အမည်ရင်း သန္တာမူ ဖြစ်ပြီး အဖ ဦးအောင်ဘနှင့် အမိ ဒေါ်ခင်နွဲ့မူ တို့မှ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့တွင် မွေးဖွားခဲ့သည်။ ကလေးဝမြို့ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်တွင် စစ်ကိုင်းသမဝါယမဒေသကောလိပ်မှ စာရင်းကိုင်ပညာဒီပလိုမာဘွဲ့၊ ၂၀ဝ၃ ခုနှစ်တွင် မ္တလေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့၊ ၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ကုမ္ပဏီဝန်ထမ်း စာရင်းကိုင်တစ်ဦးအဖြစ် ရန်ကုန်မြို့တွင် နေထိုင်ပြီး ဝါသနာပါသော ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားလျက်ရှိသည်။

၂၀ဝ၉ ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ် ကဏ္ဍတွင် ဖော်ပြခံရသည့် နှလုံးသားထက်က ကမ္ပည်းတိုင် ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ဆေးဆေ အမည်ဖြင့် ပထမဆုံးပုံနှိပ်စာမူမှာ ၂၀ဝ၈ခုနှစ်၊ ဇန်နဝါရီလထုတ် အပျိုစင်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ထပ်တူ ညီပြန်လင်းတန်းများ ဝတ္ထုတိုဖြစ်သည်။ ၂၀ဝ၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း မဂ္ဂဇင်း ဝတ္ထုတို/ရှည် နှစ်ဆယ့်ခြောက်ပုဒ် ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ် ရွှေအမြုတေစာပေဆုပေးပွဲတွင် ပျော်ရွှင်ခြင်း ငှက်ကလေးများ ဝတ္ထုတိုဖြင့် ပရိသတ်အကြိုက်ဆုံး ရွှေနှလုံးသားဆုနှင့် ၂၀၁၇ ခုနှစ်တွင် သူ့သစ္စာ မဂ္ဂဇင်းဝတ္ထုရှည်ဖြင့် ရွှေအမြုတေစာပေဆု ကို ရရှိခဲ့သည်။

လုံးချင်းဝတ္ထုရှည်အဖြစ် မဟာစာပေမှ ၂၀၁၉ ခုနှစ်တွင် ပထမဆုံး ရေးသားသော ဖွေရှာမောရသူမယ် နှင့် ဒုတိယစာအုပ် တစ်ဘဝဒဏ်ရာ၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယစာအုပ် ခိုတွယ်ရာ ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ယခု မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ သည် ၂၀ဝ၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုတိုများကို ပထမ အကြိမ် စုစည်းထုတ်ဝေခြင်းဖြစ်သည်။

ဆေးဆေ

ဆေးဆေ

အမည်ရင်း သန္တာမူ ဖြစ်ပြီး အဖ ဦးအောင်ဘနှင့် အမိ ဒေါ်ခင်နွဲ့မူ တို့မှ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့တွင် မွေးဖွားခဲ့သည်။ ကလေးဝမြို့ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်တွင် စစ်ကိုင်းသမဝါယမဒေသကောလိပ်မှ စာရင်းကိုင်ပညာဒီပလိုမာဘွဲ့၊ ၂၀ဝ၃ ခုနှစ်တွင် မ္တလေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့၊ ၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ကုမ္ပဏီဝန်ထမ်း စာရင်းကိုင်တစ်ဦးအဖြစ် ရန်ကုန်မြို့တွင် နေထိုင်ပြီး ဝါသနာပါသော ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားလျက်ရှိသည်။

၂၀ဝ၉ ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ် ကဏ္ဍတွင် ဖော်ပြခံရသည့် နှလုံးသားထက်က ကမ္ပည်းတိုင် ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ဆေးဆေ အမည်ဖြင့် ပထမဆုံးပုံနှိပ်စာမူမှာ ၂၀ဝ၈ခုနှစ်၊ ဇန်နဝါရီလထုတ် အပျိုစင်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ထပ်တူ ညီပြန်လင်းတန်းများ ဝတ္ထုတိုဖြစ်သည်။ ၂၀ဝ၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း မဂ္ဂဇင်း ဝတ္ထုတို/ရှည် နှစ်ဆယ့်ခြောက်ပုဒ် ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ် ရွှေအမြုတေစာပေဆုပေးပွဲတွင် ပျော်ရွှင်ခြင်း ငှက်ကလေးများ ဝတ္ထုတိုဖြင့် ပရိသတ်အကြိုက်ဆုံး ရွှေနှလုံးသားဆုနှင့် ၂၀၁၇ ခုနှစ်တွင် သူ့သစ္စာ မဂ္ဂဇင်းဝတ္ထုရှည်ဖြင့် ရွှေအမြုတေစာပေဆု ကို ရရှိခဲ့သည်။

