ငဒိန်း (နာမည်အရင်း ဇော်ထက်အောင်)ကို ၁၉၈၇ခု လေးလပိုင်း ၂၁ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ လက်လှုပ်တောင်ရွာတွင် အဖ ဦးစိုးသွင်နှင့် အမိ ဒေါ်နွဲ့ယဥ်တို့မှ မွေးဖွားခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင် အ.ထ.က(ခွဲ)ဆိပ်ခွန်မှ အထက်တန်းအောင်ခဲ့ပြီး ၂၀၀၄မှ ၂၀၀၈အထိ စစ်ကိုင်းGTCတွင် မြို့ပြအင်ဂျင်နီယာအထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ပညာသင်ကြားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် စစ်ကိုင်းGTCကို စွန့်ခွာပြီး ပင်လယ်ရေကြောင်းသွား သင်္ဘောသားဘဝကို ရွေးချယ်ကာ လက်ရှိအချိန်အထိ သင်္ဘောသားအလုပ်နှင့်ပင် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်။
စာပေဖြတ်သန်းမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကမ်းလက်များစာပေအဖွဲ့၏ စာပေပြိုင်ပွဲများတွင် ဝင်ရောက်လက်ရည်သွေးခဲ့ပြီး “သားကောင်များ” စာမူဖြင့် ၂၀၁၈၂၀၁၉ ခုနှစ် ကမ်းလက်များစာပေအဖွဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့သည်။ ၂၀၁၉ ဒီဇင်ဘာတွင် “ချစ်ခြင်း၏လိပ်ပြာ”စာမူဖြင့် ရွှေအမြုတေမဂ္ဂဇင်း ရွှေအသစ်ကဏ္ဍမှနေ၍ မဂ္ဂဇင်းစာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ” လှိုင်းပေါ်ကလူ” ဝတ္ထုတိုစုစည်းမှု၊ ” ပင်လယ်ထဲကမြစ်” ဝတ္ထုရှည်စ/ဆုံး၊ “တိမ်နဲ့တောင်နဲ့၊ လမ်းနဲ့လူနဲ့” ဝတ္ထုရှည်စ/ဆုံးတို့ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခု ” တစ်ခိုင်လုံးရွှေ “သည် စာရေးသူ၏ စတုတ္ထမြောက် ဝတ္ထုရှည်စ/ဆုံး ဖြစ်သည်။
![]() | ငဒိန်းငဒိန်း (နာမည်အရင်း ဇော်ထက်အောင်)ကို ၁၉၈၇ခု လေးလပိုင်း ၂၁ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ လက်လှုပ်တောင်ရွာတွင် အဖ ဦးစိုးသွင်နှင့် အမိ ဒေါ်နွဲ့ယဥ်တို့မှ မွေးဖွားခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် အ.ထ.က(ခွဲ)ဆိပ်ခွန်မှ အထက်တန်းအောင်ခဲ့ပြီး ၂၀၀၄မှ ၂၀၀၈အထိ စစ်ကိုင်းGTCတွင် မြို့ပြအင်ဂျင်နီယာအထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ပညာသင်ကြားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် စစ်ကိုင်းGTCကို စွန့်ခွာပြီး ပင်လယ်ရေကြောင်းသွား သင်္ဘောသားဘဝကို ရွေးချယ်ကာ လက်ရှိအချိန်အထိ သင်္ဘောသားအလုပ်နှင့်ပင် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်။ စာပေဖြတ်သန်းမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကမ်းလက်များစာပေအဖွဲ့၏ စာပေပြိုင်ပွဲများတွင် ဝင်ရောက်လက်ရည်သွေးခဲ့ပြီး “သားကောင်များ” စာမူဖြင့် ၂၀၁၈၂၀၁၉ ခုနှစ် ကမ်းလက်များစာပေအဖွဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့သည်။ ၂၀၁၉ ဒီဇင်ဘာတွင် “ချစ်ခြင်း၏လိပ်ပြာ”စာမူဖြင့် ရွှေအမြုတေမဂ္ဂဇင်း ရွှေအသစ်ကဏ္ဍမှနေ၍ မဂ္ဂဇင်းစာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ” လှိုင်းပေါ်ကလူ” ဝတ္ထုတိုစုစည်းမှု၊ ” ပင်လယ်ထဲကမြစ်” ဝတ္ထုရှည်စ/ဆုံး၊ “တိမ်နဲ့တောင်နဲ့၊ လမ်းနဲ့လူနဲ့” ဝတ္ထုရှည်စ/ဆုံးတို့ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခု ” တစ်ခိုင်လုံးရွှေ “သည် စာရေးသူ၏ စတုတ္ထမြောက် ဝတ္ထုရှည်စ/ဆုံး ဖြစ်သည်။ |
