အေး အချုပ်ကျနေစဉ်အတွင်း လုပ်ကြံမှု ၂ မှု ထပ်ထပ်ဖြစ်တယ်။ ထပ်လုပ်ကြံခံရတဲ့သူတွေဟာ သန်းဌေးလိုပဲ စိတ်ကြိုက်စီရင်မှု ခံရတယ်။ ရင်ဘတ်မှာလဲ ‘မု ဒိန်း ကောင်’ ဆိုတာ တက်တူးနဲ့ ရေးခံခဲ့ရတယ်။ ပြီးတော့ သန်းဌေးနောက်မှာ လုပ်ကြံခံရတဲ့သူ နှစ်ယောက်ကလဲ နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲတွေပဲ။သက် ငယ် မုဒိန်းမှုကို စာရေးဆရာက ရေးသားပုံဖော်တဲ့ ဇာတ်လမ်းတစ်ပုဒ်။အဲ့ဒီဇာတ်လမ်းထဲက စီရင်ပုံအတိုင်း လိုက်လံပြီး မုဒိန်းကောင်တွေကို စီရင်သူ လူတစ်ယောက်။ဇာတ်လမ်းရေးသူ ကြည်လင်အေးရဲ့ ချစ်သူက မုဒိန်းကောင်တွေလို့ သတ်မှတ်ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ။ချစ်ခိုင်စံ ရဲ့ ဗီလိန် ဟာ စဖတ်လိုက်တာနဲ့ ဇာတ်သိမ်းအထိ ရင်တမမ ဖြစ်နေရမဲ့ လျှို့ဝှက်သည်းဖို ချောက်ချားဖွယ် ဇာတ်လမ်းတစ်ပုဒ်။စာချစ်သူတို့ကို အကြုံပြုလိုတာက လုပ်စရာရှိတဲ့ အလုပ်တွေ မပျက်ချင်ရင် ချစ်ခိုင်စံ ရဲ့ ဗီလိန် ကို ဘယ်လိုမှ အစပြုပြီး သွားမဖတ်လိုက်ပါနဲ့။ စ ဖတ်လိုက်တာနဲ့ အကုန်လုံးကို မေ့ပြီး အဆုံးထိ ဆွဲခေါ်သွားမှာမို့ အစ အဆုံး ဖတ်ဖို့ အေးဆေး အချိန်ရှိတယ် ဆိုမှသာ ဖတ်ရှုပါလို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။Ks 5,000ဗီလိန်
Ks 5,000 -
ဘတစ်ပြန် ကျားတစ်ပြန်
ထင်ဇော်မှူးသင်ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။
အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို အသက်မရှူစတမ်း ဇောအဟုန်ပြင်းပြင်းနဲ့ ဖတ်ရှုနိုင်ဖို့ ရေးသားဖန်တီးတဲ့နေရာမှာ အင်မတန် နာမည်ကြီးတဲ့ ဗြိတိသျှ စာရေးဆရာ ဂျက်ဖရီအာချာရဲ့ Nothing Ventured – ဘာသာပြန်အမည် ‘ဘတစ်ပြန် ကျားတစ်ပြန်’ ဟာ သူ့ရဲ့ New York Times အရောင်းရဆုံး ဟယ်ရီကလစ်ဖ်တန်ဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်တစ်ဦးဖြစ်သူ ဝီလျံဝေါရစ်ရဲ့ ပထမဆုံး အမိုက်စားဇာတ်လမ်း။ ဝီလျံဝေါရစ်ဟာ စုံထောက်တစ်ယောက်ဖြစ်ဖို့ အမြဲဆန္ဒရှိခဲ့ပြီး အဲ့ဒါက သူ့ကို ဥပဒေပိုင်းမှာ လုပ်ကိုင်စေချင်တဲ့ ဖခင်ရဲ့ ဆန္ဒကို ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်တယ်။
ဘတစ်ပြန် ကျားတစ်ပြန်ရဲ့ဇာတ်လမ်းအစက ဝီလျံတစ်ယောက် တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ မက်ထရိုပိုလီတန် ရဲအဖွဲ့မှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ရာကနေ စတင်ထားတာ။ ဇွဲရှိတဲ့ ဝီလျံရဲ့ ဘဝအကြောင်း ပထမဆုံး ဒီစာအုပ်မှာ သူ့ဘဝအကြောင်းကို အခြားဇာတ်ကောင်တွေနဲ့ ဝန်းရံ ဖန်တီးထားတယ်။ စုံထောက်ကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားတဲ့ ဝီလျံဟာ စကော့တလန်ယာ့ဒ်ကို ပြောင်းရွှေ့ရာမှာ ကြုံသူတွေက လူကောင်းတွေတင်မက လူဆိုးတွေပါ ကြုံရတယ်။
ဝီလျံဟာ ဖစ်မိုလင်ပြတိုက်က တန်ဖိုးမဖြတ်နိုင်တဲ့ Rembrandt ပန်းချီကား ခိုးယူမှုကို စုံစမ်းစစ်ဆေးနေစဉ်မှာပဲ ပြခန်း သုတေသနလက်ထောက် ဘက်ရိန်းဖို့ဒ် နဲ့ တွေ့ဆုံခဲ့တယ်။ မျှော်လင့်ချက် နည်းပါးစွာတွေနဲ့ပဲ သူမကို ဝီလျံ ချစ်မိခဲ့တယ်။ အမှုလမ်းကြောင်းပေါ် လိုက်နေစဉ်မှာ ဝီလျံ ကြုံရတာ အချစ်တစ်ခုတည်း မဟုတ်ပါဘူး။ ပြိုင်ဘက်ကိုပါ ကြုံခဲ့ရတယ်။ ဂျက်ဖရီအာချာ ဇာတ်လမ်းပီသစွာ အသည်းတယားယား ဖတ်ရင်း သက်မချရတဲ့ ဇာတ်ဝင်ခန်းတွေကို ဇာတ်ကောင်တွေက အပိုအလိုမရှိ သရုပ်ဆောင်ထားတယ်။ ဘာသာပြန်သူ ဆရာထင်ဇော်မှူးသင်ရဲ့ လက်ရာကလည်း ရှေ့မှာ အမိုက်စား စုံထောက်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို မျက်ဝါးထင်ထင် မြင်နေရသလို ပြန်ဆိုရေးသားနိုင်တာကို ဖတ်ရှုရပါမယ်။
