(၁၉၂၇-၂၀ဝ၀)
ပခုက္ကူမြို့ ပေါင်းလောင်းရှင်ရပ် အဖ ဦးကြင်မောင်၊ အမိ ဒေါ်တင်မြင့် တို့က ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ ငယ်မည်မှာ အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင်ဖြစ်သည်။
ငါးနှစ်အရွယ်မှ ရှစ်တန်းအောင်သည်အထိ ပခုက္ကူမြို့ ဝက်စလီ ကျောင်းတွင် ပညာသင်ကြားသည်။ ရှစ်တန်းအောင်သည့်နှစ်တွင် စစ်ဖြစ်သည်။ ၁၉၄၆ တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်သည်။ သို့သော် နောက်ပိုင်းတွင် ဝိဇ္ဇာပညာရပ်သို့ ပြောင်းလဲ သင်ကြားသည်။ ၁၉၅၄ တွင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရရှိသည်။
၁၉၄၄ ခုနှစ်တွင် ဗမာ့တပ်မတော်သို့ဝင်သည်။ ပဉ္စမပတ် ဗိုလ်သင်တန်းတက်သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁) ၁၀၃ တပ်ရင်း၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ပခုက္ကူခရိုင် ပြည်သူ့ရဲဘော်အဖွဲ့ အတွင်းရေးမှူး (၁၉၄၆)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအမှုဆောင် (၁၉၄၇-၁၉၄၉)၊ စာပေသစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် (၁၉၅၀)၊ မြန်မာ-ဆိုဗီယက်ယဉ်ကျေးမှုအသင်း၏ အတွင်းရေးမှူး (၁၉၅၂-၅၃)၊ တက္ကသိုလ် ဘာသာပြန်ဌာန (၁၉၅၅-၅၆)၊ သမိုင်းကော်မရှင် (၁၉၅၆-၅၇)၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန (၁၉၅၇-၈၇) တို့တွင် တာဝန်ထမ်း ဆောင်ခဲ့သည်။
မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဌ (၂၂-၆-၁၉၉၈ မှ ၁၃-၂-၂၀ဝ၀ ထိ) ဆောင်ရွက်ခဲ့သည်။
၁၉၄၇ တွင် ပြည်သူ့ရဲဘော်ဂျာနယ်၌ စာ စတင်ရေးသည်။ ပင်ကိုရေးဝတ္ထုများတွင် နိဗáာန်ဘုံပျောက်ဆုံးခြင်း၊ အနီထဲက ကြယ်ဖြူပွင့် နှင့် သမဂ္ဂအလံတော်အောက်ဝယ် တို့သည်လည်းကောင်း၊ ဘာသာပြန်ဝတ္ထု များတွင် ကူလီ၊ မြစ်ကမ်းပေါ်က စက်ရုံကလေး၊ အမှောင်ခေတ်က ချစ်သူများ၊ နှလုံးလှဆရာဝန်၊ ချုံကင်း၊ မာကိုပိုလို၊ အကောင်းမြင်သမား တို့သည် လည်းကောင်း၊ ခရီးသွားမှတ်တမ်းအဖြစ် ဓားလွတ်ကိုင် ဆာမူရိုင်း၏ ကိုကာ ကိုလာယဉ်ကျေးမှု နှင့် ဟောင်ကောင်နွေဦးညများသည်လည်းကောင်း၊ ကျမ်းစာအုပ်များတွင် မတ်ဝါဒလမ်းညွှန်၊ လူ့သမိုင်း၊ ကမ္ဘာ့ဂ္တဝင် တစ်ဆယ်နှင့် ကမ္ဘာကျော် ၁၀ဝ (ညွှန့်ကြူး၊ မင်းကျော်တို့နှင့် ပူးတွဲရေး)တို့သည် လည်းကောင်း ထင်ရှားသည်။ တောရိုင်းမြေ ဟ၁၉၆၇ အမျိုးသားစာပေဆု (ဘာသာပြန်)]၊ အရေးကြီးပြီ သွေးစည်းကြစို့ ဟ၁၉၇၁ အမျိုးသားစာပေဆု (ဝတ္ထုရှည်)]၊ အို ဂျေရုဆလင် ဟ၁၉၉၅ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)]၊ နေဝင်ဘုရင်များ ဟ၁၉၉၈ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)]၊ ရရှိခဲ့သည်။ ၁၉၈၆ တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်၊ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အရှေ့တောင်အာရှစာပေဆု (S.E A Writers Award) ချီးမြှင့်ခံရသည်။
၂၀ဝ၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။
* * *
![]() | ကျော်အောင်(၁၉၂၇-၂၀ဝ၀) ပခုက္ကူမြို့ ပေါင်းလောင်းရှင်ရပ် အဖ ဦးကြင်မောင်၊ အမိ ဒေါ်တင်မြင့် တို့က ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ ငယ်မည်မှာ အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင်ဖြစ်သည်။ ငါးနှစ်အရွယ်မှ ရှစ်တန်းအောင်သည်အထိ ပခုက္ကူမြို့ ဝက်စလီ ကျောင်းတွင် ပညာသင်ကြားသည်။ ရှစ်တန်းအောင်သည့်နှစ်တွင် စစ်ဖြစ်သည်။ ၁၉၄၆ တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်သည်။ သို့သော် နောက်ပိုင်းတွင် ဝိဇ္ဇာပညာရပ်သို့ ပြောင်းလဲ သင်ကြားသည်။ ၁၉၅၄ တွင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၄၄ ခုနှစ်တွင် ဗမာ့တပ်မတော်သို့ဝင်သည်။ ပဉ္စမပတ် ဗိုလ်သင်တန်းတက်သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁) ၁၀၃ တပ်ရင်း၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ပခုက္ကူခရိုင် ပြည်သူ့ရဲဘော်အဖွဲ့ အတွင်းရေးမှူး (၁၉၄၆)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအမှုဆောင် (၁၉၄၇-၁၉၄၉)၊ စာပေသစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် (၁၉၅၀)၊ မြန်မာ-ဆိုဗီယက်ယဉ်ကျေးမှုအသင်း၏ အတွင်းရေးမှူး (၁၉၅၂-၅၃)၊ တက္ကသိုလ် ဘာသာပြန်ဌာန (၁၉၅၅-၅၆)၊ သမိုင်းကော်မရှင် (၁၉၅၆-၅၇)၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန (၁၉၅၇-၈၇) တို့တွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဌ (၂၂-၆-၁၉၉၈ မှ ၁၃-၂-၂၀ဝ၀ ထိ) ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ တွင် ပြည်သူ့ရဲဘော်ဂျာနယ်၌ စာ စတင်ရေးသည်။ ပင်ကိုရေးဝတ္ထုများတွင် နိဗáာန်ဘုံပျောက်ဆုံးခြင်း၊ အနီထဲက ကြယ်ဖြူပွင့် နှင့် သမဂ္ဂအလံတော်အောက်ဝယ် တို့သည်လည်းကောင်း၊ ဘာသာပြန်ဝတ္ထု များတွင် ကူလီ၊ မြစ်ကမ်းပေါ်က စက်ရုံကလေး၊ အမှောင်ခေတ်က ချစ်သူများ၊ နှလုံးလှဆရာဝန်၊ ချုံကင်း၊ မာကိုပိုလို၊ အကောင်းမြင်သမား တို့သည် လည်းကောင်း၊ ခရီးသွားမှတ်တမ်းအဖြစ် ဓားလွတ်ကိုင် ဆာမူရိုင်း၏ ကိုကာ ကိုလာယဉ်ကျေးမှု နှင့် ဟောင်ကောင်နွေဦးညများသည်လည်းကောင်း၊ ကျမ်းစာအုပ်များတွင် မတ်ဝါဒလမ်းညွှန်၊ လူ့သမိုင်း၊ ကမ္ဘာ့ဂ္တဝင် တစ်ဆယ်နှင့် ကမ္ဘာကျော် ၁၀ဝ (ညွှန့်ကြူး၊ မင်းကျော်တို့နှင့် ပူးတွဲရေး)တို့သည် လည်းကောင်း ထင်ရှားသည်။ တောရိုင်းမြေ ဟ၁၉၆၇ အမျိုးသားစာပေဆု (ဘာသာပြန်)]၊ အရေးကြီးပြီ သွေးစည်းကြစို့ ဟ၁၉၇၁ အမျိုးသားစာပေဆု (ဝတ္ထုရှည်)]၊ အို ဂျေရုဆလင် ဟ၁၉၉၅ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)]၊ နေဝင်ဘုရင်များ ဟ၁၉၉၈ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)]၊ ရရှိခဲ့သည်။ ၁၉၈၆ တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်၊ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အရှေ့တောင်အာရှစာပေဆု (S.E A Writers Award) ချီးမြှင့်ခံရသည်။ ၂၀ဝ၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။ * * * |
-
ကမ္ဘာ့ဂန္ထဝင် ၁၀
ကျော်အောင်ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်လေးဟာ ကမ္ဘာကျော်စာရေးဆရာ ဝီလျံဆမ်းမားဆက်မွမ်က ကမ္ဘာကျော်ဝတ္ထုဆယ်ပုဒ်အကြောင်းကို စာရေးဆရာတို့ရဲ့ ဘဝဖြစ်စဉ်နဲ့ ထင်ဟပ်ဆန်းစစ်ပြထားတဲ့ စာအုပ်ကောင်း တအုပ်ပါ။ ဆမ်းမားဆက်မွမ်ဟာ ကိုယ်တိုင် ဝတ္ထုကောင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး အခြားဝတ္ထုကောင်းများကိုလဲ နက်နက်နဲနဲ ဖတ်ရှုလေ့လာဆန်းစစ်သူဖြစ်ပါတယ်။ သူ ဖတ်ရှုလေ့လာဆန်းစစ်ထားတဲ့ စာအုပ်ပေါင်းများစွာထဲကမှ စာဖတ်သူတို့အတွက် အကောင်းဆုံး ဖြစ်စေမယ်လို့ ယူဆတဲ့ စာအုပ်ဆယ်အုပ်အကြောင်း ကမ္ဘာ့ဂန္ထဝင် ၁၀ မှာ ပြန်လည်မျှဝေ ညွှန်းဆိုထားပါတယ်။ဝီလျံဆမ်းမားဆက်မွမ် မျှဝေထားတဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်တွေက –၁ – ဟင်နရီဖီးလဒင်း ၏ တွမ်ဂျုံး၂ – ဂျိန်းအော်စတင် ၏ မာနနှင့် အာဃာတ၃ – စတင်ဒယ် ၏ အနီနှင့်အနက်၄ – ဗားလဇက် ၏ ဖခင်ဂိုရီယိုး၅ – ချားဒစ်ကင်း ၏ ဒေးဗစ်ကော့ပါးဖီး၆ – ဖလောဗဲယား ၏ မဒမ်ဗိုဗာရီ၇ – ဟာမင်းမဲလဗီး ၏ မိုဗီဒစ်၈ – အယ်မီလီဗရွန်တီ ၏ လေထန်ကုန်း၉ – ဒေါ့စတာယက်စကီ ၏ ကာရာမာဇော့ညီအစ်ကိုများ၁၀ – တော်လစတွိုင်း ၏ စစ်နှင့်ငြိမ်းချမ်းရေး တို့ ဖြစ်ပါတယ်။ဆမ်းမားဆက်မွမ် ရွေးချယ်ထားတဲ့ ဝတ္ထုအမည်တွေကို ကြည့်တာနဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်ဟာ စာပေတန်ဖိုး မည်မျှရှိကြောင်း