-
နေခြည်ဖြာ၍ လင်းစေသား
ချစ်ခိုင်စံ“ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်” လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ ‘နေခြည်ဖြာ၍ လင်းစေသား’ ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။
ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။
မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ …ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။
‘နေခြည်ဖြာ၍ လင်းစေသား’မှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Ks 6,000နေခြည်ဖြာ၍ လင်းစေသား
Ks 6,000 -
ရွက်ခြောက်
ချစ်ခိုင်စံလမ်းပေါ်က လေလွင့်လူငယ်လေးတွေကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဒီနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ မြို့အများစုက လေလွင့်လူငယ်တို့ရဲ့ ပြောဟန်ဆိုဟန်၊ လှုပ်ရှားသွားလာဟန်၊ စတာတွေကို မကြာခဏ ဆိုသလို မြင်ဖူးကြမှာပါ။ လူတို့ မြင်ကြတာ သူတို့ရဲ့ ပြင်ပပုဂ္ဂလိကဟန်တွေ ဆိုရင် မမှားပါဘူး။ တကယ်တော့ လေလွင့်လူငယ်လေးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ သူတို့မှာ ခံစားချက်တွေ၊ လောဘဒေါသ၊ လိုအင်ဆန္ဒ စတဲ့ အဇ္ဈတ္တတွေ ရှိကြပါတယ်။
ချစ်ခိုင်စံ ရဲ့ ဝတ္ထုရှည် ရွက်ခြောက်ကို ဖတ်ကြည့်မယ်ဆို စာရှုသူဟာ မြို့ကလေးတစ်မြို့က လေလွင့်လူငယ်လေးတွေရဲ့ ရင်ဘတ်တွေကို ဆွဲဖွင့်ကြည့်မိစေပါမယ်။ လေလွင့်လူငယ်ဆိုရာမှာ မျိုးရိုးအရ မိသားစုလိုက် တောင်းစားကြတာရှိသလို ငယ်စဉ်ကပင် ကလေးခိုးဂိုဏ်လက်ချက်မိပြီး / ရောင်းစားခံရပြီး လေလွင့်လူငယ်ဖြစ်လာသူရယ်လို့ ရှိကြရာ ချစ်ခိုင်စံရဲ့ ရွက်ခြောက်မှာ ဖတ်ရှုရမှာက ဒုတိယအမျိုးအစားပါ။ မြို့လေးက လူဆိုးဂိုဏ်းပုံစံဖွဲ့စည်းထားတဲ့ “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ လက်အောက်ကို တစ်နည်းမဟုတ် တစ်နည်းရောက်လာတဲ့ ကောင်လေး၊ ကောင်မလေးတွေ ဖြစ်တဲ့ ပိန်သေး၊ စိန်ကုလား၊ ဝဲထူ၊ ပေကလုံး၊ ပုံဆိုးမ၊ နှပ်ရှုံ့မ တို့ဟာ မနက်ဆို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တံတားကြီးအောက်ကနေ မြို့အနှံ့ကို အသီးသီး ထွက်ပြီး လှည့်ပတ်တောင်းစားကြတယ်။ တောင်းလို့ ငွေအရများရင် သူတို့ကို ထိန်းသိမ်းထားတဲ့ စိန်ကြီးတို့ရဲ့ လက်သီး၊ခြေထောက်ဒဏ်တွေက လွတ်မြောက်ပါတယ်။ နည်းရင်တော့ ပိုးစိုးပက်စက်ဆဲခံရရုံမက ပုံစံမျိုးစုံ ဗျင်းခံရပါတယ်။ တောင်းရတာ ငွေများများရရ နည်းနည်းရရ ပိန်သေးတို့အုပ်စုရဲ့ ဆုလာဘ်က ကော်ရှူရတာပါ။ အစားကောင်းကောင်းကျွေးစရာမလိုဘဲ သူတောင်းစားလေးတွေကို ကော်ရှူခိုင်းပြီး စိန်ကြီးတို့လို “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ အလိုတွေ လိုက်စေတာ မဆန်းတဲ့ နည်းတွေပါပဲ။
