အမည်ရင်းမှာ ဝေယံဖြိုး ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါ်သန်းသန်းဆွေတို့မှ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးဖွားသည်။ ၂၀ဝ၅ ခုနှစ်တွင် ကျိုက်လတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင် မအူပင်ကွန်ပျူတာတက္ကသိုလ်မှ Bachelor of Computer Technology ဘွဲ့ကို ရရှိခဲ့သည်။ ပထမဆုံး ပုံနှိပ်စာမူမှာ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျော်စွာ(ဆေး-၂)၊ ကောင်းမြတ်လွန်းသော်တို့နှင့်အတူ ထုတ်‌ေ၀ခဲ့သော “ကမ္ဘာကျော်တို့၏ ဝတ္ထတိုများ”စာအုပ်ပါ စတီဖင်ကင်း၏ ဝတ္ထုတိုများဖြစ်သည်။ ပထမဆုံး ဘာသာပြန်လုံးချင်းဝတ္ထုအဖြစ် Patrick Ness ၏ A Monster’s Call ကို “သစ်မိစ္ဆာခေါ်သံ” အမည်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ကံ့ကော်၀တ်ရည်စာအုပ်တိုက်မှ ထုတ်‌ေ၀ခဲ့သည်။ စာဖတ်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းကို အလွန်နှစ်ခြိုက်ပြီး ရွှေဥဒေါင်း၊ ကြည်အေး၊ မင်းလူ၊ ဂျူးတို့မှာ အကြိုက်ဆုံး စာရေးဆရာများ ဖြစ်သည်။ ‌ေ၀ါင်ကာ‌ေ၀းနှင့် ဂျိမ်းစ်ကင်မရွန်းတို့လို ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်သော်လည်း လက်ရှိတွင်
ဘ၀ကို ပျော်ချင်ယောင်ဆောင်၍ ဖြတ်သန်းလျက် ရှိသည်။

ထွက်ရှိပြီးသော စာအုပ်များ
၂၆။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းအနုပညာ (Know Your Worth by Thea Easterby)
၂၅။ အချစ်ဆူးနဲ့ မူးရီရီ (Vertigo by Boileau-Narcejac)
၂၄။ ဖုန်းဆိုးမြေ (‘Salem’s Lot by Stephen King)
၂၃။ ‌သေချင်နေပေမယ့် တော့ပုကီလေးတော့ စားချင်သေးတယ် (I Want to Die But I Want to Eat Tteokbokki by Baek Se-hee)
၂၂။ ငွေလရောင်ကျိန်စာ (Cycle of the Werewolf – Stephen King)
၂၁။ ကြမ္မာမုန်တိုင်း ၃ အတွဲ (၇) စိတ်ပုပ်တဲ့ရွာ (A Series Of Unfortunate Events Book 7 – Lemony Snicket )
၂၀။ ရေမွှေး (Perfume: The Story of a Murderer by Patrick Süskind) (ဒုတိယအကြိမ်)
၁၉။ ကြမ္မာမုန်တိုင်း ၂ (A Series Of Unfortunate Events Book 4, 5, 6 – Lemony Snicket )
၁၈။ ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ (Gump & Co. – Winston Groom)
၁၇။ ဖောရက်စ်ဂမ့် (Forrest Gump – Winston Groom) (ဒုတိယအကြိမ်)
၁၆။ ငယ်သူမို့ (Lie With Me – Philippe Besson)
၁၅။ တစ္ဆေတန်းနှင့် ခေတ်ပြိုင်တရုတ်သိပ္ပံဝတ္ထုတိုများ
၁၄။ ဇော (Pet Sematary – Stephen King)
၁၃။ ဒဏ္ဍာရီ (Big Fish – Daniel Wallace)
၁၂။ နိုင်းမြစ်ပေါ်က လူသတ်မှု (Death On The Nile – Agatha Christie)
၁၁။ စတီဖင်ကင်း၏ ဝတ္ထုတိုများ
၁၀။ မေ့ရင်သွေး (Rosemary’s Baby – Ira Levin)
၉။ အံ့ဖွယ်မှတ်တမ်း (The Spiderwick Chronicles – Holly Black & Tony DiTerlizzi)
၈။ ကြမ္မာမုန်တိုင်း (A Series Of Unfortunate Events Book 1, 2, 3 – Lemony Snicket )
၇။ ဂျွိုင်းလန်း (Joyland – Stephen King)
၆။ ဖောရက်စ်ဂမ့် (Forrest Gump – Winston Groom)
၅ ။ ဂျူမန်ဂျီး ( Jumanji – Chris Van Allsburg)
၄။ မြူ (The Mist – Stephen King)
၃။ ရေမွှေး (Perfume : The Stoy Of A Murderer – Patrick Suskind)
၂။ သစ်မိစ္ဆာခေါ်သံ (A Monster’s Call – Patrick Ness)
၁။ ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ (ကောင်းမြတ်လွန်းသော်၊ ကျော်စွာ (ဆေး-၂)၊ လင်းခန့်)

