အမည်ရင်းမှာ ကျော်စိုးမိုးနိုင်ဖြစ်သည်။ အဖ ဦးနေမျိုးနိုင်၊ အမိ ဒေါ်ဘေဘီတို့မှ ၁၄-၁၁-၁၉၈၃ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက် အနက် အကြီးဆုံးဖြစ်သည်။ M.B.,B.S ဘွဲ့ကို ၂၀ဝ၇ခုနှစ်တွင် ဆေး တက္ကသိုလ်(၂)မှ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် ဂျီပီဆေးခန်းတွင် နှစ်နှစ်ခန့်၊ ဇီဝိဒါနသံဃာ့ဆေးရုံတွင် တစ်နှစ်ခန့်၊ ပန်းလှိုင်ဆေးရုံတွင် တစ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး မလေးရှားနိုင်ငံ University Malaya Medical Centre, Transfusion Medicine ဌာနတွင် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့သည်။
ထင်ဇော်မှူးသင်နာမည်ဖြင့် သုတပဒေသာ အပါအဝင် ဂျာနယ်နှင့် မဂ္ဂဇင်းအချို့တို့တွင် ရေးသားခဲ့ဖူးသည်။ ဒေါက်တာကျော်စိုးမိုးနိုင်၊ ဒေါက်တာ KSMN နာမည်များဖြင့်လည်း ကျန်းမာရေးဆိုင်ရာဆောင်းပါးများ ကို ရေးသားခဲ့ဖူးသည်။
လက်ရှိတွင် စာပေရေးသားခြင်း၊ သွေးလှူဒါန်းပွဲများတွင် လုပ်အား ပေးခြင်းများ လုပ်ကိုင်လျက်ရှိပါသည်။
![]() | ထင်ဇော်မှူးသင်အမည်ရင်းမှာ ကျော်စိုးမိုးနိုင်ဖြစ်သည်။ အဖ ဦးနေမျိုးနိုင်၊ အမိ ဒေါ်ဘေဘီတို့မှ ၁၄-၁၁-၁၉၈၃ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက် အနက် အကြီးဆုံးဖြစ်သည်။ M.B.,B.S ဘွဲ့ကို ၂၀ဝ၇ခုနှစ်တွင် ဆေး တက္ကသိုလ်(၂)မှ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် ဂျီပီဆေးခန်းတွင် နှစ်နှစ်ခန့်၊ ဇီဝိဒါနသံဃာ့ဆေးရုံတွင် တစ်နှစ်ခန့်၊ ပန်းလှိုင်ဆေးရုံတွင် တစ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး မလေးရှားနိုင်ငံ University Malaya Medical Centre, Transfusion Medicine ဌာနတွင် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့သည်။ ထင်ဇော်မှူးသင်နာမည်ဖြင့် သုတပဒေသာ အပါအဝင် ဂျာနယ်နှင့် မဂ္ဂဇင်းအချို့တို့တွင် ရေးသားခဲ့ဖူးသည်။ ဒေါက်တာကျော်စိုးမိုးနိုင်၊ ဒေါက်တာ KSMN နာမည်များဖြင့်လည်း ကျန်းမာရေးဆိုင်ရာဆောင်းပါးများ ကို ရေးသားခဲ့ဖူးသည်။ လက်ရှိတွင် စာပေရေးသားခြင်း၊ သွေးလှူဒါန်းပွဲများတွင် လုပ်အား ပေးခြင်းများ လုပ်ကိုင်လျက်ရှိပါသည်။ |
-
ကောင်းမွန်သော လုပ်ငန်းခွင်
ထင်ဇော်မှူးသင်အလုပ်လုပ်နေရင်းနဲ့ အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ? ငါက ဘာကြောင့် အလုပ်လုပ်နေရတာလဲ? အခုလုပ်နေတဲ့အလုပ်က ငါ့ကို ကျေနပ်မှု ပေးနိုင်ရဲ့လား? ဆိုတဲ့ မေးခွန်းတွေကို မေးမိပြီ ဆိုရင် ဒီစာအုပ်က မိတ်ဆွေအတွက်ပါပဲ။
