အမည်ရင်းမှာ ဦးမြင့်သိန်းဖြစ်ပြီး အဘ ဦးအောင်သိန်း၊ အမိ ဒေါ်တင်ရီတို့မှ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် မ္တလေးမြို့၌ မွေးဖွားခဲ့သည်။ မူလတန်းကို ဦးတင်ဦး (မူလတန်းကျောင်းနှင့် အမှတ်(၁၀) အ.ထ.က (ယခင် ဒိုင်အိုစီဇင်သံတဲ့ ကျောင်း)တို့တွင် တစ်နှစ်တစ်ကျောင်း နှုန်းဖြင့် ပညာသင်ယူခဲ့သည်။ အလယ်တန်းပညာကို အမှတ်၁၇ အထက် တန်းကျောင်းနှင့် အမှတ် (၉) အထက်တန်းကျောင်း(ယခင် စိန်ပီတာ သာသာနာပြုကျောင်း)တို့တွင် ပညာသင်ကြားခဲ့သည်။ မြန်မာပြည်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်သော တက္ကသိုလ်စာပေးစာယူသင်တန်းကို ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် မ္တလေးတက္ကသိုလ်တွင် အနီးကပ်သင်တန်း တစ်လကို (၄)နှစ်တိတိ တက်ရောက်ခဲ့ပြီး B.Sc Physic (စာပေးစာယူ)ဘွဲ့ကို ရန်ကုန် တက္ကသိုလ်မှ ရရှိခဲ့သည်။

၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိ မ္တလေးမြို့ရှိ မီးခြစ်စက်ရုံတွင် အောက်တန်းစာရေး ရာထူးဖြင့် လုပ်ကိုင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မီးခြစ်စက်ရုံမှအလုပ်ထွက်ပြီးသကာလ တေးသံသွင်းလုပ်ငန်း၊ စတိုးဆိုင် စာရင်းကိုင်၊ မုန့်ဖိုမန်နေဂျာ၊ ပွဲရုံ၊ ကုန်ပစ္စည်း လက္ကားအရောင်းဝန်ထမ်း အလုပ်များကို အဆင့်ဆင့်ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ ယခုအခါတွင် ကုမ္ပဏီ အရောင်းဈေးသည်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရင်း စိတ်အဆာပြေ စာပေရေးသားခြင်း၊ တစ်ခါတစ်ရံ အပျော်တမ်း ဓါတ်ပုံရိုက်ခြင်းဖြင့် အသက်ရှင် ရပ်တည်နေဆဲဖြစ်ပါသည်။

ကိုပေါက် (မန္တလေး)

  • မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း

    ကိုပေါက်(မန္တလေး) ရဲ့” မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း ” ဆိုတဲ့ စာအုပ်မှာ တစ်ခေတ်တစ်ခါက ရုပ်ရှင်ရုံတွေအကြောင်းနဲ့ စဖွင့်ထားတယ်။ ကိုပေါက်(မန္တလေး) ရဲ့ ရေးဟန်အတိုင်း ရှင်းရှင်းသွက်သွက်နဲ့ ထိထိမိမိ အချက်ကျကျ ရေးထားတာကို မြင်ရမယ်။

    စာရေးသူရဲ့ အရေးအသားနောက်ကို လိုက်ရင်း မန္တလေးမြို့က ရုပ်ရှင်ရုံတွေရှေ့ကို ပြန်ပြီးရောက်သွားရသလို ခံစားမိစေမှာပါ အမှန်ပါပဲ။ ရုပ်ရှင်ရုံတွေ ခေတ်စားစဥ်က လက်မှတ်ရဖို့အရေး တန်းစီတိုးဝှေ့ကြရပုံတွေကို မမြင်ဖူးလိုက်ကြတဲ့ ဒီနေ့ခေတ်လူငယ်တွေအဖို့ ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း စာအုပ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ ပြီးတော့ အဲဒီ့ခေတ်မှာ ရုပ်ရှင်ရုံတွေကို မှီခိုပြီး လုပ်စားသွားကြသူတွေအကြောင်း။ အုပ်စုလိုက်၊ အဖွဲ့လိုက် တန်းစီပြီး ရုပ်ရှင်လက်မှတ်တွေကို မှောင်ခိုပြန်ရောင်းစားကြသူတွေပေါ့။ ဒါကိုလည်း ရုပ်ရှင်ချစ် ပရိသတ်တို့က အလုအယက်ဝယ်ကြတာပါပဲ။ ဝယ်လိုအား ရောင်းလိုအား မမျှတဲ့ ခေတ်တစ်ခေတ်ရဲ့ ပြယုဂ်တွေပေါ့။

