အမည်ရင်း နေလင်းအောင်ဖြစ်ပြီး ၁၉၈၁ တွင် ရန်ကုန်မြို့တွင်မွေးဖွားပါသည်။ မိဘ များမှာ ဦးမြင့်အောင် ၊ ဒေါ်နုနုရီ တို့ဖြစ်ကြပြီး မွေးချင်း နှစ်ယောက်အနက် သားအကြီး ဖြစ်ပါသည်။
အထက (၂) ကလောတွင် မူလတန်းမှ အလယ်တန်းထိ၊ အထက (၂) မင်္ဂလာဒုံတွင် အလယ်တန်းမှ အထက်တန်းအထိ ပညာ သင်ကြားခဲ့ ပါသည်။ အထက်တန်းအောင်ပြီးနောက် ရေကြောင်းပညာသိပ္ပံတွင် တက် ရောက် ခဲ့ပါသည်။ ၂၀၀၁ မှ ၂၀၀၄ တွင် အင်္ဂလိပ်စာမေဂျာဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပါသည်။ ၂၀၀၀ မှ ၂၀၀၉ အထိ မြန်မာ့ ကြယ်ငါးပွင့် ကော်ပိုရေးရှင်း တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းစတင်ခဲ့ပါသည်။
၂၀၁၁ မှ ၂၀၁၃ အထိ ရန်ကုန် စီးပွားရေးတက္ကသိုလ်မဟာတန်း တွင် တက်ရောက်ခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ရရှိခဲ့ပါသည်။ လက်ရှိ တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇနီး မမေသက်နီ ၊ သားနှစ်ယောက်နှင့် အတူ နေထိုင် လျက်ရှိပါသည်။
![]() | ကိုနေ (Y.I.E)အမည်ရင်း နေလင်းအောင်ဖြစ်ပြီး ၁၉၈၁ တွင် ရန်ကုန်မြို့တွင်မွေးဖွားပါသည်။ မိဘ များမှာ ဦးမြင့်အောင် ၊ ဒေါ်နုနုရီ တို့ဖြစ်ကြပြီး မွေးချင်း နှစ်ယောက်အနက် သားအကြီး ဖြစ်ပါသည်။ အထက (၂) ကလောတွင် မူလတန်းမှ အလယ်တန်းထိ၊ အထက (၂) မင်္ဂလာဒုံတွင် အလယ်တန်းမှ အထက်တန်းအထိ ပညာ သင်ကြားခဲ့ ပါသည်။ အထက်တန်းအောင်ပြီးနောက် ရေကြောင်းပညာသိပ္ပံတွင် တက် ရောက် ခဲ့ပါသည်။ ၂၀၀၁ မှ ၂၀၀၄ တွင် အင်္ဂလိပ်စာမေဂျာဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပါသည်။ ၂၀၀၀ မှ ၂၀၀၉ အထိ မြန်မာ့ ကြယ်ငါးပွင့် ကော်ပိုရေးရှင်း တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းစတင်ခဲ့ပါသည်။ ၂၀၁၁ မှ ၂၀၁၃ အထိ ရန်ကုန် စီးပွားရေးတက္ကသိုလ်မဟာတန်း တွင် တက်ရောက်ခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ရရှိခဲ့ပါသည်။ လက်ရှိ တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇနီး မမေသက်နီ ၊ သားနှစ်ယောက်နှင့် အတူ နေထိုင် လျက်ရှိပါသည်။ |
-
စီးပွားရေးသင်ခန်းစာတွေ
ကိုနေ (Y.I.E)လူသားတိုင်း၊ အဖွဲ့အစည်းတိုင်း ဘဝမှာ မလွဲမသွေ ကြုံတွေ့ရမှာက ဆုံးဖြတ်ချက်တွေပါ။ ရှောင်လို့ မရမှာက ဆုံးဖြတ်ချက်တွေ ချဖို့ပါ။ ဆုံးဖြတ်ချက်တွေဟာ မှန်ကန် ကောင်းမွန်ခဲ့ရင် အောင်မြင်မှုဆီသွားမယ့် လမ်းပေါ်ရောက်နိုင်သလို လွဲမှား ချွတ်ချော်ခဲ့ရင်တော့ ကျရှုံး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် လုပ်ငန်းကြီးသည်ဖြစ်စေ၊ လုပ်ငန်းငယ်သည်ဖြစ်စေ၊ မည်သူမဆို မိမိတို့ရဲ့ လုပ်ငန်း အဖွဲ့အစည်းတွေမှာ ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရင် အလောတကြီး မဆုံးဖြတ်ဘဲ အသေအချာ အလေးအနက်ထား တွေးခေါ် စဉ်းစားပြီးမှ ဆောင်ရွက်ကြပါတယ်။ ဒီလို တွေးခေါ် စဉ်းစားတဲ့ အပိုင်းမှာ မိမိတို့ရဲ့ ရှေ့က လုပ်ငန်းကြီးတွေ အောင်မြင်မှု အကြီးကြီး ရအောင် ဘယ်လို ပြုမူခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့လို့ အောင်မြင်မှု သရဖူကို အကြာကြီး ဆောင်းနိုင်ခဲ့သလဲ ဆိုတာ အစဉ်အမြဲ လေ့လာနေရပါမယ်။
Verne Harnish ရေးသားတဲ့ The Greatest Business Decisions of All Time ကို ကိုနေ (Y.I.E) ဘာသာပြန်တဲ့ သမိုင်းထဲမှ အကောင်းဆုံး ဆုံးဖြတ်ချက်တွေပေးတဲ့ စီးပွားရေး သင်ခန်းစာတွေ စာအုပ်မှာ ကမ္ဘာပေါ်က အင်မတန် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်လာတဲ့အခါ ဘာတွေကို ဘယ်လို ဆုံးဖြတ်ခဲ့လဲ ဆိုတဲ့အကြောင်းတွေ လေ့လာဖတ်ရှုရပါမယ်။
