၁၉၈၉ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တွင်၊ မ္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာတွင် ဖွားမြင်ခဲ့ပါသည်။ အမည်ရင်းမှာ ခင်သီတာထိုက်ဖြစ်ပြီး အဖ ဦးသိန်းထိုက်၊ အမိ ဒေါ်သန်းသျှိတို့၏ မွေးချင်း (၉)ယောက်တွင် နို့ညှာဖြစ်ပါသည်။ လားရှိုး တက္ကသိုလ်မှ သိပ္ပံဘွဲ့(ဓာတုဗေဒ)ကို ၂၀ဝ၈ ခုနှစ်တွင်ရရှိခဲ့ပြီး Diploma in Accounting DA(UK) ဘွဲ့ကို ၂၀၁၄ ခုနှစ်တွင်ရရှိခဲ့ပါသည်။ မေတ္တာရှင်ကလေးပျော်ကျောင်းတွင် ၂၀ဝ၇ မှ ၂၀၁၁ခုနှစ်ထိ မူကြိုဆရာမ အဖြစ် လုပ်အားပေးခဲ့ပါသည်။

၂၀၁၁ ခုနှစ် လားရှိုးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းတွင် ‘သူ’ ဟူသော ကဗျာမှတဆင့် စာပေလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး မှုခင်း မဂ္ဂဇင်းတွင် မှုခင်းဝတ္ထုနှင့် ဘဝသရုပ်ဖော်ဝတ္ထုများ ရေးသားခဲ့ပါသည်။ လုံးချင်းအနေဖြင့် ]ဖယောင်းဥယျာဉ်}စာအုပ်ကို ပထမဆုံး ရေးသားခဲ့ပြီး သည်။

ယခုအခါတွင် AJU Myanmar Co.Ltd Concrete Pile Manufacturing စက်ရုံ၌ Finance Officer အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။

ပျိုး

  • နှင်းပန်း

    ဆရာမပျိုးရဲ့ နှင်းပန်းဆိုတဲ့ ဒီဝတ္ထုကလေးကို ဖတ်ပြီးတဲ့အခါ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ အားမလိုအားမရ ဖြစ်ခြင်းတွေဟာ စာဖတ်သူတို့ရဲ့ ခံစားမှု အသိအာရုံတွေထဲ တိုးဝင်လာပါလိမ့်မယ်။ ဒီဝတ္ထုလေးဟာ အမျိုးသမီးတို့ရဲ့ ဘဝအချိုးအကွေ့တွေကို အဆင့်ဆင့်ပုံဖော်ထားတဲ့ တောင်တက်လမ်းကလေးလိုပါပဲ။ လှိုက်ခနဲ၊ ငြိမ့်ခနဲ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားပြီးမှ အဆုံးသတ်မှာ နင့်ခနဲ နာကျင်မှုတွေနဲ့အတူ ချန်ရစ်ခံလိုက်ရသလိုမျိုး။

    အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးဆိုတာ ကိုယ်တိုင်ရွေးချယ်မိတဲ့ ခရီးသွားလက်မှတ်တစ်စောင်ပါ။ ခရီးလမ်း အစကနေ အဆုံးထိ ဖြောင့်ဖြူးမလား၊ ကြမ်းတမ်းမလားဆိုတာ မလျှောက်လှမ်းခင်မှာ ကြိုမသိနိုင်ပါဘူး။ အားလုံးဟာ လွယ်ကူအဆင်ချောတဲ့ လမ်းကို မျှော်လင့်ခဲ့ကြပေမဲ့ ခက်ခဲတဲ့လမ်းပေါ်ကို ရောက်သွားတတ်ကြတဲ့ အိမ်ထောင်ရေးတွေဟာ ရှိစမြဲပါ။ ကိုယ့်ခရီးစဥ် မှားတဲ့အခါ ခေါ်ဆောင်လိုက်မိတဲ့ သားသမီး အစဥ်အဆက်ကပါ ခရီးကြမ်းထဲ မျောပါရတော့တယ်။

    ဒီစာအုပ်လေးထဲမှာ နှင်းပန်းဆိုသူ မိန်းကလေးဟာ ခရီးကြမ်းထဲ မျောပါလာရသူပါပဲ။ လောကဓံကြမ်းကြမ်းကြီးကို အရွယ်နှင့်မမျှအောင် ခါးစည်းခံရတဲ့ကြားက သူ့ဘဝရပ်တည်မှုလေးကို လမ်းကြောင်းမမှားအောင် ကြိုးစားရှင်သန်ခဲ့သူ။ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေရဲ့ ဖျက်ဆီးတတ်တဲ့သဘောကို တွေ့မြင်နားလည်ပြီး အဆိုးဆုံးပတ်ဝန်းကျင်ကြားမှာ အကောင်းဆုံးဖြစ်အောင် ရပ်တည်လာခဲ့သူ။ ဒါပေမဲ့လည်း လူဆိုတာဟာ ဘဝရဲ့အကွေ့တစ်ခုမှာတော့ တစ်ကြိမ်လောက် ခြေချော်ဖူးကြမှာပဲ မဟုတ်လား။ အမျိုးသမီးတွေရဲ့ဘဝမှာ ခလုတ်ကန်သင်းတွေဟာ အချစ်ယောင်ဆောင်ပြီး ဝင်လာတတ်ကြတယ်။ နှင်းပန်းလေးဟာလည်း ခံစားထိရှလွယ်သူ မိန်းကလေးတစ်ဦးမို့ အဲ့ဒီခလုတ်ကို မိမိရရကြီး ဝင်တိုက်လိုက်မိပါတော့တယ်။

    ဒီဝတ္ထုလေးကိုဖတ်နေတဲ့အခါ နှင်းပန်းရဲ့ဘဝအချိုးအကွေ့တိုင်းကို ဘေးကနေအတူ ကပ်လိုက်ရင်း သူနဲ့ ထပ်တူထပ်မျှ ခံစားရပါလိမ့်မယ်။ လဲကျတဲ့အခါ ဘယ်လိုတွေ ရုန်းထမလဲ၊ သူ့နေထိုင်ရပ်တည်မှုအတွက် ဘယ်လိုတွေ ဖြေရှင်းသွားမလဲ ဆိုတာကို ဒီစာအုပ်လေးထဲမှာ ဖတ်ရှုခံစားကြရပါမယ်။ သေချာတာကတော့ ဆရာမပျိုး ရေးသားတဲ့ နှင်းပန်းဝတ္ထုဟာ စာဖတ်သူတို့ကို သူ့ရဲ့ ဘဝခရီးစဥ်လေးထဲ ဖမ်းဆွဲခေါ်ဆောင်ပြီး ခံစားမှုရသတွေကို နက်နက်ရှိုင်းရှိုင်း ပေးသွားမှာပါ။

    Ks 10,000

Main Menu