ဖခင်ဦးအောင်ကျော်မြနှင့် မိခင်ဒေါ်သောင်းရီတို့မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် မွေးဖွားခဲ့သည်။ စစ်တွေတက္ကသိုလ်တွင် စာရင်းအင်း ပညာမေဂျာဖြင့် တက်ရောက်သင်ကြားခဲ့ပြီး လက်ရှိတွင် ရခိုင်ပြည်နယ် အခြေစိုက် Roma Media Group တွင် လက်ထောက်အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ရင်း freelance translator အဖြစ်ပါ လုပ်ကိုင်လျက်ရှိပါ သည်။

ဇွဲခေတ်

ဇွဲခေတ်

ဖခင်ဦးအောင်ကျော်မြနှင့် မိခင်ဒေါ်သောင်းရီတို့မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် မွေးဖွားခဲ့သည်။ စစ်တွေတက္ကသိုလ်တွင် စာရင်းအင်း ပညာမေဂျာဖြင့် တက်ရောက်သင်ကြားခဲ့ပြီး လက်ရှိတွင် ရခိုင်ပြည်နယ် အခြေစိုက် Roma Media Group တွင် လက်ထောက်အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ရင်း freelance translator အဖြစ်ပါ လုပ်ကိုင်လျက်ရှိပါ သည်။

  • အမ်ဘရဲလား လျှို့ဝှက်စီမံကိန်း

    Resident Evil လို့ ဆိုလိုက်တာနဲ့ ဗိုင်းရပ်စ်ပိုး သင့်ပြီး လူသားစား ဖုတ်​ကောင်​တွေအဖြစ် သန္ဓေ​ပြောင်းလဲကုန်တဲ့ Zombie Apocalypse ရုပ်ရှင်စီးရီးကို လူအ​တော်များများ ​ပြေးမြင်ကြမှာ ဧကန်မလွဲပါပဲ။ ဒါ​ပေမယ့် အခု ဒီဝတ္ထုက​တော့ အဲဒီရုပ်ရှင်စီးရီးထဲက ဇာတ်​ကြောင်းကို အ​ခြေမခံဘဲ မူရင်း ဗွီဒီယိုဂိမ်းထဲက ဇာတ်​ကြောင်းကို အ​ခြေခံထားခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်း​အားဖြင့် Resident Evil ဆိုတဲ့ Zombie Apocalypse Universe ကြီး စတင်ခဲ့ရာ မူရင်း Origin ဇာတ်​ကြောင်း​ Video Game Novelization ​တ​စ်​ခုပေါ့။

    နိုင်ငံတကာမှာ ရုပ်ရှင်​တွေကို ပြန်လည်အ​ခြေခံ ​ရေးဖွဲ့တဲ့ Movie Novelization ​တွေ၊ ဗွီဒီယိုဂိမ်း​တွေကို ပြန်လည်​အ​ခြေခံ ​ရေးဖွဲ့တဲ့ Video Game Novelization ​တွေဟာ အထူးပင် ​ရေပန်းစားလှပါတယ်။ နားလည်လွယ်​အောင် ​ရှင်း​ပြ​ရမယ်ဆိုရင် အောင်မြင် ​ကျော်ကြားတဲ့ ရုပ်ရှင်​၊ ဗွီဒီယိုဂိမ်း​တွေကို ဝတ္ထုအသွင် ပြန်လည် ​ရေးဖွဲ့ခြင်းကို Movie Novelization, Video Game Novelization လို့ ​ခေါ်​တွင်ပါတယ်။ ဒါ​ကြောင့် အခုဝတ္ထု​ဟာ မိမိတို့ ကြည့်ရှုဖူးခဲ့​ကြတဲ့ ဒါရိုက်တာ Paul W.S. Anderson ရဲ့ ရုပ်ရှင်စီးရီးနဲ့ လုံးဝမတူညီတဲ့ Resident Evil ရဲ့ မူရင်း Video Game Franchise ကြီးရဲ့ ဇာတ်​အိမ်၊ ဇာတ်​ကြောင်း၊ ဇာတ်​ကောင်​တွေကို Creepy ဆန်ဆန် ဖတ်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်များ​ကြောင့် RE Hardcore Fan ​တွေ​အ​နေနဲ့ အထူး​ပင် ​ကျေနပ် နှစ်ခြိုက်ကြလိမ့်မယ် ယုံကြ​ည်​ပါ​တယ်။

    ဒီဝတ္ထုကို Movie Novelization, Video Game Novelization ​တွေ အ​ရေးများတဲ့ နာမည်​ကျော် အ​မေရိ​ကန် စာ​ရေးဆရာမ S.D. Perry က ​ရေးသားပါတယ်။ မြန်မာဘာသာပြန်ဆိုသူက​တော့ ဆရာဇွဲ​ခေတ် ဖြစ်ပါတယ်။

    အခုဝတ္ထုက Resident Evil Franschise ကြီးရဲ့ ကနဦး​ဇာတ်​ကြောင်း The Umbrella Conspiracy (အမ်ဘ​ရဲ​လား လျှို့ဝှက်စီမံကိန်း) ဖြစ်ပြီး ဆက်လက် ထွက်ရှိလာမယ့် ​နောက်ဆက်တွဲ​ ဝတ္ထု​တွေက​တော့ Caliban Cove (မိစ္ဆာကမ်းခြေ)၊ City of the Dead (မရဏမြို့တော်)၊ Underworld (မြေအောက်ကမ္ဘာ)၊ Nemesis (နမ်မီဆစ်)၊ Code: Veronica (ကုဒ်-ဗာရိုနီကာ)၊ Zero Hour (သုညနာရီ) ဖြစ်တဲ့အ​ကြောင်း RE Hardcore Fan များကို သတင်း​ကောင်း ပါးလိုက်ရပါတယ်။

    Ks 5,000

Main Menu