အမည်ရင်းမှာ ဦးမောင်မောင်ဦးဖြစ်ပြီး ၂၁-၁၁-၁၉၄၈ခုနှစ်တွင် အဘ ဦးမောင်မောင်၊ အမိ ဒေါ်မြင့်မြင့်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ လေဒီပေါ်ဖွန်းကျောင်းတွင် သူငယ်တန်း၊ ဘောင်ဒရီအလွတ်ပညာသင်ကျောင်း တွင် အလယ်တန်း၊ ၈ တန်း၊ ၉ တန်းကို ခရစ်ယာန်အထက်တန်းကျောင်း၊ တက္ကသိုလ်ဝင်တန်းကို ဗဟို(စံပြ) အထက်တန်းတွင် တက်ရောက်အောင်မြင် ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ B.Sc., Dip.Lib, D.W.S ဘွဲ့များကို ရရှိခဲ့သည်။ စိုက်ပျိုးရေးတက္ကသိုလ်တွင် စာကြည့်တိုက်မှူး၊ နိုင်ငံပညာရေးသုတေသနအဖွဲ့ တွင် သုတေသနာအရာရှိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ စ၍ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်နှင့် Asia Fame Media Company ၏ ဒုတိယဥက္ကဋ္ဌ တာဝန်များကို ၁၆ နှစ် ထမ်းဆောင်ခဲ့သည်။
၁၉၆၅ ခုနှစ်စ၍ စာပေများ ရေးသားခဲ့ရာ ယခုအချိန်ထိ ဆောင်းပါး ပေါင်း ၄၀ဝ၀ ကျော်နှင့် လုံးချင်းစာအုပ် ၁၇၁ အုပ် ရေးသားထုတ်ဝေပြီးဖြစ် သည်။ ထိုစာအုပ်များအနက်မှ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ (အမျိုးသားစာပေဆု – ၂၀ဝ၃)၊ အရှေ့လေ လွှမ်းသောအခါ (သုတစွယ်စုံ စာပေဆု – ၂၀၁၄)၊ တရုတ်-အိန္ဒိယဆုံမှတ် (ဘုန်းမော်စာပေဆု၊ နိုင်ငံရေး – ၂၀၁၅)(ထွန်းဖောင်ဒေးရှင်း သုတပဒေသာဆု -၂၀၁၅)၊ ကျမမာလာလာ (အမျိုးသားစာပေဆု – ၂၀၁၅)၊ ရေထဲမှာလူ လူထဲမှာရေ (သုတစွယ်စုံစာပေ ဆု -၂၀၁၈) တို့ကို ရရှိခဲ့သည်။
စာနယ်ဇင်းသင်တန်းများကို နိုင်ငံခြားသတင်းစာဆရာအသင်း UNICEF (ရန်ကုန်)၊ IMCC တက္ကသိုလ် (အိန္ဒိယ)၊ Amsar တက္ကသိုလ် (ထိုင်း)၊ ဂိုလ်ဒါမေယာ တက္ကသိုလ် (အစ္စရေး)တို့တွင် တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ စာရေးဆရာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၉ ကြိမ်၊ အိန္ဒိယနိုင်ငံ ၃ ကြိမ်နှင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ နီပေါ၊ သြစတေးလျနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။
လူမှုရေးအသင်းအဖွဲ့များနေနှင့် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်းဒေးရှင်း (ဗဟိုကော်မတီဝင်)၊ မြန်မာနိုင်ငံကင်းထောက်အသင်း (ဗဟို ကော်မတီဝင်)၊ ပြေတီဦးပညာရေးဖောင်ဒေးရှင်း (ဗဟိုကော်မတီဝင်)၊ မြန်မာစာရေးဆရာကလပ် (ဗဟိုကော်မတီဝင်)၊ အမျိုးသားစာပေ ဆုရွေး ချယ်ရေးအဖွဲ့ (ဗဟိုကော်မတီဝင်)၊ စာပေဗိမာန်ဆုရွေးချယ်ရေးအဖွဲ့ (ဗဟိုကော်မတီဝင်)၊ မြန်မာဘာသာပြန်ကွန်ရက် (ဒု-ဥက္ကဋ္ဌ)၊ မြန်မာဝီကီပီးဒီး ယားအဖွဲ့ (ဥက္ကဋ္ဌ) တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။
လက်ရှိတွင် ရွှေသံလွင်မီဒီယာကုမ္ပဏီ၊ Skynet ရုပ်သံ၏ One News Channel တွင် အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ သည်။
