ခတ္တာခင် – အတိတ်စိုက်ခင်း

အတိတ်စိုက်ခင်းဆိုတဲ့ အတိုင်း အတိတ်က စိုက်ခင်းကြီးတစ်ခု အကြောင်းပဲ ဖြစ်ပါတယ်။
ငါးအုပ်မြောက်ပေမယ့် အဦးအစလိုပဲ ခံစားရပါတယ်။ ရှေ့က ဝတ္ထုတွေနဲ့ မတူဘဲ ရသအသစ်တစ်ခု ခံစားရမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မ အမြဲ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။
“စာဖတ်သူတွေဆီ အသစ်တွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်” ဆိုတဲ့ စကားပါ။
ခတ္တာခင်ပုံစံ ဆိုတာမျိုးမဟုတ်ဘဲ ခတ္တာခင်က ဒီလိုတွေလည်း ရေးနိုင်ပါတယ် ဆိုတာမျိုး ကြားရဖို့ အမြဲ အားထုတ်ပါတယ်။
“အတိတ်စိုက်ခင်း” ဟာ သို့ကလို စကား ကြားရဖို့ လုံလောက်သလားဆိုတာ စာဖတ်သူတွေ ဆုံးဖြတ် ကြပါလိမ့်မယ်။
ကျွန်မကတော့ စာပေဝမ်းစာကို အမြဲတစေ ဖြည့်နေ ရသူပါ။ ပြည့်တယ်လို့ကို မခံစားရပါဘူး။
စာအုပ်လေး မှာယူချင်တယ်ဆိုရင် #မဟာစာပေ မှာ မှာယူနိုင်ပါတယ်ရှင်။ လက်မှတ်နဲ့ မှ ဆိုရင်တော့ စာအုပ်လက်မှတ် ထိုးတဲ့နေ့ထိ စောင့်ပေးကြ ဖို့ပြောချင်ပါတယ်။ မကြာတော့ပါဘူး။
ကျေးဇူးတင်ပါတယ်ရှင်။
ခတ္တာခင်