လုံးချင်းဝတ္ထုရှည်အဖြစ် မဟာစာပေမှ ၂၀၁၉ ခုနှစ်တွင် ပထမဆုံး ရေးသားသော ဖွေရှာမောရသူမယ် နှင့် ဒုတိယစာအုပ် တစ်ဘဝဒဏ်ရာ၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယစာအုပ် ခိုတွယ်ရာ ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ယခု မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ သည် ၂၀ဝ၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုတိုများကို ပထမ အကြိမ် စုစည်းထုတ်ဝေခြင်းဖြစ်သည်။

  • မှောင်ရိပ်ကလိပ်ပြာ (မဂ္ဂဇင်းဝတ္ထုတိုများ)

    “ဖွေရှာမောရသူမယ်” ၊ ” တစ်ဘဝဒဏ်ရာ ” နှင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ” ခိုတွယ်ရာ ” လုံးချင်းဝတ္ထရှည်တွေရဲ့ ဖန်တီးသူပဲ့ကိုင်ရှင် ဆရာမဆေးဆေရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ်ထွက်ရှိလာပါပြီ။ ဆရာမဟာ ဝတ္ထုတိုရေးသူသက်သက်အဖြစ် စာပေလောကထဲသို့ဝင်ရောက်လာပြီး လုံးချင်းဝတ္ထုရှည် (၃) အုပ်ထွက်ပြီးမှ ယခုဝတ္ထတိုပေါင်းချုပ်စာအုပ်ကို စာဖတ်သူတွေလက်ထဲ အရောက်ပို့လိုက်တာဖြစ်ပါတယ်။

    ဖြတ်သန်းရာ ခေတ်ကာလကို အပြည့်အဝ ထင်ဟပ်ဖော်ကျူးသော ဆရာမဝတ္ထုများတွင် ဝတ္ထုအခင်းအကျင်းမှတဆင့် ထပ်ဆင့်မြင်ရသော ပုံရိပ်များ၊ အဖြစ်အပျက်များကို ခံစားရယူနိုင်ခြင်းက အရသာတစ်မျိုးပင်။ ဒါသည်ပင် ဆရာမဆေးဆေ၏ ထူးခြားမှုဟု ဆိုချင်ပါတယ်။ အရောင်၊ အလင်း ညီသည့် ပန်းချီကားတစ်ချပ်ပမာ အကြောင်းအရာအားကောင်းသော ဝတ္ထုတိုများတွင် စ/လယ်/ဆုံး ဝါကျဖွဲ့လှသည့် ဆရာမ၏ စာအရေးအသားနှင့် တင်ဆက်မှုအနုပညာကို ကျေနပ်နှစ်သိမ့်ကြမယ် ထင်ပါတယ်။

    ယခုစာအုပ်တွင် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ (၁၁) နှစ်တာကာလအတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတွေပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူပီပီ ဆရာမရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးတွေဟာ အရသာတစ်ခု၊ ဟန်တစ်မျိုးထူးခြားနေပြန်ပါတယ်။

    ” ကျွန်မ၏ ဝတ္ထုတိုများကို ပြန်ဖတ်မိတိုင်း ရေးဖွဲ့ချိန်က စိတ်လိပ်ပြာ ဖြတ်သန်းမှုရောင်စဉ်အောက် ကျွန်မစိတ်တို့ တဝဲလည်လည် ရောက်ရတတ်မြဲ။ သို့အတွက် ယခုစာအုပ်အမည်ကို မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ ဟု ပေးဖြစ်ပါသည်လို့ ” ဆိုထားပါတယ်။ ရွှေအမြုတေမဂ္ဂဇင်းမှ ဝတ္ထုတို(၁၆) ပုဒ်၊ အခြားများမှ (၂) ပုဒ် စုစုပေါင်း ဝတ္ထုတို (၁၈) ပုဒ်ကို ဆရာမြင့်မောင်ကျော်ရဲ့ အတွင်းသရုပ်ဖော်ပန်းချီများကိုကြည့်ရှုခံစားရင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်။”