အခြားဝတ္ထုတို/ဆောင်းပါးများ
၄။ Your Life Your Choice ဘဝနေနည်း စာစုများ
– မိမိကိုယ်ကိုယ် ထိန်းကျောင်းခြင်း အနုပညာ
၃။ စာဖတ်ခြင်းအနုပညာ
– စာဖတ်ချိန်ရယူနည်း
၂။ ဇလပ်နီဝတ္ထုတိုများ အမှတ် (၄)
– ဖုန်းဆက်ခေါ်လို့ ရတဲ့ မိန်းမ (Call Girl)
၁။ ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ
– ဗီရိုထဲက သရဲ (The Boogeyman)
– ပန်းချစ်သူ (The Man Who Loved Flowers)

လင်းခန့်

လင်းခန့်

အမည်ရင်းမှာ ဝေယံဖြိုး ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါ်သန်းသန်းဆွေတို့မှ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးဖွားသည်။ ၂၀ဝ၅ ခုနှစ်တွင် ကျိုက်လတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင် မအူပင်ကွန်ပျူတာတက္ကသိုလ်မှ Bachelor of Computer Technology ဘွဲ့ကို ရရှိခဲ့သည်။ ပထမဆုံး ပုံနှိပ်စာမူမှာ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျော်စွာ(ဆေး-၂)၊ ကောင်းမြတ်လွန်းသော်တို့နှင့်အတူ ထုတ်‌ေ၀ခဲ့သော “ကမ္ဘာကျော်တို့၏ ဝတ္ထတိုများ”စာအုပ်ပါ စတီဖင်ကင်း၏ ဝတ္ထုတိုများဖြစ်သည်။ ပထမဆုံး ဘာသာပြန်လုံးချင်းဝတ္ထုအဖြစ် Patrick Ness ၏ A Monster’s Call ကို “သစ်မိစ္ဆာခေါ်သံ” အမည်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ကံ့ကော်၀တ်ရည်စာအုပ်တိုက်မှ ထုတ်‌ေ၀ခဲ့သည်။ စာဖတ်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းကို အလွန်နှစ်ခြိုက်ပြီး ရွှေဥဒေါင်း၊ ကြည်အေး၊ မင်းလူ၊ ဂျူးတို့မှာ အကြိုက်ဆုံး စာရေးဆရာများ ဖြစ်သည်။ ‌ေ၀ါင်ကာ‌ေ၀းနှင့် ဂျိမ်းစ်ကင်မရွန်းတို့လို ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်သော်လည်း လက်ရှိတွင်
ဘ၀ကို ပျော်ချင်ယောင်ဆောင်၍ ဖြတ်သန်းလျက် ရှိသည်။

ထွက်ရှိပြီးသော စာအုပ်များ
၂၆။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းအနုပညာ (Know Your Worth by Thea Easterby)
၂၅။ အချစ်ဆူးနဲ့ မူးရီရီ (Vertigo by Boileau-Narcejac)
၂၄။ ဖုန်းဆိုးမြေ (‘Salem’s Lot by Stephen King)
၂၃။ ‌သေချင်နေပေမယ့် တော့ပုကီလေးတော့ စားချင်သေးတယ် (I Want to Die But I Want to Eat Tteokbokki by Baek Se-hee)
၂၂။ ငွေလရောင်ကျိန်စာ (Cycle of the Werewolf – Stephen King)
၂၁။ ကြမ္မာမုန်တိုင်း ၃ အတွဲ (၇) စိတ်ပုပ်တဲ့ရွာ (A Series Of Unfortunate Events Book 7 – Lemony Snicket )
၂၀။ ရေမွှေး (Perfume: The Story of a Murderer by Patrick Süskind) (ဒုတိယအကြိမ်)
၁၉။ ကြမ္မာမုန်တိုင်း ၂ (A Series Of Unfortunate Events Book 4, 5, 6 – Lemony Snicket )
၁၈။ ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ (Gump & Co. – Winston Groom)
၁၇။ ဖောရက်စ်ဂမ့် (Forrest Gump – Winston Groom) (ဒုတိယအကြိမ်)
၁၆။ ငယ်သူမို့ (Lie With Me – Philippe Besson)
၁၅။ တစ္ဆေတန်းနှင့် ခေတ်ပြိုင်တရုတ်သိပ္ပံဝတ္ထုတိုများ
၁၄။ ဇော (Pet Sematary – Stephen King)
၁၃။ ဒဏ္ဍာရီ (Big Fish – Daniel Wallace)
၁၂။ နိုင်းမြစ်ပေါ်က လူသတ်မှု (Death On The Nile – Agatha Christie)
၁၁။ စတီဖင်ကင်း၏ ဝတ္ထုတိုများ
၁၀။ မေ့ရင်သွေး (Rosemary’s Baby – Ira Levin)
၉။ အံ့ဖွယ်မှတ်တမ်း (The Spiderwick Chronicles – Holly Black & Tony DiTerlizzi)
၈။ ကြမ္မာမုန်တိုင်း (A Series Of Unfortunate Events Book 1, 2, 3 – Lemony Snicket )
၇။ ဂျွိုင်းလန်း (Joyland – Stephen King)
၆။ ဖောရက်စ်ဂမ့် (Forrest Gump – Winston Groom)
၅ ။ ဂျူမန်ဂျီး ( Jumanji – Chris Van Allsburg)
၄။ မြူ (The Mist – Stephen King)
၃။ ရေမွှေး (Perfume : The Stoy Of A Murderer – Patrick Suskind)
၂။ သစ်မိစ္ဆာခေါ်သံ (A Monster’s Call – Patrick Ness)
၁။ ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ (ကောင်းမြတ်လွန်းသော်၊ ကျော်စွာ (ဆေး-၂)၊ လင်းခန့်)