    စာရေးသူဟာ စာအုပ်အမည်နဲ့ လိုက်ဖက်စွာပဲ ရုပ်ရှင်ရုံတွေအကြောင်းအပြင် ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကိုလည်း စုံစုံစေ့စေ့ ရေးဖွဲ့ထားတယ်။ တခေတ်တခါက နာမည်ကြီးဇာတ်ကားတွေကို ကိုယ့်ဘေးနားလာထိုင်ပြီး ပြောပြပေးနေသလိုပါပဲ။ ဇာတ်ဝင်ခန်းတွေကို မျက်လုံးထဲထိ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါလိမ့်မယ်။ ဇာတ်ကားတွေနဲ့အတူ အဲ့ဒီတုန်းက မင်းသားကြီး၊ မင်းသမီးကြီးတွေရဲ့ ပုံစံသွင်ပြင်၊ ဝတ်စားဆင်ယင်ပုံတွေနဲ့ သူတို့ရဲ့သရုပ်ဆောင်မှုတွေကိုလည်း သေချာရေးပြထားတာ ဖတ်ရှုရပါမယ်။ အဲ့ဒီခေတ် သရုပ်ဆောင်တို့ရဲ့ သုံးနေကျ စကားလုံးတချို့ဟာ သူတို့ကို ခုခေတ်ကာလအထိ မှတ်မိစေတဲ့ အမှတ်အသားတွေပါပဲ။ ဒိုင်ယာလော့ဂ်တို့ရဲ့ စွမ်းအင်တွေ။

    ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ဝင်တေးတွေအကြောင်းကလည်း သဘောကျစရာ ဖြစ်စေမှာပါ။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို ပြန်ဆွဲယူပြီး ပုံဖော်ရေးသားရင်း ဇာတ်ဝင်တေးတွေကို အမှတ်တရ ဖော်ထုတ်ပေးထားတာဟာ ရုပ်ရှင်တစ်ခေတ်ကို မီခဲ့တဲ့သူတွေအတွက် လွမ်းမောစရာ။ မမီလိုက်သူတို့အတွက်ကတော့ မြင်ယောင်မိစရာ မြင်ကွင်းတွေပေါ့။ ရုပ်ရှင်တွေဟာ ဘယ်လောက်များ စိုးမိုးထားခဲ့သလဲဆိုရင် ကစားနည်းတွေထဲမှာတောင် ရုပ်ရှင်ပဟေဠိဖွက်နည်းဆိုပြီး တွင်ကျယ်ခဲ့တဲ့အထိပါပဲ။

    ဒီစာအုပ်လေးထဲမှာ စာရေးသူက မြန့်မာရုပ်ရှင်နဲ့ပတ်သက်ပြီး ကောင်းခြင်း၊ ဆိုးခြင်းတွေကို စေတနာအရင်းခံပြီး ထောက်ပြထားတာ တွေ့ရမယ်။ ရုပ်ရှင်ကို ရူးသွပ်စွာ ချစ်မြတ်နိုးသူတစ်ယောက်ရဲ့ စစ်မှန်သောစိတ်ရင်းကို မြင်ရမယ်။ ဒီစာအုပ်လေးကို ဖတ်ရင်း စာဖတ်သူဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ထိတွေ့မိပါလိမ့်မယ်။ အရင်ကာလများမှာက စိတ်ဖျော်ဖြေရေးအတွက် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံတွေနဲ့ စာအုပ်အငှားဆိုင်တွေသာ ရှိခဲ့ကြတာ မဟုတ်လား။ အဲ့ဒီအရာလေးတွေကလည်း လုံလောက်တဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဓာတ်ရှင်တွေအကြောင်းနဲ့အတူ ကျော်ဖြတ်ခဲ့ဖူးတဲ့ ခေတ်တစ်ခေတ်၊ ကုန်ဆုံးသွားခဲ့တဲ့ ငယ်ဘဝတွေကိုလည်း ပြန်လည်သတိရ လွမ်းဆွတ်မိစေမယ့် စာအုပ်လေးတစ်အုပ်ပါ။

    Ks 5,000
  • အရှက်သည်းသည်း

    “ရှက်ဖူးကြသလား …”

    မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
    ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။

    ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။

    အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။

    “စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
    “ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
    “မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”

    ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။

    “ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။

    Ks 3,500

Main Menu