အမည်ရင်း မိုးမင်းသိမ်းဖြစ်ပြီး ၆ ဖေဖော်ဝါရီ ၁၉၆၉ ၌ တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဦးထွန်းရင်နှင့် ဒေါ်စပ်မြဝင်း ဖြစ်သည်။ မွေးချင်းသုံးယောက်တွင် သားအကြီးဆုံးဖြစ်သည်။
တောင်ကြီးမြို့ အ.လ.က (၃)၊ အ.ထ.က (၅) နှင့် တောင်ကြီး တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် သိပံ္ပဘွဲ့ (သင်္ချာ) ရရှိခဲ့သည်။ ဧပြီ ၂၀ဝ၁ ခုနှစ်တွင် မစန္ဒာမွှေးနှင့် အိမ်ထောင်ပြုသည်။
ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရသည့်စာမူမှာ စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ်-၁၀၊ အောက်တိုဘာ ၂၀ဝ၂ ၌ပါရှိသည့် ခေါင်မိုးပေါ်ကအရူး ဘာသာပြန်ပြဇာတ်ဖြစ်သည်။ ဂျပန်စာရေးဆရာ ကိကုချိကန် ရေးသားသည့် The Madman on the Roof ပြဇာတ်အား ဘာသာပြန်ဆိုခြင်းဖြစ်သည်။
ချယ်ရီ၊ ကလျာ၊ ရနံ့သစ်၊ မြန်မာသစ်၊ ရုပ်ရှင်တေးကဗျာ၊ ရုပ်ရှင် အမြုတေ၊ နှလုံးအိမ်၊ စာအုပ်လောက၊ လောကပါလ၊ နဘယံ၊ ဝိဇ္ဇာ၊ ရတနာပန်းခင်း စသည့် မဂ္ဂဇင်းများနှင့် ဂျာနယ်အချိုးတို့တွင် ဘာသာပြန် ဆောင်းပါးများနှင့် ဘာသာပြန်ဝတ္ထုတိုများကို မိုးသိမ်း၊ မိုးမင်းသိမ်း၊ မင်းထက်ကျော်အောင် စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။
တောင်ကြီးမြို့၌ မိသားစုဖြင့်နေထိုင်ကာ စာရေးသားခြင်းအလုပ် တစ်ခုတည်းဖြင့်သာ ရပ်တည်လျက်ရှိပါသည်။
![]() | မိုးမင်းသိမ်းအမည်ရင်း မိုးမင်းသိမ်းဖြစ်ပြီး ၆ ဖေဖော်ဝါရီ ၁၉၆၉ ၌ တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဦးထွန်းရင်နှင့် ဒေါ်စပ်မြဝင်း ဖြစ်သည်။ မွေးချင်းသုံးယောက်တွင် သားအကြီးဆုံးဖြစ်သည်။ တောင်ကြီးမြို့ အ.လ.က (၃)၊ အ.ထ.က (၅) နှင့် တောင်ကြီး တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် သိပံ္ပဘွဲ့ (သင်္ချာ) ရရှိခဲ့သည်။ ဧပြီ ၂၀ဝ၁ ခုနှစ်တွင် မစန္ဒာမွှေးနှင့် အိမ်ထောင်ပြုသည်။ ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရသည့်စာမူမှာ စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ်-၁၀၊ အောက်တိုဘာ ၂၀ဝ၂ ၌ပါရှိသည့် ခေါင်မိုးပေါ်ကအရူး ဘာသာပြန်ပြဇာတ်ဖြစ်သည်။ ဂျပန်စာရေးဆရာ ကိကုချိကန် ရေးသားသည့် The Madman on the Roof ပြဇာတ်အား ဘာသာပြန်ဆိုခြင်းဖြစ်သည်။ ချယ်ရီ၊ ကလျာ၊ ရနံ့သစ်၊ မြန်မာသစ်၊ ရုပ်ရှင်တေးကဗျာ၊ ရုပ်ရှင် အမြုတေ၊ နှလုံးအိမ်၊ စာအုပ်လောက၊ လောကပါလ၊ နဘယံ၊ ဝိဇ္ဇာ၊ ရတနာပန်းခင်း စသည့် မဂ္ဂဇင်းများနှင့် ဂျာနယ်အချိုးတို့တွင် ဘာသာပြန် ဆောင်းပါးများနှင့် ဘာသာပြန်ဝတ္ထုတိုများကို မိုးသိမ်း၊ မိုးမင်းသိမ်း၊ မင်းထက်ကျော်အောင် စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။ တောင်ကြီးမြို့၌ မိသားစုဖြင့်နေထိုင်ကာ စာရေးသားခြင်းအလုပ် တစ်ခုတည်းဖြင့်သာ ရပ်တည်လျက်ရှိပါသည်။ |