အခြားဝတ္ထုတို/ဆောင်းပါးများ
၄။ Your Life Your Choice ဘဝနေနည်း စာစုများ
– မိမိကိုယ်ကိုယ် ထိန်းကျောင်းခြင်း အနုပညာ
၃။ စာဖတ်ခြင်းအနုပညာ
– စာဖတ်ချိန်ရယူနည်း
၂။ ဇလပ်နီဝတ္ထုတိုများ အမှတ် (၄)
– ဖုန်းဆက်ခေါ်လို့ ရတဲ့ မိန်းမ (Call Girl)
၁။ ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ
– ဗီရိုထဲက သရဲ (The Boogeyman)
– ပန်းချစ်သူ (The Man Who Loved Flowers)

  • ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ

    သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားရင် ဒီဇာတ်လမ်းလေး ကောင်းလိုက်တာ .. သိပ်ဖတ်လို့ကောင်းတာပဲ … စသဖြင့် တွေးမိကြမယ့်သူတွေရှိနိုင်သလို “ဒီဇာတ်လမ်းရဲ့ အဆက်များ ရှိရင်လည်း သိပ်ကောင်းဦးမှာပဲ” လို့ အချို့တွေ တွေးမိကြမယ် ထင်ပါတယ်။

    ဟုတ်ကဲ့ပါ … ဒီစာအုပ်က မူရင်းမှာ ကမ္ဘာကျော်ရုပ်ရှင်အဖြစ်ရော စာအုပ်အဖြစ်ပါ အောင်မြင်သလို ဘာသာပြန်အနေနဲ့ မြန်မာပြည်မှာ လူကြိုက်များခဲ့တဲ့ ‘ဖောရက်စ်ဂမ့်’ ရဲ့ အဆက်လို့ ဆိုရမယ့် စာအုပ်ပါ။ ဖောရက်စ်ဂမ့် အမှတ် ၂ လို့ဆိုရမယ့် ‘ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ’ မှာ စစချင်း ဂမ့်က ဘာပြောထားလဲဆို “လူမှန်ရင် အမှားမကင်းဘူးလို့ ဆိုကြတယ်။ ဒါကြောင့်ပဲ ခဲတံမှာ ခဲဖျက်တပ်ပေးထားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်စကားကို သေချာမှတ်ထားဗျာ။ ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှ ရုပ်ရှင်ရိုက်ခွင့် မပေးလိုက်နဲ့” တဲ့။

    ဒီစာအုပ် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ မှာ ဘယ်နေရာကနေ ဇာတ်ကို စဖွင့်ထားလဲဆို နယူးအော်လင်း တောင်ပိုင်းက အဖော်အချွတ်ကလပ်တစ်ခုမှာ ဖောရက်စ်ဂမ့် တစ်ယောက် ကလပ် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်နေတာက စပြီး ဖတ်ရှုရလိမ့်မယ်။ ဖြစ်ပုံက သူပိုင်ဆိုင်တဲ့ ပုစွန်ကုမ္ပဏီကြီး အရှုံးပေါ်တယ်ဆိုတာက စလို့ပဲပေါ့။ သန်းကြွယ်သူဌေး ဖောရက်စ်ဂမ့် ကုမ္ပဏီအရှုံးပေါ်တာကနေ အခြေအနေတွေအမျိုးမျိုးကြောင့် ဒေဝါလီခံရတဲ့အထိ ဖြစ်တော့ လေလွင့်ရာကနေ ကလပ်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကြမ်းတိုက်ရတဲ့ဘဝရောက်ရော … ။ ဒါပေမဲ့ ဖောရက်စ်ဂမ့်သည် ဖောရက်စ်ဂမ့်ပါပဲ။ သူအလုပ်လုပ်တဲ့ ကလပ်မှာ ရန်ပွဲတစ်ခု အကြောင်းပြုပြီး သူ့မိတ်ဆွေ စနိပ်နဲ့ ဆုံရာကနေ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ ဖြစ်လာခဲ့တယ်။ စနိပ်က နယူးအော်လင်းစိန့်အဖွဲ့မှာ တိုက်စစ်မှူး။ သူက စိန့်မှာ ဖောရက်စ်ကို ဘောလုံးကစားဖို့ ဖိတ်ခေါ်တယ်။ ဒီလိုနဲ့ ဗိုလ်လုပွဲမှာ ရှုံးပြီးနောက်ပိုင်း ဘောလုံးမကစားတဲ့ ဖောရက်စ်တစ်ယောက် စိန့်မှာ ဘောလုံးဖမ်းရင်း Touchdown တစ်ခါရတိုင်း ဒေါ်လာတစ်သောင်း ဘောနပ်စ်ရတာမျိုး စပြီး အောင်မြင်လာတယ်။ အောင်မြင်မှုနဲ့ အတူ ဇနီးဟောင်း ဂျန်နီနဲ့ လက်ရှိ သူမရဲ့ အမျိုးသား ဆုံးသွားတာတွေ ကြုံရတယ်။ ဘောလုံးသမားဘဝ အောင်မြင်စ ပြုကာစမှာပဲ အခြေအနေတစ်ခုကြောင့် ပရော်ဖက်ရှင်နယ် ဘောသမားနေ့ရက်တွေ ကုန်ဆုံးခဲ့ရာက အလုပ်သစ် အရောင်းမြင့်တင်ရေးကိုယ်စားလှယ်အလုပ် ထပ်ရပြန်တယ်။

