အမည်ရင်းမှာ ငွေတီဦးဖြစ်ပြီး ဒေါက်တာဦးတင်မောင်ဦးနှင့် ဒေါ်တီတီတို့မှ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်တွင် အငယ်ဆုံးသမီးဖြစ်ပြီး အစ်မဖြစ်သူမှာ ဆွေတီဦး ဖြစ်၍ အစ်ကိုဖြစ်သူမှာ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး ဖြစ်ပါသည်။ M.B.,B.S ဘွဲ့ကို ၂၀ဝ၇ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)မှ ရရှိခဲ့သည်။ Master of Public Health (MPH) ဘွဲ့ကို ၂၀၁၁ ခုနှစ်တွင် Mahidol University (Thailand) မှ ရရှိခဲ့သည်။ MBA ဘွဲ့ကို ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည်။
Pfizer Pharmaceutical Company တွင် Medical Representative အဖြစ်လည်းကောင်း၊ Sanofi Pharmaceutical Company တွင် Product Manager အဖြစ်လည်းကောင်း၊ Clinique Myanmar (Han Ideal Company Ltd.) တွင် Brand Manager အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Post Production Company ဖြစ်သည့် Sliver Egg Company Ltd. ကို တည်ထောင်ခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်ကား များနှင့် စင်္ကာပူဇာတ်ကားတချို့၊ မလေးရှားဇာတ်ကားတချို့ကို ဝန်ဆောင်မှု ပေးခဲ့ပြီး လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ ကြော်ငြာများအား ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့နောက် ၂၀၂၃ ခုနှစ် တွင် Silver Egg Online Cinema ကို စတင်ခဲ့ပြီး မြန်မာရုပ်ရှင်ကားများနှင့် ဇာတ်လမ်းတွဲများကို Silver Egg Application မှ ပြသပေးနေပါသည်။
“အတိတ်ရဲ့အလွန်” စာအုပ်ဖြင့် စာပေလောကသို့ ပထမဆုံး ရောက်ရှိလာခဲ့ပြီး ယခု ထုတ်ဝေသော “အမုန်းနှင့်လမ်းခွဲခြင်း” သည် စာရေးသူ၏ ဒုတိယမြောက် စာအုပ်ဖြစ်ပါသည်။
![]() | ငွေတီဦးအမည်ရင်းမှာ ငွေတီဦးဖြစ်ပြီး ဒေါက်တာဦးတင်မောင်ဦးနှင့် ဒေါ်တီတီတို့မှ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်တွင် အငယ်ဆုံးသမီးဖြစ်ပြီး အစ်မဖြစ်သူမှာ ဆွေတီဦး ဖြစ်၍ အစ်ကိုဖြစ်သူမှာ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး ဖြစ်ပါသည်။ M.B.,B.S ဘွဲ့ကို ၂၀ဝ၇ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)မှ ရရှိခဲ့သည်။ Master of Public Health (MPH) ဘွဲ့ကို ၂၀၁၁ ခုနှစ်တွင် Mahidol University (Thailand) မှ ရရှိခဲ့သည်။ MBA ဘွဲ့ကို ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည်။ Pfizer Pharmaceutical Company တွင် Medical Representative အဖြစ်လည်းကောင်း၊ Sanofi Pharmaceutical Company တွင် Product Manager အဖြစ်လည်းကောင်း၊ Clinique Myanmar (Han Ideal Company Ltd.) တွင် Brand Manager အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Post Production Company ဖြစ်သည့် Sliver Egg Company Ltd. ကို တည်ထောင်ခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်ကား များနှင့် စင်္ကာပူဇာတ်ကားတချို့၊ မလေးရှားဇာတ်ကားတချို့ကို ဝန်ဆောင်မှု ပေးခဲ့ပြီး လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ ကြော်ငြာများအား ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့နောက် ၂၀၂၃ ခုနှစ် တွင် Silver Egg Online Cinema ကို စတင်ခဲ့ပြီး မြန်မာရုပ်ရှင်ကားများနှင့် ဇာတ်လမ်းတွဲများကို Silver Egg Application မှ ပြသပေးနေပါသည်။ “အတိတ်ရဲ့အလွန်” စာအုပ်ဖြင့် စာပေလောကသို့ ပထမဆုံး ရောက်ရှိလာခဲ့ပြီး ယခု ထုတ်ဝေသော “အမုန်းနှင့်လမ်းခွဲခြင်း” သည် စာရေးသူ၏ ဒုတိယမြောက် စာအုပ်ဖြစ်ပါသည်။ |
-
အတိတ်ရဲ့အလွန်
ငွေတီဦးနေ့စဉ် ရုန်းကန်လှုပ်ရှား သွားလာနေတဲ့ ဘဝတွေမှာ လိုအပ်တာက ဘာတွေဖြစ်မလဲ?
