ခတ္တာခင်ကို ၁၅.၈.၁၉၉၂ ခုနှစ်တွင် ဦးမြင့်အောင်၊ ဒေါ်ခင်သန့်ရွှေ တို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အ.ထ.က(၁)တောင်ကုတ်မှ ၂၀ဝ၈ ခုနှစ်တွင် အောင်မြင်ခဲ့ သည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သရေခေတ္တရာမှ အုတ်ခွက် ဘုရားများကို လေ့လာခြင်း စာတမ်းဖြင့် မဟာသုတေသနဘွဲ့ ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပါရဂူဘွဲ့ကြို တက်ရောက်ခဲ့သည်။

တောင်ကုတ်မြို့နယ်မဂ္ဂဇင်း၊ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း၊ င်္ခေနျ မဂ္ဂဇင်းနှင့် မဂ္ဂဇင်းအချို့တို့တွင် ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့ပြီး ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည့် ငေးရင်းဝေးကျန်ရစ်တဲ့ ကမ္ဘာ ကို မဟာစာပေမှ ၂၀၂၀ ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ထို့နောက် အနောက်ရပ်ဆီမှာ ငို ၊ မြက်ခင်းပြင်အလွတ် စသည့်ဝတ္ထုများ ရေးသားခဲ့သည်။

ဆက်လက်၍လည်း ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားဖန်တီးလျက် ရှိသည်။

ခတ္တာခင်

ခတ္တာခင်

ခတ္တာခင်ကို ၁၅.၈.၁၉၉၂ ခုနှစ်တွင် ဦးမြင့်အောင်၊ ဒေါ်ခင်သန့်ရွှေ တို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အ.ထ.က(၁)တောင်ကုတ်မှ ၂၀ဝ၈ ခုနှစ်တွင် အောင်မြင်ခဲ့ သည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သရေခေတ္တရာမှ အုတ်ခွက် ဘုရားများကို လေ့လာခြင်း စာတမ်းဖြင့် မဟာသုတေသနဘွဲ့ ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပါရဂူဘွဲ့ကြို တက်ရောက်ခဲ့သည်။

တောင်ကုတ်မြို့နယ်မဂ္ဂဇင်း၊ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း၊ င်္ခေနျ မဂ္ဂဇင်းနှင့် မဂ္ဂဇင်းအချို့တို့တွင် ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့ပြီး ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည့် ငေးရင်းဝေးကျန်ရစ်တဲ့ ကမ္ဘာ ကို မဟာစာပေမှ ၂၀၂၀ ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ထို့နောက် အနောက်ရပ်ဆီမှာ ငို ၊ မြက်ခင်းပြင်အလွတ် စသည့်ဝတ္ထုများ ရေးသားခဲ့သည်။

ဆက်လက်၍လည်း ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားဖန်တီးလျက် ရှိသည်။

  • မြက်ခင်းပြင်အလွတ်

    စွမ်းရည် .. ဖတဆိုး သမီးလေး၊ ဖခင်ကို မြင်ခွင့်မရဘဲ လောကထဲရောက်လာသူ စွမ်းရည်ရဲ့ အမေကလည်း အော်တစ်ဇင် မို့ အဘွားသာလျှင် စွမ်းရည်ရဲ့ ဘဝမှာ ပဲ့ကိုင်ရှင်။

    လေးမြ … စွမ်းရည်ရဲ့ အဒေါ် (အမေ့ညီမ)၊ ငယ်စဉ်ကပင် အကြောင်းတစ်ခုကြောင့် ကွန်းချောင်းရွာကနေ မြို့တက်ကာ ပင်ကိုယ်အရည်အချင်းများကြောင့် ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသူ၊ လေးလေးမြ အမည်နဲ့ စာရေးဆရာမ အဖြစ်ရောက်ပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် စာဆက်မရေးဖြစ်သော်လည်း အောင်မြင်သောအမျိုးသမီးတစ်ဦးဖြစ်နေဆဲ၊ လှပချောမောတဲ့ လေးမြဟာ နှုတ်ဆိတ်လှပြီး ခန့်မှန်းရ ခက်လွန်းသူ။