    1986 မှာ ထွက်ရှိခဲ့ ဖောရက်စ်ဂမ့် ဝတ္ထုရဲ့အဆက် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများက 1995 မှာ ထွက်ရှိခဲ့ပြီး ပထမဇာတ်လမ်းရဲ့ အရှိန်အဝါကြောင့် အဆက်က ကောင်းပါ့မလားဆိုတဲ့ မေးခွန်းတွေကို Winston Groom ရဲ့ အရေးအသားနဲ့ အမိုက်စား အတွေးအခေါ် ဇာတ်ကွက်ဖန်တီးမှုတွေက ချေဖျက်ပြနိုင်ခဲ့ပါတယ်။

    “Winston Groom ရဲ့ နောက်ထပ်ခမ်းနားတဲ့ဝတ္ထု။ ဖတ်ရကျိုးနပ်ပါတယ်”
    “ဒီစာအုပ်က နောက်ဆုံးအခိုက်အတန့်မှာ သိပ်ခံစားရတယ်” ဆိုတဲ့ Review မျိုးတွေ ရရှိခဲ့ပါတယ်။ ဘာသာပြန်တဲ့ ဆရာလင်းခန့်ကလည်း ပထမအုပ်ဖြစ်တဲ့ ဖောရက်စ်ဂမ့်ကို ဘာသာပြန်ထားသူဖြစ်တာကြောင့် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများဟာ ဖောရက်စ်ဂမ့် ပရိသတ်တွေသာမက ဘာသာပြန်စာပေနှစ်ခြိုက်သူတို့ လက်မလွတ်တမ်း ဖတ်ရှုရမယ့် စာအုပ်တစ်ဖြစ်ပါတယ်။

    Ks 4,500
  • ဖောရက်စ်ဂမ့်

    Forrest Gump ဆိုရင်​ . .. ​အော်​စကာဆု​တွေ အများကြီး ရထားတဲ့ မင်​သားကြီး Tom Hank ပါတဲ့ ဇာတ်​ကားကို သတိရသွားမှာ ​သေချာတယ်​ ။ IMDB rating ​တော်​​တော်​ မြင့်မြင့် ရထားတဲ့ ဒီဇာတ်​လမ်းကို ​တော်​​တော်​များများလည်း ကြည့်ဖူးကြမှာပါ ။ ဒီ​တော့ ဇာတ်​လမ်း အစအဆုံး သိပြီးသား စာအုပ်​ကြီးပါလို့ ထင်​​နေရင်​​တော့ လွဲနိုင်​ပါတယ်​ဗျ ။၁၉၈၆ ခုနှစ်​မှာ ထုတ်​​ဝေခဲ့တဲ့ ဒီဝတ္ထု က ပထမ​တော့ Best Seller ဝတ္ထု တစ်​ပုဒ်​ မဖြစ်​ခဲ့ဘူး ။

    ၁၉၉၄ ကျ​တော့မှ ​ဖောရက်​စ်​ဂမ့်​ နာမည်​နဲ့ပဲ ရုပ်​ရှင်​ရိုက်​ပြီး ​အောင်​မြင်​သွားတယ်​ ။ ​အောင်​မြင်​တဲ့ ရုပ်​ရှင်​ကား ​ကြောင့် မူရင်းဝတ္ထု ဟာလည်း ​စောင်​​ရေ ၂သန်း​ကျော်​ ​ရောင်းခဲ့ရပြန်​တယ်​ ။ကျွန်​​တော်​တို့ ​နေ့စဉ်​ ဖြတ်​သန်​း​နေရတဲ့ ​လောကကြီးထဲမှာ လူတိုင်းလိုလို တလွဲတ​ချော်​ ဟာသ ဖြစ်​ရပ်​​တွေကို ကြုံဖူးကြမှာပါ။