ငွေတွေ ရှာရင်း ၊ ပျော်ပါးမှုတွေနောက် လိုက်ရင်း .. ရယ်စရာတွေကြား မောစရာတွေ ဝင်လာရင် အံ့ဩမှင်သက်မိကြပြန်ရော။ ပျော်ရွှင်မှုတွေရပ်ပြီး ဝမ်းနည်းစရာတွေ ကြုံရတော့ ငိုကြတယ်။
ဒီအတွက် လူသားတို့ရဲ့ ဘဝမှာ နှစ်သိမ့်မှုတွေ၊ ဖေးမမှုတွေဟာ လိုအပ်ပါတယ်။
ပူလောင်နေတဲ့ စိတ်ကို နှစ်သိမ့်ပေးနိုင်တဲ့ စာစုတွေ၊ ငိုကြွေးနေချိန်မှာ နှစ်သိမ့်တဲ့ စကားတွေဟာ ယိုင်နဲ့စပြုတဲ့ ဘဝတွေ ပြိုလဲမသွားစေဖို့ အင်မတန်လိုအပ်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ဆရာမငွေတီဦးဟာ ကမ္ဘာတစ်ဝှမ်း လူပေါင်းများစွာရဲ့ အသက်ဇီဝိန်ကို ခြွေယူခဲ့တဲ့ ကိုဗစ်နေ့ရက်တွေမှာ ဖခင်နဲ့ ခင်ပွန်းတို့ကို ဆုံးရှုံးခဲ့ရပါတယ်။ ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းရင်း ဆရာမဟာ ဖေ့ဘုတ် လူမှုကွန်ရက်ကနေ အတွေ့အကြုံနဲ့ ခံစားချက်တွေကို မျှဝေခဲ့တယ်။ ငယ်စဉ်ကပင် စာပေကို ရူးရူးမူးမူး နှစ်သက်မြတ်နိုးသူတစ်ဦးဖြစ်တဲ့ ဆရာမရဲ့ လောကဓံနေ့ရက်တွေ ဖြတ်သန်းမှု စာစုတွေဟာ ဖတ်ရှုသူတွေကို နှစ်သိမ့်ရာ စာစုတွေ ဖြစ်ခဲ့တယ်။ ဖြေသိမ့်ပေးတဲ့ နွေးထွေးမှုတွေ ဖြစ်ခဲ့တယ်။ ငါလည်း ကျော်ဖြတ် နိုင်ရမယ် ဆိုတဲ့ ဖေးမမှုတွေ ဖြစ်စေခဲ့ပါတယ်။
ယခု ငွေတီဦးရဲ့ အတိတ်ရဲ့ အလွန် (ငွေတီ့ဒိုင်ယာရီနဲ့ အခြားသောစာစုများ) မှာ ဆရာမရဲ့ စာစု ၂၆ ပုဒ်ကို စုစည်းထားပါတယ်။ ဒီစာအုပ်မှာ ဘဝနေထိုင်ရေးနည်းလမ်းတွေ ဖတ်ရမှာ မဟုတ်သလို အောင်မြင်ရေး တက်ကျမ်းတွေကို မြင်ရမှာလည်း မဟုတ်ပါဘူး။ စိတ်နှလုံးကြေကွဲခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ဖွင့်ခံစားချက်တွေကို အဖြူသက်သက် တင်ပြထားတာ ဖတ်ရှုရမှာပါ။ “ဘဝတူ အချို့အချို့တွေကို အားပေးလိုခြင်း သက်သက်သာ ဖြစ်တယ်၊ ဆရာ လုပ်လိုခြင်း အလျှင်းမရှိပါ” လို့ ဆရာမက ဆိုထားပါတယ်။
ဖတ်ရှုသူများရဲ့ စိတ်နဲ့ နှလုံးသားကို နှစ်သိမ့် အားပေးမှုတွေပေးမယ့် စာစုများဖြစ်ပါတယ်။Ks 6,500အတိတ်ရဲ့အလွန်
Ks 6,500 -
အမုန်းနှင့် လမ်းခွဲခြင်း
