၁၉၈၅ခုနှစ် ဖေဖော်ဝါရီလ ငါးရက်နေ့ တောင်ကြီးမြို့တွင် ဒေါ်နန်းသွယ်သွယ်ဝင်းနှင့် (ဦးလှသွင်)တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ဦးတွင် အကြီးဆုံးဖြစ်သော်လည်း မိဘဘေးတွင် မနေဘဲ စိတ်ဦးတည့်ရာ သွားလာနေထိုင်သည်။ ငယ်စဉ်က အထက(၁)တောင်ကြီးတွင် သူငယ်တန်းမှ ဆယ်တန်းထိ ဆရာ၊ ဆရာမများကို ဒုက္ခပေးခဲ့သည်။

တိုးရစ်ဂိုက်လုပ်ချင် သည်ဟု အကြောင်းပြပြီး ပြင်သစ်ဘာသာစကားကို မ္တလေးနှင့်ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပြင်သစ်ယဉ်ကျေးမှုဌာနတို့တွင် ရှစ်နှစ်တာ သင်ယူခဲ့သော်လည်း အကြောင်းကြောင်းကြောင့် တိုးရစ်ဂိုက်ဖြစ်မလာဘဲ လူသားချင်းစာနာမှုဟု နာမည်ခံသော အလုပ်တစ်ခုကို ၂၀ဝ၉ခုနှစ်တွင် ယာယီ ဝင်ရောက်ရမှာ တခြားအလုပ်အကိုင်များ မလုပ်တတ်တော့ဘဲ ထိုအလုပ်ကိုသာ အားကိုးပြီး ထမင်းစား၊ ဘီယာသောက် နေထိုင်ရတော့ သည်။

ထိုအလုပ်ကြောင့် နိုင်ငံတွင်းမြို့များတွင် ပြောင်းရွှေ့နေထိုင်ရပြီး နောက်ပိုင်းတွင် နိုင်ဂျီးရီးယားနိုင်ငံ၊ တောင်ဆူဒန်တို့တွင် တာဝန်ထမ်းဆောင် ရသည်။ တာဝန်ပြီးဆုံးပြီး နိုင်ငံတွင်းပြန်ရန် အခက်အခဲရှိသဖြင့် ယူက္တာ နိုင်ငံတွင် သောင်တင်၊ စာရေးစာဖတ်ချင်ယောင်ဆောင်ပြီး ဘားသွား ဘီယာသောက်ခြင်းများ ပြုလုပ်နေထိုင်သည်။ ထို့နောက် ငွေကြေးကုန်ခမ်း သဖြင့် ယခုအခါ အီရက် (Iraq) နိုင်ငံ Erbil မြို့တွင် အလုပ်လုပ် ငွေရှာ နေရပြန်သည်။ အကြောင်းအရင်းမှာ ဟန်ဆောင်စာရေးသားခြင်းဖြင့် လူလူသူသူ နေမရသဖြင့် ဖြစ်သည်။

၂၀၁၇ ခုနှစ်ဝန်းကျင်တွင် လာအို၊ ကမ္ဘောဒီယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး ပြင်သစ်ဘာသာစကားဖြင့် ထုတ်ဝေသော ကဗျာ စာအုပ်တွင် ကဗျာတစ်ပုဒ် ဖော်ပြခံရသည်။ ၂၀၁၈ တွင် ကိုယ်တွေ့အဖြစ် တစ်ခုကို အခြေခံသည့် လေးနှစ်လေးလအမည်ရှိ ဝတ္ထုတိုကို ဗြူးတီး မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံရပြီး ယင်းဝတ္ထုကို စာသမားဂရုအမှတ်တရအဖြစ် မဟာစာပေမှ ပုံနှိပ်ထုတ်ဝေသည့် စာအုပ်တွင် ပြန်လည် အသုံးပြုခဲ့သည်။

ဖေ့ဘုတ်စာမျက်နှာများပေါ်တွင် အက်ဆေးများ၊ စာအုပ်အညွှန်းများ၊ ဂီတ အညွှန်းများကို ရေးသားရာမှ လူအများက ဖတ်ကောင်းသည် မှတ်ချက်ပေး ကြရမှာ မိမိကိုယ်တိုင် အထင်အနည်းငယ်ကြီးလာပြီး ဟန်ဆောင်စာရေးသား ခြင်းများ ပြုလုပ်လာမိသည်။ ဟန်ဆောင်စာရေးသားခြင်းဖြင့် ဘာသာပြန် စာအုပ် အနည်းငယ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုများမှာ မဟာစာပေမှ 1Q84 (ပထမပိုင်း)၊ ကံ့ကော်ဝတ်ရည်မှ ရွကြွေ်က၊ မြစ်ပြင်တကြော လွင့်လို့မျော (ကလေးစာပေ)၊ ရေမင်းသမီး (ကလေးစာပေ)၊ Exit မှ တင်တင်စွန့်စားခန်းများ (ငါးအုပ်) တို့ ဖြစ်သည်။

ဆက်လက်ပြီး စာရေးသယောင်ယောင်၊ စာဖတ်သယောင်ယောင် သေသည်ထိ ဆက်လုပ်သွားရန် အစီအစဉ် ဆွဲထားသည်…။

မယ်ကျွိ

  • နာဂိုဒေး မိုင်ဒူဂူရီ

    အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။

    မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။

    အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။

    Ks 3,500

Main Menu