    တလွဲတ​ချော်​ ဖြစ်​ရပ်​​တွေကို တမင်​တကာ မရယ်​ရယ်​ရ​အောင်​ ​ရေးရင်​​တော့ ဖတ်​လို့ မ​ကောင်းဘူး ။ ဒါ​ပေမဲ့ သူ့ကိုယ်​သူ ထူးတဲ့ အရူးတစ်​​ယောက်​လို့ထင်​​နေတဲ့ ​ဖောရက်​စ်​ဂမ့်ရဲ့ လုပ်​ရပ်​​တွေဟာ ရယ်​​မောစရာ သဘာဝကျကျ အလွဲ​တွေ ဖြစ်​​နေတတ်​တယ်​ ။ သူက​တော့ ဘာဖြစ်​လို့ ဖြစ်​သွားမှန်း မသိဘူးဆိုပဲ ။ဖောရက်​စ်​ဂမ့်ရုပ်ရှင်ဟာ ဝတ္ထု ရဲ့ သုံးပုံ တစ်​ပုံကိုပဲ တင်​ပြနိုင်​ခဲ့ပါတယ်​။ မူရင်းဝတ္ထု ထဲက ​ဖောရက်​စ်​ဂမ့်ဟာ သူ့ကိုယ်​သူ အရူးလို့ သူ လက်​ခံထားတယ်​ ။ အဲဒီ အရူးက လူ​ကောင်း​တွေထက်​ တစ်​မူးသာ ​နေတာပဲ ရှိတယ်​။ သူက ဉာဏ်​ရည်​မြင့်တဲ့ သင်္ချာပညာရှင် အရူးတစ်​​ယောက်​ပဲ။ လူပျို​ပေါက်​ ဖြစ်​စမှာပဲ အရပ်​က ၆​ပေ ​ကျော်​​နေပြီ ။

    ​ဖောရက်​စ်​ဂမ့်အရူး​ကျောင်​းလို့ သူ့ဘာသာ နာမည်​​ပေးထားတဲ့ ​ကျောင်းမှာ နှစ်​အနည်းငယ်​ တက်​ခဲ့တယ်​ ။ ​နောက်​​တော့ အ​မေရိကန်​ ဖွတ်​​ဘော ကစားရင်း ​ကျောင်းတက်​ဖို့ သူ့ကို ​ကောလိပ်​​ကျောင်း တစ်​ခုက လာ​ခေါ်သွားတယ်​ ။ အ​မေရိကန်​ – ဗီယက်​နမ်​ စစ်​ပွဲဖြစ်​​တော့ စစ်​တပ်​ထဲဝင်​ရပြီး ဗီယက်​နမ်​ ​ရောက်​သွား​ရော ။ *အ​မေရိကန်​ ဖွတ်​​ဘော ကစားသမား​တွေ ထဲမှာ အ​ပြေးအသန်​ဆုံး …

    *ဗီယက်​နမ်​စစ်​ပွဲမှာ ဒဏ်​ရာရ စစ်​သား အများအပြား ကို ကယ်​တင်​နိုင်​ခဲ့သူ …
    *အ​မေရိကန်​ သမ္မတ နှစ်​ဆက်​တိုင်​တိုင်​ ​အိမ်​ဖြူ​တော်​ကို ဖိတ်​​ခေါ် ဂုဏ်​ပြုခြင်းကို.ခံရသူ …
    * NASA က သက်​ရှိ ကွန်​ပျူတာ လို့ ​ဖောရက်​စ်​ ကို တင်​စားပြီး ပထမဆုံး အမျိုးသမီး အာကာသယဉ်​မှူး နဲ့ ​အော်​ရန်​ဂူတန်​ ​မျောက်​ဝံတစ်​​ကောင်​ ကိုပါ ထည့်​ပေးပြီး အင်္ဂါဂြိုဟ်​ ​ပေါ် ​စေလွှတ်​ခြင်း ခံရသူ …

    * လူသားစား လူရိုင်း​တွေ ကြားထဲ အသက်​ရှင်​သန်​​အောင်​ ကြိုးစားခဲ့သူ …

    * ​ဟောလီးဝုဒ်​ မင်းသမီး​ချော ​ရေခဲလ်​ဝစ်​ချ်​ နဲ့ အတူ သရုပ်​​ဆောင်​လိုက်​​သေး …

    *အ​မေရိကန်​ နပန်းသမား တစ်​​ယောက်​ အဖြစ်​လည်း သူ ကျင်​လည်​ခဲ့ရတယ်​ …

    * ပုဇွန်​​တွေကို ဖမ်းပြီး စီးပွားဖြစ်​ ​ရောင်းချနိုင်​တဲ့ အရူးတစ်​​ယောက်​ …

    အဲဒီလို စွန့်စားခန်း​တွေ အပြင်​ ​ဖောရက်​စ်​ဂမ့် ရဲ့ သဘာဝကျကျ တလွဲတ​ချော်​ ဟာသ​တွေ ကိုလည်း ဖတ်​ရှုရမှာပါ။