ကမ္ဘာကြီးကို အုပ်စိုးနေတာ ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးဒဿနပညာရှင်တွေရဲ့ အိုင်ဒီယာတွေလို့ ဒီစာအုပ်ရဲ့ အစမှာပဲ ဖတ်ရမယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ရဲ့ အိုင်ဒီယာတွေဟာ လူတွေနားလည်ထားတာထက် အများကြီးပိုပြီး သက်ရောက်မှုရှိနေလို့ပါတဲ့။ ဒါဆို Barry Schwartz ရဲ့ Why We Work ကို ဆရာထင်ဇော်မှူးသင်က ကောင်းမွန်သောလုပ်ငန်းခွင် အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ ဒီစာအုပ်မှာ လူတွေဘာကြောင့် အလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ဖို့ ဘယ်လိုအရာတွေက သူတို့ကို လှုံ့ဆော်ပေးတယ်၊ လွှမ်းမိုးခံထားရတဲ့ အိုင်ဒီယာတွေရဲ့ အပြင်ဘက်ကို ထွက်ဖို့ ဘယ်လိုစတင်ရမယ် ဆိုတဲ့အရာတွေကို စနစ်တကျ လေ့လာဆန်းစစ်ထားတာ ဖတ်ရှုရပါမယ်။
လူတွေ အလုပ်လုပ်ကြတယ် ဆိုတာ ငွေရဖို့ အဓိကလို့ ဆိုရင် သိပ်တော့ မလွဲပါဘူး။ ဒါပေမဲ့ ငွေရတဲ့ လုပ်ငန်းခွင်တိုင်းက စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား? ဒါဆို စိတ်ကျေနပ်စရာ ငွေကြောင့် မဟုတ်တဲ့ တခြားအကြောင်းရင်းတွေကို လိုက်လံဖွေရှာရင် မနည်းမနောပဲ ဆိုတာ သိနိုင်ပါမယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
စိတ်ကျေနပ်မှုရတဲ့ ဝန်ထမ်းဆိုတာ –
(၁) အလုပ်ထဲမှာ စိတ်ဝင်စားမှု ရှိကြတယ်။
(၂) အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်။
(၃) အလုပ်ထဲမှာ ကြီးစိုးခွင့်ရတယ်။
(၄) လုပ်ပိုင်ခွင့်ကို အသုံးချပြီး အခြားပိုင်ဆိုင်ခွင့်တွေ ဖန်တီးနိုင်တယ်။
(၅) အလုပ်ဟာ အဓိပ္ပာယ်ပြည့်ဝတယ်လို့ ခံယူပြီး ကမ္ဘာကြီးအတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်စေမယ်လို့တောင် ယုံကြည်တယ်။ဟုတ်ပြီ … ဒါဆို မေးစရာ ရှိလာပါပြီ။ အဲ့ဒီလက္ခဏာတွေ အကုန်လုံးရှိတဲ့ အလုပ်အကိုင်မျိုးက ဘယ်မှာလဲ?
ယနေ့ကမ္ဘာမှာ လူအများစုအတွက် အလုပ်ဆိုတာ ပျင်းစရာကောင်းနေကြပါတယ်။ အရင်းရှင်စနစ် ထွန်းကားလာတဲ့အခါ အလုပ်ကနေရနိုင်တဲ့ (ရုပ်ဝတ္ထုပစ္စည်း မဟုတ်တဲ့) အခြားသော စိတ်ကျေနပ်စရာတွေဟာ နည်းပါးလာပါတယ်။ ပျောက်ကွယ်သွားတာတွေတောင် ရှိပါတယ်။ အခြေခံ လစာဝန်ထမ်းအများစုဟာ လခအတွက်ကိုပဲ ဦးစားပေးပြီး အလုပ်လုပ်နေကြတယ်။ သူတို့တွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ်မျိုး၊ စိန်ခေါ်မှုရှိတဲ့အလုပ်မျိုး၊ ကိုယ့်လက်ကိုယ်ခြေ လုပ်ခွင့်ရတဲ့အလုပ်မျိုးတွေ ရှာဖွေခဲ့ကြမှာပါ။ ဒါပေမဲ့ သူတို့ကို လစာအတွက် အလုပ်လုပ်ရမဲ့ လုပ်ငန်းခွင်က အနိုင်ယူသွားပါတယ်။
မိတ်ဆွေအနေနဲ့ကော လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ်နဲ့ အဆင်ပြေရဲ့လား (သို့) စိတ်ကျေနပ်ပျော်ရွှင်ရဲ့လား … အလုပ်က မှန်းချက်နဲ့ နှမ်းထွက် ကိုက်မနေဘူးလို့ ယူဆရင် ဒီစာအုပ်ဟာ အဲ့မေးခွန်းအတွက် အဖြေဖြစ်လာပါလိမ့်မယ်။
Ks 6,500ကောင်းမွန်သော လုပ်ငန်းခွင်
Ks 6,500 -
ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ
ထင်ဇော်မှူးသင်လူ့ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်တည်ဖို့အတွက် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိသင့်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်မနေ လိုအပ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲဖြစ်ဖြစ် ဦးဆောင်သူအနေဖြင့်သာ ရှင်သန်လိုကြတယ်။ လက်ရှိနေရာကနေ မြင့်သထက်မြင့်တဲ့နေရာတွေ ရာထူးဌာနတွေဆီ အဆင့်ဆင့် တက်လှမ်းသွားချင်ကြတယ်။ ဒီလိုနဲ့ အမြင့်ဆုံးနေရာကို ရောက်ပြီဆိုရင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီလို့ ယူဆကြပါတယ်။မြင့်မားတဲ့ နေရာဌာနကိုရောက်ရင် ခေါင်းဆောင်ဖြစ်ပြီ သတ်မှတ်လို့ရပေမဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလို့ ခေါ်ဆိုထိုက်ဖို့ကတော့ မြင့်မားတဲ့စိတ်ဓာတ်ကပါ တွဲပါလာဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ ဦးဆောင်မှုနောက်မှာ နယ်ပယ်ဒေသတွေရှိပါတယ်။ များပြားတဲ့ လုပ်ငန်းတာဝန်တွေ၊ မှီခိုရပ်တည်နေတဲ့ မိသားစုအင်အားတွေကလဲ တစ်ဆင့်ပြီးတစ်ဆင့် ပတ်သက် ဆက်နွယ်ပြီး တည်ရှိနေပြန်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်မှာ စိတ်ဓာတ်ပြည့်ဝပြီး အရည်အချင်းမြင့်မားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာသင့်ပါတယ်။ခေါင်းဆောင်တစ်ယောက်ဟာ ကောင်းမွန်တဲ့အရာတွေကို မွေးဖွားဖို့အတွက်ဆိုရင် အများနဲ့မတူတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆနိုင်ရမယ်။ အများနည်းတူ ရောနှောနေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ရဲရမယ်။ ကိုယ်ပိုင်လမ်းသစ်ကို တီထွင်ပြီး ဖောက်နိုင်ရမယ်။စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တွေကို ကြည့်လိုက်ရင် သူတို့မှာ အများနဲ့ မတူညီတဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆတွေ ရှိကြတာကို တွေ့မြင်ရမှာပါ။ အတွေးအခေါ် အယူအဆတွေဟာ သာတူညီမျှ ရောနှောပြီး ကွဲမထွက်လာသရွေ့ လူထဲကလူပဲ ဖြစ်နေဦးမှာပါပဲ။ လူထဲကနေပြီး လူသားအကျိုးပြု ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ အရာတွေကို လုပ်ဆောင်ရဲဖို့ လုပ်ဆောင်ပြဖို့ လိုအပ်ပါတယ်။ဒီစာအုပ်ထဲမှာတော့ နယ်ပယ်အသီးသီးက အောင်မြင်ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ မတူညီတဲ့ အပြုအမူတွေ၊ ကွဲပြားတဲ့ ပြောဆိုပုံတွေကို ဖတ်ရှုခံစားရမှာပါ။ ဒီစာအုပ်လေးဟာ ခေါင်းဆောင် ဖြစ်လိုသူတွေအတွက်ရော၊ ခေါင်းဆောင်ကို ခွဲခြားသိမြင်စေဖို့အတွက်ရော အထောက်အကူ ပြုပေးပါလိမ့်မယ်။Ks 5,000ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ
Ks 5,000 -
စီးပွားရေး ကျရှုံးမှုအတွက် ပညတ်ချက် (၁၀) ချက်
ထင်ဇော်မှူးသင်*ဒီနေ့ဖတ်ပြီး မနက်ဖြန်အောင်မြင်နိုင်မည့် စာအုပ်မျိုး ရှာနေပါသလား . . .
*တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရှုံးပွဲမရှိ ဖြစ်အောင် လမ်းညွှန်ပေးမည့် စာအုပ်မျိုး ရှာနေပါသလား . . .