သာမန်လူတို့အဖို့ အချိန်တွေကြာလာရင် .. အသက်ကြီးလာရင် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်ကြပေမယ့် လေလွင့်လူငယ်လေးတွေရဲ့ ဘဝမှာ ငယ်စဉ်အခါ နေ့တွေ ရက်တွေကနေ လတွေ နှစ်တွေ ကြာလာတော့ ကောင်လေးတွေက သူခိုး၊ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ပြည့်တန်ဆာပွဲစား စသဖြင့် ဖြစ်လာပြီး ကောင်မလေးတွေက အရွယ်ရောက်တော့ ပြည့်တန်ဆာ ဖြစ်ကြရပါတယ်။ သစ်ပင်တစ်ပင်က သစ်ရွက်တွေ ကြွေပြီး သစ်ရွက်တစ်ရွက် ရွက်ခြောက်ဖြစ်လာတဲ့အခါ အသုံးသိပ်မတည့်တော့သလို လူ့လောကမှာ လေလွင့်လူငယ်လာဖြစ်တဲ့ ပိန်သေးတို့ဟာ လူတွေကြားမှာ ရွက်ခြောက်သာသာ။ သူတို့ရဲ့ အနာဂတ်နေ့ရက်တွေက အလင်းရောင်မဲ့။ မျှော်လင့်ချက်နတ္ထိဆိုပေမယ့် ကံကြမ္မာရဲ့ ဇာတ်ရုပ်ရေးမှုမှာ ပိန်သေးတစ်ယောက် ဘာဖြစ်လာမလဲ။ စိန်ကုလားကကော သူလွတ်မြောက်ချင်တဲ့ လေလွင့်လူငယ် ဘဝက အမြန်ဆုံးလွတ်မြောက်ခဲ့လား။ ဝဲထူနဲ့ ပေကလုံးက ဘာဖြစ်လာမှာလဲ။ ကောင်မလေးတွေဖြစ်တဲ့ ပုံဆိုးမနဲ့ နှပ်ရှုံ့မတို့ကော ဘာတွေဖြစ်ခဲ့မလဲ။ စာရေးဆရာ ချစ်ခိုင်စံက ရွက်ခြောက်ကို တစ်ခါဖတ်ပြီးတာနဲ့ မမေ့နိုင်မယ့် ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ပုံဖော်ရေးသားထားတာကို စာရှုသူ ရင်တမမနဲ့ ဖတ်ရှုရမှာပါ။
Ks 4,500ရွက်ခြောက်
Ks 4,500 -
ပင်လယ်ဆီသို့
မြစ်ကျိုးအင်းရည်ရွယ်ချက်တိုင်းရဲ့ ခရီးအဆုံးမှာ ပန်းတိုင်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်အောင်ကြိုးစားမယ် ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိမယ်ဆိုရင် ပန်းတိုင်ကို ရောက်ကို ရောက်ပါတယ်။ ဒီစာအုပ်လေးမှာလည်း မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့တဲ့ လူငယ်တစ်ဦးအကြောင်း ဖတ်ရှုရမှာပါ။
မျှော်လင့်ချက်နဲ့ အစပျိုးခဲ့တဲ့ ခရီးစဉ်တို့ဟာ အမြဲတစေတိုင်းတော့ မချောမွေ့ပါဘူး။ တတိယနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို ထွက်လာခဲ့တဲ့ ‘ကိုထက်ပိုင်’တို့ လူစုဟာ ပန်းတိုင်မရောက်ခင် လမ်းတစ်ထောက်နေရာဖြစ်တဲ့ ထိုင်းမှာ အခက်အခဲ၊ အဆုံးအရှုံးတွေ များစွာကို ကြုံတွေ့ရတယ်။ အောင်မြင်လိုသူတို့ရဲ့ အိပ်မက်အတိုင်း တိုင်းတစ်ပါးမှာ ကြိုးစားငွေရှာဖို့ စီစဉ်ခဲ့ပေမယ့်လည်း လမ်းခရီးအဆုံးမရောက်ခင်မှာတင် မထင်မှတ်တဲ့ အခက်အခဲတွေနဲ့ ကြုံရတယ်ဆိုတာ ဆရာမြစ်ကျိုးအင်း ရဲ့ ပင်လယ်ဆီသို့ မှာ ဖတ်ရှုရပါမယ်။
ထက်ပိုင် အပါအဝင် ကိုဝင်းမော်၊ ကိုစိုးဝင်း၊ ရဲလေး၊ မင်းမင်း၊ စည်သူတို့ဟာ မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့ကြပါတယ်။ သူတို့ ကြိုမတွက်ထားမိတာက ပင်လယ်မရောက်ခင် လမ်းခရီးမှာ မြစ်ကွေ့တွေလို အခက်အခဲမျိုးစုံကို ကြုံရတော့တာပါပဲ။
ဆရာမြစ်ကျိုးအင်းဟာ #မျှော်လင့်ခြင်းကို မျှားတဲ့ညနေ (ဝတ္ထုတိုပေါင်းချုပ်) စာအုပ်နဲ့ အမျိုးသားစာပေဆုကို ဆွတ်ခူးထားသူဖြစ်ပြီး ၎င်းစာအုပ်ဟာ အကြိမ်ကြိမ် ရိုက်နှိပ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ #ပင်လယ်ဆီသို့ ဆိုတဲ့စာအုပ်လေးဟာ ဆရာမြစ်ကျိုးအင်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည်ဖြစ်ပြီး ဒီစာအုပ်က ဆရာ့ရဲ့ ပြေပြစ်တဲ့ အရေးအသား၊ ပီပြင်တဲ့ ဇာတ်ကောင်စရိုက်၊ ဖတ်နေရင်း ဟာခနဲ ဖြစ်သွားစေမယ့် ဇာတ်လမ်းဇာတ်ကွက် တည်ဆောက်မှုတို့က ပရိသတ်တို့ကို အကြိုက်တွေ့ဖို့ သေချာပါတယ်။
Ks 5,000ပင်လယ်ဆီသို့
Ks 5,000 -
အရူးထောင်မှာ ဆယ်ရက်တာ
