အဖ (လယ်အုပ်/ငြိမ်း) ဦးသိန်းထွန်း၊ အမိ (သားဖွားဆရာမ) ဒေါ်သန်းသန်းဦး တို့မှ (၁၉၉၁) ခု၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ မနက်အရုဏ်တွင် မွန်ပြည်နယ်၊ သထုံ ပြည်သူ့ဆေးရုံကြီး၌ မွေးဖွားခဲ့သည်။ သားအကြီးဖြစ်၍ မွေးချင်း ညီတစ်ယောက် ရှိသည်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ ဇာတိဖြစ်သည်။ အမည်ရင်းမှာ ဟိန်းကိုကိုထွန်း ဖြစ်၍ ငယ်စဉ်ကတည်းက ပန်းချီရေးဆွဲခြင်း၊ စာပေ ကဗျာ ရေးသားခြင်း တို့ကို ဝါသနာထုံခဲ့သည်။

ဖြူဘ (အ.လ.က-ခွဲ) တွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိလည်းကောင်း၊ ရင်းငြိမ် (အ.ထ.က)တွင် နဝမတန်းမှ ဒသမတန်းအထိလည်းကောင်း၊ ပညာသင် ကြားခဲ့ပြီး (၂၀ဝ၇) ခုနှစ်တွင် ရင်းငြိမ် (အ.ထ.က) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ ကာ (၂၀ဝ၈) ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်၌ သတ္တဗေဒဘာသာရပ် အထူးပြုဖြင့် တက်ရောက် ပညာသင်ကြားခဲ့သည်။ (၂၀၁၀) ခုနှစ်တွင် ကျောင်းပြီး၍ (၂၀၁၂) ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်မှ ပေးအပ်သော B.sc (Zoology) ဘွဲ့ကို ရရှိခဲ့သည်။

(၂၀ဝ၉ – ၂၀၁၀) ပညာသင်နှစ်၊ မော်လမြိုင်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် ဟိန်းကိုကို (သတ္တဗေဒ) ကလောင်အမည်ဖြင့် ရေးသားသော ]အမှတ်တရ အလွမ်းများ} ကဗျာနှင့် ]ပန်းရောင်စာအိတ်ထဲက နှလုံးသားတစ်စုံ} ဝတ္ထုတိုတို့ကို ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည်။

(၂၀၁၂) ခုနှစ်၊ ဇူလိုင်လထုတ်၊ The Chic Magazine တွင် ‘ဟိန်းဆက်သွင်’ ကလောင်အမည်ဖြင့် စတင်ပုံနှိပ်ဖော်ပြခံရသော ]သိန်းနှစ်ဆယ်တန် ခံစားချက်} ဝတ္ထုတို၊ (၂၀၁၂) ခုနှစ်ထုတ်၊ The Reporter-News Journal, Issue (28) တွင် ပုံနှိပ်ဖော်ပြသော ]ဆုတောင်း} အမည်ရှိ ကဗျာတို့ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး (၂၀၁၂)ခုနှစ်၊ ဇွန်လမှ စတင်၍ အချစ်ဂျာနယ်၊ အလင်းတန်းဂျာနယ်၊ ရွှေအမြုတေမဂ္ဂဇင်းတို့တွင် ]ဟိန်းဆက်သွင်၊ ဆက်သွင်၊ လွမ်းနောင်၊ သေတ္တာ၊ လူချစ်အောင်၊ ရာဝဏ} စသော ကလောင်အမည်များဖြင့် သတင်း၊ သတင်းဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းများ ရေးသား ကာ အနုပညာသတင်းထောက်၊ စာပေအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ရင်း တစ်ဖက်မှ လည်း ]ဟိန်းဆက်သွင်} ကလောင်အမည်ဖြင့် ဂျာနယ်၊ မဂ္ဂဇင်းစာမျက်နှာများတွင် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးများ တစိုက်မတ်မတ် ရေးသားခဲ့သည်။

(၂၀၁၄) ခုနှစ်၊ ဇူလိုင်လတွင် ]နှစ်ဆယ့်တစ်ရာစု အရှုံးသမားနှင့် နှလုံးသား အပိုင်းအစကဗျာများ} တစ်ကိုယ်တော် ကဗျာစာအုပ်၊ (၂၀၁၅) ခုနှစ်၊ ဇန်နဝါရီလတွင် ]လွမ်းရမယ့် … ကံ} အမည်ရှိ ပထမဆုံး လုံးချင်းဝတ္ထု၊ (၂၀၁၅) ခုနှစ်၊ ဇူလိုင်လတွင် ]အလွမ်းမြို့ဟောင်း၏ နောက်ကြောင်းရာဇဝင်} လုံးချင်းဝတ္ထု၊ (၂၀၁၆) ခုနှစ်၊ ဇန်နဝါရီလတွင် ]အသည်းနှလုံး၏ ဘုန်းတော်ဘွဲ့} လုံးချင်းဝတ္ထု၊ (၂၀၁၆) ဒီဇင်ဘာလတွင် ]ဖျောက် – နှလုံးသား အပိုင်းအစ ကဗျာများ} တစ်ကိုယ်တော်ကဗျာစာအုပ်၊ (၂၀၂၀) အောက်တိုဘာလတွင် ]အလွမ်းကျင့် အလွမ်းကြံ} တစ်ကိုယ်တော် ကဗျာစာအုပ်တို့ ထွက်ရှိခဲ့သည်။