    ဒေါက်တာအောင်ဇော် .. စွမ်းရည်ရဲ့ အဘွား ကွန်းချောင်းမှာ ဆုံးတော့ ခိုကိုးရာမဲ့ဖြစ်နေတဲ့ စွမ်းရည်နဲ့ သူ့အမေကို လေးမေက မြို့မှာနေဖို့ ခေါ်လာရာက စွမ်းရည်ရဲ့ အလုပ်ကိစ္စကြောင့် ရင်းနှီးခဲ့ကြသူ။ စွမ်းရည်နေတဲ့တိုက်ကနေ ညစဉ်တိုင်းလိုလို အခန်းမီးကို မှိတ်လိုက် ဖွင့်လိုက် ပုံမှန်လုပ်လေ့ရှိတဲ့ ကွန်ဒိုတိုက်ကြီးက အခန်းတစ်ခန်းမှာ တစ်ယောက်တည်းနေထိုင်တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်။

    အေးမြ .. စွမ်းရည်ရဲ့ မိခင်။ မွေးရာပါ အော်တစ်ဇင်ရောဂါရှင်၊ မြက်ရိုင်းရှည်တွေကိုသာ အချိန်တိုင်းကြည့်နေချင်သူ၊ ကွန်းချောင်းမှာတုန်းက အေးမြပျောက်ရင် စွမ်းရည်က မြက်ခင်းထဲမှာပင် အမြဲလိုက်ရှာရသူ။

    ဆရာမခတ္တာခင်ရဲ့ စာအုပ်တွေဟာ ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်တွေရဲ့ သိစိတ်၊ မသိစိတ်တွေကို စာရေးသူနဲ့ ထပ်တူ စာဖတ်သူတို့က လိုက်ပြီး မြင်တွေ့စေတယ်ဆိုတာ အရင်က ထွက်ဖူးတဲ့ ဆရာမရဲ့ စာအုပ် ၂ အုပ် (ငေးရင်း ဝေးကျန်ရစ်တဲ့ .. ကမ္ဘာ ၊ အနောက်အရပ်ဆီမှာ ငို ..) တို့မှာ စာဖတ်ပရိသတ်တို့ မြင်ခဲ့ပြီးပါပြီ။ ဒီစာအုပ်မှာလည်း ခတ္တာခင်က ထူးပြီး ဆန်းမနေတဲ့ လူတွေကြားက လူတွေရဲ့ မသိစိတ်နောက်ကွယ်က အဇ္ဈတ္တ အချို့ကို ချပြထားတယ်။

    လျှို့ဝှက်ပြီး ဝေခွဲရခက်လှပါတယ်ဆိုတဲ့ လူမျိုးတွေဟာ ဘာကြောင့် ဒီလိုမျိုး နေထိုင်ရပ်တည်ရလဲ။ လူ့ဘဝကို အများလို ရေလိုက်ငါးလိုက် မနေဘဲ ထူးထူးခြားခြား ရှင်သန်ဖို့ ဘယ်လိုအကြောင်းတွေက ရေသောက်မြစ်ဖြစ်ခဲ့လဲ။

    ဆရာမခတ္တာခင်ရဲ့ ကလောင်ကနေ စွမ်းရည်၊ ကွန်းချောင်းရွာလေး၊ စွမ်းရည်ရဲ့ အဘွား မှသည် လေးမေ၊ အော်တစ်ဇင်ရောဂါသည် အေးမေ၊ ဒေါက်တာအောင်ဇော်တို့ရဲ့ စိတ်ဝင်စားဖွယ် အဖြစ်သနစ်တွေကို “မြက်ခင်းပြင်အလွတ်” ထဲမှာ ဖွေရှာရင်းနဲ့ သူတို့တွေရဲ့ ဘဝတွေ၊ မသိစိတ်တွေကို စာရှုသူတို့ မြင်လာ၊ နားလည်လာပါလိမ့်မယ်။