ဟိန်းလတ်ကျွန်တော်တို့ လူသားတွဟော ဘဝရဲ့ စိန်ခေါ်မှုကို အမြဲ လက်ခံကြရတယ် ။
တချို့ စိန်ခေါ်မှုက သိပ်မကြမ်းတမ်းဘူး ။ တချို့ စိန်ခေါ်မှုကတော့ ကြမ်းတမ်းလွန်းအားကြီးတယ် ။ စိန်ခေါ်မှုတွကေို ရင်မဆိုင်နိုင်ဘဲ ကျရှူံး သွားသူတွေ ရှိသလို ဖြတ်ကျော်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်တွလေည်း အထင်အရှား ရှိခဲ့တယ် ။ ဘယ်သူလဲဆိုတော့ အမေရိကန် စာရေးဆရာမ နယ်လီဘလိုင်း (၁၈၆၄_၁၉၂၂) ပါ။
သူမဟာ ဘယ်လို စိန်ခေါ်မှုကို လက်ခံခဲ့သလဲ ။ အရူးထောင်မှာ ဆယ်ရက်တာ ကြာအောင် အရူးတွေနဲ့အတူ ရောပြီး နေထိုင်ဖို့ပဲ ။ ပြီးရင် သူမ အတွေ့အကြုံတွေကို စာပြန်ရေးပြရမယ်တဲ့။ ကမ္ဘာ့သတင်းစာတိုက်က တောင်းဆိုခဲ့တာပါ။
သူတို့ ပစ်မှတ်ထားတဲ့ အရူးထောင်က နယူးယောက်မြို့ မှာရှိတဲ့ ဘလက်ဝဲလ်ကျွန်းက အရူးထောင်။ နယ်လီဘလိုင်း အတွက် ပထမဆုံးသော အခက်အခဲ က သူ့ကို ရူးနတေယ်လို့ ထင်အောင် နေပြပြီး အဲဒီ ဘလက်ဝဲလ်ကျွန်း အရူးထောင်ကို ပို့ဖို့ အရူး ဟန်ဆောင်ရတာပဲ။ စကတည်းက ယဉ်သကို ဆိုသလိုပဲ လူကောင်းစင်စစ် ကနေ အရူးဖြစ်အောင် သူမ လုပ်ပြရတာနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတယ်။
ဒီဘက်ခေတ်မှာ စိတ္တဇဝဒေနာရှင် ၊ စိတ်ကျန်းမာရေး ချိူ့တဲ့သူ စသည်ဖြင့် ခေါ်ကြပေမဲ့ အရူး လို့ပဲ သာမန်လူတွေက ခေါ်ကြတုန်းပါပဲ။ ရပ်ကွက်ထဲမှာ တစ်ဦးချင်းတွေ့ရတဲ အရူးတွေကို လူတွေ မကြောက်ကြပေမဲ့ အရူးထောင်ထဲမှာ အရူးတွေနဲ့အတူသွားပြီး ခဏတာ နေရမှာကိုတော့ တော်ရုံ ပုံမှန်စိတ် ရှိတဲ့သူတွေ လုပ်ရဲကြာမှာ မဟုတ်ဘူး။ တော်ရုံ သတ္တိ ရှိရုံနဲ့လည်း မဖြစ်နိုင်ဘူး။ တော်တော်ကြီးကို စိတ်ဓာတ် ကြံ့ခိုင်တဲ့သူမှ ဖြစ်မှာကိုး။
စာရေးဆရာမ နယ်လီဘလိုင်းဟာ အရူးထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ရူးနသေူတွေ ၊ ယဉ်ယဉ်လေး ရူးနေသူတွေကို လေ့လာခွင့်ရခဲ့တယ်။ လူချင်း အတူတူ ဘယ်အရာတွေက သူတို့ကို ရူးသွပ်စေရသလဲ ဆိုတဲ့ အချက်ကို သူမ လေ့လာခဲ့တယ်။
တကယ် ရူးသွပ်နေကြသူတွေရဲ့ ကြားမှာ နေရတဲ့အပြင် အရူးထောင်က ဆရာဝန် ၊ သူနာပြု နဲ့ ထောင်ဝန်ထမ်းတွေက စိတ်ဝေဒနာရှင်တွေကို ဘယ်လို ဆိုးဆိုးဝါးဝါး ဆက်ဆံသလဲ ဆိုတာ စောင့်ကြည့်လေ့လာခဲ့တယ် ။ အရူးထောင် အဆောက်အဉီ ရဲ့ အားနည်းချက်တွေပါသိလာရပြီး အပြင်ပြန်အရောက်မှာ #အရူးထောင်မှာ ဆယ်ရက်တာ ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။
တကယ်ဆိုရင် အရူးထောင်မှာ နေကြတဲ့ လူနာတွေ အတွက် နေ့တာဟာ ပိုရှည်သလို ညတာလည်းရှည်လျား လှပါတယ်။
ဒီစာအုပ်ရဲ့ အကျိုးဆက်ကြောင့်အလှူရှင်တွေ ၊ အာဏာပိုင်တွကေ အရူးထောင်တွေ အတွက် လိုအပ်ချက်တွေကို မမေ့မလျော့ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်လာကြပါတယ် ။ နယ်လီဘလိုင်း စွန့်စားရကျိုး နပ်ခဲ့တယ် ဆိုရမှာပေါ့။
နယ်လီဘလိုင်း ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့တဲ့ အရူးတွေကြားက ဆယ်ရက်တာ နေထိုင်ခြင်းအကြောင်းကို ရင်တမမ နဲ့ ဖတ်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။
Ks 3,500အရူးထောင်မှာ ဆယ်ရက်တာ
Ks 3,500 -
နာဂိုဒေး မိုင်ဒူဂူရီ