အခြားကလောင်ရှင်များနှင့် တွဲဖက်ရေးသားသော ]အသည်းကွဲ အခမ်းအနား} (ဝတ္ထုတိုစု)၊ ]အိပ်မက်လိုင်းပေါ်က ခွဲခွာကြလို့ မနက်ဖြန်တိုင်း ကျေနပ်နိုင်ဆိုရင်} (ဝတ္ထုရှည်စု)၊ ]တေလေငှက်တို့ ခြေရာများ} (ကဗျာစု)၊ ]ဂန္ထဝင်သစ္စာ} (ကဗျာစု) စသည့် စာအုပ်များကို မောင်လှမျိုး (ချင်းချောင်းခြံ)၊ နေနော်၊ ဟန်သုသော်၊ ကောင်းမြတ် စသည့် ကလောင်ရှင်များနှင့် တွဲဖက်ရေးသား ထုတ်ဝေခဲ့သည်။

ဟိန်းဆက်သွင်

  • နည်းနည်း နုနု စိမ်းပါ .. စိမ်း

    “ကြေကွဲလူရွယ်၊ မူးယစ်ဆေးလမ်းလွဲနှင့် အချစ်ဝတ္ထုကောင်းတစ်ပုဒ်၊ နည်းနည်းနုနု စိမ်းပါ … စိမ်း”
    ဘဝမှာ အဆင်မပြေတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ မူးယစ်ဆေးနဲ့ အဖြေရှာခြင်းဟာ မှားနေတဲ့ လမ်းကို ထပ်ဆင့် လွဲစေခြင်းပဲ။ ခက်သည်က လူငယ်ဆိုတာ အရာရာမှာ ငါလုပ်နိုင်တယ်၊ ငါလုပ်ရင်ဖြစ်တယ်၊ ငါ ဆိုတဲ့ အတ္တ မာနနဲ့ ဘယ်အရာကိုမှ မကြောက်ဘဲ ဆင်ကန်းတောတိုး လုပ်ဝံ့တယ် မဟုတ်လား။ ဒါပေမဲ့ မူးယစ်ဆေးဆိုတဲ့ အမှောင်တိုက်ဟာ သူတို့ထင်တာထက် ပိုပြီး အားကောင်းတယ်၊ ပိုပြီး နက်ရှိုင်းတယ်၊ ပိုပြီး မှောင်မိုက်တယ် ဆိုတာ …
    ဆရာဟိန်းဆက်သွင် ရဲ့ လုံးချင်းဝတ္ထု ‘နည်းနည်းနုနု စိမ်းပါ … စိမ်း’ မှာ ကောင်းမွန် ဆိုတဲ့ ပန်းချီဆရာတစ်ဦးရဲ့ ဘဝတစ်ကွေ့ အဖြစ်အပျက်ကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ ကိုကောင်းမွန်ဟာ စစ်မှန်တဲ့ ချစ်ခြင်းတရားကို ရှာဖွေနေသူတစ်ဦးဖြစ်ပြီး သော်တာရည် နှင့်အတွေ့မှာ သူရှာဖွေတဲ့ ဘဝရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို တွေ့ခဲ့ရတယ်။ မထင်မှတ်ဘဲ သော်တာရည်ဟာ ကိုကောင်းမွန် အသည်းနှလုံးရဲ့ အရင်းနှီးဆုံး သူစိမ်းမလေး ဖြစ်ခဲ့ချိန်မှာတော့ သူဟာ မူးယစ်ဆေးနွံထဲ ကျဆင်းခဲ့တယ်။ ဒီစာအုပ်မှာ အချစ်နဲ့ မူးယစ်ဆေးဝါးရဲ့ အစွဲအလမ်း ပြင်းရှမှု၊ လောင်မြိုက်ဝါးမျိုတတ်မှု၊ သွေးဆောင်ဖြားယောင်းနိုင်မှု၊ ယစ်မူးပင်ပန်းစေမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်ပြီး လမ်းမှားကို ခဏတာရောက်သွားတဲ့ လူရွယ်တစ်ယောက် … သိစိတ်နဲ့ မသိစိတ်ကြား ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချောက်လှန့်မှု၊ ဆိုရှယ်မီဒီယာ အကျိုးနဲ့အပြစ်၊ ချောက်ချားမှောက်မှားတဲ့ ဖြစ်ပျက်မှုတွေကို လွမ်းမောဖွယ် အချစ်ဇာတ်လမ်းနဲ့ ရောယှက်ပြီး ရေးသားထားတာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
    Ks 6,000
  • အပူသစ်နှင့် ရယ်ကြပါသည်