မထင်ရလောက်တဲ့ လှည့်ကွက်တွေ၊ အောင်ပွဲတွေနှင့် စိတ်မကောင်း ကြေကွဲစရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ရသမြောက် အမိုက်စား စုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ အက်ရှင်နဲ့ သည်းထိပ်ရင်ဖို နှစ်သက်တဲ့ စာဖတ်ပရိသတ်တို့ လက်မလွှတ်ဘဲ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ရသမြောက် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။ အလုပ်သိပ်များမယ့် ကာလမျိုးမှာ အစလုပ်ပြီး မဖတ်လိုက်မိပါစေနဲ့။ စဖတ်လိုက်တာနဲ့ တစ်ဆက်တည်း ဇာတ်သိမ်းထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။
Ks 7,000ဘတစ်ပြန် ကျားတစ်ပြန်
Ks 7,000 -
မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း
ကိုပေါက် (မန္တလေး)ကိုပေါက်(မန္တလေး) ရဲ့” မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း ” ဆိုတဲ့ စာအုပ်မှာ တစ်ခေတ်တစ်ခါက ရုပ်ရှင်ရုံတွေအကြောင်းနဲ့ စဖွင့်ထားတယ်။ ကိုပေါက်(မန္တလေး) ရဲ့ ရေးဟန်အတိုင်း ရှင်းရှင်းသွက်သွက်နဲ့ ထိထိမိမိ အချက်ကျကျ ရေးထားတာကို မြင်ရမယ်။
စာရေးသူရဲ့ အရေးအသားနောက်ကို လိုက်ရင်း မန္တလေးမြို့က ရုပ်ရှင်ရုံတွေရှေ့ကို ပြန်ပြီးရောက်သွားရသလို ခံစားမိစေမှာပါ အမှန်ပါပဲ။ ရုပ်ရှင်ရုံတွေ ခေတ်စားစဥ်က လက်မှတ်ရဖို့အရေး တန်းစီတိုးဝှေ့ကြရပုံတွေကို မမြင်ဖူးလိုက်ကြတဲ့ ဒီနေ့ခေတ်လူငယ်တွေအဖို့ ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း စာအုပ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ ပြီးတော့ အဲဒီ့ခေတ်မှာ ရုပ်ရှင်ရုံတွေကို မှီခိုပြီး လုပ်စားသွားကြသူတွေအကြောင်း။ အုပ်စုလိုက်၊ အဖွဲ့လိုက် တန်းစီပြီး ရုပ်ရှင်လက်မှတ်တွေကို မှောင်ခိုပြန်ရောင်းစားကြသူတွေပေါ့။ ဒါကိုလည်း ရုပ်ရှင်ချစ် ပရိသတ်တို့က အလုအယက်ဝယ်ကြတာပါပဲ။ ဝယ်လိုအား ရောင်းလိုအား မမျှတဲ့ ခေတ်တစ်ခေတ်ရဲ့ ပြယုဂ်တွေပေါ့။
စာရေးသူဟာ စာအုပ်အမည်နဲ့ လိုက်ဖက်စွာပဲ ရုပ်ရှင်ရုံတွေအကြောင်းအပြင် ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကိုလည်း စုံစုံစေ့စေ့ ရေးဖွဲ့ထားတယ်။ တခေတ်တခါက နာမည်ကြီးဇာတ်ကားတွေကို ကိုယ့်ဘေးနားလာထိုင်ပြီး ပြောပြပေးနေသလိုပါပဲ။ ဇာတ်ဝင်ခန်းတွေကို မျက်လုံးထဲထိ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါလိမ့်မယ်။ ဇာတ်ကားတွေနဲ့အတူ အဲ့ဒီတုန်းက မင်းသားကြီး၊ မင်းသမီးကြီးတွေရဲ့ ပုံစံသွင်ပြင်၊ ဝတ်စားဆင်ယင်ပုံတွေနဲ့ သူတို့ရဲ့သရုပ်ဆောင်မှုတွေကိုလည်း သေချာရေးပြထားတာ ဖတ်ရှုရပါမယ်။ အဲ့ဒီခေတ် သရုပ်ဆောင်တို့ရဲ့ သုံးနေကျ စကားလုံးတချို့ဟာ သူတို့ကို ခုခေတ်ကာလအထိ မှတ်မိစေတဲ့ အမှတ်အသားတွေပါပဲ။ ဒိုင်ယာလော့ဂ်တို့ရဲ့ စွမ်းအင်တွေ။
ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ဝင်တေးတွေအကြောင်းကလည်း သဘောကျစရာ ဖြစ်စေမှာပါ။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို ပြန်ဆွဲယူပြီး ပုံဖော်ရေးသားရင်း ဇာတ်ဝင်တေးတွေကို အမှတ်တရ ဖော်ထုတ်ပေးထားတာဟာ ရုပ်ရှင်တစ်ခေတ်ကို မီခဲ့တဲ့သူတွေအတွက် လွမ်းမောစရာ။ မမီလိုက်သူတို့အတွက်ကတော့ မြင်ယောင်မိစရာ မြင်ကွင်းတွေပေါ့။ ရုပ်ရှင်တွေဟာ ဘယ်လောက်များ စိုးမိုးထားခဲ့သလဲဆိုရင် ကစားနည်းတွေထဲမှာတောင် ရုပ်ရှင်ပဟေဠိဖွက်နည်းဆိုပြီး တွင်ကျယ်ခဲ့တဲ့အထိပါပဲ။
