ဦးအောင်ကြည်စိန် + ဒေါ်ရင်သန်းတို့မှ ၁၈.၁၀.၁၉၇၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး နာမည်အရင်း ဦးလှိုင်မင်းအောင် ဖြစ်သည်။ မွေးချင်းလေး ယောက်တွင် တတိယမြောက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အေးရွာတွင် မွေးဖွားခဲ့သည်။

၂၀ဝ၅ ဇွန်လထုတ် ရွေွှအမြုတေမဂ္ဂဇင်းတွင် အဖြူရောင်ကြက် ခြေခတ်များ ရွှေအသစ်ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ သည်။ ယခုအခါ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ရသစာတမ်း စုစုပေါင်း ၉၄ ပုဒ် ရေးသားခဲ့ပြီးဖြစ်သည်။ ရွေွှအမြုတေပရိသတ်အကြိုက်ဆု နှစ်ကြိမ်၊ ရွှေအမြုတေစာပေဆု (ဝတ္ထုတိုဆု) တစ်ကြိမ်၊ နှင်းဆီသူရဲကောင်းစာပေဆု (ဝတ္ထုရှည်ဆု) တစ်ကြိမ် ရရှိခဲ့သည်။

အခွံကလေးတွေ ဝတ္ထုတိုစု(၂၀၁၂-၂၀၁၃၊ ၂၀၂၁)၊ မောင်တို့မျိုးကား တန်ခိုးကြီးမား အားလည်းဖွံ့ချေ ဝတ္ထုတိုစု(၂၀၁၃)၊ လရိပ်အောက်ကမိုးတိမ် မဂ္ဂဇင်းဝတ္ထုတိုများ(၂၀၁၆)၊ ပုံရိပ်စစ်တို့ရဲ့သင်္ကေတ မဂ္ဂဇင်းဝတ္ထုရှည်များ (၂၀၁၉) စသည့်စာအုပ်များ ထုတ်ဝေခဲ့ပြီး လရိပ်အောက်ကမိုး တိမ် စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုတိုဆု) ရရှိခဲ့သည်။ ယခုစာအုပ်မှာ စာရေးသူ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။

B.Sc, M.Sc, ICT ဘွဲ့များကို ဒဂုံတက္ကသိုလ် ၊ ရန်ကုန်တက္ကသိုလ် တို့မှ ရူပဗေဒအဓိကဖြင့် ရရှိထားပြီး ပြင်ပကျူရှင်ဆရာဘဝဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည်။ ဝတ္ထုတိုရေး စာရေးဆရာများထဲမှ အကြိုက်ဆုံး စာရေးဆရာမှာ ဆရာမနုနုရည်အင်းဝဖြစ်သည်။

မင်းဝေဟင်

  • ငါ့အခန်းမျက်နှာကြက်က ကြယ်ကလေးတွေ

    အရွယ်ရောက်ပြီးသူတိုင်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ လူတွေဟာ လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသ၊ အသားအရောင်၊ ရုပ်ရည် မည်သို့ပင် ကွဲပြားပါစေ .. ဆယ်ကျော်သက်ဘဝမှာ ကိုယ်စီကိုယ်စီ အမှတ်တရတွေ ရှိကြတာချင်းတော့ တူညီကြပါလိမ့်မယ်။ ဆရာ’မင်းဝေဟင်’ရဲ့ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’မှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ဖြတ်သန်းတဲ့ ဘဝမျက်နှာစာတွေကို ဖတ်ရှုရမှာပါ။ ကျော်စည်သူဆက်ဟာ မောင်နှမရင်းချာ မရှိသူ တစ်ဦးတည်းသောသား၊ မိခင်က ပလာဇာမှာ ဖက်ရှင်ဆိုင်ဖွင့်ထားပြီး ဖခင်က သုံးသုံးဖြုန်းဖြုန်း စီးပွားရေးသမား၊ ပျော်သလိုနေတတ်တဲ့ မိဘနှစ်ပါးရဲ့ ကြားက ကလေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် .. တိတိကျကျဆို ဆယ်တန်းအရွယ်မှာ ကျော်စည်သူဆက်ရဲ့ ဖခင်ဟာ ဘောလုံးပွဲအလောင်းအစားကြောင့် အဆင့်မြင့်အိမ်ရာထဲ ခြံနဲ့တိုက်နဲ့ နေရတဲ့ဘဝကနေ တောင်ဒဂုံဘက်ကို အထည်ကြီးပျက်ဘဝနဲ့ ရောက်သွားတယ်။ မိဘရဲ့ ဂရုအစိုက်မခံရမှု၊ ကျဆင်းသွားတဲ့ မိသားစုအခြေအနေတွေကြောင့် သူ့ဘဝရဲ့ ရွှေရောင်နေ့ရက်ကာလတွေဟာ မျှော်လင့်သလို ဖြစ်မလာတာတွေ ကြုံခဲ့ရတယ်။ ခပ်ကြမ်းကြမ်း ရိုက်ခတ်လာတဲ့ ဘဝနေ့ရက်တွေကို ရင်ဆိုင်ရတဲ့ ဇာတ်ကောင်လူငယ်လေးရဲ့ ရင်တွင်းစကားတွေကို ဒီဝတ္ထုမှာ စာဖတ်သူတို့ကို တိုက်ရိုက်ပြောဟန်နဲ့ ရေးဖွဲ့ထားတယ်။

    “ငါတို့အခန်းရဲ့ အတန်းပိုင်ဆရာမလား၊ ထိုင်ပြောနေရရင် ညနေကျောင်းဆင်းချိန်တောင် ပြီးမှာမဟုတ်၊ ၃၁ ဘုံမှာ အရစ်နိုင်ဆုံးသော ဆရာမ”

    “အခု တောင်ဒဂုံပြောင်းလာရတော့ ပင့်ကူအိမ်လေးနဲ့ ဟမ်းစတားအိမ်လေးတွေ ငါ ဒီအိမ်အထိ သယ်လာခဲ့တယ်ဆိုပေမဲ့ မျက်နှာကြက်မှာ ကြယ်ကလေးတွေ ရှိတဲ့ ဒီအိမ်လေးရဲ့ ငါ့အခန်းကျဉ်းကျဉ်းလေးထဲမှာ သူတို့တွေလည်း အနေကျပ်ကျပ်၊ ငါလည်း အနေကျပ်ကျပ်”

    “ဟင် .. ဒါဆို ဖေဖေကရော … ငါရခဲ့တဲ့ အနံ့တွေရပြီး တစ်ညလုံး တစ်နေ့လုံး နောက်ထပ် အဲ့ဒီအနံ့တွေကိုပဲ ထပ်ကာထပ်ကာရပြီး ငါ့လို အိပ်မရဘဲ ဖြစ်နေမှာမျိုးလား”
    .
    မင်းဝေဟင်ဟာ ရွှေအမြုတေ(ဝတ္ထုတို)ဆု ၁ ကြိမ်၊ ရွှေအမြုတေပရိသတ်အကြိုက်ဆု ၂ ကြိမ်၊ နှင်းဆီသူရဲကောင်းစာပေဆု ၁ ကြိမ် ရခဲ့ကာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားစာပေ(ဝတ္ထုတို)ဆုကို ဆွတ်ခူးထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ္ထုတိုစုစည်းမှုစာအုပ်များ၊ မဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှုတို့ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ကာ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’ က ဆရာမင်းဝေဟင်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုစာအုပ်ဖြစ်ပါတယ်။

    Ks 4,000

Main Menu