သန်လျင်မြို့နေ ဖခင် ဦးစိုးလင်းနှင့် မိခင် ဒေါ်ကြည်ကြည်ဝင်းတို့မှ ၁၉၈၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနစ်ဦး အနက် ဆဋ္ဌမမြောက် သားဖြစ်သည်။
စီးပွားရေးတက္ကသိုလ် တက်ရောက်နေရင်း တတိယနှစ်တွင် နိုင်ငံ ရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်သည်။ အားလပ်ချိန်နှင့် အင်တာ နက်အလွယ်တကူရရှိသည့် နိုင်ငံရပ်ခြားတွင် ၂၀ဝ၈ ခုနှစ်မှစ၍ မြစ်ကျိုးအင်း ဟု အမည်ပေးထားသော ြူသါ တစ်ခု စတင်ဖန်တီးရာမှ စာရေးသားဖြစ်ခဲ့ သည်။ ရသဝတ္ထုတိုများရေးသားခြင်းကို အားသန်သူဖြစ်၍ ြူသါ ပေါ်တွင် ဝတ္ထုတိုများတင်ဆက်ပေးရာမှ ဘလော့ဂ်ဂါဘဝသို့ ရောက်ရှိသည်။ ၂၀ဝ၉ ခုနှစ်အတွက် အကောင်းဆုံး ရသဘလော့ဂ်အကယ်ဒမီဆု ရရှိသည်။
၂၀၁၁ ခုနှစ်၊ မေလထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၏ ဘလော့ဂ်ဂါဒိုင်ဂျက်အခန်းကဏ္ဍအတွက် ကမ္ဘာပျက်ခြင်းဝတ္ထုတိုဖြင့် ပုံနှိပ် စာပေလောကသို့ ရောက်ရှိသည်။ Blog အမည်ကိုသာ ကလောင်အမည် အဖြစ် ဆက်လက်သုံးစွဲခဲ့ရာမှ စာရေးဆရာမြစ်ကျိုးအင်းဟု အမည်တွင်သွားတော့သည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် အငုံ့စိတ် ဝတ္ထုတိုစတင်ဖော်ပြခံရပြီးနောက် ရွှေအမြုတေမဂ္ဂဇင်းတွင် ပုံမှန်ရေးသားသူ ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်အတွက် ရွှေအမြုတေဝတ္ထုရှည် စာပေဆုကို ကြံဖတ်များဝတ္ထုရှည်ဖြင့် ရရှိခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် မျှော်လင့်ခြင်းကို မျှားတဲ့ညနေ ရသဝတ္ထုတိုစုစာအုပ်ကို ပထမဆုံးထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ဖြင့် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ဝတ္ထုတိုဆု ရရှိခဲ့သည်။
လက်ရှိတွင် မွေးရပ်မြေ သန်လျင်မြို့တွင်နေထိုင်ရင်း စိတ်ပါလက်ပါ ရှိချိန်များ၌ စာရေးသားလျက်ရှိသည်။
![]() | မြစ်ကျိုးအင်းသန်လျင်မြို့နေ ဖခင် ဦးစိုးလင်းနှင့် မိခင် ဒေါ်ကြည်ကြည်ဝင်းတို့မှ ၁၉၈၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနစ်ဦး အနက် ဆဋ္ဌမမြောက် သားဖြစ်သည်။ စီးပွားရေးတက္ကသိုလ် တက်ရောက်နေရင်း တတိယနှစ်တွင် နိုင်ငံ ရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်သည်။ အားလပ်ချိန်နှင့် အင်တာ နက်အလွယ်တကူရရှိသည့် နိုင်ငံရပ်ခြားတွင် ၂၀ဝ၈ ခုနှစ်မှစ၍ မြစ်ကျိုးအင်း ဟု အမည်ပေးထားသော ြူသါ တစ်ခု စတင်ဖန်တီးရာမှ စာရေးသားဖြစ်ခဲ့ သည်။ ရသဝတ္ထုတိုများရေးသားခြင်းကို အားသန်သူဖြစ်၍ ြူသါ ပေါ်တွင် ဝတ္ထုတိုများတင်ဆက်ပေးရာမှ ဘလော့ဂ်ဂါဘဝသို့ ရောက်ရှိသည်။ ၂၀ဝ၉ ခုနှစ်အတွက် အကောင်းဆုံး ရသဘလော့ဂ်အကယ်ဒမီဆု ရရှိသည်။ ၂၀၁၁ ခုနှစ်၊ မေလထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၏ ဘလော့ဂ်ဂါဒိုင်ဂျက်အခန်းကဏ္ဍအတွက် ကမ္ဘာပျက်ခြင်းဝတ္ထုတိုဖြင့် ပုံနှိပ် စာပေလောကသို့ ရောက်ရှိသည်။ Blog အမည်ကိုသာ ကလောင်အမည် အဖြစ် ဆက်လက်သုံးစွဲခဲ့ရာမှ စာရေးဆရာမြစ်ကျိုးအင်းဟု အမည်တွင်သွားတော့သည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် အငုံ့စိတ် ဝတ္ထုတိုစတင်ဖော်ပြခံရပြီးနောက် ရွှေအမြုတေမဂ္ဂဇင်းတွင် ပုံမှန်ရေးသားသူ ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်အတွက် ရွှေအမြုတေဝတ္ထုရှည် စာပေဆုကို ကြံဖတ်များဝတ္ထုရှည်ဖြင့် ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် မျှော်လင့်ခြင်းကို မျှားတဲ့ညနေ ရသဝတ္ထုတိုစုစာအုပ်ကို ပထမဆုံးထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ဖြင့် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ဝတ္ထုတိုဆု ရရှိခဲ့သည်။ လက်ရှိတွင် မွေးရပ်မြေ သန်လျင်မြို့တွင်နေထိုင်ရင်း စိတ်ပါလက်ပါ ရှိချိန်များ၌ စာရေးသားလျက်ရှိသည်။ |
