အမည်ရင်း ဦးမျိုးချစ်ခိုင်ဖြစ်ပြီး၊ ကလောင်အမည်မှာ ချစ်ခိုင်စံဖြစ်သည်။ အဖ ဦးတင်မောင်ခိုင်၊ အမိ ဒေါ်အေးအေးချစ် တို့မှ ၁၇.၄.၁၉၉၃ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးသားဦး ဖြစ်သည်။
၂၀၁၀ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အထက-ထုံးကြီးကျောင်းမှ ဓာတုဗေဒဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးကာ ၂၀၁၅ခုနှစ်တွင် ပညာရေးဘွဲ့ (B.Ed) ကို ရရှိခဲ့သည်။
၂၀၁၂ခုနှစ်ထုတ် ရန်ကုန်ပညာရေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းပါ ]လေပြည် သွေးတိုင်း အလွမ်းသင့်စေ} ဝတ္ထုတိုဖြင့် စာပေနယ်သို့ ခြေချခဲ့သည်။ ထို့နောက် ယခုထွက်ရှိဆဲ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဆောင်းပါး၊ အက်ဆေးနှင့် ဝတ္ထုတိုများ ဆက်လက်ရေးသားခဲ့သည်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် သူငယ်ချင်းများ ဖြစ်သော ဇွဲ(ပညာရေး)၊ မောင်ထက်ဝေ(ငါ့တရော်)တို့နှင့်အတူ ]သုံးနားညီတြိဂံ- လူငယ်နှင့်စာပေရေးရာ ဆောင်းပါးများ}စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ်တွင် ထုတ်ဝေသော ]အက္ခ္ခရာသစ်}စာအုပ်များနှင့် ]ကျောက်ရိုင်းတုံးများ ထုဆစ်ခြင်း}စာအုပ်တွင် အားဖြည့်ရေးသားခဲ့သည်။
တစ်ကိုယ်တော်လုံးချင်းအနေဖြင့် “တိတ်တဆိတ် ပျံသန်းနေတဲ့လိပ်ပြာ” ရသ စာတမ်းငယ်များစာအုပ်၊ “လူငယ်တွေ တကယ်ညံ့နေသလား” ဆောင်းပါးစုစည်းမှု စာအုပ်နှင့် “စကားများတဲ့တီကောင်” ဝတ္ထုတိုစုစည်းမှုစာအုပ်နှင့် “ရွက်ခြောက်”၊ “နေခြည်ဖြာ၍ လင်းစေသား” လုံးချင်းဝတ္ထုတို့ကို ထုတ်ဝေထားပါသည်။
ယခုအခါ ပဲခူးမြို့တွင် ဇနီးဒေါ်ဆွေဇင်ဝင်း၊ သားဂျွန်နိုင်းတို့နှင့်အတူ အေးချမ်းစွာနေထိုင်ရင်း မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများတွင် ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတိုစသော သုတ၊ ရသစာပေများ ရေးသားလျက်ရှိပါသည်။
![]() | ချစ်ခိုင်စံအမည်ရင်း ဦးမျိုးချစ်ခိုင်ဖြစ်ပြီး၊ ကလောင်အမည်မှာ ချစ်ခိုင်စံဖြစ်သည်။ အဖ ဦးတင်မောင်ခိုင်၊ အမိ ဒေါ်အေးအေးချစ် တို့မှ ၁၇.၄.၁၉၉၃ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးသားဦး ဖြစ်သည်။ ၂၀၁၀ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အထက-ထုံးကြီးကျောင်းမှ ဓာတုဗေဒဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးကာ ၂၀၁၅ခုနှစ်တွင် ပညာရေးဘွဲ့ (B.Ed) ကို ရရှိခဲ့သည်။ ၂၀၁၂ခုနှစ်ထုတ် ရန်ကုန်ပညာရေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းပါ ]လေပြည် သွေးတိုင်း အလွမ်းသင့်စေ} ဝတ္ထုတိုဖြင့် စာပေနယ်သို့ ခြေချခဲ့သည်။ ထို့နောက် ယခုထွက်ရှိဆဲ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဆောင်းပါး၊ အက်ဆေးနှင့် ဝတ္ထုတိုများ ဆက်လက်ရေးသားခဲ့သည်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် သူငယ်ချင်းများ ဖြစ်သော ဇွဲ(ပညာရေး)၊ မောင်ထက်ဝေ(ငါ့တရော်)တို့နှင့်အတူ ]သုံးနားညီတြိဂံ- လူငယ်နှင့်စာပေရေးရာ ဆောင်းပါးများ}စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ်တွင် ထုတ်ဝေသော ]အက္ခ္ခရာသစ်}စာအုပ်များနှင့် ]ကျောက်ရိုင်းတုံးများ ထုဆစ်ခြင်း}စာအုပ်တွင် အားဖြည့်ရေးသားခဲ့သည်။ တစ်ကိုယ်တော်လုံးချင်းအနေဖြင့် “တိတ်တဆိတ် ပျံသန်းနေတဲ့လိပ်ပြာ” ရသ စာတမ်းငယ်များစာအုပ်၊ “လူငယ်တွေ တကယ်ညံ့နေသလား” ဆောင်းပါးစုစည်းမှု စာအုပ်နှင့် “စကားများတဲ့တီကောင်” ဝတ္ထုတိုစုစည်းမှုစာအုပ်နှင့် “ရွက်ခြောက်”၊ “နေခြည်ဖြာ၍ လင်းစေသား” လုံးချင်းဝတ္ထုတို့ကို ထုတ်ဝေထားပါသည်။ ယခုအခါ ပဲခူးမြို့တွင် ဇနီးဒေါ်ဆွေဇင်ဝင်း၊ သားဂျွန်နိုင်းတို့နှင့်အတူ အေးချမ်းစွာနေထိုင်ရင်း မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများတွင် ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတိုစသော သုတ၊ ရသစာပေများ ရေးသားလျက်ရှိပါသည်။ |
-
ဗီလိန်
ချစ်ခိုင်စံကြည်လင်အေးက အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ best seller စာရေးဆရာလေး။ လုံးချင်းစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထွက်ရှိလာခဲ့ပြီး စာဖတ်ပရိသတ်တွေလဲ အခိုင်အမာ ရရှိနေပြီဖြစ်သူ။သူ့ရဲ့ ခုနစ်အုပ်မြောက် လုံးချင်းဝတ္ထုက သက် ငယ် မုဒိန်းမှုတစ်ခုကို အခြေခံပြီး ရေးဖွဲ့ထားတယ်။ သက် ငယ် မုဒိန်းကို အခြေခံထားတယ်ဆိုသော်ငြား ပုံမှန်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နစ်နာသူတွေဘက်က ထိုက်တန်တဲ့ တရားမျှတမှုကို မရတဲ့အခါ ကျူးလွန်သူတွေကို သူတို့နည်းသူတို့ဟန်နဲ့ ပြစ်ဒဏ်စီရင်တဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။အဲ့ဒီ ခုနစ်အုပ်မြောက် စာအုပ် ထုတ်ဝေခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကနေ အပြုံးလေးတစ်ခုကို အစပြုပြီး စာရေးဆရာကြည်လင်အေးနဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ နှင်းစံပယ်တို့ ဆုံဆည်းခဲ့တယ်။စာအုပ်ထွက်ရှိပြီး ကာလတစ်ခုရောက်တော့ စာရေးဆရာ ကြည်လင်အေး အိမ်မှာ နေရင်းထိုင်ရင်း ရဲတွေလာဖမ်းတာ ခံရပါလေရော … ။အဖမ်းခံရတဲ့အကြောင်းက ရပ်ကွက်တစ်ခုမှာ သန်းဌေး အမည်နဲ့ လူတစ်ယောက် လုပ်ကြံခံရတယ်။ သန်းဌေး လုပ်ကြံခံရတာက ထူးသလို ဆန်းလဲ ဆန်းပြားတယ်။ ပြီးတော့ ရင်ဘတ်မှာ တက်တူးနဲ့ ‘မု ဒိန်း ကောင်’ ဆိုတာကို အရေးခံထားရသေးတယ်။ သန်းဌေး ကိစ္စမှာ ကြည်လင်အေး အဖမ်းခံရတာက စာရေးဆရာရဲ့ နောက်ဆုံး ထွက်ထားတဲ့ စာအုပ်ထဲက လုပ်ကြံနည်းအတိုင်း သန်းဌေး ကြုံခဲ့ရလို့ပဲ ဖြစ်တယ်။ တိုက်ဆိုင်တာက သေဆုံးသူ သန်းဌေးဟာ ကြည်လင်အေးရဲ့ ချစ်စခင်စ ချစ်သူလေး နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်နေတာ။ပြဿနာတွေဟာ ကြည်လင်အေး အချုပ်ကျသွားရုံနဲ့ ပြီးမသွားဘူး။ သံသယမှုနဲ့ ကြည်လင်အေး အချုပ်ကျနေစဉ်အတွင်း လုပ်ကြံမှု ၂ မှု ထပ်ထပ်ဖြစ်တယ်။ ထပ်လုပ်ကြံခံရတဲ့သူတွေဟာ သန်းဌေးလိုပဲ စိတ်ကြိုက်စီရင်မှု ခံရတယ်။ ရင်ဘတ်မှာလဲ ‘မု ဒိန်း ကောင်’ ဆိုတာ တက်တူးနဲ့ ရေးခံခဲ့ရတယ်။ ပြီးတော့ သန်းဌေးနောက်မှာ လုပ်ကြံခံရတဲ့သူ နှစ်ယောက်ကလဲ နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲတွေပဲ။သက် ငယ် မုဒိန်းမှုကို စာရေးဆရာက ရေးသားပုံဖော်တဲ့ ဇာတ်လမ်းတစ်ပုဒ်။အဲ့ဒီဇာတ်လမ်းထဲက စီရင်ပုံအတိုင်း လိုက်လံပြီး မုဒိန်းကောင်တွေကို စီရင်သူ လူတစ်ယောက်။ဇာတ်လမ်းရေးသူ ကြည်လင်အေးရဲ့ ချစ်သူက မုဒိန်းကောင်တွေလို့ သတ်မှတ်ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ။ချစ်ခိုင်စံ ရဲ့ ဗီလိန် ဟာ စဖတ်လိုက်တာနဲ့ ဇာတ်သိမ်းအထိ ရင်တမမ ဖြစ်နေရမဲ့ လျှို့ဝှက်သည်းဖို ချောက်ချားဖွယ် ဇာတ်လမ်းတစ်ပုဒ်။စာချစ်သူတို့ကို အကြုံပြုလိုတာက လုပ်စရာရှိတဲ့ အလုပ်တွေ မပျက်ချင်ရင် ချစ်ခိုင်စံ ရဲ့ ဗီလိန် ကို ဘယ်လိုမှ အစပြုပြီး သွားမဖတ်လိုက်ပါနဲ့။ စ ဖတ်လိုက်တာနဲ့ အကုန်လုံးကို မေ့ပြီး အဆုံးထိ ဆွဲခေါ်သွားမှာမို့ အစ အဆုံး ဖတ်ဖို့ အေးဆေး အချိန်ရှိတယ် ဆိုမှသာ ဖတ်ရှုပါလို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။Ks 5,000ဗီလိန်
Ks 5,000 -
နေခြည်ဖြာ၍ လင်းစေသား
ချစ်ခိုင်စံ“ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်” လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ ‘နေခြည်ဖြာ၍ လင်းစေသား’ ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။
ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။
မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ …ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။
‘နေခြည်ဖြာ၍ လင်းစေသား’မှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Ks 6,000နေခြည်ဖြာ၍ လင်းစေသား
Ks 6,000 -
ရွက်ခြောက်
ချစ်ခိုင်စံလမ်းပေါ်က လေလွင့်လူငယ်လေးတွေကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဒီနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ မြို့အများစုက လေလွင့်လူငယ်တို့ရဲ့ ပြောဟန်ဆိုဟန်၊ လှုပ်ရှားသွားလာဟန်၊ စတာတွေကို မကြာခဏ ဆိုသလို မြင်ဖူးကြမှာပါ။ လူတို့ မြင်ကြတာ သူတို့ရဲ့ ပြင်ပပုဂ္ဂလိကဟန်တွေ ဆိုရင် မမှားပါဘူး။ တကယ်တော့ လေလွင့်လူငယ်လေးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ သူတို့မှာ ခံစားချက်တွေ၊ လောဘဒေါသ၊ လိုအင်ဆန္ဒ စတဲ့ အဇ္ဈတ္တတွေ ရှိကြပါတယ်။