မယ်ကျွိအာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။
မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။
အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။
Ks 3,500နာဂိုဒေး မိုင်ဒူဂူရီ
Ks 3,500 -
အရှက်သည်းသည်း
ကိုပေါက် (မန္တလေး)“ရှက်ဖူးကြသလား …”
မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။
အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။
“စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
“ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
“မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။
“ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။
Ks 3,500အရှက်သည်းသည်း
Ks 3,500 -
ရေမွှေး
လင်းခန့်ယဉ်ကျေးမှုရှိတယ်၊ အဆင့်အတန်းရှိတယ်ဆိုတဲ့ လောကကြီးမှာ “ရေမွှေး” ဟာ မပါမဖြစ်ပဲ။ ဈေးနှုန်း အသင့်အတင့်ရှိတဲ့ နှင်းဆီ၊ စံပယ်၊ သနပ်ခါးရနံ့ ရေမွှေးတွေရှိသလို၊ ဈေးကြီးတဲ့ ရေမွှေးတွေကို နာမည်ကြီး ဧည့်ခံပွဲတွေမှာ အပြိုင်အဆိုင် ဆွတ်ဖျန်းကြပါတယ်။ ကိုယ့်အနား ရောက်လာတဲ့ သူတွေကို စိတ်ပျက်စရာ အနံ့ဆိုး မရစေချင်ကြဘူးလေ။
ရေမွှေးကို စတင်တွေ့ရှိခြင်းဟာ ဂရိလူမျိုးတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ စပျစ်သီးကနေ ဝိုင်အရက် ဖြစ်လာပုံ၊ ဂရိလူမျိုးတို့ ဖေါ်ထုတ်ခဲ့တဲ့ ဂျီသြမေတြီပညာ တို့လိုပဲ လူသားမျိုးနွယ်အတွက် အကြီးမြတ်ဆုံး အောင်မြင်မှု တစ်ခုဖြစ်တယ်။ အဲဒီလို ရေမွှေးတွေထဲကမှ လူရဲ့ စိတ်နှလုံးကို တစ်ခါတည်း သိမ်းကျုံး ယူငင်သွားနိုင်တဲ့ ရေမွှေး တစ်မျိုးကို ဖော်စပ်ဖို့ အနံ့ပညာရှင် တစ်ယောက်က ကြိုးစားနေတယ်ဆိုရင် ယုံနိုင်ပါ့မလား။
သူကတော့ ၁၈ရာစုနှစ်၊ ပြင်သစ်ပြည်၊ ပဲရစ်မြို့ ငါးစိမ်းသည် အမေက မလိုဘဲ မွေးလာတဲ့သူ၊ နို့ထိမ်း အမျိုးသမီးတွေရဲ့ မေတ္တာကို မရရှိခဲ့သူ ဂန်နွီ ပါပဲ။ သားရေနယ် အလုပ်သမားအဖြစ် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ရပြီး နောက်တော့ ဂန်နွီက ရနံ့တို့ရဲ့ ဖန်ဆင်းရှင် တစ်ယောက်လည်း ဖြစ်လာပါတယ်။
နူးညံ့သော၊ အစွမ်းထက်သော၊ တည်ငြိမ်သော၊ ခံစားချက် အမျိုးမျိုး ပေးစွမ်းနိုင်သော၊ စိတ်အာရုံကို ကိုင်လှုပ်နိုင်သော၊ ငြင်းရက်စရာမရှိသည့် အလှတရားတို့ဖြင့် ထုံမွမ်းနေသော ရေမွှေးနံ့တစ်ခုကို ဂန်နွီဟာ ကောင်းကောင်းကြီး ဖန်တီးနိုင်ပါတယ်။ဂန်နွီရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ဟာ အရာအားလုံးရဲ့ အနံ့ကို ပိုင်ဆိုင်လိုခြင်းနှင့် အနံ့အသစ်များကို ဖန်တီးလိုခြင်းပင် ဖြစ်ပါတယ်။ မကောင်းမှုများ၊ အလှတရားများကို မမြင်ချင်ရင် မျက်စိမှိတ်ထားနိုင်၏။ အမင်္ဂလာ စကားများ၊ ဂီတသံစဉ်များကို မကြားလိုလျှင် နားပိတ်ထားလို့ ရသေးတယ်။ အနံ့ ကိုတော့ မရှူလို့မရ။ အသက်ရှူသည်နှင့် အနံ့ပါ ရောယှက်ပါသွားသည် မဟုတ်လား။