    Ks 4,000
  • တစ်ဘဝဒဏ်ရာ

    ချစ်​ခြင်း​ကြောင့် ဆင်းရဲခြင်း ဖြစ်​ရတယ်​

    ကိုယ်​စိတ်​နှစ်​ပါး ဆင်​းရဲရတာဟာ ချစ်​ခြင်​း​ကြောင်​့ ဖြစ်​တယ်​ ၊ ချစ်​ခြင်​းသာ အမွန်​အစ ဖြစ်​တယ်​လို့ တရား​တော်​မှာ ပါပါတယ်​ ။
    အချစ်​နဲ့ မကင်​းကြတဲ့ လူသား​တွေဟာ ချစ်​ခြင်​း​ကြောင်​့ ဆင်​းရဲကြရတာ အမှန်​တရား ပါပဲ ။ ချစ်​ခြင်​း ဆိုတာမှာလည်​း ၁၅၀ဝ အချစ်​​ကြောင်​့မှ ဆင်​းရဲခြင်​း ကြုံရတာ မဟုတ်​ပါဘူး ။ ၅၂၈ ​မေတ္တာ ​ကြောင်​့လည်​း ဆင်​းရဲခြင်​း ကို ကြုံ​တွေကြရတာပဲ ။

    စစ်​ကိုင်​းတိုင်​း ၊ က​လေးမြို့ ဝန်​းကျင်​ ၊ မြစ်​သာမြစ်​ နား ၊ သာယာကုန်​းရွာ​လေးက လူ​နေမှုဘဝ​တွေ ။ သူတို့ ဝမ်​းစာ ဘယ်​လို ရှာကြသလဲ ၊ ​ခေတ်​ဆိုး စနစ်​ဆိုးကြီး ​အောက်​မှာ ရှင်​သန်​​နေကြရတဲ့ လူ​တွေရဲ့ ​ပင်​ပန်​း ခက်​ခဲရတဲ့ ဘဝ​တွေ ။ ​ရေနံထွက်​လို့ ​ရေနံ​မှော်​ လုပ်​ကြ ၊ ထုံးဖုတ်​ကြ ၊ သစ်​လုပ်​ငန်​း လုပ်​ကြနဲ့ စုံလင်​လှတဲ့ ဘဝ​များ။ ရင်​​မောစရာ ထိုထို ဘဝ​တွေကြားက ​မေတ္တာ စမ်​း​ချောင်​း​လေးပမာ သက်​လယ်​ ဆိုတဲ့ ​ကောင်​းမ​လေးရဲ့ သူ့ ​မောင်​​လေး ပိုးလုံး​လေး အ​ပေါ် ထားတဲ့ ​မေတ္တာတရားဟာ ကြည်​လင်​​အေးမြတဲ့ စမ်​း​ရေ ပမာ ။

    နတ်​ကိုးကွယ်​မှုကို အယုံကြည်​လွန်​ပြီး အယူသီး အစွဲအလမ်​းကြိီးတဲ့ အဘွား ။ ​ခေါင်​းမာပြီး တ​စောက်​ကန်​း လုပ်​တတ်​တဲ့ ​ဖေ​ဖေ ​ ။ ရပ်​ရွာအကျိုးအတွက်​ တစ်​ပြားတစ်​ချပ်​ မှ ခံစားခွင်​့ မယူဘဲ မှန်​မှန်​ကန်​ကန်​ လုပ်​တတ်​လို့ လူအချို့ရဲ့ မုန်​းတီးခြင်​း ခံရသူ တစ်​ဦးလည်​း ဖြစ်​တယ်​ ။ ကျိန်​စာတိုက်​ ခံရတဲ့ အထိကို တချို့က က မုန်​းကြတယ်​ ။