    Ks 4,000
  • ထုံးဆက်လက်ကျန်

    အိပ်မက်မက်တယ် … “သူ အိပ်မက်ထဲမှာ မြင်တာက အရိုးစုတစ်စုနဲ့ မြေအိုးတစ်လုံး၊ အဲ့ဒီနှစ်ခုက သပ်သပ်စီ မဟုတ်။ အရိုးစုက မြေအိုးကို ပွေ့ဖက်ထားသလို။ သူကြည့်နေရင်း အရိုးစုထံက ညည်းသံကြားသလား၊ ဒါတင်မက အရိုးစုက သူ့ကို ပြန်ကြည့်နေသလား၊ ကြောက်မိနေသလား မကြောက်မိနေသလားဆိုတာထက် စိတ်ဝင်စားမှုက ပိုနေတော့ ….”

    အိပ်မက်ဆိုတာ စိတ်စွဲလို့ မက်တာလား .. ? တစ်စုံတစ်ခုက နိမိတ်ပေးချင်လို့ မက်တာလား .. ?
    တချို့အိပ်မက်တွေက မက်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပေမယ့် တချို့အိပ်မက်တွေက လက်တွေ့ဘဝမှာ တိုက်တိုင်ဆိုင်ဆိုင် ဖြစ်လာလေတော့ … ။

    ဒေါက်တာအောင်နိုင်သူ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ ထားသိုရာ ဗဟိုဌာန၊ (အိုးနှင့်အိုးခြမ်းကွဲဌာန)က အိုးခြမ်းကွဲများ စုဆောင်းထိန်းသိမ်းရေးတာဝန်ခံ။ သုတေသနလုပ်ငန်းမှာ ဘဝကြီးတစ်ခုလုံး စိတ်ပါဝင်စားစွာ အချိန်ပေး မြုပ်နှံထားသူတစ်ဦးဖြစ်ပြီး အလုပ်နဲ့ ဘဝ တစ်ထပ်တည်းကျတဲ့ ပညာရှင်တစ်ဦး။ စာတမ်းတစ်စောင် ပြုစုနေချိန်မှာ အရိုးစုတစ်စုက ထူးခြားတဲ့ ဒီဇိုင်းလက်ရာနဲ့ အိုးတစ်လုံးကို ဖက်ထားတာကို အိပ်မက်မက်မြင်ပြီးတဲ့ နောက်မှာပဲ ဒေါက်တာအောင်နိုင်သူဟာ အပြင်လောကမှာပါ အိပ်မက်ထဲကအတိုင်း အံ့အားသင့်စွာ ထပ်တူမြင်တွေ့ခဲ့ရတယ်။ သူမြင်တွေ့ခဲ့ရတဲ့အိုးပေါ်မှာက သီရိဝစ္ဆတံဆိပ်နဲ့။

    ဒီလိုနဲ့ ဒေါက်တာအောင်နိုင်သူနဲ့ ဘဝမှာ ထူးခြားတာတွေ ကြုံလာခဲ့တယ်။ ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်ရာက ရောက်မှန်းမသိ ရောက်သွားတဲ့ မြို့တစ်နေရာက သီရိဝစ္ဆအိုးရုံ၊ သီရိဝစ္ဆအိုးရုံလုပ်ငန်းက မိန်းမချောလေး အိမ်မွန်၊ တစ်ချိန်က မီးလောင်ကျွမ်းမှု၊ အိပ်မက်နဲ့ ပြင်ပလောက ထပ်တူကျတဲ့ အရိုးစုနဲ့ မြေအိုး၊ သီရိနဲ့ အောင် ဆိုတဲ့ ချစ်သူနှစ်ဦး၊ ငယ်သူငယ်ချင်းရဲ့ မနာလိုစိတ်၊ ဖြေရှင်းရခက်တဲ့ အမှန် အမှားပြဿနာနဲ့ နောက်ကွယ်က လာဘ်ပေးလာဘ်ယူ ချစားမှု။

