၁၉၈၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်တွင် ကချင်ပြည်နယ်၌ မွေးဖွား ခဲ့သည်။ အမည်ရင်းမှာ မဖြူနု ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀ဝ၃ ခုနှစ်အထိ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီး အင်္ဂလိပ် ဘာသာစကား အဓိကဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

တက္ကသိုလ်ကျောင်းသူဘဝတွင် နာမည်ရင်းအပါအဝင် ကလောင် အမည် အမျိုးမျိုးဖြင့် ကဗျာများ၊ ဝတ္ထုတိုများ စမ်းသပ်ရေးသားခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် စံပယ်ဖြူနု ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင် ရောက်ခဲ့သည်။ ရွှေအမြုတေ၊ Teen ချယ်ရီ၊ ကလျာ၊ ရနံ့သစ်၊ ခေတ်ရနံ့၊ Treasure Land ၊ Faces စသည့် မဂ္ဂဇင်းများတွင်လည်း မဂ္ဂဇင်းဝတ္ထုတို၊ ဝတ္ထုရှည်များ ဖော်ပြခြင်းခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် ပထမဆုံးဝတ္ထုရှည်ဖြစ်သော မြောက်ဖျားက အလွမ်းရာသီကို ထုတ်ဝေခဲ့သည်။ လက်ရှိအချိန်အထိ မြောက်ဖျားက အလွမ်းရာသီ (၂၀၁၄)၊ ခေတ်ရယ် အချစ်ရယ် (၂၀၁၅)၊ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ(၂၀၁၅)၊ လှပ်၍လွင့်သောကမ္ဘာ(၂၀၁၆)၊ အလွမ်းဆိုင် (၂၀၁၈)၊ တိမ်တိုက်ကားချပ် အဝါ(၂၀၂၀) စသည့် ဝတ္ထုရှည် ခြောက်အုပ်၊ အခါတစ်ပါး (၂၀၂၀) ဝတ္ထုလတ်၊ အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ(၂၀၁၅)၊ မြို့ကလေးနေမကောင်းပါဝတ္ထုတိုစု (၂၀၁၈) စသည့် ဝတ္ထုတိုပေါင်းချုပ်နှစ်အုပ်၊ အရိပ်လေးဆယ် (၂၀၂၁)၊ လွမ်းစရာ့ကမ္ဘာ (၂၀၂၂) စသည့် ရသအက်ဆေးနှစ်အုပ် ထုတ်ဝေပြီးဖြစ်ကာ အယ်နီ (၂၀၁၆) နှင့်၊ ပါလေရာအယ်နီ(၂၀၁၇)၊ တစ်ခါတုန်းကအယ်နီ (၂၀၂၀) စသည့် ကလေးဝတ္ထုတိုစုစာအုပ် သုံးအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ ပြီးဖြစ်သည်။

ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာ ဝတ္ထုတိုဖြင့် ၂၀၁၂ ခုနှစ် ရွှေအမြုတေစာပေဆု(ဝတ္ထုတိုဆု)၊ မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုရှည်ဖြင့် သဟာယစာပေဆု၊ ၂၀၁၄ ခုနှစ် အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်)၊ ပါလေရာအယ်နီ ကလေးဝတ္ထုတိုစုဖြင့် ၂၀၁၇ ခုနှစ်အတွက် အမျိုးသား စာပေဆု (ကလေးစာပေ) တို့ကို ရရှိခဲ့သည်။

စံပယ်ဖြူနု

  • အခါတစ်ပါး

    တချို့တံခါးတွေကတော့ တစ်ကြိမ် ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်သက်စာ ပြန်ဖွင့်ခွင့် မရှိတော့ဘူး။
    ချစ်တယ်ဆိုတာ မတွေ့တာ နှစ်နဲ့ချီ ကြာနေတာတောင် သူ ကြိုက်တဲ့ ကော်ဖီအရသာကို မှတ်မိနေတာမျိုး။

    ချစ်တယ် ဆိုတာ အားလုံးဝိုင်းထိုင်ပြီး မုန့်ဟင်းခါး စားနေချိန်မှ ကြက်သွန်ဥလေးတွေကို ကိုယ့်ပန်းကန်ထဲ တိတ်တိတ်လေး ထည့်ပေးလိုက်တာမျိုး။
    ဖွင့်ဟ​ပြောမှ ချစ်တယ်လို့ သိရမှာလားလို့ မေးခွန်းထုတ်ချင်စိတ် ပေါက်လာတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး။ စိတ်ထဲရှိသမျှစကားတွေ အကုန်ပြောပြဖို့ ချစ်တဲ့သူနှစ်ယောက် အတွက် ဘာလို့များ အခွင့်အရေး မရှိခဲ့တာလဲ။

    မရေရာတဲ့ လမ်းတစ်ခုပေါ်မှာ စောင့်စားသူ ရောက်လာမလာခဲ့တာတောင် ကံကြမ္မာကို ယုံကြည်ပြီးနှစ်ရှည်လများ စောင့်စားနေခဲ့သူ လေးလေးမော်။ ဘယ်တော့မှ မပြောခဲ့တဲ့ စကားတွေဟာ ဘယ်တော့မှလည်း ထပ်ကြားစရာမလိုဘဲ မြေမှုန်လေးတွေ ကြားထဲတိုးဝင်ပျောက်ကွယ်သွားတော့မလားလို့ ခံစားနေရတဲ့ သက်ဇော် ခေါ် ရည်းစားများတဲ့ ကောင်ချောလေး ဖိုးသက်။ သဘောကောင်းသူ တစ်ယောက်လို့ ပတ်ဝန်းကျင်က ယုံမှတ်စေဖို့ စည်းတွေ​ဘ​ောင်တွေ ကြားမှာ အတင်း လူကြီးဆန်နေရတဲ့ ကိုကိုမင်းထက်။ သူတို့သုံးဦးရဲ့ ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်။

    အမျိုးသားစာပေဆုရ ဆရာမ စံပယ်ဖြူနုရဲ့ ပထမဦးဆုံး လက်ရာဖြစ်တဲ့ ဝတ္ထုလတ်။လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွင်းအဇ္ဇျတ္တ အတွေးတွေ၊ ရင်ခုန်လှိုက်မောစရာတွေကို ခံစားမိစေမယ့် ဝတ္ထုတစ်ပုဒ်။

    Ks 3,500
  • မြို့ကလေးနေမကောင်းပါ

    ဝတ္ထုတိုဖတ်ရတာကြိုက်တဲ့ စာဖတ်သူတွေထဲမှာ တစ်ချို့က ဝတ္ထတိုမှာ အလှည့်လေးတွေနဲ့ အဆုံးသတ်တာ ကြိုက်တယ်၊ တစ်ချို့က ဇာတ်လမ်း ဇာတ်ကွက်ကောင်းကောင်း ဖတ်ရတာ ကြိုက်တယ်၊ တစ်ချို့က မော်ဒန်အရေးအသားတွေ ကြိုက်တယ်။ စံပယ်ဖြူနုရဲ့ ဝတ္ထုတိုလေးတွေ ကတော့ လူ့လောက သဘာဝနဲ့ လူတွေရဲ့ စရိုက်တွေကို မြင်လာအောင် ပြောပြနေတဲ့ ဝတ္ထုတိုလေးတွေပါ။ ရိုးရှင်းတဲ့ အရေးအသားနဲ့ သင်တို့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်က လူတွေကို သနားချစ်ခင်လာအောင် နားလည်မှု ထားရှိနိုင်အောင် ရေးဖွဲ့ထားပါတယ်။

    “မြောက်ဖျားက အလွမ်းရာသီ” စာအုပ် နဲ့ အမျိုးသားစာပေဆုရခဲ့တဲ့ ဆရာမစံပယ်ဖြူနု ရဲ့” မြို့ကလေး နေမကောင်းပါ” ဝတ္ထုတိုစုထဲက ပထမဆုံး တစ်ပုဒ် “အလှမ်းဝေးခဲ့သည်” တစ်ပုဒ်ထဲနဲ့တင် စာဖတ်သူ အတွက် ဇာတိမြေကို လွမ်းတဲ့ ဝေဒနာ ခံစားရမှာပါ။ မြန်မာပြည်မြောက်ပိုင်းဒေသ ချစ်စရာရွာကလေးတစ်ရွာက အသက်၆၀ကျော် အမေအို တစ်ယောက် ရန်ကုန်မှာ အခြေချနေတဲ့ သမီးရဲ့ တိုက်ခန်းကျဉ်းလေးထဲကနေ ဇာတိမြေကို လွမ်းနေပုံက ရင်ကိုထိခိုက်စေပါတယ်။