အထူးညွှန်းဆိုနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ဒီစာအုပ် တအုပ်တည်းကို ဖတ်လိုက်ရုံမျှနဲ့ ကမ္ဘာ့ဂန္ထဝင် အကောင်းစား ဝတ္ထုဆယ်အုပ်အကြောင်းနဲ့တကွ ၎င်းဝတ္ထုတို့ကို ရေးသားသူ စာရေးဆရာ/ဆရာမကြီးတို့အကြောင်း၊ ဝတ္ထုအတတ်ပညာ၊ ဝတ္ထုဝေဖန်ရေး၊ ဝတ္ထုကောင်းတို့ရဲ့ ဂုဏ်အင်္ဂါ၊ စာပေအနုပညာတို့အကြောင်းတွေကိုပါ တဝကြီး ဖတ်ရှုလေ့လာရပါဦးမယ်။ဝီလျံဆမ်းမားဆက်မွမ် ရေးသားပြီး ဆရာကျော်အောင် ဘာသာပြန်တဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ ကို ဖတ်ရှုပြီးတဲ့အခါ စာပေလေ့လာသူတို့အနေနဲ့ –• ဝတ္ထုဘယ်နှမျိုးရှိလဲ၊• ဝတ္ထုတိုင်း ဝတ္ထုပီသရဲ့လား၊• ဘယ်လိုဝတ္ထုမျိုးက ဝတ္ထုကောင်းလဲ၊• ဝတ္ထုကောင်းတွေရဲ့ အင်္ဂါရပ်က ဘာလဲ၊• သူများပြောတိုင်း … နာမည်ကြီးတိုင်း … ဝတ္ထုကောင်းလား၊• ဝတ္ထုရေးသူတိုင်း ဝတ္ထုရေးတဲ့ အတတ်ပညာကို တတ်ကြရဲ့လား … လိုက်နာရဲ့လား … ဆိုတဲ့ မေးခွန်းများအတွက် အဖြေများကို အကောင်းဆုံး ဆဝါးမိသွားစေမယ်လို့ ယုံကြည်ပါတယ်။ဘာသာပြန်ဆိုသူ ဆရာကျော်အောင်က “ဤစာတမ်းများသည် ဝတ္ထုစာပေအဖွဲ့ကို ပို၍ သိနားလည်လာအောင် အထောက်အပံ့ပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း” လို့ အမှာစာမှာ ဆိုထားပါတယ်။ ကမ္ဘာ့ဂန္ထဝင်စာပေကို လေ့လာသူ၊ ဝတ္ထုရေးသားခြင်းကို စိတ်ဝင်စားသူ၊ ဝတ္ထုများကို ပညာရပ်ဆန်ဆန် မည်သို့ညွှန်းဆိုထားသည်များကို လေ့လာလိုသူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။Ks 13,000ကမ္ဘာ့ဂန္ထဝင် ၁၀
Ks 13,000 -
ကူလီ
ကျော်အောင်ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။
” ဟိုအကောင်ကြီးက ဘာကောင်လဲ ဦးလေး ”
ဒါဟာ ကူလီ စာအုပ်ထဲက ဇာတ်ကောင် မူနူးလေး ရှန်နဂါမြို့ထဲ ဝင်ဝင်ချင်း သူ့ဦးလေးဖြစ်သူကို မေးလိုက်တဲ့ မေးခွန်းပါ။ ဒီမေးခွန်းလေးဟာ မီးရထားကိုတောင် မမြင်ဖူးတဲ့ အောက်ဆုံးအလွှာရဲ့ ဘဝအနေအထားကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဓာတ်စက်ကိုမြင်တော့လည်း သေတ္တာထဲ လူဝင်ပြီး သီချင်းဆိုတယ်လို့ ထင်နေတဲ့ ဆင်းရဲသားလေး မူနူး။ ရှန်နဂါမှာ သူရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေဟာ ဘာတွေဖြစ်မလဲ။ ဘယ်လိုလူမျိုးတွေနဲ့ရော တွေ့ဆုံရမှာလဲ။
နွားကျောင်းသားလေးဘဝကနေ၊ အိမ်စေခံ၊ စက်ရုံအလုပ်သမား စသဖြင့် ထမင်းနပ်မှန်ရေးအတွက် အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရတဲ့ မူနူးရဲ့စိတ်ခံစားချက်တွေ၊ ပင်ပန်းဆင်းရဲရပုံတွေကို စာရေးဆရာ အာနန်က ဒီစာအုပ်မှာ ထိထိမိမိ ရေးဖွဲ့ထားတယ်။ ကူလီဝတ္ထုကို ဖတ်နေရင်း အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မြင်တွေ့တဲ့အခါ မူနူးနဲ့ ထပ်တူ ခံပြင်းမိစေမှာ အမှန်ပါပဲ။ အိန္ဒိယပြည်က နယ်ချဲ့စနစ်ရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကိုလည်း ဒီစာအုပ်ထဲမှာမြင်တွေ့ရပါလိမ့်မယ်။ မရှိဆင်းရဲသား လူတန်းစားတစ်ရပ်မှာ ကလေးလုပ်သားတွေ ပေါများပြီး ဒုက္ခခံနေရတာကိုလည်း ဖတ်နေရင်း ခံစားနားလည်မိပါတယ်။ တကယ်တမ်းတော့ လူ့လောကကြီးမှာ လူတန်းစားနှစ်ရပ်ပဲ ရှိတယ်တဲ့။ အဲ့ဒါဟာ အထက်တန်းလွှာနဲ့ အောက်တန်းလွှာပါပဲ။ ဘယ်လောက်ထိ ကွဲပြားခြားနားလဲ သိချင်ရင်တော့ ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ ကူလီ ဝတ္ထုကိုသာ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။Ks 20,000ကူလီ
Ks 20,000 -
ချက်ကော့ဝတ္တုတိုပေါင်းချုပ်
ကျော်အောင်Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။
ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။
နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။
ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။
ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။