    ဆရာမခတ္တာခင်ရဲ့ ရှေ့ကထွက်ရှိခဲ့တဲ့ ဝတ္ထုကောင်းများနည်းတူ .. အစတစ်မျက်နှာ ဖတ်မိတာနဲ့ အဆုံးထိ ရင်တမမနဲ့ ဖတ်ရှုရမယ့် ရသဇာတ်လမ်းကောင်းတစ်ပုဒ် “ထုံးဆက်လက်ကျန်”။ ဒီစာအုပ်မှာ ဆရာမ ခတ္တာခင်ဟာ မြေအိုးနဲ့ အိုးခြမ်းကွဲတွေရဲ့ သုတေသနဆိုင်ရာ အချက်အလက်တွေကို တိတိကျကျ လေ့လာပြီး ဇာတ်လမ်းထဲမှာ ပါးပါးလှပ်လှပ်လေး ထည့်ရေးထားပါတယ်။ စာရေးသူရဲ့ ရသအရေးအသားကျွမ်းကျင်မှု၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်မွေးမြူနိုင်မှုနဲ့ နောက်ခံဇာတ်လမ်းတို့ကြောင့် သုတေသနအချက်အလက်တွေဟာ ဝတ္ထုထဲ ပျင်းစရာ ဖြစ်မနေဘဲ ဇာတ်လမ်းအချိတ်အဆက်တို့မှာ ပိုလို့ အားကောင်းလာစေခဲ့တယ်။ စာအုပ်ဖတ်ပြီးသွားတာတောင် အဓိကဇာတ်ကောင် ဒေါက်တာအောင်နိုင်သူနဲ့ အိမ်မွန်တို့ဟာ စာဖတ်သူရဲ့ အတွေးထဲမှာ ဆက်ပြီး ရှိနေဦးမယ့် စာအုပ်မျိုး ဖြစ်ပါတယ်။