    ထူးထူးဆန်းဆန်း နဲ့ က​မောက်​ကမ ဖြစ်​ရပ်​​တွေထဲမှာ ထိပ်​တန်း ဆိုတဲ့ ဇာတ်​လမ်းမျိုး ကြုံ​တွေကြဖို့ ​ဖောရက်​စ်​ဂမ့် နဲ့ အတူ စွန့်စား ကြည့်ကြစို့လား ။ Forest Gump မူရင်း စာ​ရေးဆရာ Winston Groom က အ​မေရိကန်​ လူမျိုး​တွေရဲ့ စရိုက်​နဲ့ နိုင်​ငံ​ရေး ခံယူချက်​​တွေကို ​လှောင်​​ပြောင်​ သ​ရော်​တဲ့ အ​နေနဲ့ ​ရေးထားတဲ့ ” ​ဖောရက်​စ်​ဂမ့် ” ဟာ ဝတ္ထု​ကောင်း တစ်​ပုဒ်​ ဆိုတာထက်​ ပိုပါတယ်​ ခင်​ဗျာ ။

    Ks 4,500
  • ရေမွှေး

    ယဉ်ကျေးမှုရှိတယ်၊ အဆင့်အတန်းရှိတယ်ဆိုတဲ့ လောကကြီးမှာ “ရေမွှေး” ဟာ မပါမဖြစ်ပဲ။ ဈေးနှုန်း အသင့်အတင့်ရှိတဲ့ နှင်းဆီ၊ စံပယ်၊ သနပ်ခါးရနံ့ ရေမွှေးတွေရှိသလို၊ ဈေးကြီးတဲ့ ရေမွှေးတွေကို နာမည်ကြီး ဧည့်ခံပွဲတွေမှာ အပြိုင်အဆိုင် ဆွတ်ဖျန်းကြပါတယ်။ ကိုယ့်အနား ရောက်လာတဲ့ သူတွေကို စိတ်ပျက်စရာ အနံ့ဆိုး မရစေချင်ကြဘူးလေ။

    ရေမွှေးကို စတင်တွေ့ရှိခြင်းဟာ ဂရိလူမျိုးတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ စပျစ်သီးကနေ ဝိုင်အရက် ဖြစ်လာပုံ၊ ဂရိလူမျိုးတို့ ဖေါ်ထုတ်ခဲ့တဲ့ ဂျီသြမေတြီပညာ တို့လိုပဲ လူသားမျိုးနွယ်အတွက် အကြီးမြတ်ဆုံး အောင်မြင်မှု တစ်ခုဖြစ်တယ်။ အဲဒီလို ရေမွှေးတွေထဲကမှ လူရဲ့ စိတ်နှလုံးကို တစ်ခါတည်း သိမ်းကျုံး ယူငင်သွားနိုင်တဲ့ ရေမွှေး တစ်မျိုးကို ဖော်စပ်ဖို့ အနံ့ပညာရှင် တစ်ယောက်က ကြိုးစားနေတယ်ဆိုရင် ယုံနိုင်ပါ့မလား။

    သူကတော့ ၁၈ရာစုနှစ်၊ ပြင်သစ်ပြည်၊ ပဲရစ်မြို့ ငါးစိမ်းသည် အမေက မလိုဘဲ မွေးလာတဲ့သူ၊ နို့ထိမ်း အမျိုးသမီးတွေရဲ့ မေတ္တာကို မရရှိခဲ့သူ ဂန်နွီ ပါပဲ။ သားရေနယ် အလုပ်သမားအဖြစ် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ရပြီး နောက်တော့ ဂန်နွီက ရနံ့တို့ရဲ့ ဖန်ဆင်းရှင် တစ်ယောက်လည်း ဖြစ်လာပါတယ်။
    နူးညံ့သော၊ အစွမ်းထက်သော၊ တည်ငြိမ်သော၊ ခံစားချက် အမျိုးမျိုး ပေးစွမ်းနိုင်သော၊ စိတ်အာရုံကို ကိုင်လှုပ်နိုင်သော၊ ငြင်းရက်စရာမရှိသည့် အလှတရားတို့ဖြင့် ထုံမွမ်းနေသော ရေမွှေးနံ့တစ်ခုကို ဂန်နွီဟာ ကောင်းကောင်းကြီး ဖန်တီးနိုင်ပါတယ်။

    ဂန်နွီရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ဟာ အရာအားလုံးရဲ့ အနံ့ကို ပိုင်ဆိုင်လိုခြင်းနှင့် အနံ့အသစ်များကို ဖန်တီးလိုခြင်းပင် ဖြစ်ပါတယ်။ မကောင်းမှုများ၊ အလှတရားများကို မမြင်ချင်ရင် မျက်စိမှိတ်ထားနိုင်၏။ အမင်္ဂလာ စကားများ၊ ဂီတသံစဉ်များကို မကြားလိုလျှင် နားပိတ်ထားလို့ ရသေးတယ်။ အနံ့ ကိုတော့ မရှူလို့မရ။ အသက်ရှူသည်နှင့် အနံ့ပါ ရောယှက်ပါသွားသည် မဟုတ်လား။