![]() | ဟိန်းလတ်အမည်ရင်းမှာ ဦးမောင်မောင်ဦးဖြစ်ပြီး ၂၁-၁၁-၁၉၄၈ခုနှစ်တွင် အဘ ဦးမောင်မောင်၊ အမိ ဒေါ်မြင့်မြင့်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ လေဒီပေါ်ဖွန်းကျောင်းတွင် သူငယ်တန်း၊ ဘောင်ဒရီအလွတ်ပညာသင်ကျောင်း တွင် အလယ်တန်း၊ ၈ တန်း၊ ၉ တန်းကို ခရစ်ယာန်အထက်တန်းကျောင်း၊ တက္ကသိုလ်ဝင်တန်းကို ဗဟို(စံပြ) အထက်တန်းတွင် တက်ရောက်အောင်မြင် ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ B.Sc., Dip.Lib, D.W.S ဘွဲ့များကို ရရှိခဲ့သည်။ စိုက်ပျိုးရေးတက္ကသိုလ်တွင် စာကြည့်တိုက်မှူး၊ နိုင်ငံပညာရေးသုတေသနအဖွဲ့ တွင် သုတေသနာအရာရှိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ စ၍ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်နှင့် Asia Fame Media Company ၏ ဒုတိယဥက္ကဋ္ဌ တာဝန်များကို ၁၆ နှစ် ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်စ၍ စာပေများ ရေးသားခဲ့ရာ ယခုအချိန်ထိ ဆောင်းပါး ပေါင်း ၄၀ဝ၀ ကျော်နှင့် လုံးချင်းစာအုပ် ၁၇၁ အုပ် ရေးသားထုတ်ဝေပြီးဖြစ် သည်။ ထိုစာအုပ်များအနက်မှ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ (အမျိုးသားစာပေဆု – ၂၀ဝ၃)၊ အရှေ့လေ လွှမ်းသောအခါ (သုတစွယ်စုံ စာပေဆု – ၂၀၁၄)၊ တရုတ်-အိန္ဒိယဆုံမှတ် (ဘုန်းမော်စာပေဆု၊ နိုင်ငံရေး – ၂၀၁၅)(ထွန်းဖောင်ဒေးရှင်း သုတပဒေသာဆု -၂၀၁၅)၊ ကျမမာလာလာ (အမျိုးသားစာပေဆု – ၂၀၁၅)၊ ရေထဲမှာလူ လူထဲမှာရေ (သုတစွယ်စုံစာပေ ဆု -၂၀၁၈) တို့ကို ရရှိခဲ့သည်။ စာနယ်ဇင်းသင်တန်းများကို နိုင်ငံခြားသတင်းစာဆရာအသင်း UNICEF (ရန်ကုန်)၊ IMCC တက္ကသိုလ် (အိန္ဒိယ)၊ Amsar တက္ကသိုလ် (ထိုင်း)၊ ဂိုလ်ဒါမေယာ တက္ကသိုလ် (အစ္စရေး)တို့တွင် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၉ ကြိမ်၊ အိန္ဒိယနိုင်ငံ ၃ ကြိမ်နှင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ နီပေါ၊ သြစတေးလျနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။ လူမှုရေးအသင်းအဖွဲ့များနေနှင့် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်းဒေးရှင်း (ဗဟိုကော်မတီဝင်)၊ မြန်မာနိုင်ငံကင်းထောက်အသင်း (ဗဟို ကော်မတီဝင်)၊ ပြေတီဦးပညာရေးဖောင်ဒေးရှင်း (ဗဟိုကော်မတီဝင်)၊ မြန်မာစာရေးဆရာကလပ် (ဗဟိုကော်မတီဝင်)၊ အမျိုးသားစာပေ ဆုရွေး ချယ်ရေးအဖွဲ့ (ဗဟိုကော်မတီဝင်)၊ စာပေဗိမာန်ဆုရွေးချယ်ရေးအဖွဲ့ (ဗဟိုကော်မတီဝင်)၊ မြန်မာဘာသာပြန်ကွန်ရက် (ဒု-ဥက္ကဋ္ဌ)၊ မြန်မာဝီကီပီးဒီး ယားအဖွဲ့ (ဥက္ကဋ္ဌ) တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိတွင် ရွှေသံလွင်မီဒီယာကုမ္ပဏီ၊ Skynet ရုပ်သံ၏ One News Channel တွင် အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ သည်။ |
-
အရူးထောင်မှာ ဆယ်ရက်တာ
ဟိန်းလတ်ကျွန်တော်တို့ လူသားတွဟော ဘဝရဲ့ စိန်ခေါ်မှုကို အမြဲ လက်ခံကြရတယ် ။