ဒီစာအုပ်လေးထဲမှာ စာရေးသူက မြန့်မာရုပ်ရှင်နဲ့ပတ်သက်ပြီး ကောင်းခြင်း၊ ဆိုးခြင်းတွေကို စေတနာအရင်းခံပြီး ထောက်ပြထားတာ တွေ့ရမယ်။ ရုပ်ရှင်ကို ရူးသွပ်စွာ ချစ်မြတ်နိုးသူတစ်ယောက်ရဲ့ စစ်မှန်သောစိတ်ရင်းကို မြင်ရမယ်။ ဒီစာအုပ်လေးကို ဖတ်ရင်း စာဖတ်သူဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ထိတွေ့မိပါလိမ့်မယ်။ အရင်ကာလများမှာက စိတ်ဖျော်ဖြေရေးအတွက် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံတွေနဲ့ စာအုပ်အငှားဆိုင်တွေသာ ရှိခဲ့ကြတာ မဟုတ်လား။ အဲ့ဒီအရာလေးတွေကလည်း လုံလောက်တဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဓာတ်ရှင်တွေအကြောင်းနဲ့အတူ ကျော်ဖြတ်ခဲ့ဖူးတဲ့ ခေတ်တစ်ခေတ်၊ ကုန်ဆုံးသွားခဲ့တဲ့ ငယ်ဘဝတွေကိုလည်း ပြန်လည်သတိရ လွမ်းဆွတ်မိစေမယ့် စာအုပ်လေးတစ်အုပ်ပါ။
Ks 5,000 -
မပျော်ရွှင်နိုင်သေးတဲ့မြို့
မိုးကျော်ဇင်မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် – ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။
– စိတ္တဇမြူခိုးများ အမည်ရ ဝတ္ထုတိုမှာဆို တဒင်္ဂစိတ်ထဲက ဖြစ်လာတဲ့ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ မဝေခွဲနိုင်တဲ့ ကာလအပိုင်းအခြားလေးကို ရိုးရှင်းစွာ တင်ပြထားတာ အဆုံးထိ မဖတ်ရမနေနိုင် ဆွဲခေါ်သွားပါလိမ့်မယ်။
– ကျပ်တစ်ထောင်တန်ထိုင်ခုံ ဝတ္ထုလေးမှာဆို မြို့ထဲကနေ မြို့ပြင်ကို အသွား တစ်ယောက်တစ်ထောင်ပေးစီးရတဲ့ ကားငယ်တစ်စီးပေါ် စာရေးဆရာ ကားစီးရင်း မြင်မိတဲ့ လူတစ်ယောက်ရဲ့ သရုပ်သကန်ကို တိကျစွာ ဖော်ညွှန်းထားတာကို ဖတ်ရှုရပါမယ်။
– နာရီကြည့်သော မိုးတိမ်များမှာက ဆိုင်ကယ်စီးရင်း ဒဏ်ငွေဆောင်ဖို့ အဖမ်းခံရတဲ့ ဘဝခရီးသည်တွေအကြောင်းကို ဖတ်ရင်း ပြုံးမိရာက နောက်ဆုံးတော့ ဪ လို့ ရေရွတ်တ်မိစေမယ့် ဝတ္ထုလေးပါ။
– ထိုင်ခုံမဲ့ မနက်ခင်းမှာဆို ဇာတ်လမ်းက ရထားတွဲမှာ ခုံနေရာ ရဖို့ ကြိုးစားသော်လည်း မရတဲ့အခါ စိတ်ညစ်ပြီး တခြားနည်း အလွယ်လမ်းကိုပဲ ရွေးသွားတာကို ဖတ်ရမှာဖြစ်ပေမယ့် စာရေးဆရာက လူ့စရိုက် လူ့မနော လူ့သဘောကို လှစ်ခနဲဖော်ပြလိုက်တာမို့ ငါဆိုလည်း ဒီလိုပဲလုပ်မိမလား တွေးမိစေမှာ ဖြစ်ပါတယ်။
– ပူဖောင်းများ မှာဆို နယ်မြို့လေးတစ်မြို့က လက်ဖက်ရည်အိုလေးမှာ ပုံမှန်ထိုင်ရင်း ငြင်းကြခုံကြ လေကန်ကြတဲ့ လူကြီးတွေအကြောင်းကို စိတ်ဝင်စားစဖွယ် ဖတ်ရမှာပါ။
မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အထက်ပါ ဝတ္ထုတိုများအပါအဝင် ကလျာ၊ ရွှေအမြုတေ၊ ကျေးရွှေတမာ၊ မိုးမခ၊ Faces၊ Fashion နဲ့ ဖြူးမြို့ အမျိုးသားကျောင်းရာပြည့်မဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ၁၅ ပုဒ်ကို ပြန်လည် စုစည်း ထုတ်ဝေထားပါတယ်။ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုဇာတ်လမ်းတွေမှာ တည်နေရာတွေက နေရာစုံ၊ ပါဝင်တဲ့ ဇာတ်ဆောင်တွေက သဏ္ဌာန်မျိုးစုံ၊ ဟန်မျိုးစုံ၊ ဇာတ်လမ်း အဖုံဖုံ ဖြစ်ပေမယ့် ဖော်ပြပြီးသကဲ့သို့ လူသားတို့နဲ့ အနီးစပ်ဆုံး ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ဖတ်ရှုသူတိုင်း နှစ်သက် သဘောကျစေမှာ အမှန်ပါပဲ။