    လင်​​ယောက်​ျား နဲ့ သားသမီး အတွက်​ ​ယောက္ခမ ဖြစ်​သူ ညွှန်​ကြားသမျှ လိုက်​လုပ်​​ပေးရတဲ့ ​မေ​မေ ။ ​မောင်​က​လေး ပိုးလုံး​လေး ​မွေးကတည်​းက အသက်​နဲ့အမျှ ချစ်​ရတဲ့ အစ်​မ သက်​လယ်​ ။ အရွယ်​မတိုင်​ခင်​ ကတည်​းက အ​ဖေ့အလုပ်​ကို ကူညီချင်​စိတ်​ အမြဲရှိတဲ့ သားလိမ္မာ​လေး ပိုးလုံး​လေး ။ သူတို့ မိသားစု အ​ပေါ် ရိုက်​ခတ်​လာတဲ့ ​လောကဓံ မုန်​တိုင်​းထဲမှာ ​မောင်​က​လေး အ​ပေါ် ချစ်​တဲ့စိတ်​နဲ့ သက်​လယ်​ တစ်​​ယောက်​ ပင်​ပန်​း ဆင်​းရဲခဲ့ရတယ်​ ။ တစ်​ဘဝစာဒဏ်​ရာ ပိုင်​ရှင်​ သက်​လယ်​ ရယ်​​လေ ။

    က​လေးမြို့ နားက သာယာကုန်​း ရွာ ရဲ့ လူမှု စီးပွား​ရေး​တွေ ၊ ​ရေနံ​မှော်​ မှာ ရုန်​းကန်​ကြရတဲ့ ဘဝ​တွေ ။ အဲဒီ လူ​တွေ ​မျှော်​လင်​့ချက်​ အပြည်​့နဲ့ ဆင်​းရဲပင်​ပန်​းစွာ ​ရေနံတူးကြရတဲ့ ဇာတ်​လမ်​း​တွေ ။အဆိုးထဲက အ​ကောင်​းဖြစ်​တဲ့ ​မောင်​နဲ့ နှမ ရဲ့ ကြည်​နူးဖွယ်​ ချစ်​ခြင်​း ​မေတ္တာတရား ​တွေကို ဆရာမ ​ဆေး​ဆေ က သပ်​ရပ်​ လှပစွာ ​ရေးဖွဲ့ထားပါတယ်​ ။

    ပထမ တစ်​အုပ်​တုန်​းကလိုပဲ နိုင်​ငံခြား ​နောက်​ခံ စိတ်​ဝင်​စားစရာ အဖြစ်​အပျက်​​တွေနဲ့ ချစ်​ခြင်​း​မေတ္တာကို အခြား​သော ရှု​ထောင်​့တစ်​ခုမှ ထူးခြားစွာ ​ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်​လမ်​း​လေးဟာ စဖတ်​မိလိုက်​ရင်​ စာအုပ်​ကို လက်​က မချနိုင်​​အောင်​ပဲ စာဖတ်​သူကို ဆွဲ​ခေါ်သွားမှာပါ ။
    ​ဖွေရှာ​မောရသူမယ်​ စာအုပ်​နဲ့ လုံချင်​း​လောကမှာ ပွဲထွက်​​ကောင်​းခဲ့တဲ့ ဆရာမ ​ဆေး​ဆေရဲ့ ဒုတိယ​မြောက်​ လက်​ရာ ၊ ပင်​ကို​ရေး ဝတ္ထု​ အသစ်​တစ်​ပုဒ်​ ဖြစ်​ပါတယ်​ ။

    Ks 3,000
  • ခိုတွယ်ရာ

    “ရိုးရှင်းတဲ့ အိပ်မက်ရှင် လူငယ်လေးတစ်ယောက်ရဲ့ ကန္တာရထဲက ထူးထွေ ဆန်းပြားတဲ့ အတွေ့အကြုံတွေ”

    လူတိုင်းမှာ မြင်လွယ် သိလွယ်တဲ့ အကျင့်စရိုက်တွေ၊ စိတ်အခြေအနေတွေ ရှိတယ်။ အပေါ်ယံ မျက်နှာဖုံး တစ်ခုလိုပေါ့။ တကယ့်အတွင်းထဲက စိတ်ရဲ့အရောင်ကိုတော့ ကြုံကြိုက်တိုက်ဆိုင်မှသာလျှင် သူတပါးက မြင်ခွင့် သိခွင့်ရကြတယ်။