ဒီ စာအုပ်ထဲမှာဆိုရင် ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီး Apple က သူတို့ဆီကထွက်ခွာသွားတဲ့ စတီဗ်ဂျော့ ကို လုပ်ငန်းခွင်ထဲ ပြန်လည် ခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ဆောင်ချက်ကြောင့် ကုမ္ပဏီဟာ ကမ္ဘာမှာ ဘယ်လို တစ်ကျော့ပြန် အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့လဲ ဆိုတဲ့အကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။ ဒါ့အပြင် ၎င်းကဲ့သို့ အခြားခြားသော ကမ္ဘာကျော်လုပ်ငန်းကြီးများ ဖြစ်တဲ့ Samsung , Toyota , Ford , IBM , Boeing Jet , TATA Steel အစရှိတဲ့ လုပ်ငန်းပေါင်း ၁၅ မျိုးတို့မှာ အခက်အခဲ အချို့ကို ဖြတ်သန်း ကြုံတွေ့ရစဉ် ချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကိုလည်း မှတ်သား နာယူ လိုက်နာဖွယ် ဖတ်ရှုရပါမယ်။
အောင်မြင်မှု ရရှိချင်ရင် အောင်မြင်သူတွေ ဘယ်လို လုပ်ခဲ့လဲ၊ အောင်မြင်မှုတွေ ရအောင် ဘာတွေ ဆုံးဖြတ်ခဲ့လဲ ဆိုတာ သိကို သိနေရပါမယ်။ မိမိတို့ ရှေ့က စီးပွားရေး လုပ်ငန်းကြီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်ခဲ့သလဲ သိရှိခွင့်ရတာဟာ သိပ်ကို တန်ဖိုး ကြီးမားလှပါတယ်။ Fortune Magazine Editor ဖြစ်သူ Verne Harnish ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်ကြောင့် ဒီလို တန်ဖိုးကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို သိရှိခွင့် ရခဲ့ပါပြီ။ ဒီစာအုပ်မှာ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက် သက်သက်ချည်းသာ ဖတ်ရှုရမှာ မဟုတ်ဘဲ လုပ်ငန်းတို့ရဲ့ သဘောသဘာဝ၊ ဖြတ်သန်းလည်ပတ်ပုံအချို့၊ ဘာအတွက် ဒီလို ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရလဲ၊ စတဲ့ အဖိုးတန် အချက်အလက်တွေကိုပါ လေ့လာဖတ်ရှုနိုင်မှာပါ။ ဒီအတွက် ကုမ္ပဏီများရဲ့ အုပ်ချုပ်မှု ဒါရိုက်တာများသာမက လုပ်ငန်းတစ်ခုလုံးက ရာထူးအဆင့်ဆင့် ရှိသူတိုင်း လေ့လာဖတ်ရှုပြီး အမြဲတမ်း ဆောင်ထားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
Ks 6,000စီးပွားရေးသင်ခန်းစာတွေ
Ks 6,000 -
အောင်မြင်သူတို့ခရီးလမ်း
ကိုနေ (Y.I.E)Scott Galloway ရဲ့ The Four စာအုပ်ကို ကိုနေ (Y.I.E) က ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ အမည်နဲ့ ဘာသာပြန်ထားတဲ့စာအုပ်မှာ ကမ္ဘာကျော်ကုမ္ပဏီကြီးလေးခုဖြစ်တဲ့ အက်ပဲလ်၊ အမေဇွန်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲလ် တို့ရဲ့ သရုပ်မှန်ကို အကောင်း၊ အဆိုး မျှတစွာ ဘက်မလိုက်ဘဲ ဖော်ပြထားတယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။ စာရေးသူ Scott Galloway ဟာ NYU Stern School of Business မှာ Marketing ပါမောက္ခတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထိုးထွင်းဉာဏ်ရှိတဲ့ သုံးသပ်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ စတိုင်ကြောင့် လူသိများသူပါ။The Four စာအုပ်မှာ မူရင်းစာရေးသူ Scott Galloway ဟာ အစိုးရကိုယ်တိုင်က ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးရတဲ့အထိ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကုမ္ပဏီကြီးလေးခုရဲ့ ကမ္ဘာပေါ် မသိမသာ အင်အားချဲ့ထွင်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားခံရမှာကို သိသိကြီးနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်က မလွန်ဆန်နိုင်ပုံတွေကို အားမနာတမ်း ချပြထားတယ်။အဲဒီနည်းပညာဘီလူးကြီးလေးခုဟာ ပျော်ရွှင်မှု၊ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့် ရှာဖွေတွေ့ရှိမှုတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပြီးတော့ လစာငွေမြင့်မားတဲ့ အလုပ်အကိုင်ပေါင်းများစွာ၊ အိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ Online Shop တွေများစွာကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒီလိုဆိုတော့ The Four ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေခဲ့တာကို ငြင်းမရပါဘူး။
Ks 9,500အောင်မြင်သူတို့ခရီးလမ်း
Ks 9,500