-
တစ်ခိုင်လုံးရွှေ
ငဒိန်းသင်္ဘောသားတွေနဲ့ နိုင်ငံခြားရောက် မြန်မာတွေကြားမှာ ရွှေ လို့ ပြောလိုက်ရင် လူတွေဆင်မြန်းတဲ့ တန်ဖိုးကြီးအသုံးအဆောင် ဆိုတာထက် မြန်မာ ဆိုတာကို ပိုပြီး သဘောပေါက်ကြမှာပါ။ နိုင်ငံခြားရောက် မြန်မာတွေအဖို့ တခြားသော တိုင်းသူပြည်သားတွေရှေ့မှာ သူတို့အကြောင်း အတင်းပြောချင်တာဖြစ်ဖြစ်၊ သူတို့ကို မသိစေလိုတာပဲ ဖြစ်ဖြစ်၊ လူမျိုးနာမည်တွေကို အမှန်အတိုင်း ထုတ်ပြောရတာဟာ အဆင်ပြေမနေပါဘူး။
ဒီအတွက်ကြောင့် လွန်ပြီးတဲ့ကာလတွေမှာ နိုင်ငံခြားထွက်ခဲ့သူ အင်မတန်ဦးနှောက်ကောင်းတဲ့ ရှေ့လူကြီးများဟာ ဂျပန်ဆို ဂ၊ မလေးရှားဆို မ၊ ကိုရီးယားဆို ကကြီး၊ စင်ကာပူဆို စလုံး၊ အင်ဒိုဆို အ၊ ထိုင်းဆို ယပလက်၊ ဖိလစ်ပိုင်ဆို ဖ (ဖားလို့လည်းခေါ်သေး) စတဲ့ ဆိုင်ရာဆိုင်ရာ စကားဝှက် များကို ပေးအပ်ခဲ့တယ်။ ကိုယ့်မြန်မာအကြောင်း သူတို့ရှေ့မှာ မသိအောင် ပြောဆိုဖို့ စကားဝှက် အဖြစ်ကိုတော့ ရွှေ လို့ အမည်သညာ တွင်စေခဲ့တယ်။ မြန်မာနိုင်ငံ ဆိုတာကိုက ရွှေနိုင်ငံလို့ ဆိုကြသကိုး။ ဒီလိုနဲ့ သင်္ဘောသားလောကမှာ တစ်စီးလုံးကို မြန်မာတွေချည်း တာဝန်ယူတဲ့ အခါမျိုးဆိုရင် တစ်ခိုင်လုံးရွှေ လို့ ခေါ်တွင်တဲ့အထိ ဖြစ်လာတယ်။
ဆရာငဒိန်း ရေးတဲ့ တစ်ခိုင်လုံးရွှေ ဝတ္ထုဟာ ကက်ပတိန်ကအစ ကုန်းပတ်အဆုံး မြန်မာတွေချည်း ပါဝင်တဲ့ နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုကို တက်သွားတဲ့ ‘ဝလုံး’ အမည်ရ လူငယ်တစ်ယောက်ရဲ့ နေ့ရက်များပဲ ဖြစ်ပါတယ်။
ဝလုံးအဖို့ ဒီတစ်ခိုင်လုံးရွှေ သင်္ဘောပေါ်ကို လိုက်ရတာဟာ သူ့အတွက် ဒုတိယအကြိမ် သင်္ဘောလိုက်ခြင်းပါ။ ဝလုံး ပထမအကြိမ် သင်္ဘောလိုက်ခဲ့တာက ဂရိလိုင်း။ သင်္ဘောသားလောကမှာ ခေါလိုင်းလို့ ဆိုကြတယ်။ ဝလုံးရဲ့ ပထမအကြိမ် သင်္ဘောတက်ခြင်းဟာ အဆင်မပြေမှုတွေ များစွာကြုံခဲ့ပြီး ကုမ္ပဏီဘက်က ရို.က်စားလုပ်မှုကြောင့် ဝလုံးတို့တွေ လုပ်သက်အပြည့်မရ၊ ငွေတွေလည်း နစ်နာ၊ ပြဿနာတွေ မျိုးစုံတက်ပြီး စာချုပ်မပြည့်တဲ့ ရှစ်လတည်းနဲ့ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။
ဝလုံးရဲ့ ဒုတိယအကြိမ် သင်္ဘောလိုက်ခြင်းကတော့ တစ်ခိုင်လုံးရွှေပေါ့။ ဒီအပေါ်မှာ သူက ဘယ်လို တွေးမိလဲဆို “ကိုယ့်လူမျိုးချည်းပဲဆိုတော့ မသိတာ၊ နားမလည်တာ သင်ခိုင်း၊ ပြခိုင်းလို့ ရတယ်လေ။ အလုပ်ထဲမှာလည် အင်္ဂလိပ်လို ပြောစရာ မလိုတော့ဘူး။ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ စာချုပ်ပြည့်အောင် အလုပ်လုပ်မယ်” ဆိုပြီးပေါ့။ ဝလုံးအဖို့ ဒီတစ်ခေါက်မှ အဆင်မပြေရင် ရွာက နွားညိုကြီးတစ်ရှဉ်းကလည်း စောင့်နေပြီ။
ဒီတော့ သင်္ဘောသား ကိုဝလုံးတစ်ယောက် တစ်ခိုင်လုံးရွှေ သင်္ဘောပေါ်မှာ ဘာတွေကြုံတွေ့ရမလဲ။ သူမျှော်လင့်သလိုရော အရာရာ အဆင်ချောပါ့မလား? ဆရာငဒိန်းရဲ့ ရေးဟန်အတိုင်း အရေးသွက်သွက်နဲ့ ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုဟာ စာဖတ်သူကို အစကနေ အဆုံးထိ တစ်ခိုင်လုံးရွှေ သင်္ဘောပေါ်ကနေ မဆင်းခိုင်းဘဲ တောက်လျှောက် အပါခေါ်သွားမှာ ဖြစ်ပါတယ်။
Ks 12,000တစ်ခိုင်လုံးရွှေ
Ks 12,000