၁၉၈၈ ခုနှစ်က ရန်ကုန်တွင် မွေးဖွားခဲ့သည်။ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ B.A (English), Cambridge Education မှ Business Management ဘာသာရပ်တို့ဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ ဘွဲ့လွန်တန်းကို International Relation မေဂျာဖြင့် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ Gospel For Myanmar ကျမ်းစာကျောင်းတွင် M.A (Theology) တက်ရောက်လျက် ရှိသည်။
› Myanmr Flower International School ၏ စီးပွားရေး ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အကြံပေး၊
› Chinland Football Club ၏ Executive Committee Member
› My Glass Application ၏ အမှုဆောင် ဒါရိုက်တာအဖြစ် စီးပွားရေးလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်လျက် ရှိသည်။
၂၀၂၂ ခုနှစ်တွင် မဟာစာပေမှ ထုတ်ဝေသော မိုက်သွေးစာအုပ် ဖြင့် စာပေလောကအတွင်း စတင် အခြေချခဲ့သည်။
၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း ဘာသာပြန် စာအုပ် ဆယ်အုပ်ကို စာပေတိုက် အသီးသီးမှ ထွက်ရှိခဲ့သည်။ ယခု စာအုပ်သည် စာရေးသူ၏ ဆယ့်တစ်အုပ်မြောက် စာအုပ် လည်း ဖြစ်သည်။
![]() | နေထွန်းလင်း၁၉၈၈ ခုနှစ်က ရန်ကုန်တွင် မွေးဖွားခဲ့သည်။ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ B.A (English), Cambridge Education မှ Business Management ဘာသာရပ်တို့ဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ ဘွဲ့လွန်တန်းကို International Relation မေဂျာဖြင့် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ Gospel For Myanmar ကျမ်းစာကျောင်းတွင် M.A (Theology) တက်ရောက်လျက် ရှိသည်။ › Myanmr Flower International School ၏ စီးပွားရေး ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အကြံပေး၊ ၂၀၂၂ ခုနှစ်တွင် မဟာစာပေမှ ထုတ်ဝေသော မိုက်သွေးစာအုပ် ဖြင့် စာပေလောကအတွင်း စတင် အခြေချခဲ့သည်။ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း ဘာသာပြန် စာအုပ် ဆယ်အုပ်ကို စာပေတိုက် အသီးသီးမှ ထွက်ရှိခဲ့သည်။ ယခု စာအုပ်သည် စာရေးသူ၏ ဆယ့်တစ်အုပ်မြောက် စာအုပ် လည်း ဖြစ်သည်။ |
-
ဖိအားအောက်မှ ရုန်းထွက်ခြင်း
နေထွန်းလင်းလူအများ ကြုံနေရတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း ၂၁ သွယ်။
ယနေ့ကမ္ဘာဟာ သမိုင်းတစ်လျှောက် အတိုးတက်ဆုံး ကာလကို ဖြတ်သန်းနေရတယ် ဆိုရင် မမှားပါဘူး။ ယခင့်ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးတဲ့ အံ့မခန်း တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် ကြုံနေရပြီး အချိန်နဲ့အမျှ အသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လျက် ရှိနေတာပါ။ ဒီလို အရှိန်အဟုန် မြင့်မားစွာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသားတွေဟာ အသစ်အသစ်သော ဆွဲဆောင်မှုတွေ၊ တောင်းဆိုမှုတွေ နောက်ကို အမှီလိုက်ရင်း၊ အမှီလိုက်ဖို့ ကြိုးစားရင်း ဖိအားတွေ အောက်ကျရောက်ကာ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေကို ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်။
ဖိအားတွေကတစ်ဆင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေဟာ ဘာအတွက်မှ ကောင်းကျိုးမရှိပါဘူး။ ရုပ်ဝတ္ထု အသစ်အဆန်းတွေရဲ့ လှည့်ဖြားမှု မာယာနောက် လိုက်ရင်းလိုက်ရင်း ဇောနဲ့ အရှိန်တွေကို မသတ်နိုင်တဲ့အခါ မိမိရဲ့ စိတ်မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေ ဝင်ရောက်လာမယ်။ အဲ့ဒီကနေ စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပြီး အသက်ဘေးကို ကြုံတဲ့အထိ အန္တရာယ် ရှိနိုင်လာပါတယ်။
ဒီအတွက် နေ့စဉ်ဘဝကို ရှင်သန်နေထိုင်ရင်း တိုးတက်အောင်မြင်ဖို့ ကြံစည်ရမှာ ဖြစ်သလို ဖိအားတွေအောက်က ရုန်းထွက်ဖို့လည်း လုပ်ဆောင်ရပါမယ်။ စိတ်ကျရောဂါ ဆိုတာဟာ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တာမို့ ဖိအားအောက်က ရုန်းထွက်တယ် ဆိုတာမှာလည်း စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ လမ်းလွဲနောက်ကို လိုက်မိရင် ပိုဆိုးသွားနိုင်တာမို့လို့ပါ။
Ks 4,500ဖိအားအောက်မှ ရုန်းထွက်ခြင်း
Ks 4,500