    “အိမ်” ဆိုတဲ့ တစ်ပုဒ်မှာတော့ ဗဟန်းမြို့နယ်ထဲ တာဝါတစ်ခုနားက ရုံးမှာ အလုပ်လုပ်နေတဲ့ နယ်မြို့ကလာသူ မိန်းမပျိုတစ်ယောက် တာဝါအောက်ခြေထောင့်တစ်ခုကို အိမ်အမှတ်နေတဲ့ စိတ်မနှံ့သူ အမျိုးသမီးတစ်ယောက် အကြောင်းပြောပြတာ။

    ရန်ကုန်မြို့ တိုက်ခန်းကျဉ်းလေး တစ်ခုထဲက ဇာတိရွာကို လွမ်းနေတဲ့ အညောင်းမိ ခိုတစ်ကောင်၊ တာဝါအောက်က အိမ်ကလေးနဲ့ အဲဒီအိမ်ကို သံယောဇဉ် တွယ်နေသူတစ်ဦးအကြောင်း စတဲ့ လူထဲက လူတွေရဲ့ အဖြစ်အပျက်တွေနဲ့ စီခြယ်ထားတဲ့ ဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။

    စာဖတ်ပရိသတ်အား နှစ်သက်ခြင်းကို ဖြစ်စေလျှက် ထိုနှစ်သက်ခြင်းနှင့် တပါတည်း ဘဝအသိ တစ်ခု အလိုအလျောက် ရလာစေတယ်ဆိုတာ ရသစာပေကသာ ပေးစွမ်းနိုင်တာလို့ ဆရာဇော်ဂျီ ပြောတဲ့ စကားအတိုင်းပါပဲ။ ဝတ္ထုတို (၂၂) ပုဒ် စလုံးကို ရိုးရှင်းတဲ့ အရေးအသား၊ တွေ့နေကျ လူတွေရဲ့ စရိုက်သဘာဝကို ရှုထောင့် တစ်နေရာက ရေးသားဖေါ်ပြသွားတာ သိပ်ကောင်းလှပါတယ်။

    ဒီဝတ္ထုတိုလေးတွေ ကို ဖတ်ရှုပြီးရင် လောကကြီးနဲ့ လူသားတွေ အပေါ် ချစ်ခင်မြတ်နိုးခြင်း၊ ကိုယ်ချင်းစာ နားလည်ခြင်း တွေ တိုးပွားလာစေနိုင်မယ်လို့ ယုံကြည်မိကြောင်းပါ။

    Ks 6,000
  • အရိပ်လေးဆယ် (ရသအက်ဆေးများ)

    ဆရာမ စံပယ်ဖြူနု ဆိုတာ စာချစ်သူတို့ကို အထူးတလည် မိတ်ဆက်ပေးရမယ့် စာရေးဆရာမ တဦးတော့ မဟုတ်ပါဘူး။ ရသစာပေချစ်သူတိုင်းက ဆရာမရဲ့ ဝတ္ထုတို၊ရှည်၊ အက်ဆေး စတဲ့ အရေးအသားမှန်သမျှကို နှစ်ခြိုက်နေကြသလို အမျိုးသားစာပေဆုများနဲ့ အခြားစာပေဆုများကို ဆွတ်ခူးထားတဲ့ ကလောင်တစ်ချောင်းလည်း ဖြစ်ပါတယ်။ မဟာစာပေက ဆရာမစံပယ်ဖြူနုရဲ့ မြို့ကလေးနေမကောင်းပါ ဝတ္ထုတိုစု၊ အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ၊ အခါတစ်ပါး (ဝတ္ထုလတ်)လုံးချင်းတို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ ယခုထုတ်ဝေတဲ့ အရိပ်လေးဆယ်က မဟာစာပေနဲ့ စံပယ်ဖြူနုတို့ရဲ့ လေးအုပ်မြောက်လက်တွဲခြင်းဖြစ်ပါတယ်။ အရိပ်လေးဆယ်မှာ ဆရာမစံပယ်ဖြူနုက သူ့ရဲ့ စာဖတ်ပရိသတ်ကို ဘယ်လို အရေးအသားတွေနဲ့ ချပြမလဲ?