Ks 17,000ချက်ကော့ဝတ္တုတိုပေါင်းချုပ်
Ks 17,000 -
ချက်ကော့ဝတ္ထုတိုပေါင်းချုပ်
ကျော်အောင်Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။
ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။ နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။
ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။
ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။
Ks 5,000ချက်ကော့ဝတ္ထုတိုပေါင်းချုပ်
Ks 5,000 -
ချစ်ခရီးလမ်းတစ်လျှောက်ဝယ်
ကျော်အောင်ဆရာကျော်အောင်ဟာ ဘဝတစ်လျှောက်လုံး ပင်ကိုရေးနဲ့ ဘာသာပြန် စာပေလက်ရာကောင်းများစွာ ပြုစုသွားခဲ့ပါတယ်။ ဆရာ့ရဲ့ ဘာသာပြန်စာအုပ်များဟာ လူကြိုက်များသလို ပင်ကိုရေးစာအုပ်များကိုလဲ စာဖတ်သူတို့ နှစ်ခြိုက်အားပေးကြတယ် ။ ထွက်ရှိပြီးတဲ့ အချိန်ကာလတွေ ကြာမြင့်ပြီ ဖြစ်သော်လဲ ဆရာ့စာအုပ်များကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေတာကို စာဖတ်ပရိသတ်များ မက်မောစွာ ဖတ်ရှုလျက် ရှိပါတယ်။ ယခု စာအုပ် ‘ချစ်ခရီးလမ်းတစ်လျှောက်ဝယ်’ ဟာ ရုပ်ရှင်ကို ပြန်လည်ခံစားပြီး အသက်သွင်းထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဆရာကျော်အောင်ရဲ့ လက်ရာကောင်း ပင်ကိုရေးစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဆရာကျော်အောင်ဟာ ရုပ်ရှင်တကားမှာလို နေရာရှုခင်းတွေကို ထင်သာမြင်သာရှိအောင် အဖွဲ့အနွဲ့တွေနဲ့ ပေါင်းစပ်ပြီး စာဖတ်သူတို့ရဲ့ မျက်လုံးထဲ မြင်ယောင်လာသည်အထိ ရေးဖွဲ့ထားပါတယ်။ဒီစာအုပ်ကလေးထဲမှာ ခင်မမနဲ့ ဦးဘချစ်တို့ရဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ မြေးအဘိုး သံယောဇဥ်လေးကို တွေ့ရပါမယ်။ ဟိုးယခင်က ရန်ကုန်တက္ကသိုလ်ရဲ့ အငွေ့အသက်လေးတွေ၊ စာကြည့်တိုက်တစ်ခုရဲ့ ပုံရိပ်ကလေးတွေကို ဖတ်နေရင်းပဲ လွမ်းမောသွားစေတဲ့ စာအုပ်ကလေးပါ။ ခင်မမနဲ့ ကိုမျိုးအောင်ရဲ့ မေတ္တာဇာတ်လမ်းကို ဖတ်ရှုရတာဟာ အရင်ခေတ်တစ်ခေတ်က ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ကွက်ကွက်ကွင်းကွင်း ကြည့်နေရသလို ခံစားရစေမှာ အမှန်ပါပဲ။ ဦးဘချစ်ရဲ့ လူငယ်တွေနဲ့ သဟဇာတဖြစ်ပုံလေးကိုလဲ ဖတ်ကြည့်နေရင်းပဲ ပြုံးမိစေမှာပါ။ ခင်မမတို့ရဲ့ အိမ်ထောင်ဦးအစမှာ အိမ်အကူတွေခေါ်ရင်း တွေ့ကြုံရတဲ့ အလွဲလေးတွေကလည်း စာဖတ်သူကို မပျင်းမရိ ဆွဲခေါ်သွားပါလိမ့်မယ်။အဘိုးရဲ့ ချစ်ခင် အလိုလိုက်ခြင်းခံရလို့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ကြီးပြင်းခဲ့ရတဲ့ ခင်မမတစ်ယောက် … အချစ်နဲ့ထိတွေ့လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ကိုမျိုးအောင်ကရော ဘဝတလျှောက်လုံး နားလည်ခွင့်လွှတ်ပြီး ခရီးဆုံးထိ ချစ်မြတ်နိုးသွားပါ့မလား ဆိုတာကို ချစ်ခရီးလမ်းတစ်လျှောက်ဝယ် ဝတ္ထုမှာ ဆရာကျော်အောင်က လှလှပပလေး ရေးသားတင်ပြခဲ့ပါတယ်။ ဆရာကျော်အောင်ရဲ့ အခြားပင်ကိုရေးဝတ္ထုများလိုပဲ စာဖတ်သူတို့ နှစ်သက်သဘောကျကြဦးမယ့် စာအုပ်လေးတစ်အုပ်လဲ ဖြစ်ပါတယ်။Ks 7,500ချစ်ခရီးလမ်းတစ်လျှောက်ဝယ်
Ks 7,500 -
ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ
ကျော်အောင်ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ခေတ်စနစ်တစ်ခုအပေါ် အခြေခံပြီး ကွဲပြားခြားနားသွားသည့် လူ့သဘော လူ့စရိုက်သဘာဝကို ဖော်ပြထားသည်။အခြေခံအုတ်မြစ်ဖြစ်သော တောင်သူလယ်သမားတို့၏ ချွေးစက်များကို တန်ဖိုးထား ကာကွယ်လိုသောစိတ်၊ တောသူတောင်သားတို့အပေါ် ငဲ့ညှာထောက်ထားစေလိုသော စိတ်ရင်းစေတနာတို့ကို ဤဝတ္ထုတွင် စာရေးဆရာ ပုံဖော်ထားသည်ကို တွေ့မြင်ရပေမည်။အညာကျေးလက်ဒေသ၏ သာယာအေးချမ်းသော ရှုမျှော်ခင်းအချို့ကို ဖတ်ရှုနေရင်း လိုက်ပါမြင်ယောင် ခံစားစေအောင်လည်း ရေးဖွဲ့သည်။ အညာဒေသ၏ လတ်ဆတ်သော လေကောင်းလေသန့်ကို ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုတွင် ရှူရှိုက်မိစေမည်။ ယာတောသူလေးများ၏ သာယာနာပျော်ဖွယ် တေးသီချင်းသံတို့ကိုလည်း ကြားရမိပြန်မည် ဖြစ်သည်။ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ယခင်တစ်ချိန်က ရှိခဲ့ဖူးသည့် ခေတ်ကာလတစ်ရပ်ကို ထင်ဟပ်စေသည့် စာကောင်းတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုထဲတွင် ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်သော စိတ်နှလုံးသားတို့ များစွာ ဖူးပွင့်လျက်ရှိပေသည်။Ks 6,000ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ
Ks 6,000 -
ဆမ်းမာဆက်မွမ်၏ ဝတ္ထုတိုများ
ကျော်အောင်ဆရာကျော်အောင် ဘာသာပြန်တဲ့ ဆမ်းမားဆက်မွမ်း ၏ ဝတ္ထုတိုများ က ဘယ်အချိန်မဆို မရိုးနိုင်တဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဝတ္ထုတိုစာအုပ်များထဲမှ တစ်အုပ်ဆိုလျှင် မှားအံ့မထင်။ 1964 မှာ ထွက်ခဲ့တဲ့ မူရင်းစာအုပ်ဟာ ယနေ့ထက်တိုင် ကမ္ဘာမှာ ထင်ရှားနေဆဲဖြစ်ပြီး Goodreads မှာ Rating 4.3 , Amazon မှာ Rating 4.4 ရထားပါတယ်။ မြန်မာဘာသာပြန်ကလဲ စာချစ်သူတို့ နှစ်သက်သဘောကျကြပြီး ယနေ့ထက်တိုင် အကြိမ်ရေ အသစ်များ ထုတ်ဝေနေရဆဲ ရှိပါတယ်။ဆမ်းမားဆက်မွမ်ဟာ ဝတ္ထုရှည်ကြီးများ ရေးသားခဲ့ရာမှာ အောင်မြင်သလို ဝတ္ထုတိုများဟာလဲ ဆိုခဲ့သလို လူကြိုက်များလှပါတယ်။ ဒီစာအုပ် ဆရာကျော်အောင် ပြန်ဆိုတဲ့ ဆမ်းမားဆက်မွမ်၏ ဝတ္ထုတိုများမှာ ဝတ္ထုတို ၁၅ ပုဒ် ပါဝင်ပြီး ရယ်မောဖွယ် … လွမ်းဆွေးဖွယ် … စတဲ့ ရသမျိုးစုံကို ခံစားရမှာပါ။ ဆမ်းမားဆက်မွမ်ဟာ ခရီးသွားလာခြင်းကို ဝါသနာပါပြီး ကမ္ဘာအရပ်ရပ်ကို ခရီးထွက်ခဲ့သူပါ။ ခရီးသွားရင်း ဝတ္ထုတစ်ပုဒ်ရေးဖို့ ကုန်ကြမ်းရှာတွေပြီဆိုရင် အဲ့ဒီနေရာဒေသမှာ ရက်အတန်ကြာနေပြီး ဝတ္ထုအတွက် လေ့လာသူ ဖြစ်ပါတယ်။ ဒီအတွက် ဆမ်းမားဆက်မွမ်ရဲ့ ဝတ္ထုတိုတွေဟာ ကမ္ဘာအရပ်ရပ်က နေရာဒေသတွေမှာ အခြေခံထားတာ ဖတ်ရမှာ ဖြစ်ပြီး ကာလဒေသစရိုက်၊ လူတွေရဲ့ ပြုမူလှုပ်ရှားပုံ စတာတွေက သူ့ဝတ္ထုတွေမှာ ထင်ရှားလှပစွာ ပေါ်ပေါက်နေပါတယ်။ဆမ်းမားဆက်မွမ်ကို နှစ်ဆယ်ရာစုရဲ့ အကျော်ကြားဆုံး စာရေးဆရာများထဲက တစ်ဦးလို့ သတ်မှတ်ပြီး အကျွမ်းကျင်ဆုံး ဝတ္ထုတိုရေးဆရာလို့ နေရာပေးကြတယ်။ ဆမ်းမားဆက်မွမ် ကိုယ်တိုင်ကတော့ ဝတ္ထုတိုအရာမှာ ပြင်သစ်စာရေးဆရာ မိုပါဆွန်းက အကျွမ်းကျင်ဆုံးလို့ ဆိုပါတယ်။ ဆမ်းမားဆက်မွမ်ဟာ ဘဝတစ်လျှောက် စာပေလက်ရာများစွာ (ဝတ္ထုတို/ရှည်၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ ခရီးသွားစာပေ၊ စာပေအကဲဖြတ်စာတမ်း) ရေးခဲ့သူဖြစ်ပြီး အသက် ၇၀ အရွယ်တွင် စာပေရေးသားခြင်းကို အနားယူခဲ့တယ်။ ဆမ်းမားဆက်မွမ်ဟာ သူ့ဘဝကို သူပြန်သုံးသပ်တဲ့အခါ သူဟာ ဘယ်သူ့အပေါ်မှာမှ မနာလိုဝန်တိုစိတ် မရှိဘဲ ရှင်သန်ခဲ့တယ်။ လုပ်ချင်ရာ လုပ်ခဲ့တယ်။ အဲ့ဒီလို နေခဲ့တဲ့အတွက်လဲ သူ့ဘဝကို သူကျေနပ်တယ်လို့ ဆိုထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ “ကျွန်တော် မလုပ်ဖူးတာ သိပ်မရှိဘူး။ လူအတော်များများနဲ့လဲ သိကျွမ်းခဲ့တယ်။ စာအုပ်တွေလဲ အများကြီးဖတ်ခဲ့တယ်။ ရုပ်ရှင်တွေ အများကြီး ကြည့်ခဲ့တယ်။ ဂီတတွေ အများကြီးနားထောင်ခဲ့တယ်။ ကျောက်ရုပ်တွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ လက်ရာကောင်း အဆောက်အအုံတွေ အများကြီး မြင်ခဲ့တွေ့ခဲ့တယ် … ဒါဆိုရင် လုံလောက်ပါပြီ” တဲ့။ဝတ္ထုရေးဖွဲ့ခြင်းနဲ့ ပတ်သက်ပြီးလဲ ဆမ်းမားဆက်မွမ်က “လူတစ်ယောက်၏စရိုက်သည် အခြားသူများနှင့် မတူဘဲ ထူးခြားသည်။ ထိုစရိုက်ကို အခြေတည်ကာ သူ့အကြောင်း ဝတ္ထုရေးလို့ ကောင်းမည်ဟု ထင်မြင်ယူဆလျှင်၊ စိတ်ကူးရလျှင် ထိုအကြောင်းကို ကျွန်တော်ရေးသည်။ တစ်ခါတရံ ထူးခြားသည့် အခြေအနေတစ်ခုခုတွင် စိတ်နေသဘောထားတစ်စုံတစ်ခုကြောင့် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ပေါ်လာရသည်။ ထိုအခါ ကျွန်တော့်မှာ ရေးစရာ အကွက်ဝင်လာသည်။ ထို့ကြောင့် ထိုအဖြစ်အပျက်ကို ကျွန်တော် ဝတ္ထုရေးသည်။ သို့သော်လည်း ကျွန်တော် ထပ်၍ ပြောချင်ပါသေးသည်။ ထိုလူ့စရိုက်၊ ထိုလူ့အဖြစ်သနစ်တို့မှာ ဖြစ်ရိုးဖြစ်စဉ်နှင့် ကွဲလွဲသည့် လူ့သဘာဝများသာ ဖြစ်လေသည်။ ယင်းတို့မှာ ယေဘုယျ သဘောမဆောင်၊ ခြွင်းချက် သဘောသာဆောင်သည်” လို့ ဆိုပါတယ်။Ks 12,000ဆမ်းမာဆက်မွမ်၏ ဝတ္ထုတိုများ
Ks 12,000 -
တောရိုင်းမြေ
ကျော်အောင်ကမ္ဘာ့ဝတ္ထုသမိုင်းမှာ ရုရှားဝတ္ထုရေးဆရာတွေဟာ ထိပ်တန်းတစ်နေရာမှာ ရှိတယ်လို့ ဆိုကြတယ်။ တော်လ်စတွိုင်း၊ မစ်ခေးရှိုလိုကော့ ၊ အန်တွန် ချက်ကော့ဗ်၊ တူရဂေညက်၊ ဂေါ်ကီတို့ဟာ ကမ္ဘာကျော် ရုရှား စာရေးဆရာကြီးတွေ ဖြစ်ကြပါတယ်။ အခု ဒီစာအုပ် တောရိုင်းမြေဟာ ကမ္ဘာ့ဂန္တဝင် စာပေ စာရင်းဝင် ဖြစ်ပါတယ်။
#တောရိုင်းမြေ စာအုပ် ရေးသူက မစ်ခေးရှိုလိုကော့ (၁၉၀၅_၁၉၈၄) ဖြစ်ပါတယ်။ သူဟာ ရုရှားတောင်ပိုင်းက ကျေးတောသား တစ်ယောက် ဖြစ်တယ်။ နောက်ပြီး ရုရှားပြည်မှာ ထင်ရှားတဲ့ ကော့ဆက် စစ်သည်တော် အနွယ်ဝင်လည်း ဖြစ်ပါတယ်။ မစ်ခေးရှိုလိုကော့ က ပြည်တွင်းစစ်ကာလအတွင်းကနေ ၁၉၂၂ အထိ တပ်နီတော်မှာ အမှုထမ်းခဲ့တယ်။ရှိုလိုကော့ဟာ စာရင်းအင်းဋ္ဌာနမှာ စာရေးအဖြစ် အမှုထမ်းဖူးတယ်။ မူလတန်းကျောင်းဆရာအဖြစ်လည်း လုပ်ဖူးတယ်။ သင်္ဘောကြီး ကုန်တင်ကုန်ချ အလုပ်သမားအဖြစ်လည်း လုပ်ဖူး၏။ စစ်သားအဖြစ်နှင့် တိုက်ပွဲဝင်ခဲ့ဖူးတယ်။ သတင်းစာဆရာလည်း ဖြစ်ခဲ့ဖူး၏။ သူ့ရဲ့ ဘဝအတွေ့အကြုံတွေဟာ စုံလင်လှပါတယ်။ နောက်တော့ ၁၉၂၃ မှာ ဝတ္ထု စတင် ရေးသားခဲ့ပါတယ်။#တောရိုင်းမြေ ဝတ္ထုကြီးရဲ့ နောက်ခံကာလက ၁၉၃၀ ဝန်းကျင်၊ မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး ပြီးဆုံးခါစအချိန်၊ တန်ပြန် တော်လှန်ရေးသမားတွေဟာ ဒွန်ဒေသမှာ ဆိုဗီယက်အစိုးရကို ပြန်လည်တိုက်ခိုက်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ် ကာလလည်း ဖြစ်တယ် ။ဒွန်မြစ်ကြီးဟာ ရုရှားနိုင်ငံရဲ့ အသက်သွေးကြောမြစ်ကြီး တစ်စင်းလည်း ဖြစ်ပါတယ်။ အဲဒီ ဒွန်မြစ်ကမ်းက ဂရယ်မျချီ ရွာအပြင် အခြားရွာတွေကိုပါ စည်းရုံးပြီး စုပေါင်းလယ်ယာ ထူထောင်တဲ့ကိစ္စဟာ အတော် တာဝန်ကြီးပါတယ်။ကွန်မြူနစ်ပါတီကို မယုံကြည်သူတွေ၊ တန်ပြန် တော်လှန်ရေးသမားတွေ၊ ရှေးရိုးစွဲ လယ်သမားတွေက အတိုက်အခံ ပြုမှုတွေကို ရွာခံ ပါတီဝင်တွေနဲ့အတူရင်ဆိုင် ဖြေရှင်းရပါတယ်။ ဒီကြားထဲ လူပျို လူလွတ်တစ်ယောက် ဖြစ်နေတဲ့ ဒါဗီးဒေါ့ ရဲ့ အချစ်ရေး ကိစ္စတွေကလည်း ပြည်ထဲရေးထက် လွမ်းရေးခက် ဆိုသလို ကြုံရပြန်တယ်။ စနစ်ဟောင်းနဲ့ စနစ်သစ် တို့ရဲ့ အားပြိုင်မှု ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ပုဂံစာအုပ်တိုက်နေ ၁၉၆၅ ခုနှစ်က ပထမအကြိမ် နှစ်တွဲခွဲ ထုတ်ဝေခဲ့ပြီး တစ်ခါမှ ပြန်လည်ထုတ်ဝေခြင်း မပြုရသေးတဲ့ ဂန္တဝင် စာအုပ်တစ်အုပ်ဖြစ်တဲ့ #တောရိုင်းမြေကို နှစ်တွဲပေါင်းချုပ် ဒုတိယ အကြိမ်အဖြစ် မဟာစာပေမှ ဂုဏ်ယူစွာ ထုတ်ဝေလိုက်ပါတယ်။
Ks 15,000တောရိုင်းမြေ
Ks 15,000 -
ဓါးလွတ်ကိုင် ဆာမူရိုင်း၏ ကိုကာကိုလာယဉ်ကျေးမှု
ကျော်အောင်ဆရာကျော်အောင်ရေးသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် စာရေးသူ ဂျပန်နိုင်ငံတွင် စာအုပ်ထုတ်ဝေရေးသင်တန်းကို တစ်လကျော် တက်ရောက်ခဲ့စဉ်က နေ့ရက်များအကြောင်း ပြန်လည်မျှဝေထားသည့် ခရီးသွားစာပေဆောင်းပါးရှည်ကြီး ဖြစ်၏။ အာရှဒေသ ယူနက်စကိုအဖွဲ့ခွဲက နှစ်စဉ်နှစ်တိုင်း တိုကျိုတွင် ဖွင့်လှစ်သင်ကြားသော သင်တန်းဖြစ်ပြီး ဆရာကျော်အောင်သည် ၁၉၇၇ ခုနှစ်တွင် သွားရောက် လေ့လာသင်ကြားခွင့် ရခဲ့၏။ သင်တန်းကာလ ၃၃ ရက်ကြာသော ခရီးသွားအတွေ့အကြုံကို စန္ဒာမဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါးရှည်အဖြစ် ၁၉၇၉ နိုဝင်ဘာ မှ ၁၉၈၂ ဇွန်ထိ ၃၂ ဆက်တိုက်ဖော်ပြခဲ့ပြီး ၎င်းအခန်းဆက်ဆောင်းပါးကို စုစည်း၍ ယခုစာအုပ်အဖြစ် ထုတ်ဝေလိုက်ပါသည်။