ခေတ်ကာလတစ်ခုရဲ့ ဖြတ်သန်းရာ အချိန်ကာလပေါ်မှာ ရေးဖွဲ့ထားတဲ့ လူ့သဘာဝဇာတ်လမ်းများ စုစည်းမှုလည်း ဖြစ်တာကြောင့် စာပေဆုရ စာရေးဆရာ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ ခေတ်ကာလရဲ့ တစ်စိတ်တစ်ဒေသကို မှတ်ကျောက်တင်မယ့် စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။
Ks 4,500မပျော်ရွှင်နိုင်သေးတဲ့မြို့
Ks 4,500 -
မမြင်နိုင်သော အလင်းတန်းများ
Categories: မိုးမင်းသိမ်း, ရာပြည့်ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ကြရတဲ့ ဆရာရာပြည့် နဲ့ ဆရာမိုးမင်းသိမ်းတို့ ဘာသာပြန်တဲ့ မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးကို စာချစ်သူတို့ လက်ထဲ အရောက်ပို့ပေးနိုင်ခဲ့ပါပြီ။ မူရင်းစာအုပ်ဟာ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပူလစ်ဇာဆုကြီးနဲ့ အခြားစာပေဆိုင်ရာဆုများကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှု ရှိခဲ့ပါတယ်။
မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးရဲ့ ဇာတ်လမ်းဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း လူတို့ရဲ့ သဘောသဘာဝနဲ့ နည်းပညာစွမ်းအားတို့ကြား သတ္တိနှင့် မျှော်လင့်ချက်အကြောင်းကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးမှာ မွေးရာပါ အတွင်းတိမ်ဖြင့် အသက်ခြောက်နှစ် အရွယ်မှာပင် မျက်စိကွယ်ခဲ့တဲ့ စာဖတ်ဝါသနာပါသူ ပြင်သစ်သူနလေး မာဟီးလော နဲ့ မယုံနိုင်လောက်စရာ အင်ဂျင်နီယာစွမ်းရည်ရှိတဲ့ ဂျာမန်မိဘမဲ့ကလေး ဗယ်ရ်နာ တို့ရဲ့ မတူညီတဲ့ ဒေသ ၂ ခုက ဇာတ်လမ်း ၂ ပုဒ်ကို အပြိုင်ခံစားဖတ်ရှုရမှာပါ။
မာဟီးလော ဆယ့်နှစ်နှစ်အရွယ်မှာ နာဇီတွေ ပါရီကို သိမ်းပိုက်တဲ့အတွက် သူမရဲ့ ဖခင်နဲ့အတူ ဆန်မာ့လိုမြို့ကို ထွက်ပြေးခဲ့တယ်။ သူမတို့ ထွက်ပြေးတဲ့အချိန်မှာ သူမရဲ့ဖခင်အလုပ်လုပ်တဲ့ သဘာဝသမိုင်းပြတိုက်က တန်ဖိုးအရှိဆုံး ရတနာကို ယူဆောင်ခဲ့တယ်။ အဲ့ဒီရတနာကို ပိုင်ဆိုင်သူဟာ အကျိုးထူးများစွာ ခံစားရနိုင်သလို ထိခိုက်မှုများကိုလည်း ရင်ဆိုင်ရနိုင်တယ်လို့ အစဉ်အဆက် ဟောကိန်းရှိခဲ့ပါတယ်။
ဂျာမနီက မိဘမဲ့လေး ဗယ်ရ်နာဟာ အခြေအနေမဲ့ဘဝရောက်နေပေမယ့် ဉာဏ်ကြီးရှင်တစ်ဦးမို့ ဘဝအခက်အခဲကြား ဖြတ်သန်းရင်း ရေဒီယိုတစ်လုံးကနေ ပြင်သစ်က သိပ္ပံပညာအကြောင်း သိရှိရာက ဒီဇာတ်လမ်းမှာ တစ်ချိန် ပါဝင် ပတ်သက်လာခဲ့ရတယ်။
ဒီဘာသာပြန်စာအုပ်လေးဟာ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဖြစ်ရပ်မှန် သမိုင်းနောက်ခံမှာ ယုတ္တိရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကောင်စရိုက်များကို ရေးဖွဲ့ထားတာကြောင့် အလွန်အောင်မြင်ကျော်ကြားပြီး သိက္ခာကြီးမားလှတဲ့ စာပေဆုကိုပါ ဆွတ်ခဲ့နိုင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ၎င်းစာအုပ်ကို ဆရာရာပြည့်နှင့် ဆရာမိုးမင်းသိမ်းတို့ရဲ့ ထိမိပြေပြစ်တဲ့ ဘာသာပြန်နဲ့အတူ ဖတ်ရှုနိုင်ပါပြီ။ ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ရတာနဲ့ ထိုက်တန်အောင် စိတ်ကျေနပ်မှု ရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Ks 17,000မမြင်နိုင်သော အလင်းတန်းများ
Ks 17,000 -
မယ်သီတာဂျိုကာ
အကြည်တော်လက်ဝှေ့ လို့ ဆိုရင် ဘာကို အရင်ဆုံး မြင်မိကြသလဲ?
