အမည်ရင်းမှာ အေထူးအောင်ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် အဖ ဦးအောင်ထွန်းသိန်း၊ အမိဒေါ်စန်းဌေးတို့မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ နယ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(တိုက်ကြီး)မှ ၅ ဘာသာဂုဏ် ထူးဖြင့်အောင်မြင်ခဲ့သည်။ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ B.Sc(Hons)-Nautical Science ဘွဲ့ကို ရရှိခဲ့သည်။

ငယ်စဉ်ကတည်းက စာရေးစာဖတ်ခြင်းကို ဝါသနာပါ၍ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ အက်ဆေးများ ရေးသားခဲ့သည်။ ပထမဆုံး ပုံနှိပ်စာမူမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် မင်္ဂလာမောင်မယ်စာစောင်တွင် ပါရှိသော ]ပြိုင်ဘက်} ဝတ္ထုတိုဖြစ်သည်။ ၂၀၁၄-၂၀၁၅ ခုနှစ်၊ တော်ဝင်စင်တာက ကြီးမှူးကျင်းပသည့် စာရေးစာဖတ်နှင့် တင်ဆက်မှုစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။

“ပတ်သက်ခြင်း” ဝတ္ထုတို ဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ်ကဏ္ဍတွင် ရွေးချယ်ဖော်ပြခြင်း ခံရသည်။ ယခုအခါ PIL(Singapore) Shipping Line တွင် နိုင်ငံခြား သင်္ဘောအရာရှိ အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး တစ်ဖက်တွင်လည်း ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားလျက်ရှိသည်။

အချစ်ရယ် ပြယ်တလွင့်သည် ပထမဆုံး လုံးချင်း ဝတ္ထုရှည်ဖြစ်သည်။

အေထူးအောင် (အဏ္ဏဝါ)

  • အချစ်ရယ် ပြယ်တလွင့်

    ချစ်သူ နှစ်ယောက် တွေ့ဆုံကြခြင်းဟာ ရေစက်လို့ ပြောရင် ခွဲခွာကြတယ် ဆိုရင်ရော ဘာလို့ပြောရမလဲ ။

    တချို့သော အတွေ့အကြုံတွေက တသက်လုံး မှတ်မိနေတတ်တာမျိုး။ အထူးသဖြင့် ကျောင်းသားဘဝပေါ့။ ပန်းကလေးတွေဟာ သဘာဝလောကကြီးမှာ ကျောင်းတက်သလိုမျိုး၊ အခု ဒီ ဇာတ်လမ်းထဲက ရေကြောင်းတက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရန်ထက်ကျော် ဆိုတဲ့ ကျောင်းသားလေးနဲ့ သဲပွင့်မေ ဆိုတဲ့ ကျောင်းသူလေးတို့ရဲ့ အဖြစ်အပျက်တွေ။

    အချစ်ရှိရာ ကောင်းကင်ပြာ၌
    တိမ်လွှာနှစ်မျှင် ချစ်ငင်ကြသည်
    သွင်သွင် စီးမျောနေကြသည်…
    လေနှင်အလာ ထိုတိမ်လွှာတို့
    နှစ်မြွှာကွဲပြတ် ခွဲထွက်ကြသည်
    သက်သက် ဝေးလွင့် ကုန်ကြသည်..
    တဲ့ …

    နူးညံ့တဲ့ အရေးအသား၊ လှပတဲ့ အဖွဲ့အနွဲ့တွေနဲ့ ပုံဖော်ထားတဲ့ ဒီ ဇာတ်လမ်းက စာဖတ်သူကို တက္ကသိုလ် ကျောင်းတော်သားဘဝကို ပြန်ရောက်စေမှာ ဖြစ်ပါတယ်။

    ရေကြောင်းတက္ကသိုလ် ကျောင်းသားလေးနဲ့ မန္တလေးတက္ကသိုလ် ကျောင်းသူတစ်ဦးတို့ရဲ့ ကြည်နူးလွမ်းမောစရာ ဇာတ်လမ်းလေးတစ်ပုဒ်။ လွမ်းမောရခြင်းတွေထဲမှာ တက္ကသိုလ် ကျောင်းသားဘဝကို လွမ်းတမ်းတခြင်းဟာ ကြည်နူးစရာ အကောင်းဆုံး ပါပဲ ။

    Ks 4,000
  • သက်ငြိမ်ည (ရသဝတ္ထုတိုများ)

