အချစ်ရယ် ပြယ်တလွင့်

အချစ်ရယ် ပြယ်တလွင့်

🖊 စာရေးဆရာ
📖 စာပေအမျိုးအစား
စာမြည်းဖတ်ရန် View PDF
🗒 စာမျက်နှာ 279
ပုံနှိပ်မှတ်တမ်း ပထမအကြိမ်
အရွယ်အစား 5.3 x 8.3
💸 တန်ဖိုး Ks 4,000
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384

In stock

ချစ်သူ နှစ်ယောက် တွေ့ဆုံကြခြင်းဟာ ရေစက်လို့ ပြောရင် ခွဲခွာကြတယ် ဆိုရင်ရော ဘာလို့ပြောရမလဲ ။

တချို့သော အတွေ့အကြုံတွေက တသက်လုံး မှတ်မိနေတတ်တာမျိုး။ အထူးသဖြင့် ကျောင်းသားဘဝပေါ့။ ပန်းကလေးတွေဟာ သဘာဝလောကကြီးမှာ ကျောင်းတက်သလိုမျိုး၊ အခု ဒီ ဇာတ်လမ်းထဲက ရေကြောင်းတက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရန်ထက်ကျော် ဆိုတဲ့ ကျောင်းသားလေးနဲ့ သဲပွင့်မေ ဆိုတဲ့ ကျောင်းသူလေးတို့ရဲ့ အဖြစ်အပျက်တွေ။

အချစ်ရှိရာ ကောင်းကင်ပြာ၌
တိမ်လွှာနှစ်မျှင် ချစ်ငင်ကြသည်
သွင်သွင် စီးမျောနေကြသည်…
လေနှင်အလာ ထိုတိမ်လွှာတို့
နှစ်မြွှာကွဲပြတ် ခွဲထွက်ကြသည်
သက်သက် ဝေးလွင့် ကုန်ကြသည်..
တဲ့ …

နူးညံ့တဲ့ အရေးအသား၊ လှပတဲ့ အဖွဲ့အနွဲ့တွေနဲ့ ပုံဖော်ထားတဲ့ ဒီ ဇာတ်လမ်းက စာဖတ်သူကို တက္ကသိုလ် ကျောင်းတော်သားဘဝကို ပြန်ရောက်စေမှာ ဖြစ်ပါတယ်။

ရေကြောင်းတက္ကသိုလ် ကျောင်းသားလေးနဲ့ မန္တလေးတက္ကသိုလ် ကျောင်းသူတစ်ဦးတို့ရဲ့ ကြည်နူးလွမ်းမောစရာ ဇာတ်လမ်းလေးတစ်ပုဒ်။ လွမ်းမောရခြင်းတွေထဲမှာ တက္ကသိုလ် ကျောင်းသားဘဝကို လွမ်းတမ်းတခြင်းဟာ ကြည်နူးစရာ အကောင်းဆုံး ပါပဲ ။

Main Menu

အချစ်ရယ် ပြယ်တလွင့်

အချစ်ရယ် ပြယ်တလွင့်

Ks 4,000

Add to Cart