ဗီလိန်ဆရာ ချစ်ခိုင်စံနှင့် ခဏတာ

မဟာစာပေ ကနေ ပင်ကိုရေး ၂ အုပ်ထွက်ဖူးခဲ့တဲ့ ဆရာချစ်ခိုင်စံဟာ တကယ်တော့ စာရေးဆရာအသစ်စက်စက်တယောက်တာ့ မဟုတ်ခဲ့ပါဘူး။
ချစ်ခိုင်စံ ဆိုတဲ့ ကလောင်အမည်နဲ့ ရေးခဲ့တဲ့ ရွက်ခြောက် ဆိုတဲ့စာအုပ်လေးနဲ့ နေခြည်ဖြာ၍ လင်းစေသား ဆိုတာ စာအုပ်လေးကတော့ သူဖြတ်သန်းခဲ့ရာ ဘဝအတွေ့အကြုံလေးတွေကို အနီးကပ်လေ့လာပြီး ပင်ကိုရေး စာအုပ်အဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
မဟာစာပေမှာ ပထမဆုံးထွက်ရှိခဲ့တဲ့ ရွက်ခြောက်ဆိုတဲ့ စာအုပ်လေးကိုတော့ စာချစ်သူတွေ အရမ်းသတိမထားမိခဲ့ပေမဲ့ ဒုတိယ စာအုပ်လေးဖြစ်တဲ့ နေခြည်ဖြာ၍ လင်းစေသားဆိုတဲ့ စာအုပ်လေးကတော့ စာချစ်သူတွေ မှတ်မှတ်ထင်ထင် သတိထားမိခဲ့ပြီး မဟာစာပေတိုက်မှာတော့ ရောင်းကောင်းတဲ့ စာအုပ်စာရင်းကိုဝင်သွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လဲ ဆရာချစ်ခိုင်စံရဲ့ တတိယမြောက် ပင်ကိုရေး ဗီလိန် စာအုပ်လေးတအုပ် ထွက်ရှိကြောင်းကို စာဖတ်ပရိတ်သတ်တွေအတွက် သတင်းကောင်းပေးလိုက်ပါတယ်။