တချို့ စိန်ခေါ်မှုက သိပ်မကြမ်းတမ်းဘူး ။ တချို့ စိန်ခေါ်မှုကတော့ ကြမ်းတမ်းလွန်းအားကြီးတယ် ။ စိန်ခေါ်မှုတွကေို ရင်မဆိုင်နိုင်ဘဲ ကျရှူံး သွားသူတွေ ရှိသလို ဖြတ်ကျော်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်တွလေည်း အထင်အရှား ရှိခဲ့တယ် ။ ဘယ်သူလဲဆိုတော့ အမေရိကန် စာရေးဆရာမ နယ်လီဘလိုင်း (၁၈၆၄_၁၉၂၂) ပါ။
သူမဟာ ဘယ်လို စိန်ခေါ်မှုကို လက်ခံခဲ့သလဲ ။ အရူးထောင်မှာ ဆယ်ရက်တာ ကြာအောင် အရူးတွေနဲ့အတူ ရောပြီး နေထိုင်ဖို့ပဲ ။ ပြီးရင် သူမ အတွေ့အကြုံတွေကို စာပြန်ရေးပြရမယ်တဲ့။ ကမ္ဘာ့သတင်းစာတိုက်က တောင်းဆိုခဲ့တာပါ။
သူတို့ ပစ်မှတ်ထားတဲ့ အရူးထောင်က နယူးယောက်မြို့ မှာရှိတဲ့ ဘလက်ဝဲလ်ကျွန်းက အရူးထောင်။ နယ်လီဘလိုင်း အတွက် ပထမဆုံးသော အခက်အခဲ က သူ့ကို ရူးနတေယ်လို့ ထင်အောင် နေပြပြီး အဲဒီ ဘလက်ဝဲလ်ကျွန်း အရူးထောင်ကို ပို့ဖို့ အရူး ဟန်ဆောင်ရတာပဲ။ စကတည်းက ယဉ်သကို ဆိုသလိုပဲ လူကောင်းစင်စစ် ကနေ အရူးဖြစ်အောင် သူမ လုပ်ပြရတာနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတယ်။
ဒီဘက်ခေတ်မှာ စိတ္တဇဝဒေနာရှင် ၊ စိတ်ကျန်းမာရေး ချိူ့တဲ့သူ စသည်ဖြင့် ခေါ်ကြပေမဲ့ အရူး လို့ပဲ သာမန်လူတွေက ခေါ်ကြတုန်းပါပဲ။ ရပ်ကွက်ထဲမှာ တစ်ဦးချင်းတွေ့ရတဲ အရူးတွေကို လူတွေ မကြောက်ကြပေမဲ့ အရူးထောင်ထဲမှာ အရူးတွေနဲ့အတူသွားပြီး ခဏတာ နေရမှာကိုတော့ တော်ရုံ ပုံမှန်စိတ် ရှိတဲ့သူတွေ လုပ်ရဲကြာမှာ မဟုတ်ဘူး။ တော်ရုံ သတ္တိ ရှိရုံနဲ့လည်း မဖြစ်နိုင်ဘူး။ တော်တော်ကြီးကို စိတ်ဓာတ် ကြံ့ခိုင်တဲ့သူမှ ဖြစ်မှာကိုး။
စာရေးဆရာမ နယ်လီဘလိုင်းဟာ အရူးထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ရူးနသေူတွေ ၊ ယဉ်ယဉ်လေး ရူးနေသူတွေကို လေ့လာခွင့်ရခဲ့တယ်။ လူချင်း အတူတူ ဘယ်အရာတွေက သူတို့ကို ရူးသွပ်စေရသလဲ ဆိုတဲ့ အချက်ကို သူမ လေ့လာခဲ့တယ်။
တကယ် ရူးသွပ်နေကြသူတွေရဲ့ ကြားမှာ နေရတဲ့အပြင် အရူးထောင်က ဆရာဝန် ၊ သူနာပြု နဲ့ ထောင်ဝန်ထမ်းတွေက စိတ်ဝေဒနာရှင်တွေကို ဘယ်လို ဆိုးဆိုးဝါးဝါး ဆက်ဆံသလဲ ဆိုတာ စောင့်ကြည့်လေ့လာခဲ့တယ် ။ အရူးထောင် အဆောက်အဉီ ရဲ့ အားနည်းချက်တွေပါသိလာရပြီး အပြင်ပြန်အရောက်မှာ #အရူးထောင်မှာ ဆယ်ရက်တာ ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။
တကယ်ဆိုရင် အရူးထောင်မှာ နေကြတဲ့ လူနာတွေ အတွက် နေ့တာဟာ ပိုရှည်သလို ညတာလည်းရှည်လျား လှပါတယ်။
ဒီစာအုပ်ရဲ့ အကျိုးဆက်ကြောင့်အလှူရှင်တွေ ၊ အာဏာပိုင်တွကေ အရူးထောင်တွေ အတွက် လိုအပ်ချက်တွေကို မမေ့မလျော့ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်လာကြပါတယ် ။ နယ်လီဘလိုင်း စွန့်စားရကျိုး နပ်ခဲ့တယ် ဆိုရမှာပေါ့။
နယ်လီဘလိုင်း ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့တဲ့ အရူးတွေကြားက ဆယ်ရက်တာ နေထိုင်ခြင်းအကြောင်းကို ရင်တမမ နဲ့ ဖတ်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။
Ks 3,500အရူးထောင်မှာ ဆယ်ရက်တာ
Ks 3,500