ဗလကောင်းကောင်း လက်ဝှေ့သမားကြီးတစ်ယောက်ဖြစ်ဖြစ်၊ ကြိုးဝိုင်းထဲ လူနှစ်ယောက် တိုက်ခိုက်နေတာဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးမှ အနိုင်ရတဲ့ အားကစားအဖြစ် မြင်မိကြမှာပါ။ ပြီးတော့ လက်ဝှေ့လို့ ဆိုလိုက်တာနဲ့ ယောက်ျားလေး(အမျိုးသား) ဆိုတာကို အကုန်လုံးနီးပါး တွဲမြင်ကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က အမျိုးသမီးတွေလည်း လက်ဝှေ့ ကစားကြပါတယ်။ ကွယ်လွန်သူ ဆရာအကြည်တော် ရေးသားထားခဲ့ပြီး မထုတ်ဝေရသေးတဲ့ စာအုပ်အသစ်တွေထဲကတစ်အုပ် ‘မယ်သီတာဂျိုကာ’မှာ အမျိုးသမီးလက်ဝှေ့မယ်အကြောင်း ဖတ်ရှုရပါမယ်။
အိမ်နီးချင်းနိုင်ငံတခုက နာမည်ကျော်လက်ဝှေးကစားသမား ခွန်းနက်ကို မယ်သီတာဂျိုကာ ဘယ်လို ယှဉ်ပြိုင်မလဲ? ကိုမင်းထင် မသိအောင်ရော ရေရှည် ဖုံးကွယ်နိုင်မှာလား? ဖတ်ရခဲတဲ့ အမျိုးသမီး လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဝတ္ထုတစ်အုပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ အချိတ်အဆက်မိမိ ရေးသားထားသလို ဆရာအကြည်တော်ရဲ့ စာအုပ်တွေအတိုင်း ဖတ်ရင်းနဲ့ ခွိခနဲ ပြုံးရ၊ ရယ်ရမယ့် ဇာတ်ကွက်တွေ ပေါင်းစပ်ထားတာမို့ မယ်သီတာဂျိုကာဟာ အကြည်တော်ရဲ့ ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်ရစေဦးမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။Ks 11,000မယ်သီတာဂျိုကာ
Ks 11,000 -
မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
မြစ်ကျိုးအင်းဆရာမြစ်ကျိုးအင်းဟာ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေဝတ္ထုတို ကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ ရသမမြောက်ဘဲ ဝတ္ထုတိုတပုဒ်ပါဝင်ဖို့ဆိုတာ မဖြစ်နိင်ပါဘူး။ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ ဆရာရဲ့ ရသအရေးအဖွဲ့ကို ဖတ်ရှုဖူးသူတိုင်း လက်ခံအားပေးခဲ့ကြတာဟာ အမျိုးသားစာပေဆုရတဲ့အထိ သက်သေပြနိင်ခဲ့ပါပြီ။
ဝတ္ထုတိုသည် အကြောင်းအရာ တခုတည်းကို ဦးတည်ရမည်၊ ဇာတ်ဆောင် နည်းရမည်၊ အရေးအသား သွက်ရမည် လို့ ဆမ်းမားဆက်မွမ်က ပြောပါတယ်။ အတတ်ပညာ တစ်ခုတည်း မဟုတ်ဘဲ အနုပညာ ခံစားမှုနဲ့ပါ ရောမွှေထားတဲ့ ဝတ္ထုတိုလေးတွေသာ တကယ်ကို ရသမြောက်ပါတယ်။ ဆရာ မြစ်ကျိုးအင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတို တွေလည်း အဲလိုပဲ ထူးခြားမှု တခုခု ကို ခံစားရမိ လောက်အောင်ပဲ ထိရှလွန်းခဲ့တယ်။
ယခု ဆုရစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာဆိုရင် ရွှေအမြုတေမှာ ပါဝင်ခဲ့တဲ့ ဒေါင်ဒေါင်မြည်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ ရသဝတ္ထုတိုစစ်စစ် (၁၆) ပုဒ် ပါဝင်ပါတယ်။
Ks 10,000မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
Ks 10,000 -
မျောက်ငှက်