-
မမြင်နိုင်သော အလင်းတန်းများ
Categories: မိုးမင်းသိမ်း, ရာပြည့်ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ကြရတဲ့ ဆရာရာပြည့် နဲ့ ဆရာမိုးမင်းသိမ်းတို့ ဘာသာပြန်တဲ့ မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးကို စာချစ်သူတို့ လက်ထဲ အရောက်ပို့ပေးနိုင်ခဲ့ပါပြီ။ မူရင်းစာအုပ်ဟာ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပူလစ်ဇာဆုကြီးနဲ့ အခြားစာပေဆိုင်ရာဆုများကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှု ရှိခဲ့ပါတယ်။
မမြင်နိုင်သောအလင်းတန်းများ စာအုပ်လေးရဲ့ ဇာတ်လမ်းဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း လူတို့ရဲ့ သဘောသဘာဝနဲ့ နည်းပညာစွမ်းအားတို့ကြား သတ္တိနှင့် မျှော်လင့်ချက်အကြောင်းကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးမှာ မွေးရာပါ အတွင်းတိမ်ဖြင့် အသက်ခြောက်နှစ် အရွယ်မှာပင် မျက်စိကွယ်ခဲ့တဲ့ စာဖတ်ဝါသနာပါသူ ပြင်သစ်သူနလေး မာဟီးလော နဲ့ မယုံနိုင်လောက်စရာ အင်ဂျင်နီယာစွမ်းရည်ရှိတဲ့ ဂျာမန်မိဘမဲ့ကလေး ဗယ်ရ်နာ တို့ရဲ့ မတူညီတဲ့ ဒေသ ၂ ခုက ဇာတ်လမ်း ၂ ပုဒ်ကို အပြိုင်ခံစားဖတ်ရှုရမှာပါ။
မာဟီးလော ဆယ့်နှစ်နှစ်အရွယ်မှာ နာဇီတွေ ပါရီကို သိမ်းပိုက်တဲ့အတွက် သူမရဲ့ ဖခင်နဲ့အတူ ဆန်မာ့လိုမြို့ကို ထွက်ပြေးခဲ့တယ်။ သူမတို့ ထွက်ပြေးတဲ့အချိန်မှာ သူမရဲ့ဖခင်အလုပ်လုပ်တဲ့ သဘာဝသမိုင်းပြတိုက်က တန်ဖိုးအရှိဆုံး ရတနာကို ယူဆောင်ခဲ့တယ်။ အဲ့ဒီရတနာကို ပိုင်ဆိုင်သူဟာ အကျိုးထူးများစွာ ခံစားရနိုင်သလို ထိခိုက်မှုများကိုလည်း ရင်ဆိုင်ရနိုင်တယ်လို့ အစဉ်အဆက် ဟောကိန်းရှိခဲ့ပါတယ်။
ဂျာမနီက မိဘမဲ့လေး ဗယ်ရ်နာဟာ အခြေအနေမဲ့ဘဝရောက်နေပေမယ့် ဉာဏ်ကြီးရှင်တစ်ဦးမို့ ဘဝအခက်အခဲကြား ဖြတ်သန်းရင်း ရေဒီယိုတစ်လုံးကနေ ပြင်သစ်က သိပ္ပံပညာအကြောင်း သိရှိရာက ဒီဇာတ်လမ်းမှာ တစ်ချိန် ပါဝင် ပတ်သက်လာခဲ့ရတယ်။
ဒီဘာသာပြန်စာအုပ်လေးဟာ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဖြစ်ရပ်မှန် သမိုင်းနောက်ခံမှာ ယုတ္တိရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကောင်စရိုက်များကို ရေးဖွဲ့ထားတာကြောင့် အလွန်အောင်မြင်ကျော်ကြားပြီး သိက္ခာကြီးမားလှတဲ့ စာပေဆုကိုပါ ဆွတ်ခဲ့နိုင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ၎င်းစာအုပ်ကို ဆရာရာပြည့်နှင့် ဆရာမိုးမင်းသိမ်းတို့ရဲ့ ထိမိပြေပြစ်တဲ့ ဘာသာပြန်နဲ့အတူ ဖတ်ရှုနိုင်ပါပြီ။ ဘာသာပြန် (ရသစာပေ)ချစ်သူတို့ အချိန်ပေးပြီး မျှော်လင့်ခဲ့ရတာနဲ့ ထိုက်တန်အောင် စိတ်ကျေနပ်မှု ရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Ks 17,000မမြင်နိုင်သော အလင်းတန်းများ
Ks 17,000