*ပြောတဲ့အတိုင်းလိုက်လုပ်ဆိုပြီး အောင်မြင်ရေးနည်းလမ်းအဆင့်ဆင့်ကို ရေးထားတဲ့စာအုပ်မျိုး ရှာနေပါသလား . . .ဒါဆိုရင်တော့ အခုပြောမယ့် စာအုပ်က သင့်အတွက် မဟုတ်ပါဘူး။
ဒါဆို အဲဒီစာအုပ်က ဘယ်သူတွေအတွက်လဲ . . .။အမှားတစ်ခု၊ ရှုံးနိမ့်မှုတစ်ခုဆိုတာ လမ်းဆုံးမဟုတ်ဘဲ ကိုယ်သွားရမယ့်လမ်းမှာ ကိုယ့်ကို နောက်တစ်ဆင့် ထပ်တင်ပေးမယ့် အရာတစ်ခုလို့ ခံယူထားတဲ့ နယ်ပယ်အသီးသီးကလူတွေ . . .
လုပ်ငန်းက ဘယ်ရှုထောင့်ကကြည့်ကြည့် အောင်မြင်နေတယ်လို့ လက်ခံလို့ရနေရဲ့နဲ့ တစ်ခုခုတော့ လွဲနေပြီဟု သိနေသော လုပ်ငန်းရှင်တွေ . . .
ဒီလူတွေအတွက် ဒီစာအုပ်က စဉ်းစားစရာလမ်းစ ပေးနိုင်တယ်။ လုပ်ငန်းစုံ၊ နိုင်ငံစုံမှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို နှစ်ခြောက်ဆယ်အတွင်းအားနဲ့ ဒွန်ကီရော့က လွှဲပြောင်းပေးမှာဆိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့လူတွေအတွက်ကတော့ အချိန်မအားတဲ့ကြားက သေချာအချိန်ပေးပြီး ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပါ။
ဖတ်ပြီးရင် ကိုယ်ကျနေတဲ့ ထောင်ချောက်ပဲ ဖြစ်ဖြစ်၊ ကိုယ်ကျနိုင်တဲ့ ထောင်ချောက်ကိုပဲဖြစ်ဖြစ် သိမြင်နိုင်ပြီး မကျအောင် ကျော်လွှားနိုင်၊ ကျခဲ့ရင်တောင်မှ လျင်မြန်စွာ လမ်းပြန်တည့်နိုင်မှာပါ။
***
ဒွန်ကီရော့နှင့်အတူ ရှိနေရချိန်တွင် အမြင့်ကို တက်သွားသော ဓာတ်လှေကားထဲတွင် ရောက်နေသည့်အလား ခံစားရသည်ဟု ဝါရင်းဘတ်ဖတ်က ပြောဖူးသည်။ ယခုအချိန်တွင် ဒွန်ကီရော့နှင့်အတူ လူချင်းအတူတူ ရှိနေရဖို့မဖြစ်နိုင်တော့သော်လည်း သူ အားစိုက်ထုတ်ပြီး ရေးခဲ့သည့် စာအုပ်ကိုတော့ အဖော်ပြုအားကိုးနိုင်သည်။
ယခုစာအုပ်စတင်ခဲ့သည့်အကြောင်းက စိတ်ဝင်စားဖို့ကောင်းသည်။ မစ္စတာကီရော့ကို အဖွဲ့အစည်းကြီးတစ်ခုက အောင်မြင်ရေးဖော်မြူလာများအကြောင်း ဟောပြောပေးဖို့ ကမ်းလှမ်းသည်။ သို့သော် သူက အောင်မြင်အောင် မည်သို့လုပ်ရမည်ကို သူမသိကြောင်း၊ ကျရှုံးအောင် မည်သို့လုပ်ရမည်ကိုတော့ သိကြောင်း၊ လိုချင်လျှင် သူ ပြောပေးနိုင်ကြောင်း အကြောင်းပြန်လိုက်သည်။ ယင်းသည်ပင် စာရှုသူ ယခုဖတ်ရတော့မည့် စာအုပ်ဖြစ်လာမည့် ကနဦးဖြစ်သည်။
ယခုစာအုပ်ကို မစ္စတာကီရော့က အောင်မြင်နေသော လုပ်ငန်းရှင်များအတွက် ပိုအကျိုးရှိမည်ဟု ဆိုခဲ့သည်။ အထူးသဖြင့် အောင်မြင်မှုအသင့်အတင့်ရရှိနေသော လုပ်ငန်းများကို ဦးဆောင်နေရသူများအတွက်ဟု ဆိုခဲ့သည်။ အကြောင်းမှာ သူတို့သည် ကျရှုံးမှုထောင်ချောက်ထဲ ရောက်ရန် အန ္တရာယ်အများဆုံးအနေအထားတွင် ရှိနေသော သူများဖြစ်သောကြောင့်ဖြစ်သည်။Ks 4,000 -
ဘတစ်ပြန် ကျားတစ်ပြန်
ထင်ဇော်မှူးသင်ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။
အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို အသက်မရှူစတမ်း ဇောအဟုန်ပြင်းပြင်းနဲ့ ဖတ်ရှုနိုင်ဖို့ ရေးသားဖန်တီးတဲ့နေရာမှာ အင်မတန် နာမည်ကြီးတဲ့ ဗြိတိသျှ စာရေးဆရာ ဂျက်ဖရီအာချာရဲ့ Nothing Ventured – ဘာသာပြန်အမည် ‘ဘတစ်ပြန် ကျားတစ်ပြန်’ ဟာ သူ့ရဲ့ New York Times အရောင်းရဆုံး ဟယ်ရီကလစ်ဖ်တန်ဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်တစ်ဦးဖြစ်သူ ဝီလျံဝေါရစ်ရဲ့ ပထမဆုံး အမိုက်စားဇာတ်လမ်း။ ဝီလျံဝေါရစ်ဟာ စုံထောက်တစ်ယောက်ဖြစ်ဖို့ အမြဲဆန္ဒရှိခဲ့ပြီး အဲ့ဒါက သူ့ကို ဥပဒေပိုင်းမှာ လုပ်ကိုင်စေချင်တဲ့ ဖခင်ရဲ့ ဆန္ဒကို ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်တယ်။
ဘတစ်ပြန် ကျားတစ်ပြန်ရဲ့ဇာတ်လမ်းအစက ဝီလျံတစ်ယောက် တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ မက်ထရိုပိုလီတန် ရဲအဖွဲ့မှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ရာကနေ စတင်ထားတာ။ ဇွဲရှိတဲ့ ဝီလျံရဲ့ ဘဝအကြောင်း ပထမဆုံး ဒီစာအုပ်မှာ သူ့ဘဝအကြောင်းကို အခြားဇာတ်ကောင်တွေနဲ့ ဝန်းရံ ဖန်တီးထားတယ်။ စုံထောက်ကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားတဲ့ ဝီလျံဟာ စကော့တလန်ယာ့ဒ်ကို ပြောင်းရွှေ့ရာမှာ ကြုံသူတွေက လူကောင်းတွေတင်မက လူဆိုးတွေပါ ကြုံရတယ်။
ဝီလျံဟာ ဖစ်မိုလင်ပြတိုက်က တန်ဖိုးမဖြတ်နိုင်တဲ့ Rembrandt ပန်းချီကား ခိုးယူမှုကို စုံစမ်းစစ်ဆေးနေစဉ်မှာပဲ ပြခန်း သုတေသနလက်ထောက် ဘက်ရိန်းဖို့ဒ် နဲ့ တွေ့ဆုံခဲ့တယ်။ မျှော်လင့်ချက် နည်းပါးစွာတွေနဲ့ပဲ သူမကို ဝီလျံ ချစ်မိခဲ့တယ်။ အမှုလမ်းကြောင်းပေါ် လိုက်နေစဉ်မှာ ဝီလျံ ကြုံရတာ အချစ်တစ်ခုတည်း မဟုတ်ပါဘူး။ ပြိုင်ဘက်ကိုပါ ကြုံခဲ့ရတယ်။ ဂျက်ဖရီအာချာ ဇာတ်လမ်းပီသစွာ အသည်းတယားယား ဖတ်ရင်း သက်မချရတဲ့ ဇာတ်ဝင်ခန်းတွေကို ဇာတ်ကောင်တွေက အပိုအလိုမရှိ သရုပ်ဆောင်ထားတယ်။ ဘာသာပြန်သူ ဆရာထင်ဇော်မှူးသင်ရဲ့ လက်ရာကလည်း ရှေ့မှာ အမိုက်စား စုံထောက်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို မျက်ဝါးထင်ထင် မြင်နေရသလို ပြန်ဆိုရေးသားနိုင်တာကို ဖတ်ရှုရပါမယ်။
မထင်ရလောက်တဲ့ လှည့်ကွက်တွေ၊ အောင်ပွဲတွေနှင့် စိတ်မကောင်း ကြေကွဲစရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ရသမြောက် အမိုက်စား စုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ အက်ရှင်နဲ့ သည်းထိပ်ရင်ဖို နှစ်သက်တဲ့ စာဖတ်ပရိသတ်တို့ လက်မလွှတ်ဘဲ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ရသမြောက် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။ အလုပ်သိပ်များမယ့် ကာလမျိုးမှာ အစလုပ်ပြီး မဖတ်လိုက်မိပါစေနဲ့။ စဖတ်လိုက်တာနဲ့ တစ်ဆက်တည်း ဇာတ်သိမ်းထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။