လင်းခန့်မျောက် ငှက်’ဟာ ကမ္ဘာကျော် စာရေးသူနှစ်ဦးရဲ့ ဇာတ်လမ်းနှစ်ပုဒ်ကို တစ်အုပ်ထဲပေါင်းပြီး ဆရာလင်းခန့်က ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ သည်းထိတ်ရင်ဖို ဇာတ်ကြောင်းကိုမှ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ဖတ်ချင်သူတွေအတွက် ‘မျောက် ငှက်’ဟာ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဆိုနိုင်ပါတယ်။
မျောက်ရဲ့ မူလဇာတ်လမ်းရေးသူ Stephen King ကို စာဖတ်ပရိသတ်တို့နဲ့ အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Thriller & Mystery ဇာတ်လမ်းရေးသူများအနက် ကမ္ဘာကျော်ထိပ်သီးတစ်ဦးဖြစ်ပြီး ပရိသတ်များက သည်းထိတ်ရင်ဖိုဘုရင်လို့တောင် သတ်မှတ်ကြပါတယ်။ The Monkey ဟာ British Fantasy Award ဆန်ခါတင်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း လူကြိုက်များ ကျော်ကြားခဲ့တာပါ။
ဇာတ်လမ်းအစမှာ ညီအစ်ကိုနှစ်ယောက် မျောက်ရုပ်အဟောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ရက်စက်တဲ့ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး သူတို့မိသားစုလည်း ပြိုကွဲသွားခဲ့ရတာဟာ တိုက်ဆိုင်တဲ့ အကြောင်းအရာသက်သက်လား။ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့ အဲဒီမျောက်ကြောင့် “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ“ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရပါလိမ့်မယ်။
Ks 7,000မျောက်ငှက်
Ks 7,000 -
မြက်ခင်းပြင်အလွတ်
ခတ္တာခင်စွမ်းရည် .. ဖတဆိုး သမီးလေး၊ ဖခင်ကို မြင်ခွင့်မရဘဲ လောကထဲရောက်လာသူ စွမ်းရည်ရဲ့ အမေကလည်း အော်တစ်ဇင် မို့ အဘွားသာလျှင် စွမ်းရည်ရဲ့ ဘဝမှာ ပဲ့ကိုင်ရှင်။
လေးမြ … စွမ်းရည်ရဲ့ အဒေါ် (အမေ့ညီမ)၊ ငယ်စဉ်ကပင် အကြောင်းတစ်ခုကြောင့် ကွန်းချောင်းရွာကနေ မြို့တက်ကာ ပင်ကိုယ်အရည်အချင်းများကြောင့် ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသူ၊ လေးလေးမြ အမည်နဲ့ စာရေးဆရာမ အဖြစ်ရောက်ပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် စာဆက်မရေးဖြစ်သော်လည်း အောင်မြင်သောအမျိုးသမီးတစ်ဦးဖြစ်နေဆဲ၊ လှပချောမောတဲ့ လေးမြဟာ နှုတ်ဆိတ်လှပြီး ခန့်မှန်းရ ခက်လွန်းသူ။
ဒေါက်တာအောင်ဇော် .. စွမ်းရည်ရဲ့ အဘွား ကွန်းချောင်းမှာ ဆုံးတော့ ခိုကိုးရာမဲ့ဖြစ်နေတဲ့ စွမ်းရည်နဲ့ သူ့အမေကို လေးမေက မြို့မှာနေဖို့ ခေါ်လာရာက စွမ်းရည်ရဲ့ အလုပ်ကိစ္စကြောင့် ရင်းနှီးခဲ့ကြသူ။ စွမ်းရည်နေတဲ့တိုက်ကနေ ညစဉ်တိုင်းလိုလို အခန်းမီးကို မှိတ်လိုက် ဖွင့်လိုက် ပုံမှန်လုပ်လေ့ရှိတဲ့ ကွန်ဒိုတိုက်ကြီးက အခန်းတစ်ခန်းမှာ တစ်ယောက်တည်းနေထိုင်တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်။
အေးမြ .. စွမ်းရည်ရဲ့ မိခင်။ မွေးရာပါ အော်တစ်ဇင်ရောဂါရှင်၊ မြက်ရိုင်းရှည်တွေကိုသာ အချိန်တိုင်းကြည့်နေချင်သူ၊ ကွန်းချောင်းမှာတုန်းက အေးမြပျောက်ရင် စွမ်းရည်က မြက်ခင်းထဲမှာပင် အမြဲလိုက်ရှာရသူ။
ဆရာမခတ္တာခင်ရဲ့ စာအုပ်တွေဟာ ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်တွေရဲ့ သိစိတ်၊ မသိစိတ်တွေကို စာရေးသူနဲ့ ထပ်တူ စာဖတ်သူတို့က လိုက်ပြီး မြင်တွေ့စေတယ်ဆိုတာ အရင်က ထွက်ဖူးတဲ့ ဆရာမရဲ့ စာအုပ် ၂ အုပ် (ငေးရင်း ဝေးကျန်ရစ်တဲ့ .. ကမ္ဘာ ၊ အနောက်အရပ်ဆီမှာ ငို ..) တို့မှာ စာဖတ်ပရိသတ်တို့ မြင်ခဲ့ပြီးပါပြီ။ ဒီစာအုပ်မှာလည်း ခတ္တာခင်က ထူးပြီး ဆန်းမနေတဲ့ လူတွေကြားက လူတွေရဲ့ မသိစိတ်နောက်ကွယ်က အဇ္ဈတ္တ အချို့ကို ချပြထားတယ်။
လျှို့ဝှက်ပြီး ဝေခွဲရခက်လှပါတယ်ဆိုတဲ့ လူမျိုးတွေဟာ ဘာကြောင့် ဒီလိုမျိုး နေထိုင်ရပ်တည်ရလဲ။ လူ့ဘဝကို အများလို ရေလိုက်ငါးလိုက် မနေဘဲ ထူးထူးခြားခြား ရှင်သန်ဖို့ ဘယ်လိုအကြောင်းတွေက ရေသောက်မြစ်ဖြစ်ခဲ့လဲ။
ဆရာမခတ္တာခင်ရဲ့ ကလောင်ကနေ စွမ်းရည်၊ ကွန်းချောင်းရွာလေး၊ စွမ်းရည်ရဲ့ အဘွား မှသည် လေးမေ၊ အော်တစ်ဇင်ရောဂါသည် အေးမေ၊ ဒေါက်တာအောင်ဇော်တို့ရဲ့ စိတ်ဝင်စားဖွယ် အဖြစ်သနစ်တွေကို “မြက်ခင်းပြင်အလွတ်” ထဲမှာ ဖွေရှာရင်းနဲ့ သူတို့တွေရဲ့ ဘဝတွေ၊ မသိစိတ်တွေကို စာရှုသူတို့ မြင်လာ၊ နားလည်လာပါလိမ့်မယ်။
Ks 4,000မြက်ခင်းပြင်အလွတ်
Ks 4,000 -
-
မြို့ကလေးနေမကောင်းပါ
စံပယ်ဖြူနုဝတ္ထုတိုဖတ်ရတာကြိုက်တဲ့ စာဖတ်သူတွေထဲမှာ တစ်ချို့က ဝတ္ထတိုမှာ အလှည့်လေးတွေနဲ့ အဆုံးသတ်တာ ကြိုက်တယ်၊ တစ်ချို့က ဇာတ်လမ်း ဇာတ်ကွက်ကောင်းကောင်း ဖတ်ရတာ ကြိုက်တယ်၊ တစ်ချို့က မော်ဒန်အရေးအသားတွေ ကြိုက်တယ်။ စံပယ်ဖြူနုရဲ့ ဝတ္ထုတိုလေးတွေ ကတော့ လူ့လောက သဘာဝနဲ့ လူတွေရဲ့ စရိုက်တွေကို မြင်လာအောင် ပြောပြနေတဲ့ ဝတ္ထုတိုလေးတွေပါ။ ရိုးရှင်းတဲ့ အရေးအသားနဲ့ သင်တို့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်က လူတွေကို သနားချစ်ခင်လာအောင် နားလည်မှု ထားရှိနိုင်အောင် ရေးဖွဲ့ထားပါတယ်။
“မြောက်ဖျားက အလွမ်းရာသီ” စာအုပ် နဲ့ အမျိုးသားစာပေဆုရခဲ့တဲ့ ဆရာမစံပယ်ဖြူနု ရဲ့” မြို့ကလေး နေမကောင်းပါ” ဝတ္ထုတိုစုထဲက ပထမဆုံး တစ်ပုဒ် “အလှမ်းဝေးခဲ့သည်” တစ်ပုဒ်ထဲနဲ့တင် စာဖတ်သူ အတွက် ဇာတိမြေကို လွမ်းတဲ့ ဝေဒနာ ခံစားရမှာပါ။ မြန်မာပြည်မြောက်ပိုင်းဒေသ ချစ်စရာရွာကလေးတစ်ရွာက အသက်၆၀ကျော် အမေအို တစ်ယောက် ရန်ကုန်မှာ အခြေချနေတဲ့ သမီးရဲ့ တိုက်ခန်းကျဉ်းလေးထဲကနေ ဇာတိမြေကို လွမ်းနေပုံက ရင်ကိုထိခိုက်စေပါတယ်။
“အိမ်” ဆိုတဲ့ တစ်ပုဒ်မှာတော့ ဗဟန်းမြို့နယ်ထဲ တာဝါတစ်ခုနားက ရုံးမှာ အလုပ်လုပ်နေတဲ့ နယ်မြို့ကလာသူ မိန်းမပျိုတစ်ယောက် တာဝါအောက်ခြေထောင့်တစ်ခုကို အိမ်အမှတ်နေတဲ့ စိတ်မနှံ့သူ အမျိုးသမီးတစ်ယောက် အကြောင်းပြောပြတာ။