အဲဒီ လျှို့ဝှက်ချက်ကို သိသွားတာနဲ့ အနံ့ပညာရှင် ဂန်နွီဟာ ကြီးကျယ် ခမ်းနားတဲ့ ရေမွှေးတစ်မျိုး ကို ဖေါ်စပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ရေမွှေး အနံ့ကို ရလိုက်တဲ့ လူသားတစ်ယောက်ဟာ အသိတွေ၊ သတိတွေ လွတ်သွားမယ်။ အဲဒီ ရနံ့က နှလုံးသားထဲ တိုက်ရိုက် ရောက်ပြီး အချစ်၊ အမုန်း၊ အလိုရမ္မက်၊ စက်ဆုပ်ခြင်း၊ ဂရုဏာ၊ ဒေါသ စတဲ့ အကောင်း အဆိုး ခံစားမှုတွေကို သူ လိုရာ ထိန်းချုပ်နိုင်အောင် အစွမ်းထက်မယ်ဆိုပဲ။
ရှာမှရှားတဲ့ အနံ့ပညာရှင် ဂန်နွီ လိုချင်တဲ့ ရေမွှေး ဖေါ်စပ်လို့ ရသွားမလား။ သူ့ရဲ့ ရေမွှေး ကုန်ကြမ်းက ဘာဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ မူရင်းစာအုပ်ကို ၁၉၈၅ ခုနှစ် ဂျာမဏီမှာ ထုတ်ဝေခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွင်း ရောင်းအား အကောင်းဆုံး ဂျာမန်စာအုပ်ထဲမှ တစ်အုပ် ဖြစ်ခဲ့တယ်။ အင်္ဂလိပ် ဘာသာပြန်ကိုတော့ ၁၉၈၇ မှာ ထုတ်ဝေခဲ့ပါတယ်။ ဘာသာပေါင်း ၄၉ မျိုး ပြန်ဆိုခဲ့ကြပါတယ် ။ ရုပ်ရှင်အဖြစ် ၂၀ဝ၆ မှာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်
Ks 6,000ရေမွှေး
Ks 6,000 -
ဖောရက်စ်ဂမ့်
လင်းခန့်Forrest Gump ဆိုရင် . .. အော်စကာဆုတွေ အများကြီး ရထားတဲ့ မင်သားကြီး Tom Hank ပါတဲ့ ဇာတ်ကားကို သတိရသွားမှာ သေချာတယ် ။ IMDB rating တော်တော် မြင့်မြင့် ရထားတဲ့ ဒီဇာတ်လမ်းကို တော်တော်များများလည်း ကြည့်ဖူးကြမှာပါ ။ ဒီတော့ ဇာတ်လမ်း အစအဆုံး သိပြီးသား စာအုပ်ကြီးပါလို့ ထင်နေရင်တော့ လွဲနိုင်ပါတယ်ဗျ ။၁၉၈၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒီဝတ္ထု က ပထမတော့ Best Seller ဝတ္ထု တစ်ပုဒ် မဖြစ်ခဲ့ဘူး ။
၁၉၉၄ ကျတော့မှ ဖောရက်စ်ဂမ့် နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ပြီး အောင်မြင်သွားတယ် ။ အောင်မြင်တဲ့ ရုပ်ရှင်ကား ကြောင့် မူရင်းဝတ္ထု ဟာလည်း စောင်ရေ ၂သန်းကျော် ရောင်းခဲ့ရပြန်တယ် ။ကျွန်တော်တို့ နေ့စဉ် ဖြတ်သန်းနေရတဲ့ လောကကြီးထဲမှာ လူတိုင်းလိုလို တလွဲတချော် ဟာသ ဖြစ်ရပ်တွေကို ကြုံဖူးကြမှာပါ။
တလွဲတချော် ဖြစ်ရပ်တွေကို တမင်တကာ မရယ်ရယ်ရအောင် ရေးရင်တော့ ဖတ်လို့ မကောင်းဘူး ။ ဒါပေမဲ့ သူ့ကိုယ်သူ ထူးတဲ့ အရူးတစ်ယောက်လို့ထင်နေတဲ့ ဖောရက်စ်ဂမ့်ရဲ့ လုပ်ရပ်တွေဟာ ရယ်မောစရာ သဘာဝကျကျ အလွဲတွေ ဖြစ်နေတတ်တယ် ။ သူကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိဘူးဆိုပဲ ။ဖောရက်စ်ဂမ့်ရုပ်ရှင်ဟာ ဝတ္ထု ရဲ့ သုံးပုံ တစ်ပုံကိုပဲ တင်ပြနိုင်ခဲ့ပါတယ်။ မူရင်းဝတ္ထု ထဲက ဖောရက်စ်ဂမ့်ဟာ သူ့ကိုယ်သူ အရူးလို့ သူ လက်ခံထားတယ် ။ အဲဒီ အရူးက လူကောင်းတွေထက် တစ်မူးသာ နေတာပဲ ရှိတယ်။ သူက ဉာဏ်ရည်မြင့်တဲ့ သင်္ချာပညာရှင် အရူးတစ်ယောက်ပဲ။ လူပျိုပေါက် ဖြစ်စမှာပဲ အရပ်က ၆ပေ ကျော်နေပြီ ။
ဖောရက်စ်ဂမ့်အရူးကျောင်းလို့ သူ့ဘာသာ နာမည်ပေးထားတဲ့ ကျောင်းမှာ နှစ်အနည်းငယ် တက်ခဲ့တယ် ။ နောက်တော့ အမေရိကန် ဖွတ်ဘော ကစားရင်း ကျောင်းတက်ဖို့ သူ့ကို ကောလိပ်ကျောင်း တစ်ခုက လာခေါ်သွားတယ် ။ အမေရိကန် – ဗီယက်နမ် စစ်ပွဲဖြစ်တော့ စစ်တပ်ထဲဝင်ရပြီး ဗီယက်နမ် ရောက်သွားရော ။ *အမေရိကန် ဖွတ်ဘော ကစားသမားတွေ ထဲမှာ အပြေးအသန်ဆုံး …
*ဗီယက်နမ်စစ်ပွဲမှာ ဒဏ်ရာရ စစ်သား အများအပြား ကို ကယ်တင်နိုင်ခဲ့သူ …
*အမေရိကန် သမ္မတ နှစ်ဆက်တိုင်တိုင် အိမ်ဖြူတော်ကို ဖိတ်ခေါ် ဂုဏ်ပြုခြင်းကို.ခံရသူ …