Ks 7,000ဘတစ်ပြန် ကျားတစ်ပြန်
Ks 7,000 -
သတိမမူ ဂူမမြင်
ထင်ဇော်မှူးသင်သတိမမူ ဂူမမြင် ဟာ Clifton Chronicles စီးရီးရေးသားသူ Jeffrey Archer ရဲ့ William Warwick ပါ၀င်တဲ့ ဆွဲဆောင်မှုအရှိဆုံး ဝတ္ထုတစ်ပုဒ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။လှည့်ကွက်တွေနဲ့ ဝတ္ထုတစ်ပုဒ်ကို အကောင်းဆုံး ပုံဖော်ရေးသားတတ်သူလို့ နာမည်ကျော်တဲ့ စာရေးဆရာ Jeffrey Archer ဟာ ဇာတ်ကွက် အခင်းအကျင်း အလှည့်အပြောင်း အမိုက်စားနဲ့ Hidden in Plain Sight ကို ပုံဖော် ရေးဖွဲ့ထားတယ်။ ယခုစာအုပ်ကို ထင်ဇော်မှုးသင်က ဘာသာပြန်တယ်။ William Warwick ပါ၀င်တဲ့ ပထမဆုံးဝတ္ထု Nothing Ventured ရဲ့ နောက်ဆက်တွဲ စာအုပ်လည်း ဖြစ်တယ်။ (Nothing Ventured ကို ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ အမည်ဖြင့် ဆရာထင်ဇော်မှုးသင်ကပင် ဘာသာပြန်ခဲ့ပြီး မဟာစာပေက ထုတ်ဝေခဲ့ပြီး ဖြစ်သည်)
ဝီလျံကို စုံထောက်တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပေမဲ့ သူနဲ့အတူ အဖွဲ့သားတွေဟာ မူးယစ်အဖွဲ့ကိုပဲ ပြန်လည်တာဝန်ပေးအပ်ခြင်း ခံရတယ်။ ဒီလိုနဲ့ သူတို့ဟာ The Viper ဆိုသူကို ဖမ်းဖို့ ဖြစ်လာတယ်။ The Viper ဆိုသူဟာ လန်ဒန်တောင်ပိုင်းမှာ မူးယစ်ဆေးရောင်းဝယ်ရေးကို ကွန်ရက်ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်လို့ နာမည်ဆိုးဖြင့်ကျော်ကြားနေသူ။
ဒီလိုနဲ့ ဝီလျံဟာ ရန်သူဟောင်းတွေအပြင် အသစ်တွေဆီပါ ချဉ်းကပ်ခဲ့ရတယ်။ အက်ဒရီယန် ဟိသ် ဆိုတဲ့ သူ့ရဲ့ ကျောင်းနေဘက်ကို ရဲသတင်းပေးအဖြစ် ဆောင်ရွက်ပေးဖို့ စတင် စည်းရုံးခဲ့တယ်။ ဟိသ်က ဆေးမှုနဲ့ ဖမ်းဆီးခံထားဖူးသူ။
သတိမမူ ဂူမမြင် မှာ ဟိသ် တစ်ယောက် ဝီလျံ အတွက် သစ္စာစောင့်သိမှာလား? သူဌေးကြီး မိုင်းဖောက်နာ အတွက် အလုပ်လုပ်ပေးသူ ဖြစ်နေမလား? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဝီလျံနဲ့ စေ့စပ်ထားသူ ဘက်တို့ရဲ့ မင်္ဂလာပွဲကရော အဆင်ပြေပြေ ပြီးဆုံးသွားနိုင်ပါ့မလား? ဘယ်လိုအရာမျိုးက သူတို့မင်္ဂလာပွဲမှာ စောင့်ကြိုနေမလဲဆိုတာကိုလဲ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။
သတိမမူ ဂူမမြင် စာအုပ်ဟာ Jeffrey Archer ရဲ့ နာမည်ကျော် လှည့်ကွက်များနောက်ကို စွန့်စားခန်းတွေနဲ့အတူ လိုက်ပါစီးမျော သွားနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားဖွယ် စုံထောက်ဇာတ်လမ်းကောင်း နှစ်သက်သူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ ဝတ္ထုတပုဒ် ဖြစ်ပါတယ်။
Ks 12,000သတိမမူ ဂူမမြင်
Ks 12,000