နှလုံးသားနဲ့ ဦးနှောက် ပေါင်းစပ်ပြီး ဘယ်လို အလုပ်လုပ်ကြမလဲ ... စာအုပ်ကို မမှာယူခင် ဒီ ပို့စ်လေးကို အရင်ဖတ်လိုက်ပါ။ဒီနေ့ခေတ်မှာ ဆရာကြီးအထာနဲ့ ပါဝါသုံးပြီး ခိုင်းနေလို့ မရတော့ပါဘူး။ ရာထူးကို ပြပြီး အမိန့်ပေးရုံ၊ ဇွတ်ခိုင်းရုံနဲ့ Good Leader တယောက် မဖြစ်နိုင်တော့ဘူးဆိုတာ ကမ္ဘာတဝှမ်းက လုပ်ငန်းခွင်တွေမှာ လက်ခံနေကြပါပြီ။ ကမ္ဘာကျော် Bestselling စာအုပ်ဖြစ်တဲ့ Kirsten Ferguson ရဲ့ Head & Heart: The Art of Modern Leadership ကို စာရေးဆရာ ကိုနေ (Y.I.E) က "နှလုံးသား + ဦးနှောက် ပေါင်းစပ်ဦးဆောင်ခြင်းပညာရပ်" (ခေတ်သစ်ခေါင်းဆောင်မှုဗျူဟာ) အမည်နဲ့ ပြန်ဆိုထားတဲ့ စာအုပ်မှာ ခေတ်သစ်ခေါင်းဆောင်မှုရဲ့ အပြောင်းအလဲတွေကြားထဲက လေးနက်တဲ့ ဗျူဟာတွေ သိရှိရပါမယ်။ အဲဒါကတော့ ဦးနှောက် (Head) က ဦးဆောင်တဲ့ သိလိုစိတ်၊ Capability တွေအပြင် နှလုံးသား ဘက်က Humility (နှိမ့်ချတာ) နဲ့ Empathy (ကိုယ်ချင်းစာစိတ်) တွေကို ဘယ်လို Balance ညီညီ ပေါင်းစပ်ရမလဲဆိုတာပါပဲ။ အရင်တုန်းက နူးညံ့မှုကို ပျော့ညံ့မှုလို့ ထင်ခဲ့ကြတယ်။ အခုခေတ်မှာတော့ အဲဒီ လူသားဆန်မှုကသာလျှင် ခေါင်းဆောင်တစ်ယောက်ရဲ့ အစစ်မှန်ဆုံး သန်မာမှု (True Strength) ဖြစ်လာတာပါ။ ဖိနှိပ်တတ်တဲ့ သီအိုရီ X မန်နေဂျာတွေထက် လူသားသဘာဝကို တန်ဖိုးထားတဲ့ သီအိုရီ Y နဲ့ Microsoft ရဲ့ Model-Coach-Care ပုံစံသစ်တွေက အလုပ်ခွင်တင်မကဘဲ မိသားစုကို ပဲ့ကိုင်နေတဲ့ မိခင်တွေ၊ Daily Life က သာမန်လူတွေပါ Leader ဖြစ်လာနိုင်တယ်လို့ လက်ခံလာကြပါပြီ။ဆိုတော့ ... "Empathy ရှိရမယ်၊ လူသားဆန်ရမယ်" ဆိုတာမျိုးက စကားအရာမှာ လွယ်ပေမဲ့ လက်တွေ့ Reality မှာ Head ရော Heart ပါ မျှအောင် သုံးဖို့ဟာ တကယ် မလွယ်လှပါဘူး။ ကိုယ်တိုင်က အောက်ကလူတွေကို နားလည်ပေးဖို့ Heart ကို ရှေ့တန်းတင်လိုက်တဲ့အချိန်မှာ 'အလိုလိုက်ရင် အကြိုက်လိုက်တတ်တဲ့' ဝန်ထမ်းတွေနဲ့ တိုးပြီး အလုပ်တွေ တလွဲတချော် ဖြစ်ကုန်တာမျိုး။ ဒါမှမဟုတ် အထက်မန်နေဂျာက Head ချည်းပဲ သုံးပြီး ဇွတ်ဖိခိုင်းလွန်းလို့ ကိုယ့်ရဲ့ Morale တွေ လုံးဝ Burnout ဖြစ်သွားတာမျိုးတွေက အလုပ်ခွင်ထဲကသူတိုင်း၊ ဝန်ထမ်းတိုင်း ကြုံဖူးကြတဲ့ Next Level Challenge တွေပေါ့။ ဒီလိုမျိုး ဦးနှောက်နဲ့ နှလုံးသား ကြားထဲ ဗျာများနေရတဲ့ အလုပ်ခွင်က Internal Conflict တွေအတွက် ဒီစာအုပ်ဟာ အဖြေကောင်းတစ်ခု ဖြစ်လာမှာပါ။မိတ်ဆွေရော ... အလုပ်ခွင်မှာဖြစ်ဖြစ်၊ Daily Life မှာဖြစ်ဖြစ် Head ချည်းပဲသုံးပြီး Heart လုံးဝမပါတဲ့ "ဆရာကြီး" တွေနဲ့ တိုးဖူးလား? Heart ကို ဘယ်လိုမျိုး အသုံးချရမလဲ သိချင်နေတာလား? ဒါဆိုရင်တော့ Kirsten Ferguson ရဲ့ Head & Heart: The Art of Modern Leadership ကို စာရေးဆရာ ကိုနေ (Y.I.E) က "နှလုံးသား + ဦးနှောက် ပေါင်းစပ်ဦးဆောင်ခြင်းပညာရပ်" (ခေတ်သစ်ခေါင်းဆောင်မှုဗျူဟာ) စာအုပ်ဟာ သင့်အတွက် ဖြစ်စေမှာ အသေအချာပါပဲ။
မောင် ဉာဏ်
၂/၇/၂၀၂၆ • ကြည့်ရှုမှု ၁၄
"ကိုနေရေးတဲ့ စီးပွားရေးနဲ့ ခေါင်းဆောင်မှု ပုံပြင်တွေ"စီးပွားရေးဆိုတာ ကျွန်တော်နဲ့ရင်းနှီးကျွမ်းဝင်သော ဘာသာရပ်မဟုတ်။ ဂဏန်းတစ်လုံးနောက်မှာ သုညလေးလုံးထက်ပိုလာလျှင်ပင် ခု၊ ဆယ်၊ ရာ၊ ထောင် စသဖြင့် သုညတစ်လုံးချင်းစီကို လက်ထေ...