    သူတကာလို အိပ်မက်ရိုးရိုး ပဲ မက်ခဲ့သူ မင်းမာန်ရဲ့ ဘဝဟာ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ဖအေဖြစ်သူ ကွယ်လွန်သွားတော့ ပြိုကွဲပျက်စီးခဲ့ရတယ်။ ကိုယ်ပိုင် software ထုတ်မယ်၊ အိုင်တီအလုပ်ခန်းလေး ဖွင့်မယ်၊ ချစ်ရသူမိုးနဲ့ နှစ်ယောက်တစ်ဘဝ ထူထောင်မယ် ဆိုတဲ့ ရိုးရိုးရှင်းရှင်း အိပ်မက်လေးတောင် မက်ခွင့်မရဘဲ မိသားစုရဲ့ တာဝန်ကြီးဟာ သူ့ ပခုံးပေါ် ရုတ်တရက် ပြိုဆင်းလာတယ်။

    အဲဒါကြောင့်ပဲ ပါရှန်းပင်လယ် ကျွန်းဆွယ်နိုင်ငံ တစ်ခုဖြစ်တဲ့ ဒါမွန်းပြည်က ဘုရင့်ငှက်ဥယျာဥ်တော် မှာ ငှက်ထိန်းဝန်ထမ်း အဖြစ် တာဝန် သွားရောက် ထမ်းဆောင်ဖို့ လက်ခံလိုက်ရတယ်။

    လှပလွန်းတဲ့ ကန္တာရနိုင်ငံ ၊ ရေနံကုန်ကုန်သွယ်မှုကြောင့် ရွှေပိန်းချကား စီးနိုင်တဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးများ ရှိရာ နိုင်ငံဖြစ်တဲ့ ဒါမွန်း။ ဒါမွန်းပြည် က တယ်ကွန်မယ်လာ ဟာ လင်းယုန် သုတေသနတွေ လုပ်နေတဲ့ ကန္တာရအတွင်းက ဘုရင့်ငှက်ဥယျာဉ်တော် ဖြစ်တယ်။

    အိုင်တီပိုင်း ထူးချွန်တဲ့ နိုင်ငံခြားသားတွေ ဦးစားပေးပြီးခေါ်တဲ့ တယ်ကွန်မယ်လာမှာ လစာကောင်းကောင်းနဲ့ အလုပ်ဝင်ရတာ မင်းမာန်အတွက် မဟာ အခွင့်အရေး တစ်ရပ်ပေပဲ။

    တယ်ကွန်မယ်လာ နဲ့ အနီးဆုံးမြို့ ဖြစ်တဲ့ အယ်မာမြို့လယ် ဒိုင်နက်စတီဟိုတယ် ​​လေးထပ်မှာ အမေရိကန် သီးသန့်ကလပ် တစ်ခုရှိတယ်။ တယ်ကွန်မယ်လာ က သိန်းငှက်ဥယျာဥ် က ဘာတွေ လုပ်နေတာလဲ ဆိုတာ သိချင်စိတ် ငမ်းငမ်းတက်နေတဲ့ အမေရိကန် စစ်အရာရှိတွေ လာနေကျ နေရာပေါ့။

    နေ့စဉ် ဘဝမှာ အပေါ်ယံ အေးခဲ တည်ငြိမ်နေတဲ့ ပုံစံ ရှိပေမဲ့ သွေးဆူလွယ်သော စိတ်ရိုင်းတွေ ရှိတဲ့ မင်းမာန်။ အဲဒီ အမေရိကန် သီးသန့်ကလပ် ကို ရောက်ရှိသွားတဲ့အခါ ဘာတွေများ ကြုံတွေ့ရမလဲ… ။

