၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၉၆ ခုနှစ်တွင် ကွန်ပျူတာဂျာနယ်၌ နည်းပညာဆိုင်ရာဆောင်းပါးများရေးသားပြီး စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ “မျိုးဆက်”ဂျာနယ်ကို စီစဉ်ထုတ်ဝေခဲ့ပြီး စာနယ်ဇင်းလောကသို့ ရောက်ရှိခဲ့သည်။ ထို့နောက် “မော်ကွန်း”ဂျာနယ်နှင့် “ရွှေမြန်မာ”ဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ၂၀ဝ၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့သည်။ ၂၀ဝ၁ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အထိ “နက္ခတ္တရောင်ခြည် မဂ္ဂဇင်း”တွင် အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ Popular News ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာမောင်ဝံသ ဥက္ကဌအဖြစ်တာဝန်ယူကာ အသစ်ပြန်လည်ဖွဲ့စည်းသော “မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)”တွင် အတွင်းရေးမှူး-၁ အဖြစ်လည်းကောင်း၊ Myanmar Media Library တွင် Chairman အဖြစ်လည်းကောင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဟက်ကာ နှင့် ဖိုးနိုင်လင်း ကလောင်များဖြင့် ဆောင်းပါးများ၊ ပင်ကိုယ်ရေးများနှင့် ဘာသာပြန်များ ရေးသားခဲ့၊ ရေးသားဆဲဖြစ်ကာ ကြောင် ကိုးကောင်နှင့် အတူတကွနေထိုင်လျှက်ရှိသည်။
![]() | ဖိုးနိုင်လင်း၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၉၆ ခုနှစ်တွင် ကွန်ပျူတာဂျာနယ်၌ နည်းပညာဆိုင်ရာဆောင်းပါးများရေးသားပြီး စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ “မျိုးဆက်”ဂျာနယ်ကို စီစဉ်ထုတ်ဝေခဲ့ပြီး စာနယ်ဇင်းလောကသို့ ရောက်ရှိခဲ့သည်။ ထို့နောက် “မော်ကွန်း”ဂျာနယ်နှင့် “ရွှေမြန်မာ”ဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ၂၀ဝ၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့သည်။ ၂၀ဝ၁ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အထိ “နက္ခတ္တရောင်ခြည် မဂ္ဂဇင်း”တွင် အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ Popular News ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာမောင်ဝံသ ဥက္ကဌအဖြစ်တာဝန်ယူကာ အသစ်ပြန်လည်ဖွဲ့စည်းသော “မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)”တွင် အတွင်းရေးမှူး-၁ အဖြစ်လည်းကောင်း၊ Myanmar Media Library တွင် Chairman အဖြစ်လည်းကောင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဟက်ကာ နှင့် ဖိုးနိုင်လင်း ကလောင်များဖြင့် ဆောင်းပါးများ၊ ပင်ကိုယ်ရေးများနှင့် ဘာသာပြန်များ ရေးသားခဲ့၊ ရေးသားဆဲဖြစ်ကာ ကြောင် ကိုးကောင်နှင့် အတူတကွနေထိုင်လျှက်ရှိသည်။ |
-
လမ်းပျောက်
