မင်းဝေဟင် – အခွံကလေးတွေနှင့် မဂ္ဂဇင်းဝတ္ထုတိုများ (တတိယကြိမ်)

ဆရာမင်းဝေဟင်ကို ခင်မင်ရင်းနှီးစွာဖြင့် ကိုမင်းလို့ပဲ ခေါ်ခွင့်ပြုပါ။ ကိုမင်းဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်း ရွှေအဖွဲ့ရဲ့ စာရေးဆရာတွေထဲမှာမှ လူချစ်လူခင် အများဆုံး။ လူပျိုကြီးကလည်းဖြစ်ပြန်။ မိတ်ဆွေကလည်း ပေါဆိုတော့ ဘာပြောကောင်းမလဲ။ သူ့စာအုပ် ထွက်ပြီဆိုတာနဲ့ ဝက်ဝက်ကွဲပဲ။
ထူးအိမ်သင်က ပြောဖူးတယ်။ သူ့ရဲ့ သီချင်းအယ်ဘမ် ၃ ချပ်ထွက်ပြီးချိန်မှာ သူ ပြန်ရလိုက်တာဆိုလို့ ၁၉လက်မ တီဗီတစ်လုံးပဲ ရှိတယ်တဲ့။ ကိုမင်းလည်း အဲ့လိုပဲ။ သူ့စာအုပ် ထွက်ပြီဆိုတာနဲ့ ဝက်ဝက်ကွဲ လက်ဆောင်ပေးရလို့ သူ့စာမူခဆိုတာ ထုတ်ဝေသူတွေလက်ထဲ ပြန်ရောက်သွားတာချည်းပဲ။ ရသမျှစာမူခကို ထုတ်ဝေသူဆီကနေ စာအုပ်တွေပြန်ဝယ်၊ ပြီးရင် သူ့မိတ်ဆွေတစ်သိုက်ကို စာအုပ် လက်ဆောင် ပြန်ပေးတတ်တဲ့လူကြီး။ နောက်ဆုံးတော့ သူ့လက်ထဲ သူ့စာအုပ်ကလွဲရင် ဘာတစ်ခုမှ မကျန်တတ်တဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော လူပျိုကြီး ကိုမင်းပါ။
အခုတော့ ကိုမင်းရဲ့ အခွံကလေးတွေ ဝတ္ထုတိုစာအုပ်ရဲ့ တတိယအကြိမ် ထုတ်ဖြစ်တဲ့အကြောင်းလေးကို စကားစမြည် ပြောထားကြတာပါ။ ကျနော်တို့ရဲ့ လူပျိုကြီး စာရေးဆရာကို ချစ်ခင်နှစ်သက်သောစိတ်ဖြင့် ကြည့်ရှုအားပေးကြပါအုံး။