    Ks 5,000
  • အတိတ်စိုက်ခင်း

    ou reap what you sow (ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရမယ်) ဆိုတဲ့ ကမ္ဘာကျော်စကားပုံ ရှိပါတယ်။ ဒီစာအုပ်မှာ ဆရာမခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းကို ဖတ်ရှုရမှာပါ။ စာရေးဆရာမ ခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းဆီ စာဖတ်သူတွေကို ဘယ်လို ခေါ်ဆောင်သွားမလဲ?
    အတိတ်စိုက်ခင်းကို စစချင်း မျိုးစေ့ချတဲ့ဆီကနေ ဖတ်ရှုရမယ်။ မွန်ကျော်ဆိုတဲ့ အဓိက ဇာတ်ကောင် မမွေးဖွားမီ မွန်ကျော့်အဖေ(ဖြစ်လာမယ့်သူ)က ဟိုဘက်ရွာက အမေ(ဖြစ်လာမယ့်သူ)ကို သွားခိုးတဲ့ ဇာတ်လမ်းက အသည်းတယားယားနဲ့ပေါ့။ ဒီလိုနဲ့ … ရခိုင်ပြည်နယ် တစ်နေရာ၊ မြစ်ကမ်းဘေး ရွာတစ်ရွာက မွန်ကျော် ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတိတ်စိုက်ခင်းလေး အစပျိုးခဲ့တယ်။
    မြစ်ကမ်းဘေးရွာလေးတစ်ရွာက အသံချဲ့စက် ဆောင်းဘောက်စ်ပိုင်ရှင်ရဲ့ သမီးလေး မွန်ကျော်ရဲ့ ငယ်ဘဝစိုက်ခင်းက အရောင်အသွေး စိမ်းစိုလှပလတ်ဆတ်တာကို မြင်ရမယ်။ ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ၊ သူငယ်ချင်း အမွန်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားတာ၊ လှေသမားဖြစ်တာကြောင့် တစ်လ ကိုးသီတင်းနေမှ အိမ်ကိုလာပြီး မွန်ကျော့်ကို စာအုပ်တွေ၊ အကောင်လေးတွေ သယ်သယ်လာတဲ့ ဦးလေးဖြစ်သူ မိခင်ရဲ့ မောင် ဦးဦးဝင်းမြင့်၊ ရွာမှာ သူစိမ်းတွေ များလာတာနဲ့အညီ ဖွင့်ဖြစ်တဲ့ မွန်ကျော်တို့ အိမ်က ခနော်ခနဲ့ လက်ဖက်ရည်ဆိုင်လေး၊ ရွာထဲက မူးနေတဲ့ ကာလသားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ရှင်မများက ဇာတ်လမ်းတွေ၊ ထိုစဉ်ကာလ ရွာတွေတိုင်းလိုလို ရှိကြတဲ့ အခပေး ကာရာအိုကေရုံ နဲ့ လူကြီးတွေ ကာရာအိုကေမှာ သီချင်းဆိုတာ သွားသွားနားထောင်တဲ့ မွန်ကျော်နဲ့ အထွေး၊ ဦးဦးဝင်းမြင့် လှေဆိုက်တော့ သယ်လာတဲ့ ဝက်မကလေး ဖြူလုံးမ၊ ဖြူလုံးမနဲ့ မွန်ကျော့်ကြား သံယောဇဉ်၊ စတာတွေနဲ့ အခြားအခြားသော မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးကို ဖတ်ရှုရင်း ဆရာမ ခတ္တာခင် ရေးခြယ်ဖန်တီးတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။
    မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးဟာ ဆရာမခတ္တာခင်ရဲ့ ဖြစ်ရပ်မှန် အတိတ်စိုက်ခင်းလား ဆိုတာကိုတော့ ဒီဝတ္ထုလေးကို ခံစားဖတ်ရှုပြီး အဖြေထုတ်ကြည့်စေချင်ပါတယ်။ ဆရာမ ခတ္တာခင်ကလဲ “ကျွန်မအတွက်တော့ အတိတ်ဟာ ခံစားမှုပေါင်းစုံ ရောပြွမ်းနေတဲ့ စိုက်ခင်းတစ်ခု၊ အဲ့ဒီ ခံစားမှုတွေကို စာဖတ်သူဆီ ဆင့်ပွားပေးလိုက်ရတဲ့အခါ စာဖတ်သူတို့ ခံစားမှုက ဘယ်သူဖြစ်လာမလဲ မျှော်လင့်နေပါတယ်” လို့ ဆိုပါတယ်။
    Ks 6,000
  • အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော

    “အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော” လုံးချင်းဝတ္ထုမှာ မတူညီတဲ့ လူ့စရိုက်တွေကို အခြေခံထားတဲ့ အိမ်ထောင်ရေးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စာရေးဆရာမ ခတ္တာခင်က အလှပဆုံးဖြစ်အောင် ရေးဖွဲ့ထားတယ်။ ချစ်ခြင်းတရားနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ ကွဲလွဲတဲ့ စိတ်အခြေအနေတွေ၊ ခြားနားတဲ့ ဘဝနေထိုင်မှုတွေကြောင့် တဖြည်းဖြည်း ပြိုလဲသွားနိုင်တာကို ဒီဝတ္ထုထဲမှာ ရသစာပေချစ်သူတို့ တွေ့မြင်ရမှာပါ။

    လူသားအချင်းချင်း အနီးကပ်ဆုံး နေထိုင်ကြတဲ့အခါ မိသားစုဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ အလွန်ချစ်မြတ်နိုးရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါစေ၊ စိတ်နှလုံးသားနဲ့ အတွေးအခေါ် မညီမျှရင် ဝေးကွာသွားကြရမှာပါ။ ဒီစာအုပ်ထဲမှာ အဓိက တွေ့မြင်ခံစားရမှာကတော့ ယောကျ်ားတစ်ယောက်ရဲ့ စိတ်အခြေအနေပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဝေခွဲမရတဲ့ စိတ်ခံစားမှုကြားမှာ ချောင်ပိတ်မိနေတဲ့  အမျိုးသားတစ်ဦးပေါ့။ စာရေးဆရာမခတ္တာခင်က ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်စရိုက် အရေးအဖွဲ့ သရုပ်ဖော်ပြခြင်းကို ပိုအားသန်သူ ဖြစ်တာကြောင့် အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော မှာ အသက် ၃၈ နှစ်အရွယ် ပန်းချီဆရာ အောင်လွင်ဦး ကို သေသေချာချာ မြင်မိစေမှာပါ။

