“အပူသစ်နှင့် ရယ်ကြပါသည်” (ဝတ္ထုလတ်နှစ်ပုဒ်)


Featured Image

စာအုပ်သစ်လေးတွေ ထွက်လာပြီနော်။ မဟာစာပေရဲ့ စက်တင်ဘာလထုတ်အဖြစ် တစ်တိုက်တည်းကနေ တစ်လတည်းမှာ တစ်ပြိုင်တည်း အတူထွက်လာတဲ့ စာအုပ်နှစ်အုပ်ပါ။ နှစ်အုပ်စလုံးကို မကြာခင်ရက်ပိုင်းမှာ စပြီး ဖြန့်ချိပါတော့မယ်။
ကလောင်သစ်ပေမဲ့ ပရိသတ်ရှိပြီးသား ဖြစ်တဲ့ ဆရာမ “မဧကံ” ရဲ့ ပထမဆုံး ထုတ်ဝေမှု လုံးချင်းဝတ္ထု “ညီမလေး The Twin” ကလည်း လျှို့ဝှက်သည်းဖို ကြိုက်တဲ့ ကျွန်တော့်ကို ဖတ်ချင်မိအောင် ဆွဲဆောင်နေပြန်တယ်။ ခုက မဖတ်ရသေးလို့ ညွှန်းတော့ ညွှန်းမတတ်သေးဘူး။ ဖတ်ပြီးမှပဲပေါ့။
လောလောဆယ် ညွှန်းတတ်တာကတော့ ကိုယ့်စာအုပ် ကိုယ်ပေါ့။ “အပူသစ်နှင့် ရယ်ကြပါသည်” ကိုပဲပေါ့။ ဝါရင့်သမ္ဘာရင့် ကလောင်ရှင်ကြီးနဲ့ နုချောပျိုလွင် ကလောင်ရှင်လေးတို့ရဲ့ လက်ရာနှစ်မျိုး၊ ကာလဖြတ်သန်းမှု နှစ်မျိုး၊ ဇာတ်အိမ်နှစ်မျိုးနဲ့ ဝတ္ထုလတ်နှစ်ပုဒ်ကို စာတစ်အုပ်တည်းမှာ ဖတ်ရမှာပါပေါ့။
ပြောရဦးမယ်။ တစ်ခေတ်တစ်ခါက မြန်မာစာရေးဆရာ ကဗျာဆရာတွေထဲမှာ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)က ရုပ်​အချောဆုံးလို့ ဆိုကြပေမဲ့ အဲဒီနောက်ပိုင်းမှာ ရုပ်ချောတဲ့မျိုးဆက် ပြတ်သွားခဲ့တယ် ဆိုတာကိုလည်း အားလုံးအသိပဲ မဟုတ်လား။
ကံကောင်းတယ်လို့ ဆိုရမှာလားပဲ။ ဒီဘက် ဆယ်စုနှစ်တစ်ခုမှာတော့ (ကဗျာဆရာ စာရေးဆရာတွေများ တယ်ရုပ်ဆိုးကြတာပဲ လို့ အဝေဖန်ခံနေရတဲ့) မြန်မာစာပေလောကကို ပြန်အဖတ်ဆယ်ဖို့များ ဖြစ်လာသလားပဲ။
“ဘုရားသခင်က ကျုပ်ကို ကဗျာဆရာလုပ်ဖို့ ဟောဒီ ရုပ်နဲ့နာမ် ပေးခဲ့တာ” လို့ နှုတ်ခမ်းထောင့်စွန်း တစ်ဖက်ညွှတ်ရုံမျှ ဖွဖွအပြုံးနဲ့ မဲ့ပြုံးပြုံးပြီး ပြောတတ်တဲ့ ရုပ်ချောချော ကဗျာဆရာ စာရေးဆရာတစ်ယောက် ပေါ်လာတယ်။
မျက်ခုံး ထူထူ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း၊ ဖြောင့်စင်းတဲ့ နှာတံ၊ ပိရိသေသပ်တဲ့ နှုတ်ခမ်း၊ ခိုင်မာတဲ့ မေးရိုးမျက်နှာကျ၊ ယောက်ျားပီသတဲ့ မျက်နှာပေါက်၊ မခို့တရို့ ထီမထင်ဟန်အပြုံးနဲ့ ပြုံးတိုင်းမှာလည်း မထီမဲ့မြင်ဟန် တွန့်ကွေးသွားတတ်တဲ့ နှုတ်ခမ်းထောင့်စွန်းတစ်ဖက် 😉  စတဲ့ စတဲ့ ဝတ္ထုတွေထဲက, ဇာတ်လိုက်မင်းသားများလို ဟန်အမူရာ သဏ္ဌာန်သွင်ပြင်ရှိပြီး ချောမောခန့်ညားတယ်လို့ အများအသိမှတ်ပြုထားခြင်း ခံရတဲ့ ဒီဘက်ခေတ် စာရေးဆရာ ကဗျာဆရာ ဆိုသူကတော့ တခြားသူ မဟုတ်ပါဘူး။ ကျွန်တော်ပါပဲဲ 🤓
လေက ရှည်မိပြန်ပြီ 😁 မထူးတော့ပါဘူး၊ စာရှည်သွားပြီမို့ စာအုပ်အကြောင်းတော့ ညွှန်းမနေတော့ပါဘူး​။ ကိုယ့်ဘာသာ ဝယ်ဖတ်ပြီးမှပဲ ခံစားလိုက်တော့ပေါ့။ Bio မှာ ဓာတ်ပုံတစ်ပုံစီလည်း ထည့်ထားတာမို့ ခေတ်နှစ်ခေတ်ရဲ့ ရုပ်ချောတဲ့ စာရေးဆရာနှစ်ယောက် ရုပ်ရည်နဲ့တင် စာအုပ်က တန်နေပါပြီ။
စာမဖတ်ချင်ရင်တောင် bio မှာ ပါတဲ့ “ကိုကြီးဟိန်းဆက်သွင်” ရဲ့ နှုတ်ခမ်းထောင့်စွန်း တစ်ဖက်ညွှတ်ရုံ ထင်မထင်ဟန် မခိုးမခန့် ဖွဖွအပြုံးကိုမှ အမိအရရိုက်ထားတဲ့ ဓာတ်ပုံလေးကို တစိမ့်စိမ့် ကြည့်ခွင့်ရရုံ တစ်ခုတည်းနဲ့တင် စာအုပ်တန်ဖိုး ၄၀၀၀ က တန်နေပါပြီ။
ဒါပါပဲ … Pre Order တင်သင့်ပါပြီ 😊😇😊
“အပူသစ်နှင့် ရယ်ကြပါသည်” (ဝတ္ထုလတ်နှစ်ပုဒ်)
မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဟိန်းဆက်သွင်
*** *** ***
Website ကနေ Pre Order မှာသူတွေ အနေနဲ့ (26.9.2023) ရက်နေ့အထိ ပို့ဆောင်ခ အခမဲ့ အဖြစ် အကျူံးဝင်မှာ ဖြစ်ပါတယ်ခင်ဗျ။
www.maharsarpay.com မှာ ကြိုတင်အမှာများ မှာယူထားနိုင်ပါတယ်။ Website ကနေ မှာယူအားပေးသူများသာ ပို့ဆောင်ခ အခမဲ့ ရရှိနိုင်မှာပါ။
website မှတဆင့် Pre Order ပို့ဆောင်ခ အခမဲ့ မှာယူထားတဲ့ စာအုပ်တွေကို စာရေးဆရာများ လက်မှတ်ထိုးပြီးနောက် စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
*** *** ***

Main Menu