စာအုပ်၏ အဖွင့်ကို ဂျပန်နိုင်ငံသို့အသွား ပထမဆုံးနေ့ရက် ၁၉၇၇ စက်တင်ဘာလ ၂၆ ရက် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်သို့အသွား ခရီးဖြင့် စထားသည်။ ဆရာကျော်အောင်၏ ဂျပန်ခရီးစဉ်လမ်းကြောင်းသည် ရန်ကုန် – ဘန်ကောက် – မနီလာ – တိုကျို ဖြစ်သည်။ ရန်ကုန်မှ ဘန်ကောက်သို့ စတင်၍ လေယာဉ်စီးချိန်မှ စပြီး ဂျပန်နိုင်ငံ မရောက်မီ လေယာဉ်လမ်းကြောင်းတစ်လျှောက် စာရေးသူ ကြုံတွေ့ရသော အကြောင်းအရာများကို ဤဆောင်းပါးရှည်တွင် ဖတ်ရှုရပေမည်။ ဂျပန်သို့ ရောက်ရှိပြီး စတင်၍ သင်တန်းတက်သောနေ့မှစ၍ ဆရာကျော်အောင် မျှဝေသည့် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို ဖတ်ရပေမည်။ စာရေးသူသည် တစ်ပတ်လျှင် တနင်္လာမှ သောကြာထိ မနက်ကိုးနာရီမှ ညနေလေးနာရီခွဲအထိ သင်တန်းတက်သည်။ အခြားအချိန်များတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် လေ့လာရေးထွက်သည်။ ယခုခရီးသွားဆောင်းပါးရှည်စာအုပ်တွင် ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးစံ၊ စရိုက်၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုလုပ်ငန်း၊ ကိုးကွယ်ယုံကြည်မှု စသည်တို့ကို စာရေးသူက ရေးသားဖော်ပြထားသည်ကို ဖတ်ရမည်ဖြစ်သည်။
ထို့အပြင် ယခုကာလကဲ့သို့ စမတ်ဖုန်း၊ အေအိုင် အတတ်ပညာများ မရှိသေးခင်က ခရီးသွားကြသောသူတို့၏ နေ့ရက်များကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သလို ထိုခေတ်ထိုအခါ ဂျပန်နိုင်ငံအကြောင်းကိုလည်း သိရှိနိုင်ပေမည်။ ဥပမာအားဖြင့် တိုကျိုမြို့ရှိ ဆရာကျော်အောင် တည်းခိုသောဟိုတယ်ခန်းထဲတွင် တီဗီ ရှိသော်လည်း တီဗီကြည့်ရန် တည်းခိုသူမှ တစ်ရက်စာ ယန်း ၂၀၀ ထည့်မှ ကြည့်ခွင့်ရှိသောကိစ္စမျိုး စသဖြင့် ဖတ်ရှုရပေမည်။ သင်တန်းကို တိုကျိုမြို့တွင် သင်ကြားသော်လည်း ကျိုတိုမြို့သို့ သွားရောက်လေ့လာခြင်းမျိုးကိုလည်း ဖတ်ရှုရမည်။
ဆရာဇော်ဂျီက “ခရီးသွားစာပေ ဖတ်ရှုခြင်းဟာ ကျဉ်းမြောင်းတဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကျော်ပြီး ကျယ်ပြန့်တဲ့ သက်ရှိ၊ သက်မဲ့ ကမ္ဘာလောကမှာ စိတ်ဝင်စားလာချင်ကြအောင် မျက်စိ ဖွင့်ကြည့်ချင်လာကြအောင်၊ တိုးတက်ကြံဆမှု ရှိချင်လာကြအောင် မျှမျှတတ ချိန်ဆသုံးသပ်မှု ရှိလာချင်ကြအောင် ပြုနိုင်စွမ်းရှိတယ်လို့ ယူဆချင်ပါတယ်” ဟု ဆိုခဲ့ပါသည်။ ယခုစာအုပ် ဆရာကျော်အောင် ရေးသားသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် တစ်ခေတ်တစ်ခါက ဂျပန်နိုင်ငံအကြောင်းကို လှစ်ဟပြသည့်နှယ် သမိုင်းတံခါးချပ်အား ရှုမြင်ရမည်ဖြစ်ပြီး ဖတ်ရှုစဉ်ကာလတစ်လျှောက် စာရေးသူနှင့်အတူ ဂျပန်နိုင်ငံသို့ လိုက်ပါ လည်ပတ်ကြည်ရှုရသကဲ့သို့ ခံစားရမည်လည်း ဖြစ်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
Ks 25,000 -
နှလုံးလှဆရာဝန်
ကျော်အောင်‘နှလုံးလှဆရာဝန်’ ဟာ ကနေဒီယန်း ခွဲစိတ်ကုဆရာတစ်ယောက်ဖြစ်တဲ့ နော်မန်ဗက်သွန်းရဲ့ ဘဝအကြောင်းကို ဇာတ်လမ်းပြုရေးဖွဲ့ထားတဲ့ ဘာသာပြန်ဝတ္ထုကောင်းတစ်ပုဒ်ပါ။ နော်မန်ဟာ ငယ်စဉ်ကပင် အနုပညာကို ဝါသနာပါခဲ့သူဖြစ်ပြီး ဆရာဝန် မဖြစ်မီကပင် စာပေနှင့် ပန်းချီကားများကို စွဲလန်းသူ၊ ပန်းချီကားရောင်းဝယ်ရေးလုပ်ခဲ့သူဖြစ်ပါတယ်။ ဘဝခရီးတစ်လျှောက် အောင်မြင်တဲ့ဆရာဝန်တစ်ယောက်အဖြစ်ကနေ စပိန်ပြည်တွင်းစစ် နဲ့ တရုတ် – ဂျပန် စစ်ပွဲကာလတွေမှာ ဘယ်လို သရုပ်ဆောင်သွားမလဲဆိုတာ နှလုံးလှဆရာဝန်မှာ တွေ့ရှိရပါမယ်။