    အောင်လွင်ဦးရဲ့ အမျိုးသမီးဟာ အောင်လွင်ဦးကို အကြောင်းပြချက် မရှိဘဲ စွန့်ပစ်သွားတယ်။ ဒီအပေါ်  အမျိုးသမီးစာဖတ်သူတွေ အနေနဲ့ဆိုရင် ဇာတ်ကောင်အမျိုးသားကို အားမလိုအားမရ ဖြစ်လေမလား၊ ဒါမှမဟုတ် မုန်းတီးမိလေမလား။ တဦးတယောက်ရဲ့ ပြတ်သားမှုကြောင့် ကိုယ်တိုင် နာကျင်ခံစားရတယ်ဆိုရင် ကိုယ့်ရဲ့မပြတ်သားမှုကြောင့် တခြားသူ နာကျင်ခံစားနေရတာကလည်း မဖြစ်သင့်ဘူး မဟုတ်လား။

    “ဖန်ခွက်ထဲမှာ အမြဲတစေ ဖြည့်တင်းထားတဲ့ ရေတွေ ပျောက်ရှသွားသလို … ရုတ်တရက် အလွတ် ဖြစ်သွားတဲ့ ဖန်ခွက်ထဲကို ရေထပ်ဖြည့်ဖို့ အားထုတ်လိုက်၊ လဲကျလိုက် ဖြစ်နေတဲ့ အောင်လွင်ဦးရဲ့ ဘဝကို ပဲ့ကိုင်ပြီးချိန်မှာတော့ အောင်လွင်ဦးကို ကြည့်ပြီး ကျွန်မ တကယ်ရင်မောသွားပါတယ်” လို့ စာရေးဆရာမက ဆိုထားပါတယ်။

    ချစ်ခြင်းမေတ္တာဆိုတာဟာ ဘယ်တော့မှ မသေဆုံးတဲ့ သစ်ပင်တစ်ပင်လား။ သေဆုံးသွားတဲ့ သစ်ပင်နေရာမှာ အစားထိုး ပြန်ပျိုးခံရတဲ့ မျိုးစေ့တစ်စေ့လား။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ စတင်ပြီးရင် အဆုံးသတ်ကလေး လှပနေဖို့တော့ လိုအပ်ပါတယ်။ နာကျင်ခံစားရမယ့် အရာတွေကိုတော့ အစမပျိုးမိဖို့ အကောင်းဆုံးပါပဲလေ။ ဆရာမခတ္တာခင် ဖန်တီးထုဆစ်လိုက်တဲ့ အလွမ်းမြစ်ရိုး တစ်လျှောက်မှာ စာဖတ်သူတို့ စီးမျောရင်း ဘယ်လိုခံစားကြရမလဲ … နစ်မြုပ်သွားတဲ့ အကြောင်းအရာတွေကကော စာဖတ်သူတို့ကို ဘယ်လို စိတ်ဝင်စားစေမလဲ …

    အားကောင်းလွန်းတဲ့ ဇာတ်ကောင်စရိုက် ဖန်တီးမှုတို့နောက်မှာ မျောပါရင်းနဲ့ စိတ်ကျေနပ်မှု ရရှိသွားစေမယ့် စာအုပ်တစ်အုပ်ပါပဲ။