    Categories: ,

    ‘အပူသစ်နှင့် ရယ်ကြပါသည်’ က ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဝတ္ထုလတ်နှစ်ပုဒ်ပေါင်းပြီး တစ်အုပ်တင်ဆက်ထားတဲ့ စာအုပ်ပါ။ ရသစာပေချစ်သူတို့ အရသာသစ်တစ်ခု ခံစားမိစေဖို့ တင်ဆက်ထားတဲ့ စာအုပ်လေးတစ်အုပ်ဆိုလဲ မမှားပါဘူး။

    ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဟာ ဆရာကြီးရဲ့ စာပေလက်ရာအများစုမှာ မြင်တွေ့ရတဲ့ ကံ့ကော်မြေ၊ အင်းယား၊ တက္ကသိုလ်မြေ စတာတွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ အရာရှိလစာ ထောင်ဂဏန်း၊ ဝန်ထမ်းလစာ ရာဂဏန်း၊ ဆီတစ်ပိဿာ သုံးဆယ့်လေးကျပ်၊ ဗယာကြော်တစ်ခု သုံးတယ့်ငါးပြား အစရှိတဲ့ ခေတ်ကာလတစ်ခုမှာ စက်ရုံလုပ်သားအဖြစ် တာဝန်ထမ်းဆောင်သူ အလုပ်သမားလေး သိန်းထူးနဲ့ သူ့လိုပဲ အလုပ်သမလေး အေးအေးမြင့်တို့ရဲ့ အချစ်ဇာတ်လမ်းနောက်ခံ ဘဝသရုပ်ဖော် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။ ကိုယ်စီ မိသားစုတွင်း မိဘတွေရဲ့ ကျန်းမာရေး၊ မောင်နှမတွေရဲ့ ပညာရေး၊ အလုပ်တွင်း ပြဿနာတွေလို အခက်အခဲတွေ ကိုယ်စီကြောင့် ချစ်လျက်နဲ့ အိမ်ထောင်မပြုနိုင်သေးတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို ဖတ်ရှုရင်း တစ်ခေတ်တစ်ခါက ဘဝအမောတွေကြား ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) က ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ မှာ တင်ပြထားပါတယ်။

    ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ မှာက ယနေ့ကာလလို့ ဆိုရမယ့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တစ်ဝိုက်က လူငယ်တွေရဲ့ ယုံကြည်ချက်၊ အချစ်၊ အလုပ်အကိုင် စတဲ့ သူတို့တွေရဲ့ ဘဝတွေကို မြင်တွေ့ရမယ်။ တက္ကသိုလ် အောင်ပြီးနောက်ပိုင်း စာရေးဆရာပဲ လုပ်မယ်ဆိုတဲ့ ဘဝယုံကြည်ချက်နဲ့ ရှင်သန်နေထိုင်ခဲ့သူ ပီယ။ ပီယမှာ ကျောင်းနေဖက် သူငယ်ချင်း ၂ ယောက်ရှိတယ်။ ကျော်စွာနဲ့ ညီညီအောင်။ ကျော်စွာက ဘဝအတွက် ကိုရီးယားသွားပြီး အလုပ်လုပ်တယ်။ ညီညီအောင်က သင်္ဘောတက်တယ်။ ပီယကတော့ သူ့ယုံကြည်ချက်အတိုင်းပဲ စာပေနယ်ထဲမှာ နေရာတစ်ခုရအောင် နေထိုင်ရှင်သန်တယ်။ စာပေနယ်ထဲမှာ ရှင်သန်နေထိုင်သူတို့ ပေးဆပ်ရတဲ့ အရာအားလုံးကို ပီယတစ်ယောက် ဘာမှမမှုဘဲ ဖြတ်ကျော်ခဲ့သလို သိပ်ချစ်ရတဲ့ မြသက်ပန် တစ်ယောက် သူမအဒေါ်စီစဉ်ပေးမှုနဲ့ စင်ကာပူ ထွက်ဖို့ ဖြစ်လာတဲ့အခါမှာလည်း ပီယဟာ ငွေရှာဖို့အတွက် တစ်ခုတည်းနဲ့ စာပေနယ်ကို ကျောခိုင်းပြီး ချစ်သူနောက် လိုက်မသွားခဲ့ပါဘူး။ ချစ်လျက်နဲ့ ရေခြားမြေခြား ခွဲခဲ့ရတဲ့ ပီယနဲ့ မြသက်ပန်တို့ ဆုံဆည်းမှာလား။

    အချိန်ကာလ သက္ကရာဇ်တွေဟာ အမြဲတမ်း ပြောင်းလဲနေမှာ ဖြစ်ပေမယ့် လူသားတို့ရဲ့ ကြားက ချစ်ခြင်းတရား၊ မိသားစုတွင်း အခက်အခဲတွေနဲ့ ပျော်ရွှင်စရာတွေ၊ ယုံကြည်ချက်တွေဟာ အမြဲဖြစ်တည်နေတာပါ။ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ နဲ့  ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ် နှစ်ပုဒ်ပေါင်း တစ်အုပ်ဖြစ်တဲ့ ‘အပူသစ်နှင့် ရယ်ကြပါသည်’ ကို ဖတ်ရှုပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ အခြေအနေ၊ ဘဝ တွေကို မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။

    Ks 4,000

Main Menu