    အဲဒီ လျှို့ဝှက်ချက်ကို သိသွားတာနဲ့ အနံ့ပညာရှင် ဂန်နွီဟာ ကြီးကျယ် ခမ်းနားတဲ့ ရေမွှေးတစ်မျိုး ကို ဖေါ်စပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ရေမွှေး အနံ့ကို ရလိုက်တဲ့ လူသားတစ်ယောက်ဟာ အသိတွေ၊ သတိတွေ လွတ်သွားမယ်။ အဲဒီ ရနံ့က နှလုံးသားထဲ တိုက်ရိုက် ရောက်ပြီး အချစ်၊ အမုန်း၊ အလိုရမ္မက်၊ စက်ဆုပ်ခြင်း၊ ဂရုဏာ၊ ဒေါသ စတဲ့ အကောင်း အဆိုး ခံစားမှုတွေကို သူ လိုရာ ထိန်းချုပ်နိုင်အောင် အစွမ်းထက်မယ်ဆိုပဲ။

    ရှာမှရှားတဲ့ အနံ့ပညာရှင် ဂန်နွီ လိုချင်တဲ့ ရေမွှေး ဖေါ်စပ်လို့ ရသွားမလား။ သူ့ရဲ့ ရေမွှေး ကုန်ကြမ်းက ဘာဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ မူရင်းစာအုပ်ကို ၁၉၈၅ ခုနှစ် ဂျာမဏီမှာ ထုတ်ဝေခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွင်း ရောင်းအား အကောင်းဆုံး ဂျာမန်စာအုပ်ထဲမှ တစ်အုပ် ဖြစ်ခဲ့တယ်။ အင်္ဂလိပ် ဘာသာပြန်ကိုတော့ ၁၉၈၇ မှာ ထုတ်ဝေခဲ့ပါတယ်။ ဘာသာပေါင်း ၄၉ မျိုး ပြန်ဆိုခဲ့ကြပါတယ် ။ ရုပ်ရှင်အဖြစ် ၂၀ဝ၆ မှာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်

    Ks 6,000
  • ငွေလရောင်ကျိန်စာ

    ရှေးတုန်းက ထမံသီရွာမှာ လပြည့်ညဆိုရင် လူကနေ ကျားဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီတွေကို စာဖတ်သူတို့ ကြားဖူးကြမလား မသိဘူး။ မြစ်ထဲ ဆင်းသမျှ သတ္တဝါမှန်သမျှ အစရှာမရအောင် သတ်ဖြတ်စားသောက်တတ်တဲ့ မိချောင်းကြီး ပါးဖြူကိုတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လူတွေ ကြားဖူးကြမယ်နဲ့ တူပါရဲ့။ ပါးဖြူသောင်းကျန်းလွန်းလို့ သမန်းမိချောင်းညီအစ်ကိုနှစ်ယောက် လာနှိမ်နင်းတဲ့ ဒဏ္ဍာရီကိုတော့ လူသိနည်းလိမ့်မယ် ထင်ပါတယ်။
    အနောက်တိုင်းမှာတော့ လပြည့်ညမှာ လူစင်စစ်ကနေ ဝံပုလွေဖြစ်သွားတတ်တဲ့ သမန်းဝံပုလွေဒဏ္ဍာရီတွေဟာ အင်မတန် နာမည်ကြီးပါတယ်။ ဒါကို သဘာဝတရားရဲ့ သွေးပျက်ချောက်ခြားဖွယ် ထူးခြားဆန်းကြယ်မှုလို့လည်း ခေါ်ကြရဲ့။
    စတီဖင်ကင်းဟာ ဒီလိုထူးခြားဆန်းပြားပြီး ထိတ်လန့်ချောက်ခြားဖွယ်ကောင်းလှတဲ့ ဒဏ္ဍာရီကို အခြေတည်ပြီး ခေတ်သစ်သမန်းဝံပုလွေဇာတ်လမ်းတစ်ပုဒ် ဖန်တီးခဲ့ပါတယ်။ နာမည်က Cycle of the Werewolf တဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် ‘သမန်းဝံပုလွေရာသီစက်ဝန်း’ပေါ့။ ကျနော်ကတော့ လပြည့်ညရဲ့ ဝင်းပသာယာတဲ့ လရောင်ဟာ တချို့သူတွေအတွက် ကြောက်မက်ဖွယ် အခြားသော ဘဝတစ်ပါး၊ တချို့သူတွေအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် သေခြင်းတရားအဖြစ် ပြောင်းလဲပေးလိုက်တာမို့ ‘ငွေလရောင်ကျိန်စာ’လို့ နာမည်ပေးလိုက်ပါတယ်။
    Ks 3,500
  • ဖုန်းဆိုးမြေ