    လူတိုင်း လူတိုင်းမှာ အရိပ်ကိုယ်စီရှိကြပါတယ်။ ကျား မ မရွေး၊ ကလေးလူကြီး အရွယ်စုံ သူ့ အတိုင်းအထွာနဲ့သူ အရိပ်တွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းဟာ နေ့ရက်တွေတိုင်းကို နေထိုင်မှုအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားသွားလာပြီး ဖြတ်သန်းကြရလေတော့ သူတို့ရဲ့ အရိပ်တွေဟာလည်း အရိပ်ရှင်တို့ရဲ့ ဖြတ်သန်းမှုတွေပေါ်မူတည်ပြီး အရောင်အသွေးတွေ၊ အဆင်အပြင်တွေ၊ ဖော်ပြမှုပုံစံတွေ ဖြစ်တည်လာပါတော့တယ်။ ဒီစာအုပ်မှာ ဆရာမစံပယ်ဖြူရဲ့ ဘဝဖြတ်သန်းမှု နေထိုင်လှုပ်ရှားမှုတွေထဲက အရိပ်လေးဆယ်တိတိကို ရသမြောက် အရေးအသားတို့နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

    အရိပ်တခုချင်းစီတိုင်းဟာ ရသမြောက်အရေးအသား တစ်ပုဒ်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး ဆရာမစံပယ်ဖြူနုရဲ့ ဘဝထဲကို အရိပ်တွေကနေ တဆင့် စာချစ်သူတို့ မြင်တွေ့ခွင့်ရမှာပါ။ အရိပ် – ၁ မှာ သူမရဲ့ အတွင်းနက်နက် စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုကို အိပ်မက်ကတဆင့် ထိတွေ့ခွင့်ရမှာဖြစ်သလို အရိပ် – ၃ မှာ ဆိုရင်လည်း တီဗွီနဲ့ ဆရာမစံပယ်ဖြူနုရဲ့ အဘွားအကြောင်းကို ခပ်ပါးပါး တို့ထိခွင့်ရမှာဖြစ်ပါတယ်။ “ကျွန်မက ကံကောင်းလို့ ကြည်အောင် မဖြစ်တာ” ဆိုတဲ့ အရိပ် – ၄ ဟာလည်း စံပယ်ဖြူနုဆိုတဲ့ ကလောင်နာမည် ဘာကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာကို ထဲထဲဝင်ဝင် ရေးထားတာမို့ တစ်ခါဖတ်ပြီးတာနဲ့ ဆရာမရဲ့ ပရိသတ်တို့ ဘယ်တော့မှ မမေ့တော့မယ့် အရေးအသားတစ်ပုဒ်လို့ ဆိုရမှာပါ။ အရိပ် – ၇ မှာဆို စံပယ်ဖြူနုရဲ့ အကြိုက်ဆုံးဟင်းအကြောင်း၊ အရိပ် – ၉ မှာ စံပယ်ဖြူနုနဲ့ ကြောင်အကြောင်း စတဲ့ သူမရဲ့ ဘဝထဲကို အရိပ်တွေကနေတဆင့် ဖတ်ရှုရမှာဖြစ်ပြီး လူသိပ်မသိတဲ့အကြောင်းလေးတွေကို လှစ်ဟပြတဲ့ အရိပ်အကြောင်းတွေပါ ဖတ်ရမှာပါ။

    “စာရေးကောင်းသူတို့ဟာ ဘာရေးရေး ဖတ်လို့ကောင်းနေတာပဲ” လို့ ပြောကြပါတယ်။ ဒီစာအုပ်မှာ စံပယ်ဖြူနုရဲ့ ဘဝနဲ့ ဆက်စပ်အကြောင်းအရာတို့ကို အပုဒ် ၄၀ တိတိ ဖတ်ရှုရမှာ ဖြစ်ပြီး ရသမြောက် အရေးအသားတို့နဲ့ ကွပ်ထားတဲ့ ဆရာမရဲ့ ဘဝထဲက ရှင်သန်လှုပ်ရှားမှုတွေဖြစ်တာမို့ အရိပ်တိုင်းဟာ စာဖတ်သူကို အတွေးတစ်စစီ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ မှာ အသက် ၄၀ ပြည့်ခဲ့သူ စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ် ကို အပိုင်း ၅ ပိုင်း ခွဲချပြထားတဲ့ ဒီစာအုပ်ကနေတဆင့် ဆရာမရဲ့ ဘဝနဲ့ နေ့ရက်ဆိုင်ရာအချို့ကို တို့ထိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    Ks 6,000

Main Menu