    ရွှေအမြုတေဟာ ရသ အနုပညာ စာပေလက်ရာများကို အဓိက ဦးစားပေးဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး ထူးချွန်လှတဲ့ ရွှေအယ်ဒီတာအဖွဲ့ရဲ့ ရပ်တည်ချက်၊ သဘောထား၊ အကဲဖြတ်ချက်တို့ကြောင့် ရွှေအမြုတေက စာမူဆိုရင် ဖတ်သူတို့က ‘ဖတ်ကောင်းတယ်’ လို့ ယုံကြည်ကြတဲ့အထိ အောင်မြင်ခဲ့တာပါ။ ဖတ်သူရဲ့ အတွေးမှာ တစ်ခုခုကျန်ရစ်စေတဲ့ စာမူမှ ရွှေအမြုတေမှာ ဖော်ပြခံရတဲ့အတွက် ရွှေက စာရေးသူတို့ဟာ ဝမ်းစာပြည့်ဝတဲ့ စာရေးဆရာတွေ ဖြစ်တယ်ဆိုတာ ယုံမှားစရာ မလိုပါဘူး။

    အေထူးအောင် (အဏ္ဏဝါ) ဟာ အခြေခံပညာ အထက်တန်းအဆင့် ပညာသင်နေဆဲ ကာလမှာပင် မြတ်မင်္ဂလာ မဂ္ဂဇင်းမှာ ပါဝင် ကလောင်သွေးခဲ့သူပါ။ ဒီကနေ တစ်ဆင့် တက္ကသိုလ် တက်နေစဉ်ကာလမှာ စာပေမြှင့်တင် လူ့စွမ်းအင် စာရေးစာဖတ်ပြိုင်ပွဲဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ စာပေနယ်ကို ခြေလှမ်းမှန်မှန် တစ်လှမ်းချင်း တိုးတိုးဝင်လာခဲ့တဲ့ အေထူးအောင် (အဏ္ဏဝါ) ဟာ စာပေဝမ်းစာ ပြည့်ဝလာပြီလို့ ယုံကြည်ခဲ့တဲ့အလျောက် ရသစာပေ မှတ်ကျောက်တင် နေရပ်တစ်ခုဖြစ်တဲ့ ရွှေအမြုတေကို စာမူများ ပို့ခဲ့ရာ ပတ်သက်ခြင်း ဝတ္ထုတိုနဲ့ စပြီး ရွှေရဲ့ ကလောင်ရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်းတွေထက်က ဝတ္ထုတိုများနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အေထူးအောင်ဟာ မဟာစာပေက ၂၀၂၀ ဇူလိုင်မှာ ထုတ်ဝေခဲ့တဲ့ အချစ်ရယ် ပြယ်တစ်လွင့် လုံးချင်းဝတ္ထုနဲ့ စာသမားတို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

    ယခု အေထူးအောင် (အဏ္ဏဝါ) ရဲ့ သက်ငြိမ်ည နှင့် မဂ္ဂဇင်း ဝတ္ထုတိုများ မှာ စာရေးသူရဲ့ ဝတ္ထုတို လက်ရာကောင်း ၁၆ ပုဒ်ကို စာဖတ်ပရိသတ်တို့ဆီ ပို့ဆောင်လိုက်ပါတယ်။ အေထူးအောင် (အဏ္ဏဝါ) ဟာ သင်္ဘောအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သော်လည်း ပင်လယ်ပြင်ထက်က စာစု အရေးအသားများကိုသာ ဒီစာအုပ်မှာ မြင်တွေ့ရမှာ မဟုတ်ဘဲ နယ်ပယ်စုံ၊ လူတန်းစားပေါင်းစုံရဲ့ ဇာတ်လမ်းအဖုံဖုံကို တရှိုက်မက်မက် ဖတ်ရှုရမှာပါ။ ယိုင်နဲ့နဲ့ တဲအိမ်လေးက ဦးသန်းမြ၊ မိဘနှစ်ပါး ကွယ်လွန်သွားပြီးတဲ့ ကလေးငယ်၊ တပည့်တစ်ဦးနဲ့ ဆရာတစ်ဦးကြားက အဖြစ်အပျက်၊ ပထွေးနဲ့ မထင်မှတ်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ရသူ မေ၊ ရွာတစ်ရွာက ငွေတိုးချေးစားသူ လုံးမေ အပါအဝင် လူ့ဘုံဇာတ်ခုံက ဇာတ်လမ်းမျိုးစုံကို ဝမ်းစာပြည့်ဝသည့် ကလောင်မှ ရေးချယ်လိုက်ရာမှာ ဖတ်ရှုသူတို့ နှစ်သက်ကြတဲ့ ဝတ္ထုဇာတ်လမ်းများ ဖြစ်လာပါတော့တယ်။

    Ks 5,000

Main Menu