All The Light We Cannot See (Anthony Doerr)
ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ကြရတဲ့ ဆရာရာပြည့် နဲ့ ဆရာမိုးမင်းသိမ်းတို့ ဘာသာပြန်တဲ့ မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးကို စာချစ်သူတို့ လက်ထဲ အရောက်ပို့ပေးနိုင်ခဲ့ပါပြီ။ မူရင်းစာအုပ်ဟာ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပူလစ်ဇာဆုကြီးနဲ့ အခြားစာပေဆိုင်ရာဆုများကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှု ရှိခဲ့ပါတယ်။
မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးရဲ့ ဇာတ်လမ်းဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း လူတို့ရဲ့ သဘောသဘာဝနဲ့ နည်းပညာစွမ်းအားတို့ကြား သတ္တိနှင့် မျှော်လင့်ချက်အကြောင်းကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးမှာ မွေးရာပါ အတွင်းတိမ်ဖြင့် အသက်ခြောက်နှစ် အရွယ်မှာပင် မျက်စိကွယ်ခဲ့တဲ့ စာဖတ်ဝါသနာပါသူ ပြင်သစ်သူလေး မာဟီးလော နဲ့ မယုံနိုင်လောက်စရာ အင်ဂျင်နီယာစွမ်းရည်ရှိတဲ့ ဂျာမန်မိဘမဲ့ကလေး ဗယ်ရ်နာ တို့ရဲ့ မတူညီတဲ့ ဒေသ ၂ ခုက ဇာတ်လမ်း ၂ ပုဒ်ကို အပြိုင်ခံစားဖတ်ရှုရမှာပါ။
မာဟီးလော ဆယ့်နှစ်နှစ်အရွယ်မှာ နာဇီတွေ ပါရီကို သိမ်းပိုက်တဲ့အတွက် သူမရဲ့ ဖခင်နဲ့အတူ ဆန်မာ့လိုမြို့ကို ထွက်ပြေးခဲ့တယ်။ သူမတို့ ထွက်ပြေးတဲ့အချိန်မှာ သူမရဲ့ဖခင်အလုပ်လုပ်တဲ့ သဘာဝသမိုင်းပြတိုက်က တန်ဖိုးအရှိဆုံး ရတနာကို ယူဆောင်ခဲ့တယ်။ အဲ့ဒီရတနာကို ပိုင်ဆိုင်သူဟာ အကျိုးထူးများစွာ ခံစားရနိုင်သလို ထိခိုက်မှုများကိုလည်း ရင်ဆိုင်ရနိုင်တယ်လို့ အစဉ်အဆက် ဟောကိန်းရှိခဲ့ပါတယ်။
ဂျာမနီက မိဘမဲ့လေး ဗယ်ရ်နာဟာ အခြေအနေမဲ့ဘဝရောက်နေပေမယ့် ဉာဏ်ကြီးရှင်တစ်ဦးမို့ ဘဝအခက်အခဲကြား ဖြတ်သန်းရင်း ရေဒီယိုတစ်လုံးကနေ ပြင်သစ်က သိပ္ပံပညာအကြောင်း သိရှိရာက ဒီဇာတ်လမ်းမှာ တစ်ချိန် ပါဝင် ပတ်သက်လာခဲ့ရတယ်။
ဒီဘာသာပြန်စာအုပ်လေးဟာ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဖြစ်ရပ်မှန် သမိုင်းနောက်ခံမှာ ယုတ္တိရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကောင်စရိုက်များကို ရေးဖွဲ့ထားတာကြောင့် အလွန်အောင်မြင်ကျော်ကြားပြီး သိက္ခာကြီးမားလှတဲ့ စာပေဆုကိုပါ ဆွတ်ခဲ့နိုင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ၎င်းစာအုပ်ကို ဆရာရာပြည့်နှင့် ဆရာမိုးမင်းသိမ်းတို့ရဲ့ ထိမိပြေပြစ်တဲ့ ဘာသာပြန်နဲ့အတူ ဖတ်ရှုနိုင်ပါပြီ။ ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ရတာနဲ့ ထိုက်တန်အောင် စိတ်ကျေနပ်မှု ရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Naylinn Aung
May 3, 2026 • Views 27
“ The most important light is thelight you cannot see “ဒီစာကြောင်းလေးက စာရေးဆရာ အန်ထော်နီဒူဝါ ( Anthony Doerr ) ရဲ့ ပူလစ်ဇာဆု ရတဲ့စာအုပ်ဖြစ်တဲ့ “ All the Lights We Cannot See “ ထဲက စာကြောင်းလေး တစ်ကြောင်းဖြစ်ပါတယ် ။ ဒ...