-
ပင်လယ်ဆီသို့
မြစ်ကျိုးအင်းရည်ရွယ်ချက်တိုင်းရဲ့ ခရီးအဆုံးမှာ ပန်းတိုင်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်အောင်ကြိုးစားမယ် ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိမယ်ဆိုရင် ပန်းတိုင်ကို ရောက်ကို ရောက်ပါတယ်။ ဒီစာအုပ်လေးမှာလည်း မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့တဲ့ လူငယ်တစ်ဦးအကြောင်း ဖတ်ရှုရမှာပါ။
မျှော်လင့်ချက်နဲ့ အစပျိုးခဲ့တဲ့ ခရီးစဉ်တို့ဟာ အမြဲတစေတိုင်းတော့ မချောမွေ့ပါဘူး။ တတိယနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို ထွက်လာခဲ့တဲ့ ‘ကိုထက်ပိုင်’တို့ လူစုဟာ ပန်းတိုင်မရောက်ခင် လမ်းတစ်ထောက်နေရာဖြစ်တဲ့ ထိုင်းမှာ အခက်အခဲ၊ အဆုံးအရှုံးတွေ များစွာကို ကြုံတွေ့ရတယ်။ အောင်မြင်လိုသူတို့ရဲ့ အိပ်မက်အတိုင်း တိုင်းတစ်ပါးမှာ ကြိုးစားငွေရှာဖို့ စီစဉ်ခဲ့ပေမယ့်လည်း လမ်းခရီးအဆုံးမရောက်ခင်မှာတင် မထင်မှတ်တဲ့ အခက်အခဲတွေနဲ့ ကြုံရတယ်ဆိုတာ ဆရာမြစ်ကျိုးအင်း ရဲ့ ပင်လယ်ဆီသို့ မှာ ဖတ်ရှုရပါမယ်။
ထက်ပိုင် အပါအဝင် ကိုဝင်းမော်၊ ကိုစိုးဝင်း၊ ရဲလေး၊ မင်းမင်း၊ စည်သူတို့ဟာ မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့ကြပါတယ်။ သူတို့ ကြိုမတွက်ထားမိတာက ပင်လယ်မရောက်ခင် လမ်းခရီးမှာ မြစ်ကွေ့တွေလို အခက်အခဲမျိုးစုံကို ကြုံရတော့တာပါပဲ။
ဆရာမြစ်ကျိုးအင်းဟာ #မျှော်လင့်ခြင်းကို မျှားတဲ့ညနေ (ဝတ္ထုတိုပေါင်းချုပ်) စာအုပ်နဲ့ အမျိုးသားစာပေဆုကို ဆွတ်ခူးထားသူဖြစ်ပြီး ၎င်းစာအုပ်ဟာ အကြိမ်ကြိမ် ရိုက်နှိပ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ #ပင်လယ်ဆီသို့ ဆိုတဲ့စာအုပ်လေးဟာ ဆရာမြစ်ကျိုးအင်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည်ဖြစ်ပြီး ဒီစာအုပ်က ဆရာ့ရဲ့ ပြေပြစ်တဲ့ အရေးအသား၊ ပီပြင်တဲ့ ဇာတ်ကောင်စရိုက်၊ ဖတ်နေရင်း ဟာခနဲ ဖြစ်သွားစေမယ့် ဇာတ်လမ်းဇာတ်ကွက် တည်ဆောက်မှုတို့က ပရိသတ်တို့ကို အကြိုက်တွေ့ဖို့ သေချာပါတယ်။
Ks 5,000ပင်လယ်ဆီသို့
Ks 5,000 -
မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
မြစ်ကျိုးအင်းဆရာမြစ်ကျိုးအင်းဟာ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေဝတ္ထုတို ကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ ရသမမြောက်ဘဲ ဝတ္ထုတိုတပုဒ်ပါဝင်ဖို့ဆိုတာ မဖြစ်နိင်ပါဘူး။ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ ဆရာရဲ့ ရသအရေးအဖွဲ့ကို ဖတ်ရှုဖူးသူတိုင်း လက်ခံအားပေးခဲ့ကြတာဟာ အမျိုးသားစာပေဆုရတဲ့အထိ သက်သေပြနိင်ခဲ့ပါပြီ။
ဝတ္ထုတိုသည် အကြောင်းအရာ တခုတည်းကို ဦးတည်ရမည်၊ ဇာတ်ဆောင် နည်းရမည်၊ အရေးအသား သွက်ရမည် လို့ ဆမ်းမားဆက်မွမ်က ပြောပါတယ်။ အတတ်ပညာ တစ်ခုတည်း မဟုတ်ဘဲ အနုပညာ ခံစားမှုနဲ့ပါ ရောမွှေထားတဲ့ ဝတ္ထုတိုလေးတွေသာ တကယ်ကို ရသမြောက်ပါတယ်။ ဆရာ မြစ်ကျိုးအင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတို တွေလည်း အဲလိုပဲ ထူးခြားမှု တခုခု ကို ခံစားရမိ လောက်အောင်ပဲ ထိရှလွန်းခဲ့တယ်။
ယခု ဆုရစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာဆိုရင် ရွှေအမြုတေမှာ ပါဝင်ခဲ့တဲ့ ဒေါင်ဒေါင်မြည်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ ရသဝတ္ထုတိုစစ်စစ် (၁၆) ပုဒ် ပါဝင်ပါတယ်။
Ks 10,000မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
Ks 10,000