လူပျိုအပျိုဖတ်စာ

လူပျိုအပျိုဖတ်စာ

🖊 စာရေးဆရာ
📖 စာပေအမျိုးအစား
စာမြည်းဖတ်ရန် View PDF
🗒 စာမျက်နှာ 127
ပုံနှိပ်မှတ်တမ်း တတိယအကြိမ်
အရွယ်အစား 5.3 x 8.3
💸 တန်ဖိုး Ks 7,000
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384

In stock

သမီးရည်းစားတွေ ဆိုတာ…

အမြဲတမ်း စစ်ပွဲစတင်တယ် ၊
အမြဲတမ်း လက်နက်ချတယ် ၊
အမြဲတမ်း စစ်ပြေ ငြိမ်းတယ် ၊
အမြဲတမ်း ချစ်ကြည်ရေးကတိတွေ ပေးတယ် ၊
အမြဲတမ်း စစ်ပွဲ ပြန်လည်စတင်တယ် ၊
အမြဲတမ်း လက်နက် ပြန်ချတယ် ၊
.
ဒီ အမြဲတမ်းတွေက ကမ္ဘာဦး ကတည်းက လူပျို အပျိုတွေ ကြုံရတဲ့ ပြဿနာ မဟုတ်လား။

ရောဂါတစ်ခုရဲ့ ဇာစ်မြစ်ကို သိမှ ဆေးကုသနိုင်သလိုပဲ လူငယ်တွေရဲ့ အချစ်ပြဿနာတွေရဲ့ အကြောင်းရင်းကို ဆန်းစစ်ဝေဖန် လမ်းညွှန်ပြထားတဲ့ ဆရာ အကြည်တော်ရဲ့ စာအုပ်အသစ်။

အပျိုလူပျိုဖတ်စာ လို့ ဆိုထားတဲ့ ဒီစာအုပ်လေးက ဆုံးမစာ လုံးဝ မဟုတ် ၊ ရှေ့ကို အရင် ရောက်နှင့်နေသူ တစ်ယောက်ရဲ့ လမ်းညွှန်စာအုပ် ၊ တစ်နည်း ပြောရရင် လမ်းပြမြေပုံလိုပေါ့။

ငယ်ရွယ်နုနယ် အသိမကြွယ်သေးတဲ့ အပျို လူပျိုလေးတွေအတွက် ချစ်မှုနယ်ပယ်မှာ ဆောင်သင့်တာလေးတွေ ၊ ရှောင်သင့်တာလေးတွေကို ဆရာ အကြည်တော်က စေတနာရှေ့ထား အမှာစကား ပါးလိုက်တဲ့ စာလေးတွေလည်း ဖြစ်ပါတယ် ။

လူကသာ လက်တောက်လောက် အတွေ့အကြုံတွေက ဆရာကြီးလောက် ဖြစ်နေကြတဲ့ အခုခေတ်မှာ အပျို လူပျိုလေးတွေ ဟာ အမြန်ချစ်ကြ ၊ အမြန်ကွဲကြ ဖြစ်နေကြတာ များလှချည့် ။ အဲဒီ ကိစ္စ အပေါ် ဆရာ အကြည်တော်ရဲ့ သုံးသပ်ချက် တစ်ခုကတော့ ” သဝန်တိုခြင်း ” ကြောင့်လို့ ဆိုပါတယ် ။ စဉ်းစားစရာ မဟုတ်ပါလား…

“ကိုယ့်ကိုယ်ကိုယ် အင်မတန်မှကို အကောင်းမြင်တတ်ပြီး အင်မတန်မှကို စိတ်ရှည်သည်းခံနိုင်တယ် ထင်နေလား ”

“ရည်းစားထားကြည့်ပါ ” လို့ဆိုပြီး သမီးရည်းစား ဖြစ်ခြင်းကြောင့် စိတ်ရှည်တာ ၊ စိတ်တိုတာ ၊ စိတ်မတိုမရှည် ဖြစ်တာတွေကို ရေးပြထားတာလည်း သဘောကျစရာ။

အချုပ်ပြောရရင် ဒီစာတွေဟာ ချစ်ခြင်းတရားရဲ့ လမ်းဆုံးဘူတာ ရောက်ပြီးသူ အိမ်ထောင်သည်တွေနဲ့ မဆိုင်ရေးချ မဆိုင်ဘဲ ငယ်ရွယ် နုပျိုဆဲ အချစ်ဘူတာ အစကနေ ခရီးနှင်မယ့် အပျိုလူပျို လေးတွေ ဖတ်ဖို့ ဖြစ်ပါကြောင်း။

Main Menu

လူပျိုအပျိုဖတ်စာ

လူပျိုအပျိုဖတ်စာ

Ks 7,000

Add to Cart