ရန်ကုန်မြို့ တိုက်ခန်းကျဉ်းလေး တစ်ခုထဲက ဇာတိရွာကို လွမ်းနေတဲ့ အညောင်းမိ ခိုတစ်ကောင်၊ တာဝါအောက်က အိမ်ကလေးနဲ့ အဲဒီအိမ်ကို သံယောဇဉ် တွယ်နေသူတစ်ဦးအကြောင်း စတဲ့ လူထဲက လူတွေရဲ့ အဖြစ်အပျက်တွေနဲ့ စီခြယ်ထားတဲ့ ဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။
စာဖတ်ပရိသတ်အား နှစ်သက်ခြင်းကို ဖြစ်စေလျှက် ထိုနှစ်သက်ခြင်းနှင့် တပါတည်း ဘဝအသိ တစ်ခု အလိုအလျောက် ရလာစေတယ်ဆိုတာ ရသစာပေကသာ ပေးစွမ်းနိုင်တာလို့ ဆရာဇော်ဂျီ ပြောတဲ့ စကားအတိုင်းပါပဲ။ ဝတ္ထုတို (၂၂) ပုဒ် စလုံးကို ရိုးရှင်းတဲ့ အရေးအသား၊ တွေ့နေကျ လူတွေရဲ့ စရိုက်သဘာဝကို ရှုထောင့် တစ်နေရာက ရေးသားဖေါ်ပြသွားတာ သိပ်ကောင်းလှပါတယ်။
ဒီဝတ္ထုတိုလေးတွေ ကို ဖတ်ရှုပြီးရင် လောကကြီးနဲ့ လူသားတွေ အပေါ် ချစ်ခင်မြတ်နိုးခြင်း၊ ကိုယ်ချင်းစာ နားလည်ခြင်း တွေ တိုးပွားလာစေနိုင်မယ်လို့ ယုံကြည်မိကြောင်းပါ။
Ks 6,000မြို့ကလေးနေမကောင်းပါ
Ks 6,000 -
မဝေးရက်လေသော
ဆန်းမြထွန်းဝင်း“မဝေးရက်လေသော” တဲ့။ ကဗျာနဲ့ အက်ဆေး စုပေါင်းရောယှက်ထားတဲ့ ဝေဒနာဖွဲ့ စာအုပ်သစ်တစ်အုပ်။ ရေးသူက “ဆန်းမြထွန်းဝင်း”။ သူက သူ့ဝေဒနာတွေကို ဒီစာအုပ်မှာ ကဗျာနဲ့ရော အက်ဆေးနဲ့ပါ ဝေဝေဆာဆာ ဖွင့်ထုတ်ပြသထားပါတယ်။
ကဗျာက လူတွေရဲ့ နှလုံးသားတွေဆီ ထိရောက်ကူးစက်မှု အဆင်အပြေဆုံး ဆက်သွယ်မှုကွန်ယက်တစ်မျိုးပဲ ဖြစ်လိမ့်မယ် ဆိုရင် အက်ဆေးကတော့ လူတွေရဲ့ ခံစားတွေးတောမှု နယ်ပယ်ကို ယူဇနာခရီးသစ် ဖွင့်လှစ်ပေးရာ လမ်းကြောင်းပြမြေပုံလည်း ဖြစ်နိုင်မယ် ထင်ပါတယ်။
ဆရာဆန်းမြထွန်းဝင်းရဲ့ ဒုတိယမြောက် စာအုပ်သစ် ဖြစ်တဲ့ “မဝေးရက်လေသော” မှာ စာဖတ်ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပထမစာအုပ်ကထက် ရသစုံ၊ အကြောင်းအရာစုံ၊ ဝေဒနာစုံအောင် အားထုတ်ပြင်ဆင်ထားတယ်လို့ စာရေးသူ အမှာစာမှာ ဖော်ပြထားပါတယ်။
ဖော်ပြထားသလိုပဲ၊ ဆရာဆန်းမြဝင်းထွန်းရဲ့ “မဝေးရက်လေသော” ကဗျာနဲ့ အက်ဆေးတွေထဲမှာ ချစ်ခင်နှစ်သက်လိုလားသူတွေနဲ့ မဝေးရက်ပေမဲ့ ဝေးရရက်တွေ ကြုံလာတဲ့အခါ ဝေးရ၊ ခွဲရ၊ ခွာရ၊ လွမ်းရတဲ့ ဝေဒနာတွေကို ဆွတ်မြည့်နင့့်မောစွာ ခံစားဖတ်ရမှာပါ။
“တချို့အရာတွေကို
ကိုယ်က ချစ်တာတစ်ခုတည်းနဲ့
လက်ခံခဲ့တာ မင်း သိမှာပါ” တဲ့။
ဆရာဆန်းမြထွန်းဝင်းရဲ့ ရင်ထဲက ဝေးခဲ့ရတဲ့ ဝေဒနာတွေကို ပီပီသသ လိုက်ပါခံစားဖို့ ဆိုရင်တော့ “မဝေးရက်လေသော” စာအုပ်လေးကို ခုလို မိုးတစိမ့်စိမ့် ရွာနေတဲ့ လွမ်းမောဖွယ်အချိန်မှာ ဖတ်ရင်း တွေးရင်း ခံစားရင်း လွမ်းမောရင်း ကြေကွဲရင်း စီးမျောစေချင်ပါတယ်။
လူအများစုမှာ မဝေးရက်ပေမဲ့ ဝေးရက်လို့ ဝေးခဲ့ကြဖူးသူ ဆိုတာ (အနည်းဆုံး တစ်ဘဝမှာ တစ်ယောက်လောက်တော့) ရှိဖူးကြတယ် မဟုတ်လား။Ks 5,000မဝေးရက်လေသော
Ks 5,000