ငွေတီဦးလူတွေဟာ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေကို ဆုံးရှုံးလိုက်ရရင်ဖြစ်စေ၊ ကိုယ်နှစ်သက်တဲ့ အရာတွေကို လက်လွှတ်ပေးလိုက်ရရင် ဖြစ်စေ … ပထမဦးဆုံး လုပ်မိတာက ကိုယ့်ကိုယ်ကို အပြစ်တင်ကြတဲ့ ကိစ္စပါပဲ။ ငါ ဘာကြောင့် မလုပ်နိုင်ခဲ့ရတာလဲ ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကြတယ်။ အမုန်းစိတ် ကြီးထွားလာတာနဲ့အမျှ ကိုယ့်ဖြစ်တည်မှုတွေကို လက်ခံဖို့ ခက်ခဲလာပါတယ်။လူသားတို့ ဘဝနေ့စွဲတွေမှာ ရှင်သန်ရ ခက်ခဲလာတာဟာလဲ မတည်မြဲမှုတွေ၊ အပြောင်းအလဲတွေကို လက်မခံနိုင်ခြင်းက အစပြုတာပါ။ အရွေ့အလျားတွေနောက်ကို ထိခိုက်ကြေကွဲစွာ လိုက်ပါခံစားရင်း နှလုံးသားထဲက ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်တွေ ပျောက်ဆုံးသွားကြတယ်။ လူတွေဟာ တစ်ခြားတစ်ယောက်ကိုပဲ မုန်းမုန်း၊ ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းမုန်း အမုန်းက အင်အားကြီးမားလာပြီဆိုရင် စိတ်ရောလူပါ စတင် ပူလောင်ရတော့တာပါပဲ။ ဒါကြောင့် အမုန်းတရားတွေကို ရှင်းလင်းဖယ်ထုတ်ပြီး ဘယ်လိုလမ်းခွဲရမလဲဆိုတာကို ဆရာမငွေတီဦး ရေးသားတဲ့ အမုန်းနှင့်လမ်းခွဲခြင်း (နှလုံးသားအားဖြည့် ဝတ္ထုတိုစုစည်းမှု) စာအုပ်လေးမှာ အဖြေ ရှာကြည့်နိုင်ပါတယ်။‘သူပြောပြတဲ့သူမ’ ဆိုတဲ့ ဝတ္ထုတိုလေးထဲမှာတော့ ဒီလိုလေး ရေးဖွဲ့ထားတာ တွေ့ရပါတယ်။တခြားလူတွေကို ကြင်နာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့မေ့လျော့နေရင်လဲ နာကျင်ခြင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်လာမှာတဲ့။ ဘဝကို မသေဆုံးဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် မုန်းလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်ပြီးတဲ့နောက်မှာ အရာရာဟာ ပြောင်းလဲသွားပါတယ် လို့ ရေးထားတာက လေးလေးနက်နက် တွေးရမဲ့ စာတစ်ပုဒ် ဖြစ်ပါစေမယ်။‘စိန်ပန်းပင်’ ဆိုတဲ့ ဝတ္ထုတိုလေးကတော့ စိတ်ကို လွတ်မြောက်နေတဲ့ စိန်ပန်းပင်ကြီးနဲ့ ပါးပါးလေး ခိုင်းနှိုင်းပြသွားတာပါတယ်။ စိတ်ကို အရေးကြီးဆုံးအချိန်တွေမှာ ပိုပြီး လွှတ်ချထားတတ်ရတယ်တဲ့။ စိတ်ဟာ အတင်းအကျပ် ချုပ်နှောင်ခံထားရတဲ့အခါ မလွတ်မြောက်တော့ဘဲ ဘာအစွမ်းသတ္တိမှ မထွက်တော့ဘူး။ စိတ်နဲ့ခန္ဓာမှာ အရေးကြီးဆုံးက သက်သောင့်သက်သာရှိမှုပါပဲဆိုတာကို ဒီဝတ္ထုလေးထဲမှာ ပြောပြထားတာ တန်ဖိုးရှိစွာ တွေ့ရပါမယ်။အမုန်းနှင့်လမ်းခွဲခြင်း တစ်အုပ်လုံးကို ခြုံပြောရမယ်ဆိုရင်တော့ ရသဝတ္ထုတိုတွေ ဆိုတာထက် ဗီတာမင်အားဆေးလေးတွေ လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ တစ်ပုဒ် ဖတ်ပြီးသွားတိုင်း ကိုယ့်ရဲ့ ဘဝနဲ့ ကိုယ့်ကိုယ်ကိုယ် အရှိတရားလေးတွေကို မြင်ယောင်လက်ခံလာမိမှာပါ။ တစ်အုပ်လုံးက ဝတ္ထုတို ၁၆ ပုဒ်လုံး ဖတ်ရှုပြီးတဲ့အခါမှာတော့ စိတ်ရောလူပါ အားအင်ပြည့်ဝသလို ခံစားမိကြပါလိမ့်မယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို ကြည်လင်လန်းဆန်းဖို့ ဆရာမငွေတီဦးရဲ့ နှလုံးသား ခွန်အားဖြည့်ဝတ္ထုလေးတွေက ကူညီပေးပါလိမ့်မယ်။ ဘဝကို အရှိအတိုင်း လက်ခံပြီး မနက်ဖြန်ကို အကောင်းဆုံး ရင်ဆိုင်ဖို့ ‘အမုန်းနှင့်လမ်းခွဲခြင်း’ က ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။Ks 9,000အမုန်းနှင့် လမ်းခွဲခြင်း
Ks 9,000 -
လုံခြုံရာ
ငွေတီဦးဒီစာအုပ်ကို အဆုံးထိ ဖတ်ဖြစ်ခဲ့တယ်ဆိုရင် စာတွေကနေတစ်ဆင့် ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ တချို့ကို သိမြင် နားလည်သွားလိမ့်မယ်လို့ ယူဆပါတယ်” လို့ ဆရာမငွေတီဦးက ဒီ လုံခြုံရာစာအုပ်လေးရဲ့ ဝန်ခံချက်မှာ ဆိုထားပါတယ်။
လုံခြုံရာ စာအုပ်ဟာ စာရေးဆရာမငွေတီဦးရဲ့ စတုတ္ထမြောက်စာအုပ်ဖြစ်ပြီး ဆရာမရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကနေ ရရှိခဲ့တဲ့ အတွေးအမြင်၊ အယူအဆ၊ တွေ့ရှိချက်တွေကို မျှဝေထားတာ ဖတ်ရှုရပါမယ်။ ဒီစာအုပ်လေးကို (၁) လွတ်မြောက်ခြင်းများ၊ (၂) ရင်ဆိုင်ခြင်းများ၊ (၃) လုံခြုံရာကို ရှာဖွေခြင်း ဆိုတဲ့ အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး တစ်ပိုင်းစီမှာ စိတ်ဝင်စားဖွယ် အခန်းခေါင်းစဉ်များဖြင့် ရေးသားထားတာကို ဖတ်ရှုရမှာပါ။ အပိုင်းတစ်ပိုင်းချင်းစီမှာ ပါဝင်တဲ့ သက်ဆိုင်ရာ အခန်းများက စိတ်ဝင်စားဖွယ်ကောင်းပြီး ဖတ်ရှုသူတို့အတွက် ဘဝနေထိုင်မှု၊ အနာဂတ်၊ ငွေကြေး၊ ပျော်ရွှင်ခြင်း၊ မေတ္တာတရား၊ ဘာသာရေး စတာတွေကို ဆင်ခြင်သုံးသပ်မိစေမှာ အမှန်ပါပဲ။
ဆရာမငွေတီဦးက ဒီစာအုပ်လေးမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် အဆိုးအကောင်းတွေ၊ ခံစားချက် အမှန်အမှားတွေကို မထိမ်ချန်ဘဲ အရှိကို အရှိအတိုင်း ချပြမယ့် အရာတွေပဲ ပါဝင်မယ်လို့ ဆိုထားပါတယ်။