ဖိုးနိုင်လင်းပြဿနာဆိုတာမျိုးက တခါတလေ ကိုယ်က မရှာပေမယ့် မထင်ရင်မထင်သလို တကူးတကနဲ့ ရောက်လာတတ်တယ် မဟုတ်လား။ ကယ်ပါဦး ဆိုလို့ တကူးတက သွားကူညီပါမှ ကိုယ်ပါ ဘဝပျက်ကိန်းနဲ့ ကြုံရတာမျိုးကျ “စေတနာသည် လူတိုင်းနှင့် မတန်” လို့ပဲ ဆိုရမလိုလို .. ။ဆရာဖိုးနိုင်လင်း ဘာသာပြန်တဲ့ လမ်းပျောက် က မူရင်း Stephen King နဲ့ Joe Hill တို့ရေးသားတဲ့ In The Tall Grass ။ Stephen King ရဲ့ ဝတ္ထုများအတိုင်းပဲ ဒီဝတ္ထုဟာလည်း စိတ်လှုပ်ရှားဖွယ် Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အဖြစ် Netflix က တင်ဆက်တဲ့အခါတုန်းကလည်း အင်မတန် အောင်မြင်ခဲ့တယ်။ ရုပ်ရှင်နဲ့ ဝတ္ထုက ဇာတ်အိမ်တူပေမယ့် ဇာတ်လမ်းမှာ ကွဲလွဲချက်တွေ ရှိပါတယ်။ဝတ္ထုက အမေရိကန်နိုင်ငံ ကမ်းဆပ်ပြည်နယ်၊ အဝေးပြေးလမ်းအမှတ် ၄၀၀ ရဲ့ နံဘေးတစ်နေရာက မြက်ရိုင်းတောကြီးထဲမှာ ဇာတ်အိမ်တည်ထားတယ်။ ကယ်လ်ဒီးမုသ် နဲ့ ဘက်ကီဒီးမုသ် တို့ဟာ သိပ်ချစ်ကြတဲ့ မောင်နှမ ၂ ယောက်။ အသက်ကလည်း တစ်နှစ်ကျော်ကျော်ပဲကွာတော့ ဆိုးအတူ ကောင်းအတူ ဆိုတာမျိုး။အဝေးပြေးလမ်းမပေါ်က မြက်ရိုင်းတောကြီးနဲ့ ဒီမောင်နှမ ပတ်သက်ခဲ့တာက ဘက်ကီဒီးလ် အသက် ၁၉ လောက်မှာ ကိုယ်ဝန်ရှိခဲ့ရာလို့ပဲ ပြောရမယ်။ ကိုယ်ဝန်ရှိလာတော့ ကလေးမွေးပြီးရင် ဖြစ်လာမယ့်ကိစ္စတွေ ရှိလာတာကြောင့် မောင်နှမ ၂ ယောက်ဟာ ဘက်ကီ ကိုယ်ဝန် ၆ လ လောက်မှာ ကားတစ်စီးနဲ့ ရောက်ရာပေါက်ရာ လျှောက်သွားခဲ့တယ်။ ဒီလိုနဲ့ .. ဒီလိုနဲ့ … ပြဿနာက တကူးတက မဖိတ်ခေါ်ဘဲ ပြဿနာရှိရာအရပ် မြက်ရိုင်းတောကြီးတွေ ကပ်လျက် ရှိတဲ့ အဝေးပြေးလမ်းကို မောင်းမိလာတယ်။ မောင်းနေရင်းနဲ့ ၂ ယောက်စလုံး ကြားလိုက်ရတာက “ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော့်ကို တစ်ယောက်ယောက် ကယ်ကြပါဦး” ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အသံ။ ကြည့်လိုက်တော့ ကားလမ်းနံဘေး မြက်ရိုင်းတောကြီးထဲက ထွက်လာတဲ့ အသံမှန်းသိလိုက်တယ်။ကယ်လ် နဲ့ ဘက်ကီတို့ဟာ ပြန်မထွက်တတ်ဘဲ လမ်းပျောက်နေပြီး အကူအညီတောင်းနေတဲ့ သနားစဖွယ် ကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ်ကာ မြက်ရိုင်းတောထဲ ဆင်းခဲ့ကြတယ်။ တကယ်တမ်း ဆင်းကြည့်မှ မြက်ရိုင်းတွေဟာ ထင်တာထက် ပိုမြင့် ပိုရှည်လျားပြီး သာမန်မြက်ရိုင်းတွေလို မပျော့ပျောင်းတာ သိလိုက်ရတယ်။ နောက်ထပ် ထူးဆန်းတာက မြက်ရိုင်းရှည်တောကြီးဟာ ကမ္ဘာမြေပေါ်က အခြားနေရာတွေလို မဟုတ်ဘဲ အရပ်ဒေသ တည်နေရာ ၊ ရေခံမြေခံ ၊ အချိန် တွေက တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲနေတာပါ။ အဲ့ဒါတွေထက်ပိုပြီး ဘက်ကီတို့ မောင်နှမ အံ့အားသင့်ခဲ့ရတာက မြက်ရိုင်းရှည်တောကြီးထဲမှာ လမ်းပျောက်လို့ အော်နေတဲ့ ကလေးလေး တစ်ယောက် မက ရှိနေတာ သိလိုက်ရပြီး သိပ်မကြာခင် သူတို့မောင်နှမ ကိုယ်တိုင် လမ်းပျောက်တဲ့ အဖြစ်ကို ရောက်ခဲ့တာပါပဲ။ကယ်လ်နဲ့ ဘက်ကီတို့ ဘာတွေ ဆက်ကြုံရမလဲ ဆိုတာ လမ်းပျောက်ဝတ္ထုမှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး ရုပ်ရှင်နဲ့မတူတဲ့ ရသအသစ်တစ်ခုကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာဖြစ်ပါတယ်။Ks 3,000လမ်းပျောက်
Ks 3,000