    ဆရာလင်းခန့် ဘာသာပြန်တဲ့ ဖုန်းဆိုးမြေ မူရင်း (Stephen King’s ‘Salem’s Lot) ကို သမိုင်းတစ်လျှောက် အကောင်းဆုံး ထိတ်လန့်သည်းဖိုဝတ္ထု ဒရက်ကူလာ ရဲ့ ခေတ်သစ်ဒဏ္ဍာရီ လို့ ဆိုကြတယ်။ စတီဖင်ကင်းဟာ ဒရက်ကူလာ ဝတ္ထုကို ဆယ်နှစ်အရွယ်မှာပင် ဖတ်ခဲ့ရပြီး ဒရက်ကူလာလို ရသမြောက် ကောင်းမွန်တဲ့ စာအုပ်အဖြစ် ‘Salem’s Lot ကို ပြန်လည် ဖန်တီးရေးသားပါတယ်။ စတီဖင်ကင်းက သူရေးသားခဲ့သမျှ စာအုပ်တွေထဲ အကြိုက်ဆုံးက ‘Salem’s Lot ဖြစ်တယ်လို့ ပြောခဲ့တယ်။ ‘Salem’s Lot ဟာ စတီဖင်ကင်းရဲ့ ဒုတိယမြောက် ပုံနှိပ်စာအုပ်ဖြစ်ပြီး အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက်ပိုင်း စတီဖင်ကင်းကို ထိတ်လန့်သည်းဖို စာရေးဆရာအဖြစ် အမည်ကပ်လိုက်ကြတယ်။ စတီဖင်ကင်းကလဲ ဒါကို ကျေနပ်စွာပဲ ခံယူခဲ့တယ်။
    ဖုန်းဆိုးမြေဝတ္ထုကြီးကို စိတ်ဝင်စားစရာ၊ အံ့ဩဖွယ်၊ ထိတ်လန့်ဖွယ် ရသအပြည့်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူ ဆရာလင်းခန့်ဟာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်ကျော်စာအုပ်များကို ရသမြောက်အောင် ဘာသာပြန်ခဲ့သူ ဖြစ်တာကြောင့် ဖုန်းဆိုးမြေကို ဖတ်ရှုတဲ့အခါ အထစ်အငေါ့ မရှိဘဲ စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်။
    ဖုန်းဆိုးမြေကို ဘာသာပြန်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “စတီဖင်ကင်းရဲ့ ဇာတ်လမ်းတွေကို ရုပ်ရှင်တွေ အရင်ကြည့်ပြီးမှ ဝတ္ထုဖတ်ဖြစ်တာ များပါတယ်။ ရုပ်ရှင်တွေဟာ မူရင်းဝတ္ထုတွေကို မမှီတာ များပါတယ်။ ဒါကလဲ ဖတ်ပြီးတော့မှ သိတာပါ။ အဲ့ဒီအခါကျ ကိုယ်တယောက်တည်း နှစ်သက်ရုံနဲ့ မကျေနပ်နိုင်တော့ဘဲ ချစ်သူခင်သူတို့ကိုပါ မြည်းစမ်းကြည့်စေချင်လာတယ်။ အဲ့ဒါကြောင့် ဘာသာပြန်ဖြစ်ခဲ့တယ်” လို့ ဆရာလင်းခန့်က ဆိုပါတယ်။
    မူရင်းစာရေးဆရာကြီး စတီဖင်ကင်းကတော့ ‘Salem’s Lot စာအုပ်အကြောင်းကို “ပြစ်ချက်လေးတွေ ရှိပေမဲ့ ဆလမ်းလော့စ်ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ။ ကြောက်စရာလဲကောင်းတယ်။ ခင်ဗျား ယုံလာအောင် ကျွန်တော် လုပ်နိုင်မယ် ထင်တယ်။ ဘာလို့လဲဆို ဒီစာအုပ်ကို ရေးနေတုန်းက ကျွန်တော်ကိုယ်တိုင် ယုံခဲ့တာကိုး” လို့ ပြောပါတယ်။
    Ks 22,000
  • မျောက်ငှက်

    မျောက် ငှက်’ဟာ ကမ္ဘာကျော် စာရေးသူနှစ်ဦးရဲ့ ဇာတ်လမ်းနှစ်ပုဒ်ကို တစ်အုပ်ထဲပေါင်းပြီး ဆရာလင်းခန့်က ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ သည်းထိတ်ရင်ဖို ဇာတ်ကြောင်းကိုမှ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ဖတ်ချင်သူတွေအတွက် ‘မျောက် ငှက်’ဟာ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဆိုနိုင်ပါတယ်။

    မျောက်ရဲ့ မူလဇာတ်လမ်းရေးသူ Stephen King ကို စာဖတ်ပရိသတ်တို့နဲ့ အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Thriller & Mystery ဇာတ်လမ်းရေးသူများအနက် ကမ္ဘာကျော်ထိပ်သီးတစ်ဦးဖြစ်ပြီး ပရိသတ်များက သည်းထိတ်ရင်ဖိုဘုရင်လို့တောင် သတ်မှတ်ကြပါတယ်။ The Monkey ဟာ‌ British Fantasy Award ဆန်ခါတင်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း လူကြိုက်များ ကျော်ကြားခဲ့တာပါ။

    ဇာတ်လမ်းအစမှာ ညီအစ်ကိုနှစ်‌ယောက် မျောက်ရုပ်အဟောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ရက်စက်တဲ့ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး သူတို့မိသားစုလည်း ပြိုကွဲသွားခဲ့ရတာဟာ တိုက်ဆိုင်တဲ့ အကြောင်းအရာသက်သက်လား။ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့ အဲဒီမျောက်ကြောင့် “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ“ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရပါလိမ့်မယ်။

    Ks 7,000

Main Menu