    ရှေ့က ထွက်ခဲ့တဲ့ ဆရာမ ဆေးဆေ ရဲ့ “ဖွေရှာမောရသူမယ်” ရယ် “တစ်ဘဝဒဏ်ရာ” နှစ်အုပ်နဲ့ လုံဝ တခြားစီ ကွဲထွက်နေတဲ့ ဇတ်လမ်းဆန်းဆန်း တစ်ပုဒ်။ စဖတ်မိလိုက်ရင် စာအုပ် မပြီးမချင်း လက်က မချချင် ဖြစ်မှာပါလို့ ဆိုချင်ပါတယ်။

    Ks 3,000
  • ဖွေရှာမောရသူမယ်

    ကျွန်တော်တို့တစ်တွေ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တခုအဖြစ် ကိုယ်ချင်းစာတတ်ခြင်း ဆိုတာ ရရှိခဲ့ပါတယ်။ အဲဒီ ကိုယ်ချင်းစာတရားကို နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ ယောကျာ်းလေးတွေ ၊ မိန်းကလေးတွေ အပေါ်မှာ ထားနိုင်ဖို့ ဒီစာအုပ်လေးက အထောက်အကူ ပြုနိုင်ပါတယ်။

    မိဘနှစ်ပါး အတူမနေကြတဲ့ ၊ ခွဲခွာနေကြရတဲ့ မိသားစုက ကလေးတွမှာ စိတ်ဒဏ်ရာတွေ ရှိတတ်ကြတယ် ။ တချို့က ပေတုံးပေါ်က သံတွေ သံခဲလို မာကျောသွားကြတယ်။ တချိူ့ကျတော့ ပတ်ဝန်းကျင် နဲ့ လူသူစိမ်းတွေကို ကြောက်ရွံ့ သွားတတ်တဲ့ ယုန်သူငယ်လေးလို ဖြစ်သွားတတ်တယ်။ အဲဒီလို မိသားစု တစ်ခုထဲက မွေ့မွန် ဆိုတဲ့ ကောင်းမလေး တစ်ယောက်ရဲ့ နာကျင်မှု နဲ့ ဖြတ်သန်းမှု တွေကို ကြည့်မယ်ဆိုရင်… ။

    သူစိမ်း တစ်ယောက်လို တခါတရံ မှ လာတွေ့တတ်တဲ့ အဖေကို စိတ်ထဲ နာကျဉ်းနေတဲ့ မွေ့မွန် ဟာ အမေတယောက်သာ မှီတွယ်ရာရှိတဲ့ ကမ္ဘာကျဉ်းကျဉ်းလေး ထဲမှာပဲ ရှင်သန်နေသူပါ ။

    လူ့လောကကို သူ စရောက်ကတည်းက အမေနဲ့  သူ့ကို ပစ်ထားတယ် ဆိုပြီး အဖေကို  စိတ်နာနေခဲ့တာ။ အဖေနဲ့ ဝေးနေသူ သမီးလေးကို မာကျော ကြံ့ခိုင်စေချင်တဲ့ မေမေ ရဲ့ တွန်းအားတွဟော မွေ့မွန် ကို တသက်သာ နာကျင်နေတဲ့ သစ်ရွက်ဝါလေး တရွက်လို ဖြစ်သွားစေတယ် ။

    စိတ်သန္တန်ရဲ့ အောက်ဆုံးအလွှာမှာ ခိုကပ်နေတဲ့ ၊ နက်ရှိုင်းတဲ့ ၊ နာကျင်မှုကလာတဲ့ အထီးကျန်ဝမ်းနည်းမှုတွေ အကင်းမသေနိုင်သေးတဲ့ မွေ့မွန် ဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘဝ ပြဿနာ အဖုံဖုံကို သိရပြီးနောက် လောကကြီးမှာ မိမိ တယောက်တည်း ခံစားနရေတာ မဟုတ်ဘူး ဆိုတာ သိသွားပါတယ် ။

    ချင်းတွင်းမြစ်အထက်ပိုင်းက မော်လိုက်မြို့လေးက မွေ့မွန် ဆိုတဲ့ ကောင်မလေး တစ်ယောက် ရဲ့ အကင်းမသေနိုင်သေးတဲ့ အထီးကျန်ဝမ်းနည်းမှုတွေနဲ့အတူ အရုပ်မြို့တော်လို့ မွေ့မွန် တင်စားထားတဲ့ ယူအေအီးနိုင်ငံ အထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်

    Ks 2,500

Main Menu