အပိုင်း (၁) လွတ်မြောက်ခြင်းများ ကို ငွေကြေးမှ လွတ်မြောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းမှ လွတ်မြောက်ခြင်း၊ ချုပ်နှောင်ခြင်းမှ လွတ်မြောက်ခြင်း၊ သံယောဇဉ်မှ လွတ်မြောက်ခြင်း၊ အလေ့အကျင့်မှ လွတ်မြောက်ခြင်း ဆိုတဲ့ အခန်းများနဲ့ ဖွဲ့စည်းထားပါတယ်။ အသက်မွေးဝမ်းကျောင်းမှ လွတ်မြောက်ခြင်း ဆိုတဲ့အခန်းမှာ ဆေးကျောင်းပြီးသွားတဲ့အချိန် နောက်ပိုင်း ဘဝနဲ့ အလုပ်၊ အလုပ်နဲ့ဘဝ ဖြတ်သန်းရပုံတွေ၊ အိမ်ထောင်ဘက်နဲ့အတူ အခက်အခဲတွေကြားက လုပ်ငန်းတစ်ခု အောင်မြင်အောင် ဖြတ်သန်းရပုံတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။
အပိုင်း (၂) ရင်ဆိုင်ခြင်းများ မှာတော့ သည်းခံခြင်းနှင်းဆီ၊ ဘေးထွက်ဆိုးကျိုးများကို ကိုင်တွယ်ခြင်း၊ ပြဿနာများနှင့် လမ်းလျှောက်ထွက်ခြင်း၊ အမုန်းဆုံးရန်သူကို ရင်ဆိုင်ခြင်း စတဲ့ အခန်းများပါဝင်ပါတယ်။ ဆရာမငွေတီဦးရဲ့ ဘဝနဲ့ ရင်းပြီး နားလည်သိရှိထားတဲ့ အောင်မြင်ခြင်းရဲ့ အခြားတစ်ဖက်က ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်ပုံတွေက စာဖတ်သူတို့ကို အလင်းပြပေးမှာ သေချာပါတယ်။
အပိုင်း (၃) လုံခြုံရာကို ရှာဖွေခြင်းမှာ ဗုဒ္ဓဟူးနေ့တိုင်း ရုပ်ရှင်ကြည့်၊ ပျော်ရွှင်မှုကို အဖြေထုတ်ခြင်း၊ စစ်မှန်သော လုံခြုံရာ စတဲ့ အခန်းများကို ဖတ်ရှုရပါမယ်။ စစ်မှန်သော လုံခြုံရာ အခန်းမှာ ပါတဲ့ ပျော်ရွှင်ခြင်းနဲ့ လုံခြုံရာအစစ် ဆိုတာကို ဆရာမမျှဝေထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ “နေ့ရက်တိုင်းကို တစ်ရက်ချင်း ပျော်ရွှင်စွာ ဖြတ်သန်းခြင်းက ဘဝရဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ စိတ်မှာ လေဟာနယ် မရှိအောင် ပြည့်နေတဲ့အခါ လုံခြုံရာဟာ ဘယ်မှာလဲလို့ လိုက်ရှာမနေတော့ဘူး။ တကယ့်လုံခြုံရာအစစ်ဟာ ဘုရားရဲ့ နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ကိုယ်ရဲ့စိတ်ထဲမှာပဲ ရှိတယ်” လို့ တင်ပြထားတာ စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။
ဆရာမငွေတီဦးရဲ့ ဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ လုံခြုံရာကို ဖတ်ရှုရင်း စာဖတ်သူတို့လည်း ဘဝရဲ့ လုံခြုံရာ အစစ်အမှန်ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။Ks 7,000လုံခြုံရာ
Ks 7,000 -
မှတ်စု ၄၃