ချစ်ခိုင်စံ ရဲ့ ဝတ္ထုရှည် ရွက်ခြောက်ကို ဖတ်ကြည့်မယ်ဆို စာရှုသူဟာ မြို့ကလေးတစ်မြို့က လေလွင့်လူငယ်လေးတွေရဲ့ ရင်ဘတ်တွေကို ဆွဲဖွင့်ကြည့်မိစေပါမယ်။ လေလွင့်လူငယ်ဆိုရာမှာ မျိုးရိုးအရ မိသားစုလိုက် တောင်းစားကြတာရှိသလို ငယ်စဉ်ကပင် ကလေးခိုးဂိုဏ်လက်ချက်မိပြီး / ရောင်းစားခံရပြီး လေလွင့်လူငယ်ဖြစ်လာသူရယ်လို့ ရှိကြရာ ချစ်ခိုင်စံရဲ့ ရွက်ခြောက်မှာ ဖတ်ရှုရမှာက ဒုတိယအမျိုးအစားပါ။ မြို့လေးက လူဆိုးဂိုဏ်းပုံစံဖွဲ့စည်းထားတဲ့ “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ လက်အောက်ကို တစ်နည်းမဟုတ် တစ်နည်းရောက်လာတဲ့ ကောင်လေး၊ ကောင်မလေးတွေ ဖြစ်တဲ့ ပိန်သေး၊ စိန်ကုလား၊ ဝဲထူ၊ ပေကလုံး၊ ပုံဆိုးမ၊ နှပ်ရှုံ့မ တို့ဟာ မနက်ဆို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တံတားကြီးအောက်ကနေ မြို့အနှံ့ကို အသီးသီး ထွက်ပြီး လှည့်ပတ်တောင်းစားကြတယ်။ တောင်းလို့ ငွေအရများရင် သူတို့ကို ထိန်းသိမ်းထားတဲ့ စိန်ကြီးတို့ရဲ့ လက်သီး၊ခြေထောက်ဒဏ်တွေက လွတ်မြောက်ပါတယ်။ နည်းရင်တော့ ပိုးစိုးပက်စက်ဆဲခံရရုံမက ပုံစံမျိုးစုံ ဗျင်းခံရပါတယ်။ တောင်းရတာ ငွေများများရရ နည်းနည်းရရ ပိန်သေးတို့အုပ်စုရဲ့ ဆုလာဘ်က ကော်ရှူရတာပါ။ အစားကောင်းကောင်းကျွေးစရာမလိုဘဲ သူတောင်းစားလေးတွေကို ကော်ရှူခိုင်းပြီး စိန်ကြီးတို့လို “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ အလိုတွေ လိုက်စေတာ မဆန်းတဲ့ နည်းတွေပါပဲ။
သာမန်လူတို့အဖို့ အချိန်တွေကြာလာရင် .. အသက်ကြီးလာရင် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်ကြပေမယ့် လေလွင့်လူငယ်လေးတွေရဲ့ ဘဝမှာ ငယ်စဉ်အခါ နေ့တွေ ရက်တွေကနေ လတွေ နှစ်တွေ ကြာလာတော့ ကောင်လေးတွေက သူခိုး၊ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ပြည့်တန်ဆာပွဲစား စသဖြင့် ဖြစ်လာပြီး ကောင်မလေးတွေက အရွယ်ရောက်တော့ ပြည့်တန်ဆာ ဖြစ်ကြရပါတယ်။ သစ်ပင်တစ်ပင်က သစ်ရွက်တွေ ကြွေပြီး သစ်ရွက်တစ်ရွက် ရွက်ခြောက်ဖြစ်လာတဲ့အခါ အသုံးသိပ်မတည့်တော့သလို လူ့လောကမှာ လေလွင့်လူငယ်လာဖြစ်တဲ့ ပိန်သေးတို့ဟာ လူတွေကြားမှာ ရွက်ခြောက်သာသာ။ သူတို့ရဲ့ အနာဂတ်နေ့ရက်တွေက အလင်းရောင်မဲ့။ မျှော်လင့်ချက်နတ္ထိဆိုပေမယ့် ကံကြမ္မာရဲ့ ဇာတ်ရုပ်ရေးမှုမှာ ပိန်သေးတစ်ယောက် ဘာဖြစ်လာမလဲ။ စိန်ကုလားကကော သူလွတ်မြောက်ချင်တဲ့ လေလွင့်လူငယ် ဘဝက အမြန်ဆုံးလွတ်မြောက်ခဲ့လား။ ဝဲထူနဲ့ ပေကလုံးက ဘာဖြစ်လာမှာလဲ။ ကောင်မလေးတွေဖြစ်တဲ့ ပုံဆိုးမနဲ့ နှပ်ရှုံ့မတို့ကော ဘာတွေဖြစ်ခဲ့မလဲ။ စာရေးဆရာ ချစ်ခိုင်စံက ရွက်ခြောက်ကို တစ်ခါဖတ်ပြီးတာနဲ့ မမေ့နိုင်မယ့် ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ပုံဖော်ရေးသားထားတာကို စာရှုသူ ရင်တမမနဲ့ ဖတ်ရှုရမှာပါ။
Ks 4,500ရွက်ခြောက်
Ks 4,500