* NASA က သက်ရှိ ကွန်ပျူတာ လို့ ဖောရက်စ် ကို တင်စားပြီး ပထမဆုံး အမျိုးသမီး အာကာသယဉ်မှူး နဲ့ အော်ရန်ဂူတန် မျောက်ဝံတစ်ကောင် ကိုပါ ထည့်ပေးပြီး အင်္ဂါဂြိုဟ် ပေါ် စေလွှတ်ခြင်း ခံရသူ …* လူသားစား လူရိုင်းတွေ ကြားထဲ အသက်ရှင်သန်အောင် ကြိုးစားခဲ့သူ …
* ဟောလီးဝုဒ် မင်းသမီးချော ရေခဲလ်ဝစ်ချ် နဲ့ အတူ သရုပ်ဆောင်လိုက်သေး …
*အမေရိကန် နပန်းသမား တစ်ယောက် အဖြစ်လည်း သူ ကျင်လည်ခဲ့ရတယ် …
* ပုဇွန်တွေကို ဖမ်းပြီး စီးပွားဖြစ် ရောင်းချနိုင်တဲ့ အရူးတစ်ယောက် …
အဲဒီလို စွန့်စားခန်းတွေ အပြင် ဖောရက်စ်ဂမ့် ရဲ့ သဘာဝကျကျ တလွဲတချော် ဟာသတွေ ကိုလည်း ဖတ်ရှုရမှာပါ။
ထူးထူးဆန်းဆန်း နဲ့ ကမောက်ကမ ဖြစ်ရပ်တွေထဲမှာ ထိပ်တန်း ဆိုတဲ့ ဇာတ်လမ်းမျိုး ကြုံတွေကြဖို့ ဖောရက်စ်ဂမ့် နဲ့ အတူ စွန့်စား ကြည့်ကြစို့လား ။ Forest Gump မူရင်း စာရေးဆရာ Winston Groom က အမေရိကန် လူမျိုးတွေရဲ့ စရိုက်နဲ့ နိုင်ငံရေး ခံယူချက်တွေကို လှောင်ပြောင် သရော်တဲ့ အနေနဲ့ ရေးထားတဲ့ ” ဖောရက်စ်ဂမ့် ” ဟာ ဝတ္ထုကောင်း တစ်ပုဒ် ဆိုတာထက် ပိုပါတယ် ခင်ဗျာ ။
Ks 4,500ဖောရက်စ်ဂမ့်
Ks 4,500 -
ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ
လင်းခန့်သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားရင် ဒီဇာတ်လမ်းလေး ကောင်းလိုက်တာ .. သိပ်ဖတ်လို့ကောင်းတာပဲ … စသဖြင့် တွေးမိကြမယ့်သူတွေရှိနိုင်သလို “ဒီဇာတ်လမ်းရဲ့ အဆက်များ ရှိရင်လည်း သိပ်ကောင်းဦးမှာပဲ” လို့ အချို့တွေ တွေးမိကြမယ် ထင်ပါတယ်။
ဟုတ်ကဲ့ပါ … ဒီစာအုပ်က မူရင်းမှာ ကမ္ဘာကျော်ရုပ်ရှင်အဖြစ်ရော စာအုပ်အဖြစ်ပါ အောင်မြင်သလို ဘာသာပြန်အနေနဲ့ မြန်မာပြည်မှာ လူကြိုက်များခဲ့တဲ့ ‘ဖောရက်စ်ဂမ့်’ ရဲ့ အဆက်လို့ ဆိုရမယ့် စာအုပ်ပါ။ ဖောရက်စ်ဂမ့် အမှတ် ၂ လို့ဆိုရမယ့် ‘ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ’ မှာ စစချင်း ဂမ့်က ဘာပြောထားလဲဆို “လူမှန်ရင် အမှားမကင်းဘူးလို့ ဆိုကြတယ်။ ဒါကြောင့်ပဲ ခဲတံမှာ ခဲဖျက်တပ်ပေးထားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်စကားကို သေချာမှတ်ထားဗျာ။ ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှ ရုပ်ရှင်ရိုက်ခွင့် မပေးလိုက်နဲ့” တဲ့။
ဒီစာအုပ် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ မှာ ဘယ်နေရာကနေ ဇာတ်ကို စဖွင့်ထားလဲဆို နယူးအော်လင်း တောင်ပိုင်းက အဖော်အချွတ်ကလပ်တစ်ခုမှာ ဖောရက်စ်ဂမ့် တစ်ယောက် ကလပ် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်နေတာက စပြီး ဖတ်ရှုရလိမ့်မယ်။ ဖြစ်ပုံက သူပိုင်ဆိုင်တဲ့ ပုစွန်ကုမ္ပဏီကြီး အရှုံးပေါ်တယ်ဆိုတာက စလို့ပဲပေါ့။ သန်းကြွယ်သူဌေး ဖောရက်စ်ဂမ့် ကုမ္ပဏီအရှုံးပေါ်တာကနေ အခြေအနေတွေအမျိုးမျိုးကြောင့် ဒေဝါလီခံရတဲ့အထိ ဖြစ်တော့ လေလွင့်ရာကနေ ကလပ်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကြမ်းတိုက်ရတဲ့ဘဝရောက်ရော … ။ ဒါပေမဲ့ ဖောရက်စ်ဂမ့်သည် ဖောရက်စ်ဂမ့်ပါပဲ။ သူအလုပ်လုပ်တဲ့ ကလပ်မှာ ရန်ပွဲတစ်ခု