အထူးသဖြင့် နော်မန်ဟာ ဖက်ဆစ်ဂျပန် ကျူးကျော်တပ်တွေကို တိုက်ထုတ်ရာမှာ ရွတ်ချွံစွာ ပါဝင်ခဲ့တာကြောင့် တရုတ်တော်လှန်ရေး သူရဲကောင်းတွေကြား “ပိုင်ချူအင်” အဖြစ် အမြတ်တနိုး ခေါ်ဝေါ်ကြတဲ့အထိ ကျော်ကြားခဲ့တယ်။ တရုတ်-ဂျပန်စစ်ပွဲကြီးစတင်ပြီး ခြောက်လခန့်အကြာမှာ တရုတ်နိုင်ငံသို့ ရောက်ခဲ့တဲ့ နော်မန်ဟာ စစ်မြေပြင်ဒဏ်ရာများ ကုသရာတွင် ဆန်းသစ်တဲ့နည်းပညာများကို မိတ်ဆက်ခြင်း ကဲ့သို့ ထူးကဲစွာ တာဝန်ကို ချဉ်းကပ်မှုကြောင့်လည်း သူဟာ ဒဏ္ဍာရီတွင်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ မူရင်းဝတ္ထုဟာ ကမ္ဘာကျော်စာအုပ်ဖြစ်ခဲ့ပြီး ဆရာကျော်အောင်က နှလုံးလှဆရာဝန် အမည်နဲ့ ဘာသာပြန်တဲ့အခါမှာလည်း ဖတ်ရှုသူတိုင်း သဘောကျတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ဖြစ်လာပါတယ်။ ဘာသာပြန်စာချစ်သူတို့ လက်မလွတ်ဘဲ ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Ks 9,000နှလုံးလှဆရာဝန်
Ks 9,000 -
နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း
ကျော်အောင်ခေတ်သစ်၏ ခေါ်ရာသို့ မလိုက်နိုင်ဘဲ ကျဆုံးသွားသည့် လူတန်းစားတစ်ရပ်တစ်ကြောင်း။
ပေါင်းလောင်းရပ်နေ ဦးရွှေဖြူ၊ ဒေါ်ငြိမ်း၊ ၎င်းတို့၏သား ကိုဖေမောင်၊ စမုန်ကွင်းကောက်ရပ်နေ ဦးဇေယျာ၊ ဒေါ်လှမေ၊ ၎င်းတို့၏ သမီး မညွန့်ခင်။
သူတို့သည် ဤဇာတ်လမ်း၏ ဇာတ်ဆောင်များ။ စာရေးဆရာကြီး ကျော်အောင်က ထိုဇာတ်ဆောင်တွေနဲ့ ထိုခေတ်က လူတွေအကြောင်းကို ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’မှာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ပမာပြု တင်ပြတယ်။ပေါင်းလောင်းဆိုတဲ့ အရပ်က ခေါင်တယ်၊ မြန်မာပြည်အလယ်ပိုင်း တစ်နေရာကို ကိုယ်စားပြုတဲ့အရပ်ဒေသ။ အဲ့ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေက ရိုးရိုးအေးအေးတွေ။ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်တွေ ရောက်လာလို့ ခေတ်ပညာတတ်ကျောင်းတွေ ဖွင့်တဲ့အခါ “ပညာများ ဘုန်းကြီးကျောင်းမှာ ထားလည်း ရတာပဲ၊ ဘာလို့ လောကဓာတ်ကျောင်းပို့မလဲ” လို့ မေးငေါ့ကြတဲ့အရပ်။
စမုန်ကွင်းကောက်က အောက်ပြည်အောက်ရွာက အရပ်ဒေသတစ်ခု၊ တိုးတက်ခေတ်မီတဲ့ ရန်ကုန်လို အရပ်နဲ့ ကုန်စည် အကူးအသန်း အဆက်အသွယ်ရှိတယ်။ မိရိုးဖလာ လယ်မြေ စိုက်ပျိုးစီးပွားကို အစိုးရဆီက ချေးငွေတွေ ယူပြီး ပိုမိုတိုးတက်တဲ့ စီးပွားတစ်ရပ်ဆီ ရှေ့တိုးဖို့ ကြိုးစားနေကြတဲ့ အရပ်။
ပေါင်းလောင်းက ဦးရွှေဖြူဟာ သူကြီးမျိုးဆက်။ အဖေသူကြီး ကွယ်လွန်တော့ အလိုလို သူကြီးဖြစ်လာသူ။ သူ့ခေတ်မှာ မြန်မာတို့ ထီးနန်းကျိုးပေါက် အင်္ဂလိပ်လက်အောက်ရောက်တော့ သူက သူကြီးအရာကနေ မကျသွားတဲ့တိုင် သူ့အထက်မှာ မြို့အုပ်မင်းဆိုသူတစ်ယောက် ပေါ်လာတယ်။ သူက ဒုတိယဖြစ်သွားတယ်။ အပြောင်းအလဲခေတ်ကြီးမှာ ထိုင်နေရင် ဘာမှဖြစ်လာဘူးဆိုတဲ့ စိတ်နဲ့အောက်ပြည်အောက်ရွာ စုန်ဆင်းရာက စမုန်ကွင်းကောက်ကို ရောက်သွားတယ်။‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ မှာ ကျော်အောင်ရဲ့ metaphor ဆန်ဆန် တင်ပြမှုကို ဖတ်ရပါမယ်။ ခေတ်တွေကို ပြတယ်။ လူတန်းစားတွေကိုပြတယ်။ အတွေးအခေါ် ၊ ဘဝရပ်တည်ရှင်သန်မှု၊ လူမှုစီးပွား စတာတွေကို ဇာတ်ဆောင်တွေက တစ်ဆင့်၊ စာမျက်နှာထက်က တစ်ဆင့်၊ ရေးသားတင်ပြတယ်။
တစ်နည်း ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ ဟာ ဝတ္ထုစာအုပ်တစ်အုပ်ထက်ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဆရာကျော်အောင်၏ ပထမဆုံး ရသဝတ္ထုရှည်တစ်အုပ်ဖြစ်သလို စာပေအစဉ်အလာ ကြီးမားလှတဲ့ ပုဂံစာအုပ်တိုက်ရဲ့ (သတ္တမမြောက်) နှစ်လည်အထူးထုတ် ပင်ကိုယ်ရေး ရသဝတ္ထုရှည်တစ်အုပ်လည်း ဖြစ်ပါတယ်။
Ks 15,000နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း
Ks 15,000