ငွေတီဦးNote 43 ဆိုတဲ့ စာအုပ်ကလေးဟာ စိတ်ခံစားချက်ကို ဖောက်ထုတ်လိုစိတ်နဲ့ ရေးသားထားပါတယ်လို့ စာရေးဆရာမငွေတီဦးက ဖွင့်ဆိုထားပါတယ်။ ဆရာမက စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို မှတ်သားထားချင်စိတ်နဲ့ ဒီစာအုပ်ပါ အကြောင်းအရာတွေကို စုစည်းထားခြင်းလည်း ဖြစ်နိုင်ပါတယ်။
Note 43 ထဲမှာဆိုရင် ဆရာမငွေတီဦးဟာ ဖျတ်ခနဲ မြင်တွေ့လိုက်ရတဲ့ အရာတွေကိုတွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်လေးတွေနဲ့ ချိန်ထိုးနှိုင်းယှဉ်ပြသွားတာကို ဖတ်ရှုရပါလိမ့်မယ်။ ဒီစာအုပ်လေးဟာ ဘာနဲ့တူသလဲဆိုရင် အသိမိတ်ဆွေတစ်ယောက်က သူ့အတွေ့အကြုံ၊ သူဖြတ်သန်းလာရတဲ့ဘဝ၊ သူ့ခံယူချက်တွေကို စာဖတ်သူကို ရင်ဖွင့်ပြောဆိုနေသလိုပါပဲ။ စကားပြောဖော်တစ်ယောက် ဘေးနားရောက်နေသလိုမျိုးပေါ့။
အချိန်နဲ့အမျှ လူသားတို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝတွေဟာ ထူးဆန်းအံ့သြဖွယ်ရာတွေ၊ နာကျင်ခက်ခဲမှုတွေ ပြည့်နှက်နေတတ်တာပဲမဟုတ်လား။ ဒါပေမဲ့ တခါတလေမှာလည်း မြန်မြန်ပဲ ပျောက်ကွယ်သွားတတ်ပြီး လူတွေရဲ့ မှတ်ဉာဏ်ထဲမှာ အမှတ်ရစရာအနေနဲ့သာ ကျန်ရစ်ခဲ့ပါတယ်။ ဆရာမငွေတီဦးကတော့ သူ့ဘဝရဲ့ စိတ်ဝင်စားဖွယ် တစ်စိတ်တစ်ပိုင်းကို စုစည်းထားလိုက်ပြီး မှတ်စုစာအုပ်လေးတစ်အုပ်အဖြစ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီစာအုပ်လေးဟာ အဖိုးတန်သော မိတ်ဆွေကောင်းတစ်ဦးလိုမျိုး ကိုယ့်ဘေးနားမှာရှိနေနိုင်ပါတယ်။
Note 43 ကို ပိုပြီးထူးခြားစေတာက ဆရာမရဲ့ ၄၃ နှစ်ပြည့် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတာပါ။ ဒါကြောင့် ငလျင်ဘေးအတွက် အများနည်းတူ ကြေကွဲထိခိုက်နေတဲ့ ဆရာမဟာ ဒီစာအုပ်လေးကရလာတဲ့ အကျိုးအမြတ်တွေကို လိုအပ်တဲ့နေရာတွေဆီသာ စီးဆင်းစေမှာဖြစ်ပါတယ်။
Note 43 ဟာ ဖတ်ရှုသူအပေါင်းကို အတွေးအမြင်သစ်များ၊ ဗဟုသုတများနဲ့ ရယ်မောပျော်ရွှင်ဖွယ် စိတ်ခံစားချက်အစုံ ပေးစွမ်းနိုင်ပါလိမ့်မယ်။ လူတစ်ယောက်က တခြားလူတစ်ယောက်ကို သူ့ဘဝရဲ့ခံယူချက်၊ ခံစားချက်တွေပေါ်မူတည်ပြီး အမှားတွေကိုလည်း ထောက်ပြပေးထားတာမို့ လမ်းမှန်ကိုပြပေးတဲ့ မီးအိမ်လေးတစ်လုံးနဲ့လည်းတူပါတယ်။ ဒါကြောင့် Note 43 ကို အနီးအနားမှာထားပြီး ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
Ks 12,000မှတ်စု ၄၃
Ks 12,000