အကြောင်းပြုပြီး သူ့မိတ်ဆွေ စနိပ်နဲ့ ဆုံရာကနေ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ ဖြစ်လာခဲ့တယ်။ စနိပ်က နယူးအော်လင်းစိန့်အဖွဲ့မှာ တိုက်စစ်မှူး။ သူက စိန့်မှာ ဖောရက်စ်ကို ဘောလုံးကစားဖို့ ဖိတ်ခေါ်တယ်။ ဒီလိုနဲ့ ဗိုလ်လုပွဲမှာ ရှုံးပြီးနောက်ပိုင်း ဘောလုံးမကစားတဲ့ ဖောရက်စ်တစ်ယောက် စိန့်မှာ ဘောလုံးဖမ်းရင်း Touchdown တစ်ခါရတိုင်း ဒေါ်လာတစ်သောင်း ဘောနပ်စ်ရတာမျိုး စပြီး အောင်မြင်လာတယ်။ အောင်မြင်မှုနဲ့ အတူ ဇနီးဟောင်း ဂျန်နီနဲ့ လက်ရှိ သူမရဲ့ အမျိုးသား ဆုံးသွားတာတွေ ကြုံရတယ်။ ဘောလုံးသမားဘဝ အောင်မြင်စ ပြုကာစမှာပဲ အခြေအနေတစ်ခုကြောင့် ပရော်ဖက်ရှင်နယ် ဘောသမားနေ့ရက်တွေ ကုန်ဆုံးခဲ့ရာက အလုပ်သစ် အရောင်းမြင့်တင်ရေးကိုယ်စားလှယ်အလုပ် ထပ်ရပြန်တယ်။
1986 မှာ ထွက်ရှိခဲ့ ဖောရက်စ်ဂမ့် ဝတ္ထုရဲ့အဆက် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများက 1995 မှာ ထွက်ရှိခဲ့ပြီး ပထမဇာတ်လမ်းရဲ့ အရှိန်အဝါကြောင့် အဆက်က ကောင်းပါ့မလားဆိုတဲ့ မေးခွန်းတွေကို Winston Groom ရဲ့ အရေးအသားနဲ့ အမိုက်စား အတွေးအခေါ် ဇာတ်ကွက်ဖန်တီးမှုတွေက ချေဖျက်ပြနိုင်ခဲ့ပါတယ်။
“Winston Groom ရဲ့ နောက်ထပ်ခမ်းနားတဲ့ဝတ္ထု။ ဖတ်ရကျိုးနပ်ပါတယ်”
“ဒီစာအုပ်က နောက်ဆုံးအခိုက်အတန့်မှာ သိပ်ခံစားရတယ်” ဆိုတဲ့ Review မျိုးတွေ ရရှိခဲ့ပါတယ်။ ဘာသာပြန်တဲ့ ဆရာလင်းခန့်ကလည်း ပထမအုပ်ဖြစ်တဲ့ ဖောရက်စ်ဂမ့်ကို ဘာသာပြန်ထားသူဖြစ်တာကြောင့် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများဟာ ဖောရက်စ်ဂမ့် ပရိသတ်တွေသာမက ဘာသာပြန်စာပေနှစ်ခြိုက်သူတို့ လက်မလွတ်တမ်း ဖတ်ရှုရမယ့် စာအုပ်တစ်ဖြစ်ပါတယ်။Ks 4,500ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ
Ks 4,500 -
ချက်ကော့ဝတ္ထုတိုပေါင်းချုပ်
ကျော်အောင်Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။
ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။ နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။
ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။
ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။
Ks 5,000ချက်ကော့ဝတ္ထုတိုပေါင်းချုပ်
Ks 5,000 -
သက်ငြိမ်ည (ရသဝတ္ထုတိုများ)
အေထူးအောင် (အဏ္ဏဝါ)ရွှေအမြုတေဟာ ရသ အနုပညာ စာပေလက်ရာများကို အဓိက ဦးစားပေးဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး ထူးချွန်လှတဲ့ ရွှေအယ်ဒီတာအဖွဲ့ရဲ့ ရပ်တည်ချက်၊ သဘောထား၊ အကဲဖြတ်ချက်တို့ကြောင့် ရွှေအမြုတေက စာမူဆိုရင် ဖတ်သူတို့က ‘ဖတ်ကောင်းတယ်’ လို့ ယုံကြည်ကြတဲ့အထိ အောင်မြင်ခဲ့တာပါ။ ဖတ်သူရဲ့ အတွေးမှာ တစ်ခုခုကျန်ရစ်စေတဲ့ စာမူမှ ရွှေအမြုတေမှာ ဖော်ပြခံရတဲ့အတွက် ရွှေက စာရေးသူတို့ဟာ ဝမ်းစာပြည့်ဝတဲ့ စာရေးဆရာတွေ ဖြစ်တယ်ဆိုတာ ယုံမှားစရာ မလိုပါဘူး။
