ခတ္တာခင်ကို ၁၉၉၂ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ဦးမြင့်အောင်၊ ဒေါ်ခင်သန့်ရွှေတို့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ မွေးဖွားခဲ့ပြီး ၂၀၀၈ခုနှစ်တွင် အထ.က (၁)တောင်ကုတ်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၂၀၁၅ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ မဟာဝိဇ္ဇာဘွဲ့ကို “ ရရှိခဲ့သည်။ ၂၀၁၆ခုနှစ် ရှေးဟောင်းသုတေသနပညာ မဟာသုတေသနဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ထပ်မံ ရရှိခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ရှေးဟောင်းသုတေသနပညာ ပါရဂူကြိုတန်း တက်ရောက်ခဲ့သည်။
၂၀၁၉ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထု “ ငေးရင်း ဝေးကျန်ရစ်သည့် ကမ္ဘာ” ကို မဟာစာပေမှ ထုတ်ဝေ ခဲ့သည်။ ဆက်လက်၍ “ အနောက်အရပ်ဆီမှာ ငို” ၊ “ မြက်ခင်းပြင် အလွတ်” ၊ “ ထုံးဆက်လက်ကျန်” ၊ “ အတိတ်စိုက်ခင်း”၊ “ အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်း နစ်မြုပ်နေသော” ၊ “ ရေဒီယို ပန်းဆိုင်” ၊ စသည့် ဝတ္ထုများကို မဟာစာပေမှ ထုတ်ဝေခဲ့သည်။
Freelance Interpreter and Translator (Korean) တစ်ဦး အဖြစ် လုပ်ကိုင်နေပြီး ဝတ္ထုများ ဆက်လက် ရေးသားလျက် ရှိသည့်အပြင် ကိုရီးယားစာအုပ်များကိုလည်း အီမီဆိုအမည်ဖြင့် မြန်မာဘာ သာပြန် ရေးသား ထုတ်ဝေလျက်ရှိသည်။