    Ks 6,000
  • ရေဒီယိုပန်းဆိုင်

    ရေဒီယိုပန်းဆိုင်တဲ့။ ဆရာမခတ္တာခင်ရဲ့ သိမ်မွေ့လှပတဲ့ ဝတ္တုဇာတ်လမ်းလေးနာမည်ပါ။ ဆရာမခတ္တာခင်ဟာ စာဖတ်ပရိသတ်ကို စာအုပ်ခေါင်းစဉ်လှလှလေးတွေက အစပြုပြီး ဆွဲဆောင်နိုင်သူတစ်ဦးလို့ ဆိုရင် မမှားပါဘူး။

    ဒီစာအုပ်လေးမှာဆိုရင် နွေဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ အမည်တပ်လို့ရမယ့် ရင်ခုန်သံအဖြူထည်လေးကို ဘဝနဲ့ရောထွေးပြီး နူးညံ့စွာ ရေးဖွဲ့ပြထားပါတယ်။ ရေဒီယိုပန်းဆိုင်မှာ နွေဦး၊ နှင်းနု၊ ကိုသူဆိုတဲ့ လူသားသုံးဦးကြားက ဖြူစင်မှုတွေ၊ သံယောဇဉ်တွေ၊ သိမ်မွေ့ရှုပ်ထွေးတတ်တဲ့ စိတ်ခံစားချက်တွေကို ဆရာမခတ္တာခင်က ဖြည်းဖြည်းချင်း ပုံဖော်ထားတာ ဖတ်ရှုရပါလိမ့်မယ်။

    ရေဒီယိုလေးတစ်လုံးဟာ အသံလှိုင်းတွေကတဆင့် စိတ်ခံစားချက်တွေကိုချိတ်ဆက်ပေးတယ်။ မမြင်ရတဲ့လိုင်းဆွဲအားတွေ၊ စွမ်းအင်တွေနဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တယ်။ ချစ်ခြင်းမေတ္တာကိုလည်း ဆောင်ယူပေးနိုင်တယ်။ ပန်းကလေးတွေဟာလည်း ရေဒီယိုလေး နည်းတူပါပဲ။ သူ့မှာကတော့ လှိုင်းတွေ၊ ဆွဲငင်အားတွေမရှိပေမယ့် ရနံ့တွေနဲ့ ချိတ်ဆက်နိုင်တယ်။ ပန်းတွေဟာ နူးညံ့တဲ့သဘောရှိပေမယ့် ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်စွမ်းရှိတယ်။ ပန်းကလေးတွေဟာ ခက်ထန်နေတဲ့စိတ်တွေ၊ ဝမ်းနည်းထိရှလွယ်တဲ့ ခံစားချက်တွေကို သူ့ရဲ့ရနံ့၊ အရောင်အဆင်းတွေနဲ့ ဖြားယောင်းပြီး ဆန့်ကျင်ဖက်ဖြစ်အောင်‌ ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။

    နွေဦးကရော ဘယ်အရာတွေကိုမျှော်လင့်ပြီး ဘယ်အရာတွေကို ချိတ်ဆတ်‌ချင်နေပါသတဲ့လဲ။ နွေဦးဟာ မိန်းမသားဖြစ်တဲ့အတွက် ပန်းလေးတစ်ပွင့်ပဲ ဆိုကြပါစို့။ သူ့ရဲ့ရနံ့ဟာ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးနိုင်စွမ်းရှိလာမှာလား။ ပြီးတော့ ရေဒီယိုလေးတစ်လုံးကနေ သူချိတ်ဆက်ချင်တဲ့အရာကရော ဘာများဖြစ်မလဲ။

    အရာအားလုံးကို သေသေချာချာလေး သိဖို့အတွက် ရေဒီယိုပန်းဆိုင်ဆိုတဲ့ စာအုပ်ကလေးကိုကိုင်ပြီး စာမျက်နှာလေးတွေသာ လှန်လှောကြည့်လိုက်ပါ။ ရောင်စုံပန်းခင်းကြီးထဲကနေ ပန်းရနံ့လှိုင်လှိုင်လေး မွှေးနေမှာကတော့ အသေအချာပါပဲ။

    Ks 15,000

Main Menu