အေထူးအောင် (အဏ္ဏဝါ) ဟာ အခြေခံပညာ အထက်တန်းအဆင့် ပညာသင်နေဆဲ ကာလမှာပင် မြတ်မင်္ဂလာ မဂ္ဂဇင်းမှာ ပါဝင် ကလောင်သွေးခဲ့သူပါ။ ဒီကနေ တစ်ဆင့် တက္ကသိုလ် တက်နေစဉ်ကာလမှာ စာပေမြှင့်တင် လူ့စွမ်းအင် စာရေးစာဖတ်ပြိုင်ပွဲဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ စာပေနယ်ကို ခြေလှမ်းမှန်မှန် တစ်လှမ်းချင်း တိုးတိုးဝင်လာခဲ့တဲ့ အေထူးအောင် (အဏ္ဏဝါ) ဟာ စာပေဝမ်းစာ ပြည့်ဝလာပြီလို့ ယုံကြည်ခဲ့တဲ့အလျောက် ရသစာပေ မှတ်ကျောက်တင် နေရပ်တစ်ခုဖြစ်တဲ့ ရွှေအမြုတေကို စာမူများ ပို့ခဲ့ရာ ပတ်သက်ခြင်း ဝတ္ထုတိုနဲ့ စပြီး ရွှေရဲ့ ကလောင်ရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်းတွေထက်က ဝတ္ထုတိုများနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အေထူးအောင်ဟာ မဟာစာပေက ၂၀၂၀ ဇူလိုင်မှာ ထုတ်ဝေခဲ့တဲ့ အချစ်ရယ် ပြယ်တစ်လွင့် လုံးချင်းဝတ္ထုနဲ့ စာသမားတို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ယခု အေထူးအောင် (အဏ္ဏဝါ) ရဲ့ သက်ငြိမ်ည နှင့် မဂ္ဂဇင်း ဝတ္ထုတိုများ မှာ စာရေးသူရဲ့ ဝတ္ထုတို လက်ရာကောင်း ၁၆ ပုဒ်ကို စာဖတ်ပရိသတ်တို့ဆီ ပို့ဆောင်လိုက်ပါတယ်။ အေထူးအောင် (အဏ္ဏဝါ) ဟာ သင်္ဘောအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သော်လည်း ပင်လယ်ပြင်ထက်က စာစု အရေးအသားများကိုသာ ဒီစာအုပ်မှာ မြင်တွေ့ရမှာ မဟုတ်ဘဲ နယ်ပယ်စုံ၊ လူတန်းစားပေါင်းစုံရဲ့ ဇာတ်လမ်းအဖုံဖုံကို တရှိုက်မက်မက် ဖတ်ရှုရမှာပါ။ ယိုင်နဲ့နဲ့ တဲအိမ်လေးက ဦးသန်းမြ၊ မိဘနှစ်ပါး ကွယ်လွန်သွားပြီးတဲ့ ကလေးငယ်၊ တပည့်တစ်ဦးနဲ့ ဆရာတစ်ဦးကြားက အဖြစ်အပျက်၊ ပထွေးနဲ့ မထင်မှတ်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ရသူ မေ၊ ရွာတစ်ရွာက ငွေတိုးချေးစားသူ လုံးမေ အပါအဝင် လူ့ဘုံဇာတ်ခုံက ဇာတ်လမ်းမျိုးစုံကို ဝမ်းစာပြည့်ဝသည့် ကလောင်မှ ရေးချယ်လိုက်ရာမှာ ဖတ်ရှုသူတို့ နှစ်သက်ကြတဲ့ ဝတ္ထုဇာတ်လမ်းများ ဖြစ်လာပါတော့တယ်။
Ks 5,000သက်ငြိမ်ည (ရသဝတ္ထုတိုများ)
Ks 5,000 -
အချစ်ရယ် ပြယ်တလွင့်
အေထူးအောင် (အဏ္ဏဝါ)ချစ်သူ နှစ်ယောက် တွေ့ဆုံကြခြင်းဟာ ရေစက်လို့ ပြောရင် ခွဲခွာကြတယ် ဆိုရင်ရော ဘာလို့ပြောရမလဲ ။
တချို့သော အတွေ့အကြုံတွေက တသက်လုံး မှတ်မိနေတတ်တာမျိုး။ အထူးသဖြင့် ကျောင်းသားဘဝပေါ့။ ပန်းကလေးတွေဟာ သဘာဝလောကကြီးမှာ ကျောင်းတက်သလိုမျိုး၊ အခု ဒီ ဇာတ်လမ်းထဲက ရေကြောင်းတက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရန်ထက်ကျော် ဆိုတဲ့ ကျောင်းသားလေးနဲ့ သဲပွင့်မေ ဆိုတဲ့ ကျောင်းသူလေးတို့ရဲ့ အဖြစ်အပျက်တွေ။
အချစ်ရှိရာ ကောင်းကင်ပြာ၌
တိမ်လွှာနှစ်မျှင် ချစ်ငင်ကြသည်
သွင်သွင် စီးမျောနေကြသည်…
လေနှင်အလာ ထိုတိမ်လွှာတို့
နှစ်မြွှာကွဲပြတ် ခွဲထွက်ကြသည်
သက်သက် ဝေးလွင့် ကုန်ကြသည်..
တဲ့ …နူးညံ့တဲ့ အရေးအသား၊ လှပတဲ့ အဖွဲ့အနွဲ့တွေနဲ့ ပုံဖော်ထားတဲ့ ဒီ ဇာတ်လမ်းက စာဖတ်သူကို တက္ကသိုလ် ကျောင်းတော်သားဘဝကို ပြန်ရောက်စေမှာ ဖြစ်ပါတယ်။
ရေကြောင်းတက္ကသိုလ် ကျောင်းသားလေးနဲ့ မန္တလေးတက္ကသိုလ် ကျောင်းသူတစ်ဦးတို့ရဲ့ ကြည်နူးလွမ်းမောစရာ ဇာတ်လမ်းလေးတစ်ပုဒ်။ လွမ်းမောရခြင်းတွေထဲမှာ တက္ကသိုလ် ကျောင်းသားဘဝကို လွမ်းတမ်းတခြင်းဟာ ကြည်နူးစရာ အကောင်းဆုံး ပါပဲ ။
Ks 4,000အချစ်ရယ် ပြယ်တလွင့်
Ks 4,000













