အကြည်တော်
အမည်ရင်းမှာ စောကြည်ဖြူ ဖြစ်ပြီး အဘ ဦးထွန်းနိုင်၊ အမိ ဒေါ်ညွှန့်နွယ်တို့မှ မွေးဖွားသည်။ မွေးချင်း (၇)ယောက်အနက် (၆)ယောက် မြောက်သားဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
၂၀ဝ၃ ခုနှစ်တွင် အကြည်တော် ကလောင်အမည်ဖြင့် လုံးချင်း ဝတ္ထုများ စတင်ရေးသားခဲ့သည်။ ကဝေပျို၏နိဒါန်း၊ ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ရွှေမိုးသည်း၊ နတ်နေကိုင်း မှစ၍ လုံးချင်းဝတ္ထုပေါင်း (၆၀)ကျော် ရေးသားထုတ်ဝေခဲ့သည်။
ရုပ်ရှင်ဝတ္ထုဇာတ်ညွှန်းအနေဖြင့် ဘီလူး ၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် ၊ ဟော့ရှော့ ၁/၂/၃ မှစ၍ ရုပ်ရှင်ဇာတ်ညွှန်းပေါင်း ၃၀ ကျော် ရေးသားခဲ့သည်။
ဇော်က ကနေသည် ဝတ္ထုဖြင့် ၂၀ဝ၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ (၂) ဆု ဆွတ်ခူးပေးနိုင်ခဲ့သည်။
၉-၁-၂၀၂၂ ရက်နေ့တွင် ၉၆ပါးသောရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။